Dr.Ziwaka Magazine
အခြေခံ ကျန်းမာရေးဆိုင်ရာ ဗဟုသုတမျာ?
👉ဝမ်းရောဂါ သတိပြုပါ💪
ပိန်ဆေးထိုးကြမယ်
သိသင့်တဲ့ နှာခေါင်းရောဂါ ပြဿနာများ
လက်ဦးဆရာ ဖြစ်ပါစေ
သိထားသင့်တာလေးတွေပါ
ပိန်ဆေး ထိုးဆေး
ထိုးရမှာလား ❓
မထိုးရဘူးလား❓
ဝေခွဲရခက်နေသူတို့အတွက်ပါ
04/02/2026
🚨 အိပ်ရေးပျက်တဲ့အခါ ဦးနှောက်က သူ့ကိုယ်သူ ပြန်စားပါတယ်
အိပ်ရေးမဝတဲ့အခါ ဦးနှောက်ထဲက astrocyte လို့ခေါ်တဲ့ ဆဲလ်တွေဟာ ပုံမှန်အလုပ်လုပ်တာထက် ပိုအလုပ်လုပ်ပြီး ကျန်းမာတဲ့ ဦးနှောက်ဆဲလ်တွေနဲ့ ဆက်သွယ်မှု (Synapses) တွေကို ပြန်လည်စားသုံး (ဖျက်ဆီး) ပစ်ပါတယ်။ ဒါကို Astrocytic Phagocytosis လို့ခေါ်ပါတယ်။
ဒါကို တိရိစ္ဆာန်အချို့အပေါ်မှာ စမ်းသပ်တွေ့ရှိ အတည်ပြုထားပြီး လူရဲ့ ဦးနှောက်ပေါ်မှာတော့ မစမ်းသပ်ထားရသေးပါဘူး ☠️
🚨 အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ များလာပါတယ်
အိပ်စက်နေစဉ်မှာ ဦးနှောက်က အညစ်အကြေးတွေကို ဆေးကြောပေးပါတယ်။ အိပ်ရေးပျက်ရင် အဲဒီအညစ်အကြေးတွေ (Beta-amyloid) ပုံလာပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ 🧓
🚨 နိုးနေရင်း ခဏတာ အိပ်ပျော်သွားတတ်ပါတယ်
ကားမောင်းနေရင်းဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းဖြစ်ဖြစ် သင်မသိလိုက်ဘဲ စက္ကန့်ပိုင်းအတွင်း ဦးနှောက်က အိပ်ပျော်သွားတတ်ပါတယ်။ ဒါဟာ အသက်အန္တရာယ် အလွန်ရှိပါတယ်။ 🥱
🚨 DNA တွေ ပျက်စီးပါတယ်
တစ်ညကို (၄) နာရီအောက်ပဲ အိပ်တာဟာ သင့်ရဲ့ DNA တွေကို ပျက်စီးစေပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်း လျော့ကျစေနိုင်ပါတယ်။ 🧬
🚨 ကိုယ်ခံအားစနစ် ထိခိုက်ပါတယ်
တစ်ညတည်း အိပ်ရေးပျက်ရုံနဲ့တင် ကင်ဆာဆဲလ်တွေကို သတ်ပေးတဲ့ ကိုယ်ခံအားဆဲလ် (Natural Killer Cells) တွေရဲ့ စွမ်းဆောင်ရည်ကို ၇၀% အထိ ကျဆင်းသွားစေနိုင်ပါတယ်။ 🛡
🚨 မူးယစ်နေသူရဲ့ ဦးနှောက်နဲ့ အလုပ်လုပ်ပုံ တူသွားစေပါတယ်
(၁၉) နာရီဆက်တိုက် မအိပ်ဘဲနေတာဟာ အရက်အလွန်အကျွံ သောက်ထားတဲ့သူတစ်ယောက်ရဲ့ ဦးနှောက်အလုပ်လုပ်ပုံနဲ့ အတူတူပဲ ဖြစ်သွားပါတယ်။ 🥴
🚨 စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းကျဆင်းလာပါတယ်
အိပ်ရေးပျက်ရင် ဦးနှောက်ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့အပိုင်းက ၆၀% ပိုပြီး တုံ့ပြန်မှု မြန်လာလို့ အသေးအမွှားလေးကအစ အလွန်အမင်း ဒေါသထွက်တာ၊ ဝမ်းနည်းတာမျိုး ဖြစ်စေပါတယ်။ 🤬😢
🚨 နှလုံးရောဂါဖြစ်နိုင်ခြေ ဆောင့်တက်သွားပါတယ်
University of Michigan က လုပ်တဲ့ သုတေသန စမ်းသပ်မှု ၁ခုမှာ အိပ်စက်ချိန် (၁) နာရီ လျော့နည်းသွားတာနဲ့တင် နှလုံးရောဂါထဖောက်နိုင်ခြေ ၂၄% အထိ မြင့်တက်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ 🫀
🚨 ဝိတ်ချဖို့ ခက်ခဲစေပါတယ်
အိပ်ရေးပျက်ရင် ဗိုက်ဆာတဲ့ဟော်မုန်း မြင့်တက်လာပြီး အချိုနဲ့ အဆီများတဲ့ အစားအစာတွေကို ပိုစားချင်စိတ် ပေါက်လာလို့ ကိုယ်အလေးချိန် အမြန်တက်စေပါတယ်။ 🍴
အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများကို ကွန်းမန့်ထဲက ဗီဒီယိုမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇
ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️
Dr. Beast 🧠
09/12/2025
💪ဖတ်ကို ဖတ်သင့်တဲ့ ရှိကို ရှိထားရမယ့် စာအုပ်လေးတစ်အုပ် ကို ဖြန်ချိလိုက်ပါပြီ။
💪နေ့ စဉ် ကျန်ကျန်းမာမာနဲ့ လန်းဆန်းတက်ကြွနေစေဖို့ဆိုတာ သိုင်းရွိုက်ဟော်မုန်း မျှတနေမှဖြစ်မှာပါ။ဒါမှလည်းကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးက Energy ကောင်းစွာရရှိပြီး ပုံမှန်
လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာပါရှင်။
🤭လူက လေးလံထိုင်မှိုင်းတာ၊
🫢အချိန်တိုင်းအိပ်ချင်နေတာ၊သူများပူချိန် ကိုယ်က ချမ်းနေတာ၊အသားအရေတွေကြမ်းလာတာ အိပ်မပျော်ချင်ဘူး၊ ဂနာမငြိမ် ဖြစ်မယ်၊ စိတ်တိုနေမယ် ဝမ်းတွေချုပ်လွန်းနေမယ်
စတာတွေကလည်း သိုင်းရွိုက်ဟော်မုန်း အနည်းအများ အပြောင်းအလဲကြောင့်ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေထဲ ပါနေပါပြီ။ သတိထားဖို့လိုပါတယ်။
ဒါဆို
😊အမြဲလန်းဆန်းပြီး အားအင်ပြည့်ဝနေစေဖို့ နဲ့ သိုင်းရွိုက်ဂလင်း ကျန်းမာနေစေဖို့ ဘာတွေလိုအပ်နေပြီလဲ❓
သိုင်းရွိုက် ဝေဒနာ ခံစားနေရပြီဆို ဘာလို ကျန်းမာရေးစောင့်ရှောက်မှာတွေ လိုပြီလဲ ❓
ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပေးထားပါတယ်။
ချစ်သောမိတ်ဆွေတို့
လိုအပ်ရင် ဆက်သွယ်လိုက်ပါရှင့်🍀🍀🍀🍀
23/10/2025
💥"ရဲဝံ့ ကြင်နာ စောင့်ရှောက်ပါ" 💥
ပါမောက္ခ ဦးဉာဏ်ဝင်းကျော်
(အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)တဲ့
#ဒီစာအုပ်လေးက သင့်နဲ့သင့်မိသားစုအားလုံးအတွက် ကြီးစွာသော အထောက်အပံ့ကောင်းပါပဲ။
💚စိတ်ကျန်းမာရေးပြဿနာ ဝေဒနာခံစားနေကြရသူများ ကို ပြစ်ပယ်ထားခြင်း၊ နှိမ်ချဆက်ဆံခြင်းများ မပြုကြဘဲ ရဲရဲဝံ့ဝံ့ကြင်ကြင်နာနာ နှင့် ဝိုင်းဝန်း စောင့်ရှောက် ပေးကြစေချင်ပါယ်။
💚စိတ်ကျန်းမာမှူ ဂရုပြု၊ ရဲဝံ့ကြင်နာ စောင့်ရှောက်ပါ။
Category
Contact the business
Telephone
Website
Address
အမှတ်၁၁၊အောင်သပြေလမ်း၊ကျွန်းတောတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်။
Sanchaung
11111
Alerts
Be the first to know and let us send you an email when Dr.Ziwaka Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
