Nico Myanmar

Nico Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nico Myanmar, Health/Beauty, No. 121, 50th Street Condo, 50th Street, Botahtaung Township, Yangon, Sanchaung.

02/07/2021

အချစ်လေးတို့ရေ discount လဲ ရှယ်ချနေပီဆိုတော့ ဂျပန် Yukata လေးဝတ်ပီး Ro နေတဲ့ ပုံလေးတွေ အမှတ်တရ Memory လေးတွေ သိမ်းဆည်းဖို့ ကိုကို မောင်မောင်တို့ကို ပူဆာလိုက်တော့နော် 😍😍😍

Photos from Nico Myanmar's post 30/06/2021

Hello! မဂ်လာပါ သဲလေးတို့ရေ ❤️ မင်မင် ဒီရက်ထဲ နည်းနည်းလေး အလုပ်များနေလို့ postမတင်ဖြစ်တာ တောင်းပန်ပါတယ် သဲလေးတို့ရေ😞။

မင်မင်တို့ လာမယ့် 7လပိုင်း 7ရက်နေ့မှာ ကျရောက်မယ့် たなばた🎋 ပွဲတော် အတွက် အရမ်း ရင်ခုန်နေပါပီနော်🤩။
ချစ်စရာကောင်းတဲ့ Couple လေးတွေ အမြန်ဆုံးရွှေလက်တွဲနိုင်ဖို့ ဆုတောင်းရမယ့်နေရက်ဖြစ်သလို ဝေးကွာနေတဲ့ ချစ်သူတွေလည်း အမြန်ဆုံး ပြန်လည်ဆုံတွေ့ရဖို့ ဆုတောင်းရမယ့် အထူးနေ့ကောင်းနေ့မြတ်လေးပါနော်😍😍။
အခုလို ချစ်စရာကောင်းတဲ့ စုံတွဲလေးတွေ အမှတ်တရ ဓာတ်ပုံရိုက်ကူးပီး တောင်းဆုလေးတွေ ပြည့်ဝဖို့အတွက် မင်မင်တို့ Nico Japan Myanmar Serviceမှာ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးနေပါပီရှင်😍😍

( FAတွေအတွက်လည်း မင်မင်တို့ လုံးဝ ပစ်မထားဘူးနော်😁)
ချစ်ရတဲ့ သူငယ်ချင်းတွေ နဲ့လည်း အတူ ဂျပန် Yukata 👘လေးဝတ်ပီး အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးလို့ ရပါတယ်နော်❤️❤️။

လာမယ့် 7လပိုင်း 7ရက်နေ့မှာ ကျရောက်မယ့် たなばた ပွဲတော်အတွက် မင်မင်တို့ Nico Japan Myanmar Serviceမှာ👉 7လပိုင်း 7ရက်နေ့မှ စပီး 7လပိုင်း 11 ရက်နေ့အထိ👈 5ရက် တိတိ Special discountပေးသွားမှာ ဖြစ်ပါတယ်ရှင်။
🤩🤩 Special discount
Yukata &Hair do = 15000ks (1p)
Couple 😍😍. = 20000ks ဖြင့် special ဝန်ဆောင်မှု ပေးနေပါပီရှင်။ 😲😲 (အရမ်းတွေမိုက်နေတာ)

အသေးစိတ် သိရှိလိုပါက ☎️ 09 4000 79 545 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ Comment, Chat box မှလည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်❤️။

25/06/2021

Hello!!! ချစ်တို့ရေ မဂ်လာပါရှင်❤️။
မင်မင်က အခုလာမယ့် 7လပိုင်း 7ရက်နေ့မှာ ကျရောက်မယ့် たなばた 🎋🎋ပွဲတော်အတွက်😍 Special discount 😯😯ချပေးနေပါပီနော်။
သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် Group photo ရိုက်ပီး အမှတ်တရ Album သိမ်းဆည်းချင်တာပဲ ဖြစ်ဖြစ် ၊ ❤️ချစ်ရသူလေးနဲ့ အတူ ဂျပန် yukata လေး ဝတ်ပီး အမှတ်တရ ဓာတ်ပုံရိုက်ကူးချင်ပါက မင်မင်တို့ Nico Japan Myanmar Service မှ ဝန်ဆောင်မှု ပေးနေပါပီရှင်။

ယခင်. Yukata 👘= 30000 ks
🎋🎉🎉Special discount အနေနဲ့
🔊ယခု. Yukata👘 = 15000 ks နဲ့ ပေးနိုင်ပါပီရှင်။
အသေးစိတ် သိရှိလိုပါက ☎️☎️ 09 4000 79 545 န‌ဲ့ Chat box/Comment မှလည်း အချိန်မရွေး အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်🙆

Photos from Nico Myanmar's post 23/06/2021

Hello 😍ချစ်လေးတို့ရေ မဂ်လာပါရှင်🙏။

မင်မင်က ဒီနေ့ ဒီအခြေအနေ အချိန်အခါ မှာ postတင်တာလေးကိုတော့ ခွင့်လွတ်ပေးပါနော်🙏။ မင်မင်တို့ pageလေးကိုလည်း မေ့သွားမှာ စိုးရိမ်လို့ပါနော် 🙆။

မင်မင် ဒီနေ့ postတင်မယ့် အကြောင်းအရာလေးကတော့ လာမယ့် ၇ လပိုင်း ၇ ရပ်နေ့မှာ ကျရောက်မယ့် ဂျပန်ရိုးရာ ပွဲတော် Tanabata ဆိုတဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ကျင်းပမယ့် ပွဲတော် အကြောင်းလေးပဲ ဖြစ်ပါတယ်ရှင်🎋🎋🎋👩‍❤️‍👨

7/7ရက်နေ့မှာ ကောင်ကင်မှာရှိတဲ့ Orihime (おりひめ) ဆိုတဲ့ ကြယ်လေးနဲ့ Hikoboshi ( ひこぽし) ဆိုတဲ့ ကြယ်လေး နှစ်လုံး ဟာ တစ်နှစ်မှာ တစ်ကြိမ်ပဲ ဆုံဆည်းခွင့် ရှိတဲ့ နေ့လေးပဲ ဖြစ်ပါတယ်ရှင်🎋🎋

ရှေးအရင် ဂျပန်ပြည်မှာ Orihime (おりひめ) ဆိုတဲ့ မိန်းကလေးက ဝါးချည်မျှင်‌ ယက်လိုက်တဲ့ လုပ်ငန်းကို လုပ်ပီး Hikoboshi (ひこぽし) ကတော့ နွားမွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်ရှင်။

တစ်နေတော့ သူတို့ နှစ်ယောက်က လက်ထပ်လိုက်ကြပါတယ်တဲ့ 🎎 ။ သူတို့နှစ်ယောက်က အရမ်းဆော့ ကစားလွန်းလို့ တစ်နေ့ကြတော့ ဘုရားသခင်က သူတို့ကို သပ်သပ်စီ ဖြစ်အောင် ခွဲလိုက်ပါတော့တယ်🥺။

ဒါပေမယ့် သူတို့သာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဆောင်မယ်ဆိုရင် တစ်နှစ်မှာ တစ်ကြိမ် တွေ့ဆုံနိုင်တဲ့ အခွင့်အရေးလေးကို ဘုရားသခင်က ပေးထားပါတယ်တဲ့။
အဲ့လိုနဲ့ Orihime ( おりひめ) က ဆောင်ဦးရာသီ ရိတ်သိမ်းတဲ့ အချိန်ရောက်တိုင်း သူရဲ့ စိတ်နှလုံးသား ကို ဘုရားထံ ပူဇော်ရန် kimono (着物) ကို ကိုယ်တိုင်ယက်လုပ်ပီး ပူဇော်ပါတယ်တဲ့ရှင်👘။

သူတို့ နှစ်ယောက် ထပ်ဆုံနိုင်မယ့် ဆန္ဒကို ဖြည့်ဆည်းဖို့ အတွက် သင်ရဲ့ ဆန္ဒဟာ လူနှစ်ဦးကို ဆု‌ံဆည်းနိုင်ပါစေ ဆိုတဲ့ အတွေးနဲ့ ဆုတောင်းပေးမယ်ဆိုရင် ချစ်တဲ့သူတိုင်း ဆုံးဆည်းခွင့် ရပါတယ်နော်👩‍❤️‍👨👩‍❤️‍👨👩‍❤️‍👨။ ဆန်လိုက်တာ❤️❤️❤️☺️☺️

ဒါအပြင် အဆိုပါ ယက်လုပ်တဲ့ ဝါးမြက် က ဖြောင့်တန်းပီးကြီးထွား လာခြင်းကို ကြည့်ခြင်းအားဖြင့် ဘဝရဲ့ ခွန်အားလည်း ရစေပါတယ်နော်။

ဒါဟာ ဟိုးယခင်ကတည်းက ကြာမြင့်စွာ ရှိခဲ့တဲ့ မြင်မြတ်သော ပါဝါ လို့လည်း အဆိုရှိခဲ့ပါတယ်ရှင်☺️☺️☺️။
ဒါကြောင့် လာမယ့် ၇ လပိုင်း ၇ရက်နေ့မှာ ကျရောက်မယ့် Tanabata ဆုတောင်းပွဲ တနည်းအားဖြင့် ( ချစ်ရသူတွေ ဆုံဆည်းခွင့် )ရတဲ့ ပွဲလေးကို ချစ်လေးတို့ရဲ့ ချစ်ရသူတွေနဲ့ အတူ ဂျပန်komono ဝတ်ပီး အမှတ်တရနေ့လေး ဖြတ်သန်းချင်ပါက မင်မင်တို့ Nico Japan Myanmar Service မှ တာဝန်ယူ Service ပေးနေပါပီရှင်❤️❤️။

Tanabata ပွဲတော် အတွက် အထူး Special discount ချထားပေးပါတယ်နော်။🌟⭐🎉🎉🎉
ယခင် မူလ ဈေး Yukata &Hair do = 30000 ks

🔊🔊ယခု Special discount အနေနဲ့
(Yakata + Hair Do ) ကို = 15000 ks ထဲနဲ့ Discount ချပေးနေပါပီရှင်။ Wooo😯 အရမ်းတွေ မိုက်နေပီနော်❤️❤️❤️။

☎️☎️အသေးစိတ် သိလိုပါက ☎️ 09 4000 79 545 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။ Chat box and Comment မှာလည်း အသေးစိတ် မေးမြန်းနိုင်ပါတယ်ရှင်😍😍။

Photos from Nico Myanmar's post 10/06/2021

မဂ်လာပါရှင်🙏
မင်မင့်အသဲလေးတွေ ပျင်းနေကြပီလား😊😊 ။ မိုးလေးကလဲ အေးအေးလေးနဲ့ ရွာချင်တိုင်းရွာ🌧️🌧️ သီချင်းလေးနဲ့ Feel လို့ အရမ်းကောင်းတဲ့ ရာသီလေး😍😍။

မင်မင်လဲ Japan သီချင်းနားထောင်ပီး Feel 😍😍 Sakura🌸🌸ပန်လေးတွေနဲ့ အတွေးထဲများ ပျော်နေရော😁😁။ စိတ်ချမ်းသာဖို့က အဓိကပဲ မဟုတ်လား အသဲ😍တို့ရေ။
တွေးရင်းဆွေးရင်းနဲ့ အတွေးတွေ ဂျပန် ရောက်တုန်းရောက်ခိုက် Japan လို့ ပြောလိုက်ရင် Sakura နဲ့ တွဲပီး မြင်တတ်ကြလို့ မင်မင်လည်း Sakura ပန်းလေး နဲ့ ပတ်သက်ပီး နည်းနည်းလေး ပြော‌ပြပေးမယ်နော်။  

Sakura ဟာ တနည်းအားဖြင့် Myanmar လိုဆိုရင် သိပ်လှတဲ့ ချယ်ရီပန်းပေါ့🌸🌸။  

ချယ်ရီ ပန်းလေးက ဆောင်းဦးရာသီ ချမ်းစိမ့်စိမ့် ရာသီလေးမှာ အဖူး အငုံ အခက် လေးနဲ့ ဝေ‌ဝေဆာဆာ ရှိနေတာပေါ့ ။

Sakura 🌸ပန်းလေးတွေက နွေဦးကို အလှပဆုံးနဲ့ အခမ်းနားဆုံး ဖြစ်အောင် ကြိုဆိုချင်တာမို့ တစ်ပြိုင်နက်တည်း ပွင့်လို့ ရမယ့် အချိန်ကိုစောင့်နေရတာတဲ့နော်။

အချိန်အခါကောင်း တစ်ခုရဖို့ အတွက် သည်းခံခြင်းက အဓိက အချက်လည်း ဖြစ်ပါတယ်နော်။

နွေဦးရောက်ပီဆိုတာနဲ့ ပြက္ခဒိန် ပြေးကြည့်စရာ မလိုအောင် Sakura ပန်လေးတွေက တစ်ပြိုင်နက်ထဲ အလှပဆုံး ပွင့်လန်းပီး ကြိုဆိုကြပါတယ်နော်။ ‌

ဒါဟာ လူတွေကို ဂုဏ်ပြုခြင်း ပြုလုပ်နေတဲ့ ပတ်၀န်ကျင်လို့ ခံစားရစေပါတယ်ရှင် ။

တစ်ပြိုင်နက်ထဲ တစ်ချိန်ထဲမှာ အလှပဆုံး အစွမ်းကုန် ပွင့်လန်းကြတာဟာ နိုင်ငံ သာယာ၀ပြော ကြွယ်၀မှုကို အဓိပ္ပာယ် ရစေပါတယ်ရှင်။

သဲလေးတို့ရေ ချစ်စရာကောင်းတဲ့ ဂျပန် Yukata 👘လေး ