YOON Skincare & Beauty

YOON Skincare & Beauty

Share

Viber Phone -09757325522
Tiktok acc-@yoonskincare11
အပြင်မှာလဲဆိုင်ဖွင့်ထားတာကြောင့် ယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်ရှင့်🫶🏻💕

Photos from YOON Skincare & Beauty's post 30/09/2026

မျှော်နေတဲ့ ဆရာကြီးတေ ရောက်ပါပြီရှင်🫶🏻🛒

ဒီနေ့က ယွန်းနေမကောင်းလို့ ဆိုင်ပိတ်တာပါနော်

မနက်ဖြန် ဆိုင်ဖွင့်ပါတယ်ရှင့်

🏠ဆိုင်လိပ်စာ- ဈေးတောင်ဘက်အခြမ်း
ညောင်ပင်သာမြို့/ ဖြူးမြို့နယ်

📩 မှာယူလိုပါက Page Chat Box ကို message ပို့လိုက်နော်🎀

MGL Express ရောက်တဲ့မြို့နယ်တိုင်းကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်

29/09/2026

အင်စတော့🐌

Cosx Brandထဲမှာ အကြိုက်ဆုံးProductတွေပြောပါဆို Salicylic cleanser နဲ့ Snail Essence ပါဘဲ။

Snail နဲ့ပတ်သတ်ပြီးဘာသုံးရမလဲ လာမေးတဲ့သူတော်တော်များများကိုလည်း Cosrxနဲ့ Jumiso ကိုဘဲညွှန်ပေးဖြစ်တာများသလို ကိုယ်တိုင်လည်းကုန်တိုင်းဝယ်သုံးဖြစ်နေတဲ့ Brandတွေပေါ့။

အခုလည်းကုန်လို့ထပ်ဝယ်ရင်း လိုရင်းတိုရှင်း Review လေးတစ်ဖြတ်လုပ်ချင်လာလို့ Postတင်လိုက်တာ။Brandက Good reviewsတွေရပြီးသားမို့ အများကြီးမပြောတော့ဘူး။အရင်ကလည်း(2) ခေါက်ထပ်မက Review တွေရေးဖူးတာမို့။

"ခေတ်"က ဒါလေးကိုဝက်ခြံတွေပေါက်ပြီး Scar လေးတွေကျန်ခဲ့တဲ့အချိန် အမြဲသုံးဖြစ်တယ်။ဘာလို့ဆို သူ့ရဲ့ Main ingredientက Snail 96% တောင်ပါလို့ Healing လုပ်တဲ့အပိုင်းမှာအားကောင်းပြီး ဝက်ခြံအဖုကြီးတွေဆိုလဲ အရောင်ကျသက်သာသလို အစိုဓာတ်လည်းအပြည့်ဝပေးနိုင်လို့ လိမ်းပြီးတာနဲ့အသားရေက စိုတင်းကြည်ပြောင်ပြီး Glowထွက်သွားလို့ လိမ်းတိုင်းစိတ်ကျေနပ်ရသောပါ။စိတ်ပါရင်ဒါလိမ်းပြီးတလောကလုံးကို မျက်နှာပြောင်တိုက်လို့ရတယ် : 3

Textureကလည်း Snailဆိုပေမဲ့လက်ထဲထည့်ပွတ်တဲ့ချိန်လောက်ဘဲ နည်းနည်းချွဲပြီးကပ်စေးပေမဲ့ မျက်နှာပေါ်တင်တဲ့အခါ Lightweight ဖြစ်ပြီးစိမ့်ဝင်တာမြန်လို့သဘောကျမိတယ်။

သူက ဝက်ခြံပေါက်လို့ကျန်ခဲ့တဲ့အမာရွတ်၊အမဲစက်တွေအတွက်တော့သိသာပေမဲ့ ချိူင့်ခွက်အတွက်တော့ အရမ်းကြီးအားကိုးလို့မရသလို snail နဲ့မတည့်ရင်လည်းမသုံးစေချင်ဘူး။ပိုကောင်းတာတစ်ချက်က Skin Barrier ပျက်စီးပြီးအားနည်းနေတဲ့ Skinကိုတောင်ပြန်ပြီးကျန်းမာလာအောင် ဒီ Essence ကလုပ်ပေးနိုင်တယ်ဆိုတာပါဘဲ။

❌ပုံနဲ့စာများကူးယူသုံးစွဲခွင့်မပြု❌

Photos from Radiant Truths With Khit's post 29/09/2026

အင်စတော့နော်🤭💗

Photos from Radiant Truths With Khit's post 29/09/2026

Instock✅

29/09/2026

Colgate Instock💗

သွားကျောက်တည်တာ၊ သွားပိုးစားတာ၊ သွားကျဉ်တာ၊ ခံတွင်းနံ့ဆိုးတာနဲ့ သွားဖြူလာဖို့ ဒီနောက်ပိုင်း သုံးဖြစ်နေတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေပါ။

Colgate ကတော့ ထွေ"ထူး" ညွှန်းနေစရာတောင် မလိုဘူး။ ထွက်ထားတဲ့ သွားတိုက်ဆေးတွေဆိုလည်း မနည်းမနောဘဲ။ အဲ့ထဲကမှ Optic White Volcanic Mineral နဲ့ Optic White Purple ကတော့ အပေါ်မှာပြောခဲ့တဲ့ သွားပြဿနာတွေအတွက် ကိုယ်တိုင်သုံးကြည့်ပြီး အထိရောက်ဆုံးလို့ထင်ရတဲ့ Zero မဟုတ်တဲ့ Hero တွေပါ။

နှစ်ခုလုံးက Color-Correcting Technology ကို သုံးထားတာကြောင့် သွားဝါတာ၊ သွားကျောက်တည်တာတွေသက်သာပြီး သွားဖြူစေတယ်။ကော်ဖီ၊လက်ဖက်ရည်လို stain ကျန်တတ်တဲ့ အစားသောက်တွေ သောက်စားတတ်တဲ့သူ၊ သွားချေးတက်တာ၊ သွားပိုးစားတာ၊ သွားကျဉ်တာမျိုးရှိတဲ့သူတွေဆို ပိုတောင်သုံးလို့ကောင်းသေး။

သွားတိုက်တံတွေကတော့ ပုံမှန်သွားတိုက်တံတွေထက်နူးညံ့တဲ့အတွက် သွားရဲ့ချောင်ကြိုချောင်ကြားထဲထိ ကောင်း" သန့်ရှင်းရေးလုပ်ရပြေတယ်။ သွားဖုံးနာတာ၊ သွေးထွက်တာမျိုးလည်းမရှိ။ လက်နဲ့ကိုင်တိုက်ရတဲ့ သွားတိုက်တံကအစ အလုံးအထည်ရှိလို့ တိုက်ရတာအားရတယ်။တိုက်ပြီးရင်လည် အကုန်ပြောင်စင်သွားတယ်လို့ ခံစားရတယ်။

အဓိက ပြောချင်တာက သွားဆိုတာပြဿနာဖြစ်မှထကာကွယ်တာထက် မဖြစ်ခင် ကြိုကာကွယ်တာက ပိုကောင်းတယ်နော်။ မဟုတ်ရင် “တံပိုးထက် လက်ခပိုကြီး” ဆိုသလို သွားပြဿနာဖြစ်မှ ထကုရင် ငွေပိုကုန်နိုင်လို့ စျေးကွက်ထဲက ခဏတာ ခံတွင်းရှင်းရုံ၊ ပြောင်ရုံလောက်ပဲ အာရုံစိုက်ထားတဲ့ သွားတိုက်ဆေး၊ သွားတိုက်တံတွေထက် ကိုယ်နဲ့အဆင်ပြေပြီး အရည်အသွေးကောင်းတဲ့ Brand မျိုးတွေကို ရွေးဝယ်သုံးကြပါလို့။

စကားမစပ် သွားတိုက်တံကိုလည်း တိုက်ပြီး (၃) လကြာရင် နောက်ထပ်အသစ် (၁) ချောင်းလဲဖို့ မမေ့နဲ့ဦးနော်။အားလုံးဘဲ ကျန်းမာလှပတဲ့သွားတွေ ပိုင်ဆိုင်ကြပါစေဗျာ။

❌ ပုံတွေ၊စာတွေ ယူသုံးခွင့်မပြုပါ။ ❌

Photos from YOON Skincare & Beauty's post 29/09/2026

Truslen ကို ဗူးမေးနေတဲ့သူလေတေရောက်မယ်နော်

ဒီဗူးက အရမ်းတန်တယ်နော်😉

ကြိုပြီး orderလာပေးထားနော်

🏠ဆိုင်လိပ်စာ- ဈေးတောင်ဘက်အခြမ်း
ညောင်ပင်သာမြို့/ ဖြူးမြို့နယ်

📩 မှာယူလိုပါက Page Chat Box ကို message ပို့လိုက်နော်🎀

MGL Express ရောက်တဲ့မြို့နယ်တိုင်းကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်

