Muscle Mania - Pyay

Muscle Mania - Pyay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Muscle Mania - Pyay, Health/Beauty, အမှတ် ၁၂၈/၁၂၉ ၊ ဒေါနခြံ ၊ ဂျပန်ကွက် ၊ ရွှေတစ်ချောင်းလမ်း ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့ ။, Pyay.

26/06/2026

#ပြောင်းလဲချင်စိတ်ပဲရှိလို့မရဘူး

လူတစ်ယောက် Body Transformation ဖြစ်ပီဆိုရင် အားကျလိုက်တာ ဘယ်မှာဆော့တာလဲ
ဘယ်နှလဆော့လိုက်ရလဲ
ဒါတွေပဲမေးကြတာများတယ်

သူတို့မသိတဲ့နောက်ကွယ်ကပေးဆပ်မှုတွေ
ကြိုးစားအားထုတ်မှုတွေကိုမမြင်ကြဘူး
Gym တစ်ခုတည်းမှာတူတူဆော့ကြတာပဲ
တစ်ယောက်ကပြောင်းလဲပြီး ကျန်တစ်ယောက်က
မပြောင်းလဲဘူးဆိုရင် အဖြေကဘာလဲဆ်ိုတာ သိမှာပါ

မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှုနဲ့ပဲသက်ဆိုင်နေတာပါ
Gym က Trainer တွေက Training တွေကို
မှန်ကန်အောင်ပြပေးတယ်
ဘယ်ဟာစား ဘယ်ဟာရှောင် ဒါတွေအစပြောပြပေးတယ်
လိုက်နာရမှာက မိတ်ဆွေကိုယ်တိုင်ပါပဲ
Trainer နဲ့ Gym မှာတွေ့တဲ့ချိန်က အလွန်ဆုံး ၂ နာရီလောက်ပဲဆုံဖြစ်မှာပါ
ကျန်တာအချိန်တွေမှာ မိတ်ဆွေတို့က လမ်းညွှန်မှုအတိုင်းမနေရင်တော့ Body Transformation ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ မိတ်ဆွေတို့ဝေးနေရဦးမှာပါပဲ.....မေတ္တာဖြင့်

13/06/2026

Body ကောင်းတစ်ခုဆိုတာ ကံကောင်းရုံနဲ့ မရပါဘူး…
မှန်ကန်တဲ့ Training + စနစ်တကျ Diet + အကောင်းဆုံး Guidance လိုအပ်ပါတယ် 💪

🏋️‍♂️ ကျွန်တော်တို့ Gym မှာ —

✅ Quality ကောင်းတဲ့ Gym Equipment များ အပြည့်အစုံ
✅ Muscle Building / Fat Loss အတွက် သင့်တော်တဲ့ Training Plan
✅မိတ်ဆွေတို့ Body Goal နဲ့ကိုက်ညီတဲ့ Diet & Nutrition Guidance
✅ Trainer များမှ Exercise Form, Technique နဲ့ Program ကို သေချာညွှန်ကြားပေးခြင်း

Beginner ဖြစ်ဖြစ်၊ Fitness ကို အလေးထားသူဖြစ်ဖြစ်
မိတ်တွေတို့ရဲ့ Body Goal ရောက်အောင် အတူတူကြိုးစားပေးသွားမှာဖြစ်လို့
ကျနော်တို့Muscle Mania -Pyay ကိုလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ☺️

01/06/2026

💛 လေးတွေ ဘာရသေးလဲဆိုလို့
ဒီ လေးတွေ ရပါတယ်ရှင်
Buy 3 Get 1 Free Promotion လေးကတော့ အခုလောလောဆယ် မရှိသေးဘူးရှင် ထပ်ပြီးရှိလာခဲ့ရင်တော့ မင်မင် Post လေးတင်ပေးပါမယ်နော် 💛

💪

25/05/2026

💪 ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးမို့ အသက်ကြီးလာတာနဲ့အမျှ Healthy Lifestyle ပြောင်းဖို့အတွက် ကြိုးစားလာကြတာများပါတယ် 💛✨

💪 ဝိတ်ကျချင်တယ်ဆိုရင် 2 လ ~ 3 လကြိုးစားလို့ရနိုင်ပြီး အဆီကျ အသားကျစ်ချင်တယ်ဆိုရင်လဲ 6 လ ကနေ 1 နှစ်လောက်ဆို ကောင်းကောင်းအဆီကျသွားနိုင်ပေမဲ့ Healthy Lifestyle ဖြစ်ဖို့အတွက်ဆိုရင်တော့ ရေရှည်သွားဖို့ အတွက်လိုအပ်ပါတယ် ခဏတာ လုပ်လို့ပဲမရတော့ပါဘူး🙅

💪တော်တော်များများက👵🧓အသက်ကြီးလာရင် ရှောင်ရမှာတွေကိုပိုပြီး သတိထားတတ်ကြပေမဲ့ မရှောင်သင့်တာလေးတွေလဲရှိပါသေးတယ်

💪 Healthy Lifestyle ဖြစ်ဖို့အတွက် မရှောင်သင့်တဲ့ အရာလေးတွေကတော့

🍖 Protein🥩လို့ခေါ်တဲ့ အသားဓာတ်ကတော့ အဆီချတဲ့သူတွေ စားကိုစားရမယ့် အရာတခုဖြစ်လို့ မရှောင်သင့်တဲ့ဟာထဲမှာ ပထမဆုံး ဖြစ်ပါတယ်

🍚 ကစီဓာတ်ကလဲ မရှောင်သင့်တဲ့ထဲမှာ ပါပါတယ် ဒါပေမဲ့ ထမင်းစားများရင် အဆီတွေတက်တတ်တာမျိုးရှိတာမို့ ချင့်ချိန်စားပေးပါ ... လုံးဝရှောင်သင့်တဲ့ထဲမပါတာမို့ ကစီဓာတ်ဟာလဲလိုအပ်ပါတယ်

🥑🥒🥕အသီးအရွက်တွေကလဲ မရှောင်ဘဲနဲ့ စားသောက်သင့်တဲ့အုပ်စုထဲမှာပါပါတယ်

Gym 🏋️‍♀️ ကတော့ လုံးဝကို မရှောင်သင့်တဲ့အရာပါ အသက်ကြီးလာလို့ Gym မဆော့ရဘူးလို့မရှိပါဘူး ပို‌တောင် ဆော့ပေးသင့်ပါသေးတယ် ပိုပြီးအမောခံနိုင်စေတဲ့အတွက် နှလုံးကျန်းမာရေးအတွက်ကြီးမားတဲ့အထောက်အကူပါ💛

💪 ကိုယ်ကာယလဲ ကြံ့ခိုင်စေတာမို့ အသက်အရွယ်ကြီးလာလေလေ ပိုပြီးကျန်းမာလေလေဖြစ်နေစေမှာပါ💪💛

အသေးစိတ်လေးတွေမေးမြန်းလိုပါကလဲ page messenger မှာမင်မင်ရှိနေပါ့မယ် 💛🤗

#ပြည်

24/05/2026

💛 Healthy lifestyle တခုကို စတင်ဖို့ဆိုရင် အသက်ကြီးတာ အသက်ငယ်တာ ပိန်တာ ဝတာ ဘာမှ ကန့်သတ်ချက်မရှိဘူးနော် အဓိက က စ ပြီး လုပ်လိုက်ဖို့ပဲ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူး 💪

💛 It’s never too late to get into shape 💛

22/05/2026

💛 Gym Fee - (1 - month ) 💛

💛 Member အသစ်လေးတွေဆို စအပ်တာနဲ့ 1 ကြိမ် တိုင်းပေးအုံးမှာနော် 💛

💛 Gym မဆော့ဖြစ်သေးဘူး လေးပဲ လာတိုင်းချင်တာဆိုလဲ တကြိမ် နဲ့ Muscle Mania - Pyay မှာ လာတိုင်းလို့ရပါတယ်ရှင် 💛

💛 မနက် ( 6.30 ကနေ 11.00 ) အထိ တချိန် 💛

💛 နေ့လည် ( 2.30 ကနေ ည 8.00 ) အထိတချိန် တနေ့ကို 2 ကြိမ်ဖွင့်ပါတယ်ရှင် 💛

💛 #တနဂ်နွေနေ့တိုင်း တပတ် ၁ရက် Gym ပိတ်ပါတယ်ရှင် 💛

💛 💪

14/05/2026

Head Trainer ဇင်မင်းသန့် သည် Muscle Mania-Pyay Gym မှ(15.5.2026)မှ(8.6.2026)ထိ ပြိုင်ပွဲတက်ရန်အတွက်ခွင့်ယူထားပါသည်။
ရုံမှ Member များကိုလည်း ကျန် Trainer များမှ ပြသပေးပါမည်ဗျ။

13/05/2026

💛 အလုပ်မအားလို့ပဲဖြစ်ဖြစ် ကျန်းမာရေးပြဿနာတစ်ခုခုရှိနေလို့ဖြစ်ဖြစ် gym ကိုမသွားဖြစ်ဘူးဆိုရင်... လေ့ကျင့်ခန်းလည်း မလုပ်နိုင် ၊ Deit လည်း လုပ်လို့မရတဲ့အခြေအနေမို့ ကိုယ်အလေးချိန်ကိုဘယ်လိုထိန်းကြမလဲ 🤔❓

🚶အိမ်မှာ‌နေရင်းလဲလှုပ်ရှားမှုများများလုပ်ပေးပါ

💛 အိပ်ယာထဲမှာလှဲနေတာမျိုး TV တို့ဖုန်းတို့ချည်းထိုင်ကြည့်နေတာမျိုးမလုပ်ပဲ ခဏလောက် ဟိုလျှောက်ဒီလျှောက် လှုပ်ရှားနေပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး ဗိုက်မှာအဆီစုလာခြင်းကိုလဲ ကြိုတင်ကာကွယ်ရာရောက်ပါတယ် 👍

🍲အဆီများတဲ့အစားအစာ‌တွေ ဆီပြန်ဟင်းတွေစားတာမျိုးရှောင်ပါ 🍟

💛 ဆီပြန်ဟင်းတွေနဲ့ အအီအဆိမ့်များတဲ့ အပြင်စာတွေ ဆီကြော်တွေကိုလဲရှောင်သင့်သလို အသင့်စားအစားအသောက်တွေလဲတတ်နိုင်သမျရှောင်တာကောင်းပါတယ်

🍽️အစာစားချိန်မှန်အောင်စားပါ 🕗

💛 မနက်စာ နေ့လည်စာ ညစာ တစ်နေ့သုံးနပ် အစာစားချိန်မှန်အောင်စားပါ အချို့က ညစာကိုထမင်းအစား အသီးအရွက်တွေ အသီးအနှံတွေကိုစားရင်တော့ ပိုကောင်းပါတယ် အသားဓာတ်က လိုအပ်တာထက် အများကြီးစားရင် အားရှိစေမှာ မဟုတ်ဘဲ အဆီသာစုစေမှာပါ🍗

💧 ရေကိုလုံလုံလောက်လောက်သောက်ပါ 🥛

💛 တစ်နေ့ကိုအနည်းဆုံး ရေတစ်လီတာကနေ သုံးလီတာကြားတော့ပုံမှန်လေး သောက်ပေးသင့်ပါတယ်နော်

💛 ဒီအချက်လေးတွေကိုသာလိုက်လုပ်ကြည့်နိုင်မယ်ဆိုရင် Gym မသွားဖြစ်သေးတဲ့ကာလတွေ ကျန်းမာရေးကြောင့် Gym မဆော့နိုင်တဲ့ကာလတွေမှာလဲ ကိုယ့်ရဲ့ ပုံမှန် Body လေးကိုထိန်းထားနိုင်မှာပါ...✅

💛 မင်မင်က အခုလိုမျိုး Gym နဲ့ပတ်သက်တဲ့ဗဟုသုတဆိုင်ရာ အချက်အလက်လေးတွေနဲ့ Gym ရဲ့သတင်းလေးတွေကိုအမြဲတမ်းမျှဝေပေးနေမှာမို့ မင်မင်တို့ page လေးကို like & follow လုပ်ပေးထားကြပါနော် ✅🥰

အသေးစိတ်လေးတွေမေးမြန်းလိုပါကလဲ page messenger မှာမင်မင်ရှိနေပါ့မယ်ရှင် 🤗
#ပြည်

10/05/2026

ကဲဗျာ JOSHUA THE FEARLESS VAN!

ဆရာဗန်နိုင်လို့ ပျော်တယ် 😍

ညောင်ဦးကမ်းပါးပြိုတာ စမ္ပာနဂိုရ်က
နွားမပေါင်ကျိုးတယ်ပဲဆိုဆို ဆိုင်ဆိုင်မဆိုင်ဆိုင်

၁၁.၅.၂၆ ကနေ ၁၆ .၅.၂၆ ထိ တပတ်လုံး
BUY 3 GET 1 ပြန်ပေးမယ်ဗျာ။ 😙

3 လစာသွင်းရင် 1 လ အပိုဆော့ဗျာ။

Muscle Mania - Pyay

😎

07/05/2026

💛 Gym ဆိုတာ လူငယ်တွေပဲသွားရတဲ့နေရာလား 🤷

💛 အသက်ကြီးလာတာနဲ့အမျှ တက်ကြွလန်းဆန်းပြီးကျန်းမာစွာနေထိုင်ဖို့က လူတိုင်းမျှော်လင့်ကြတဲ့အရာတစ်ခုပါ 💪

💛 Gym က လူငယ်တွေသာမကလူကြီးတွေလဲ သွားသင့်ပါတယ်... ✅
သွားသင့်တာထက် သွားကိုသွားရမဲ့နေရာတစ်ခုပါ....

💛 ဘာလို့ အသက်အရွယ်ကြီးသူတွေပါ Gym သွားသင့်တာလဲ ❓ ဘာအကျိုးကျေးဇူးတွေရမှာလဲ ❓

💛 Gym မှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက အသက်ရှည်စေဖို့ ကူညီပေးပါတယ်

💛 လေ့ကျင့်ခန်းက လူတိုင်းအတွက်ကောင်းတယ်ဆိုတာ အားလုံးသိကြပါတယ်... ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာတော်တော်များများကလျစ်လျူရှုထားတတ်ကြပါတယ်...

💛 ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက လူသားတွေရဲ့သက်တမ်းကိုတိုးစေပါတယ်...📈
နှလုံးနဲ့ အဆုတ်တွေကို ပိုသန်မာလာစေပြီး နှလုံးသွေးကြောကြံ့ခိုင်မှုကိုလဲ တိုးတက်စေတာကြောင့် ဒီအရေးကြီးကိုယ်တွင်းအင်္ဂါနှစ်ခုကို ထိခိုက်စေတဲ့ အခြေအနေတွေကို Gym မှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းအားဖြင့် ရှောင်ရှားနိုင်ပါတယ်....✨

💛 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရတော့ အထိုင်များတဲ့ လူနေမှုပုံစံဟာ သေဆုံးခြင်းနှင့် မသန်မစွမ်းဖြစ်စေတဲ့ အကြောင်းရင်း ၁၀ ခုအနက်မှ တစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်...

💛 ပြေးစက်ပေါ်မှာ လမ်းလျှောက်တာ ဒါမှမဟုတ် လေ့ကျင့်ရေးစက်ပေါ်မှာ လမ်းလျှောက်တာလိုမျိူး ပုံမှန်လေ့ကျင့်ခန်းတွေတောင်မှ ကိုယ့်ရဲ့ သက်တမ်းကို သုံးနှစ်မှ ငါးနှစ်အထိ တိုးမြင့်စေနိုင်ပါတယ်☘️

💛 ယခုဖော်ပြထားတဲ့အချက်တွေအရ... အသက်ကြီးတဲ့ဦးဦး ဒေါ်ဒေါ်တွေလဲ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို Gym မှာ လေ့ကျင့်ခန်းလုပ်သင့်တယ်ဆိုတာထင်ရှားနေပါပြီနော် ....💁

📣 ယခုလိုကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတလေးတွေအပတ်စဉ်တိုင်းတင်ပေးနေမှာမို့ မင်မင်တို့ရဲ့ Muscle Mania - Pyay Gym Page လေးကို like & follow လုပ်ပေးထားကြပါအုံးနော်

💛 နဲ့ပတ်သက်ပြီးသိရှိလိုတာတစ်ခုခုရှိရင်လဲ သိချင်တာတွေဖြေပေးဖို့အတွက် page လေးရဲ့ messenger မှာ မင်မင်ရှိနေပါမယ်နော် 🤗💛


#ပြည်

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Address


အမှတ် ၁၂၈/၁၂၉ ၊ ဒေါနခြံ ၊ ဂျပန်ကွက် ၊ ရွှေတစ်ချောင်းလမ်း ၊ ရွာဘဲနယ်မြေ ၊ ပြည်မြို့ ။
Pyay

Opening Hours

Monday 06:30 - 11:00
15:00 - 21:00
Tuesday 06:30 - 11:00
15:00 - 21:00
Wednesday 06:30 - 11:00
15:00 - 21:00
Thursday 06:30 - 11:00
15:00 - 21:00
Friday 06:30 - 11:00
15:00 - 21:00
Saturday 06:30 - 11:00
15:00 - 21:00