Shirley Shane Online Shopping-Pyay

Shirley Shane Online Shopping-Pyay

Share

U.S.A,U.K မှ cosmetic နှင့် skin care များ ကို Shirley Shane Online Shop

Photos from Shirley Shane Online Shopping-Pyay's post 25/06/2026

ကျော့ရှင်းတဲ့ အလှတရားက ဈေးကြီးပေးစရာ မလိုပါဘူး......✨

Avon ရဲ့ နာမည်ကျော် Rare Pearls ရဲ့ ရနံ့ type က floral ကိုမှ woody နည်းနည်းလေးစွက်ထားတဲ့ရနံ့ဖြစ်ပြီး ဒါလေးကလည်း လူကြိုက်များတဲ့ထဲ ပါပါတယ်နော်။

Magnolia ပန်းရနံ့ရဲ့ နူးညံ့မှုနဲ့ Rosewood ရဲ့ ခန့်ညားမှုတို့ကို ပေါင်းစပ်ထားတဲ့ ရေမွှေးကောင်းတစ်ခုပါ....

Top note မှာ White Honey , Pepper ,
Brazilian Rosewood လို့​ခေါ်တဲ့ အဖိုးတန်အပင်ရဲ့ရနံ့၊ middle note မှာ Magnolia ခေါ် တတိုင်းမွှေးပန်းရနံ့၊
base notes မှာ ကတိုနံ့၊စန္ဒကူးနံ့နဲ့ နဲ့ Patchouli ပန်းရဲ့ woody ဆန်တဲ့ရနံ့တို့ ပေါငိးစပ်ရောယှက်ထားတဲ့ ရနံ့ကောင်းကောင်းလေးပါ။

Branded ရေမွှေးတစ်ခုဖြစ်တဲ့ Dior ရေမွှေးထဲက Pure Poison နဲ့ ရနံ့ဆင်တာလေး😍

ဒါလေးဆွတ်ထားရင် မင်းရဲ့ Presence က ပတ်ဝန်းကျင်မှာ သိသိသာသာ ထင်ပေါ်သွားစေမှာပါ😇😇

Luxury ဆန်တဲ့ ရနံ့မျိုးကိုမှ ခန္ဓာကိုယ်မှာ ကြာရှည်စွဲမြဲနေစေချင်တဲ့ ပျိုမေတို့အတွက် အသင့်တော်ဆုံးပါပဲ...

နေ့စဉ်ရုံးသွားတာပဲဖြစ်ဖြစ်၊ အထူးပွဲတက်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိစေမယ့် အဖော်မွန်ဖြစ်လာမှာ အသေအချာပဲနော်✨

Rare Pearls (50ml) တစ်ပုလင်းကို sale price
85,000 Ks ထဲနဲ့ အခုပဲ ဝယ်ယူနိုင်ပါပြီ။

Instock ရှိတာတွေကုန်ရင် နောက်တခါ ဒီဈေးနဲ့ရဖို့မသေချာပါဘူးနော်..

အလှတရားကို ရနံ့နဲ့ ခြယ်သဖို့ အခုပဲ Messenger မှာ လာရောက်မှာယူလိုက်ပါ..လို့.. 🛍️🌸

Made in Poland
Imported from UK

☎️ 09250091806

Photos from Shirley Shane Online Shopping-Pyay's post 24/06/2026

မိတ်ကပ်အထူကြီးတွေလိမ်းရတာ ပူအိုက်ပြီး စိတ်ပျက်နေပြီလား? 🥵
​ဒါဆိုရင်တော့ လိမ်းထားမှန်းမသိသာဘဲ သဘာဝအတိုင်း အလှဆုံး Glow စေမယ့် Glad2Glow Skin Tint ရှိတယ်နော်။ ✨

👉​Air-Fit Technology နဲ့ထုတ်လုပ်ထားလို့ အသားထဲ စိမ့်ဝင်လွယ်ပြီး ပါးပါးကြည်ကြည်နဲ့ အသားအရေကို ပေါ့ပါးနေစေပါတယ်။

👉အဆီပြန်ခြင်းကို ထိန်းပေးပြီး Pore Blurring effect ပါဝင်လို့ ချွေးပေါက်တွေကို အလိုအလျောက် Blur လုပ်ပေးတဲ့အတွက် လိမ်းထားရင် အသားအရေလေး ချောမွေ့နေမှာပါ။

👉​Squalane ပါဝင်လို့ အသားခြောက်တာ၊ကွက်တာမျိုးမရှိဘဲ အချိန်အတော်ကြာ ခံပါတယ်နော်။

👉အဆီပြန်အသားအရေများ၊ပေါင်းစပ်အသားအရေများအတွက် ဒီတိုင်းလိမ်းလို့ရပြီး အသားခြောက်သူများက moisturizer လေး ခံလိမ်းရင် ပိုကောင်းပါတယ်နော်။

အရောင် သုံးရောင် ရပါမယ်။
02 Praline
03 Cuatard
04 Ginger

30g တစ်ဗူးကို 28000ks ပဲမို့ တစ်ဗူးကုန် တစ်ဗူး မပြတ်တမ်း ဝယ်လိမ်းဖို့လည်း အဆင်ပြေတဲ့ ဈေးတန်းလေး😍

Malaysia နိုင်ငံမှာရှိတဲ့ Glad2Glow Official Store က ဝယ်တာမို့လို့ ပစ္စည်းကိုလည်း စိတ်ချ💯

လိမ်းထားပေမဲ့ လိမ်းထားမှန်းမသိသာပဲ လှနေတာမျိုး​"No-Makeup Makeup Look" လေး ရဖို့ ပျိုမေတို့အတွက် အကောင်းဆုံး daily choice လေးဖြစ်တဲ့ Glad2Glow Skin Tint ကို အခုပဲ စမ်းသုံးကြည့်လိုက်နော် 💖

☎️ 09 250091806

Photos from Shirley Shane Online Shopping-Pyay's post 19/06/2026

တစ်ခေါက်ဝယ်သွားပြီးရင် နောက်တစ်ခေါက် ထပ်လာဝယ်တတ်ကြတဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းရနံ့သင်းတဲ့‌ရေမွှေး
လေးတစ်ခုအကြောင်း သိချင်ပါသလား ❓

Avon ရဲ့"Célèbre" ရေမွှေးက ပန်းရနံ့တွေရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးပြီး သင့်ကို ယုံကြည်မှုအပြည့်နဲ့ တောက်ပစေမယ့် ရွေးချယ်မှုတစ်ခုပါ ✨

Floral Fruity ရနံ့အမျိုးအစားဖြစ်ပြီး သစ်သီးနံ့၊ပန်းနံ့လေးတွေနဲ့ သစ်ကတိုး၊စန္ဒကူးနံ့တို့ ရောယှက်ထားတဲ့ ရနံ့မွှေးမွှေးလေး😍

လန်းဆန်းတဲ့ သစ်သီးရနံ့တွေနဲ့အတူ
စွဲမက်ဖွယ်ကောင်းတဲ့ Peony ပန်းရနံ့၊
မိန်းကလေးဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ Jasmine ပန်း ရနံ့၊ freesia ပန်း၊တတိုင်းမွှေးပန်းတို့‌ရဲ့ရနံ့တွေ ရောယှက်ထားပြီး အဆုံးမှာ
သစ်ကတိုးနဲ့ စန္ဒကူးနံ့တို့ရဲ့ စွဲမြဲတဲ့ မွှေးရနံ့လေးနဲ့ အဆုံးသတ်ထားပါတယ်။

စိတ်ကြည်လင်ပြီး မွှေးရနံ့ပျံ့ပျံ့လေး သင်းနေချင်ရင် ဒီရေမွှေးလေးယူနော်🌸

နေ့စဉ်ဘဝမှာ တောက်ပပြီး ယုံကြည်မှုရှိရှိ ဖြတ်သန်းချင်သူတွေအတွက် "Célèbre" က မရှိမဖြစ်လိုအပ်တဲ့ အဖော်ကောင်းတစ်ခုပါ....

50ml တစ်ပုလင်းကို 65000ks နဲ့ ရပါမယ်နော်။
မူရင်းဈေးက သူ့ထက်မြင့်ပါတယ်။
သယ်ယူပို့ဆောင်ခတွေလည်း မြင့်တက်နေလို့ နောက်ပိုင်းကျရင် ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါတယ်နော်...

👉 မှာယူလိုပါက Messenger သိုမဟုတ်
☎️ 09250091806 ကို အမြန်ဆုံး ဆက်သွယ်လိုက်နော်။

Made in Poland
Imported from UK

Photos from Shirley Shane Online Shopping-Pyay's post 07/06/2026

အသားအရေ ညစ်မှိုင်းပြီးအမဲစက်တွေ ရှိနေလို့ စိတ်ညစ်နေရလား?
ဒါဆိုမပူပါနဲ့...
လူကြိုက်များပြီး ရောင်းအားကောင်းတဲ့
Boots Vitamin C Brightening moisturising cream (BKK) လေး ရှိတယ်နော်😇

​ဘာလို့ ဒီလောက်တောင် လူကြိုက်များတာလဲ?

စျေးနှုန်းက အရမ်းမများဘဲ Quality က တကယ်ကောင်းလို့ပါ👍

လိမ္မော်မျိူနွယ်ဝင်အသီးဖြစ်တဲ့ Yuzu သီးရဲ့ အဆီအနှစ်နဲ့ Vitamin C တို့ ပါဝင်ထုတ်လုပ်ထားပြီး
✨အသားအရောင် မညီတာတွေ ညှိပေးတယ်။
​✨ အမဲစက်တွေကို မှေးမှိန်စေပြီး သဘာဝအတိုင်း Glow စေတယ်။
✨အသားအရေ "ကြည်ကြည်လင်လင်နဲ့ ဝင်းပပြီး Radiant Look ရချင်သူတွေအတွက် သင့်တော်တဲ့ moisturizer ကောင်းကောင်းလေးနော်👌

50ml တောင် ပါဝင်လို့ ကြာကြာလည်း သုံးရမှာပါ။

အသားအရေအမျိုးအစားအားလုံးအတွက်သင့်လျော်ပြီး လိမ်းထားရင် စေးကပ်မှုမရှိပဲ အသားထဲစိမ့်ဝင်လွယ်တာကြောင့် အဆီပြန်အသားအရေများလည်း သုံးလို့အဆင်ပြေပါတယ်👍

sale ချတဲ့အချိန် ဝယ်ထားလို့ 50ml တစ်ဗူးကို 17000ks ထဲနဲ့ ရမှာမို့လို့ အရမ်းတန်နေပြီနော်။
ပုံမှန်ဈေးက သူ့ထက်အများကြီးမြင့်ပါတယ်။

Quality ကောင်းပြီး ဈေးနှုန်းချိုတဲ့ပစ္စည်းလေးမို့ နှစ်ခါပြန်မစဉ်းစားပဲ ဝယ်သင့်တဲ့ item ထဲ ပါတယ်👌

အခုလိုအချိန်မှာ moisturizer 50ml တစ်ဗူးကို 17000ks နဲ့ရတာ တကယ်တန်တာကွယ်..

👉 တစ်ခုသတိထားရမှာက Vitamin C ပါဝင်တဲ့ product တွေသုံးရင် အပြင်ထွက်တဲ့အခါမှာ နေရောင်ကာ sunscreen တစ်ခုခု လိမ်းသင့်ပါတယ်နော်။

Boots Vit C moisturising cream လေး ပစ္စည်းမကုန်ခင် အမြန်လာဝယ်ဖို့ hello လုပ်လိုက်နော်🥰

☎️ 09 250091806

06/06/2026

နေပူထဲသွားရင် သင်းပျံ့ပြီး လန်းဆန်းချင်ပါတယ်ဆိုသူလေးတွေ ဒီရေမွှေးလေးနှစ်ခုအကြောင်းကို ဖတ်ကြည့်နော်😍

Avon Perceive series ထဲက
Perceive edp နဲ့
Perceive Dew edt ရေမွှေးလေး နှစ်မျိုးပါ..

💙 Perceive edp (Blue Bottle)
Floral Oriental fragrance type ဖြစ်ပြီး သစ်တော်သီး၊ dianthus ပန်းနဲ့ သစ်ခွပန်းရနံ့တို့ အချိုးကျရောစပ်ထားပါတယ်။
အလုပ်သွားတဲ့အခါ ဒါမှမဟုတ် လူကြားထဲမှာ ပေါ့ပါးလန်းဆန်းနေချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ရင့်ကျက်ပြီး ယုံကြည်မှုရှိရှိနဲ့လှပတင့်တယ်တဲ့ vibe မျိုးကို ပေးမဲ့ရနံ့လေး...

💚Perceive Dew (Green Bottle)
Floral Aqua Fragrance type ဖြစ်ပြီး
freesia ပန်းရနံ့၊လတ်ဆတ်တဲ့ပင်လယ်လေညင်းရနံ့နဲ့ ရွှေရောင်ပယင်းနံ့တို့ ပေါင်းစပ်ထားတဲ့ရနံ့လေး..

သဘာဝဆန်ဆန်နဲ့ ချိုမြိန်တဲ့ရနံ့လေးကို နှစ်သက်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။
အားကစားလုပ်တဲ့အခါမျိုးနဲ့ ပူအိုက်တဲ့အချိန်မှာ အေးအေးလူလူဆွတ်ချင်သူများအတွက် fresh and clean vibe ကို ပေးမဲ့ ရနံ့လေး...

ဖန်သားပြင်လို ကျောက်ဆောင်ပုံစံ ပုလင်းဒီဇိုင်းလေး
ကလည်း အလှပြင်စားပွဲပေါ်မှာ အဆင့်အတန်းမြင့်မြင့် တင့်တယ်စေမှာပါနော် 🌊

ဈေးနှုန်းလေးတွေက sale မချတဲ့အချိန် ပုံမှန်ဆိုရင် 50ml တစ်ပုလင်းကို တစ်သိန်းကျော်ရှိတာကို sale ချတဲ့အချိန်ဝယ်ထားလို့
Perceive (အပြာဗူး)
80000ks

Perceive Dew (အစိမ်းဗူး)
75000ks နဲ့ ရပါမယ်နော်။

ပစ္စည်းကောင်း ဈေးချိုလေးမို့ ယူထားသင့်သော😍

နှစ်ဗူးတစ်တွဲယူရင် 4500ks တန် Avon perfume sample တစ်ကတ် လက်ဆောင်ရဉီးမှာ😇😇

နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ဆိုရင်တော့ ဒီလို perfume လေးတွေ ဆောင်ထားဖို့ လိုတာမို့ အခုပဲ လာမှာထားလိုက်တော့နော်👌

You ဆိုရင်ရော...
ယုံကြည်မှုရှိရှိနဲ့ လှပတင့်တယ်တဲ့ vibe အပြာဗူးလား...

fresh and clean vibe အစိမ်းဗူးလား...
ဘယ်ဟာကိုရွေးမှာလဲ..?

Comment မှာ "အပြာဗူး" သို့မဟုတ် "အစိမ်းဗူး" ဆိုပြီး မန့်သွားခဲ့ဉီးနော်😘

Made in Poland
Imported from UK

☎️ 09250091806



#ရေမွှေး

Photos from Carnation Cosmetic Store's post 06/06/2026
06/06/2026

ဒါမျိုးလေးတွဲယူရင် ပိုသက်သာမယ်နော်🤩

Glad2Glow Lip Serum - 28,000ks
Maybelline Superstay Foundation -52,000ks
နှစ်ခုပေါင်း set - 78,000ks

နှစ်မျိုးစလုံးအရောင်စုံရပါအုံးမယ်နော်🫶🏻

အိမ်ရောက်ငွေချေရ
Phone/Viber - 09798475792

#အိမ်ရောက်ငွေချေရပါတယ်

Photos from Shirley Shane Online Shopping-Pyay's post 04/06/2026

"စျေးကြီးပေးဝယ်စရာမလိုဘဲ Luxury ဆန်ဆန်နဲ့ တစ်နေကုန် မွှေးမွှေးလေးဖြစ်နေစေမဲ့
Avon ရဲ့ TTA Radiance"

သစ်သီးချိုချိုအေးအေး ရနံ့ကနေ တန်ဖိုးကြီးနှင်းဆီရနံ့ကို ပြောင်းလဲခံစားရစေမဲ့ရနံ့လေး🌹

Avon ရဲ့ နာမည်ကြီး Today Tomorrow Always series ထဲက ရနံ့လေးတစ်မျိုးပါ။

Floral Fruity Woody Fragrance Type ဖြစ်ပြီး
​စဖြန်းလိုက်တာနဲ့ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးရဲ့ ချိုချဉ်အနံ့လေးနဲ့အတူ နေရောင်အောက်မှာ ဖူးပွင့်နေတဲ့ နှင်းဆီပွင့်ဖတ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့ကို တပါတည်း ခံစားရမှာပါ။
နောက်ဆုံးကျန်ခဲ့မယ့် အနံ့ကတော့ ကတိုးနဲ့စန္ဒကူးရဲ့ နွေးထွေးအေးချမ်းတဲ့ ရနံ့လေးမို့ စွဲမက်စရာလေးဖြစ်နေမှာ😇

​🥀 ထူးခြားချက်က ဒီရေမွှေး 1000ml ခန့် ရဖို့အတွက် မနက်ခင်းဆွတ်ခူးတဲ့ နှင်းဆီပွင့်ပေါင်း နှစ်သိန်းခွဲခန့်ကို အသုံးပြုထားတာဆို‌တော့
အနံ့က တကယ့်ကို သဘာဝကျပြီး luxury ဆန်နေစေမှာနော်🥰

sale မရှိတဲ့အချိန် ပုံမှန်ဈေးက 50ml တစ်ပုလင်းကို 160000ks ကျော်ရှိပါတယ်။
sale ချတဲ့အချိန်ဝယ်ထားလို့ 105000ks နဲ့ရမှာမို့ quality မြင့် ပစ္စည်းကောင်းကို ဈေးချိုချိုနဲ့ သုံးရမှာနော်👍

​ကိုယ့်ရဲ့ Inner Confidence ကို အပြည့်အဝ ဖော်ဆောင်ပေးမယ့် Avon Radiance လေးကို အခုပဲ cb လာပြီး မှာလိုက်တော့နော်။

ပစ္စည်းက stock နည်းနေတဲ့အပြင် နောက်တခါပစ္စည်းရောက်ဖို့လည်း ကြာဉီးမှာမို့ ကြာကြာမစဉ်းမစားပဲ လာဝယ်လိုက်ပါတော့..လို့🥰

ဒီအနံ့လေးရဲ့ Sample တစ်ကတ် 2500ks နဲ့ ဝယ်လို့ရသေးတယ်နော်👌

Made in Poland
Imported from UK

☎️ 09 250091806

Photos from Shirley Shane Online Shopping-Pyay's post 23/05/2026

စကား‌တွေအများကြီး ပြောနေဖို့ မလိုဘူး...
Revlon တစ်ချက်ဆွဲလိုက်ရုံနဲ့တင် You🫵ရဲ့ Confidence က အပြည့်ပဲ✨

​💄 အရောင်ထွက်က ပေါ်လွင်ပြီးသား။

💋 တစ်နေကုန် နှုတ်ခမ်းသားကို စိုအိနေစေမှာ။

​အမေတွေအဒေါ်တွေခေတ်ကတည်းက လူကြိုက်များပြီး ခိုင်မာတဲ့ Brand တစ်ခုအဖြစ်ရပ်တည်လာတာ...
အခု အင်တာနက်ခေတ်၊ fb, TikTok ခေတ်ရောက်တော့ ပိုပြီး hot ဖြစ်လာတဲ့ နှုတ်ခမ်းနီလေး😍

ကြိုက်ကြမှာပေါ့ .....
Revlon Super Lustrous နှုတ်ခမ်းနီဟာ နာမည်ကျော် လူကြိုက်များနေရတဲ့ အကြောင်းရင်း ရှိတယ်လေ..
နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပေးပြီး အားဖြည့်ပေးမယ့် အာဟာရဓာတ်
(Conditioning Ingredients) 80% အထိ ပါဝင်တာကြောင့် ဆိုးလိုက်တဲ့အခါ ချောမွေ့အိစက်နေစေပြီး နှုတ်ခမ်းအရေးအကြောင်းတွေကို လျော့ပါးစေကာ ပိုမိုပြည့်တင်းလှပတဲ့ နှုတ်ခမ်းလွှာကို ပိုင်ဆိုင်‌စေလို့ပါ၊👌

325 Toast of Newyork
356 Soft Suede
225 Rose Wine
365 Mango Blossom
240 Sandalwood Beige
အရောင်ငါးရောင် ရပါဉီးမယ်။

အရောင်လေးတွေအားလုံး အကုန်လှ😍

​ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မဲ့အ‌ရောင်လေးကို ရွေးပြီး ကိုယ့်ကိုယ်ကိုယ် အလှဆုံး ခြယ်သဖို့အတွက် အခုပဲ cb မှာ လာဝယ်လိုက်နော်။



👉website မှာကို ဆိုးပြထားတဲ့ colour swatch လေးတွေက နှုတ်ခမ်းနီတစ်ရောင်ထဲကို တစ်ပုံနဲ့တစ်ပုံ အရောင်ထွက်လေးတွေ နည်းနည်းကွာတာကြောင့် အနီးစပ်ဆုံးအရောင်လေးတွေပြထားပါတယ်နော်။

👉ဖုန်း screen ကွာခြားမှုနဲ့ တစ်ဉီးနဲ့တစ်ဉီး နှုတ်ခမ်းသားအရောင်မတူညီမှုတို့ကြောင့် ပြထားတဲ့အရောင်ထွက်နဲ့ ကိုယ်တိုင်ဆိုးရင် ထွက်လာမဲ့အရောင်ထွက် အနည်းငယ်ကွာခြားနိုင်ပါတယ်နော်**

☎️ 09 250091806



Photos from Shirley Shane Online Shopping-Pyay's post 22/05/2026

နူးညံ့ပြီး အေးချမ်းတဲ့ရနံ့လေးတစ်မျိုးကို ရှာဖွေနေသူများအတွက်
Avon Pur Blanca Petal 😍😍

ဒီရေမွှေးလေးက Avon ရဲ့ Pur Blanca EDT ရေမွှေး
series ထဲက 2025 ခုနှစ်ကမှထွက်တဲ့ girly ဆန်ဆန် ရနံ့သစ်လေးပါ။

Floral fragrance typeဖြစ်ပြီး လိမ္မော်ပန်းလေးတွေရဲ့လန်းဆန်းတဲ့ရနံ့နဲ့အစပြုထားပါတယ်။

အလယ်မှာ ဇီဇဝါပန်းရဲ့‌မွှေးပျံ့တဲ့တဲ့ရနံ့ကိုထည့်သွင်းထားပြီး အဆုံးသတ်မှာတော့ နူးညံ့ကြည်လင်တဲ့ခံစားမှုကို‌ပေးစွမ်းတဲ့ silk notes နဲ့ ကတိုးနံ့တို့ရောယှက်ထားတဲ့ သင်းပျံ့ပျံ့ရနံ့လေးနဲ့ အဆုံးသတ်ထားပါတယ်။

မိန်းကလေးဆန်မှုကိုပေးစွမ်းမဲ့ရနံ့‌လေး 😍

ပုံမှန်ဈး 50ml တစ်ပုလင်း 80000ks ကျော်ရှိတာကို sale ချတဲ့အချိန်ဝယ်ထားလို့ တစ်ပုလင်း 65000ks နဲ့ရပါမယ်နော်။

သဘာဝကျကျနဲ့ယဉ်ယဉ်လေး သင်းပျံ့နေတာမျိုးကြိုက်သူလေးများယူသင့်သောပါ👌

အရေအတွက်များများမရှိလို့ မှာယူမယ်ဆို cb မှာ
အမြန် လာ hi လိုက်နော်🥰

Made in Poland
Imported from UK

☎️ 09 250091806

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lanmadaw Street , Pyay Township
Pyay
8151