29/09/2026

ရောက်ပါမယ်ရှင့်

ဘဝမှာ မိတ်ပျက် ဆွေပျက်၊ ပိုက်ဆံပျက်လို့ရတယ်။
345 cream တော့ ပျက်လို့မရ။

Dr.Althea Brandထဲ 345 cream ကတော့ one of my favorites ဘဲ။။

လိမ်းလို့ကောင်းတယ်။ result သိသာတယ်။ calming & skin barrier support လုပ်ပေးတဲ့အပိုင်းမှာ ကိုယ့် skinအတွက်တော့ တအားမိုက်တယ်။ ဝက်ခြံလေးများထွက်၊ မျက်နှာလေးများ ဆန်းဆန်းတင့်တွေဖြစ် ပက်ကြားတွေများအပ်လာပြီဆို အနာသိ၊ဆေးရှိဆိုတဲ့ စကားအတိုင်း 345 cream ဘဲပြေးပြီး ကောက်လိမ်းချပစ်တာ အေးရော။

၁ပတ်လောက်များ မနက်/ည ဆက်လူးလိုက်ရင် skinကြီး Healthy ဖြစ်လာတာများ မှန်ထဲကြည့်တိုင်းစိတ်
ချမ်းသာ။အဲ့လောက်ထိကို 345 ရဲ့ စိတ်ချမ်းသာမှုပေးချက်က ကိုယ့်အတွက်အတိုင်းထက်လွန်မို့ သူနဲ့ဒို့ရဲ့သံယောဇဉ်က တာမရ၊စီးမရ။

တစ်ခုတော့ရှိတယ်။ ဘယ်အရာမှာ prefect ဖြစ်မနေဘူးဆိုသလိုဘဲ အကုန်ကောင်းပေမဲ့ မကောင်းတာက စျေးနဲ့ ကုန်တိုင်းညှစ်လူးရတာကြီးက အဆင်ပြေမနေတာကိုတော့ မဖွာဘူး။အဆင်ပြေရင် နှစ်ပိုင်းဖြတ်လူးလို့ရမဲ့ plastic ဗူးနဲ့ထုတ်ပေးပါလားလို့။ငါ့မှာ ကုန်လို့ ဖြတ်လူးချင်ပေမဲ့ လက်ကို ရှမှာလည်းကြောက်တော့ ကုန်တဲ့ဘူးကိုထိုင်ကြည့်နေရတဲ့ မြင်သာမြင် မကျင်ရတဲ့ဘဝကြီး တွေးရင်းနဲ့အသည်းတွေယားလိုက်တာ ......နော်

Photos from Hey I'm Ashley's post 29/09/2026

ရောက်ဖို့ရှိတယ်နော်

Photos from Just May's post 29/09/2026

၃မျိုးလုံးရပါမယ်ရှင့်

29/09/2026

Instock 💛🛒

ခရီးသွားတုန်း ရှုပ်ထွေ ကြမ်းထော်နေတဲ့ဆံသားကိုပုံကျအောင်ကယ်ပေးခဲ့တဲ့အသက်သခင်ကျေးဇူးရှင်🥰🥰🥰
ခရီးသွားတုန်း လေထိ/ မိုးထိ ရှူပ်ထွေးပွထ ကြမ်းထော်နေတဲ့ အခြေနေမျိူးမှာတောင် လျော်ချလိုက်တာနဲ့ အိပြီးပျော့စင်းးတဲ့ဆံသားကိုပြန်ရစေတယ်။
ဘယ်လောက်ကြမ်းထော် ရှူပ်ထွေးရှင်းမရဖြစ်နေပါစေ သူနဲ့တစ်ခါလောက်လျော်ကြည့်။
တစ်ခါတည်းနဲ့ကိုသိသာတယ်။
ဆံသားပျော့ပြီး စင်းးနေစေတယ်ပြောင်နေစေတယ်။ ဆံသားအလေးချိိန်လဲရှိပြီး အနံ့လဲမွှေးနေစေတယ်။စျေးလဲသင့်တယ်🤟🏻

https://shop.tiktok.com/th/pdp/1731722031324563438?_t=ZS-9A3UaMjwi8q

Telephone

Website

Address


Phyu Township
Pyu

Alerts

Be the first to know and let us send you an email when YOON Skincare & Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyu.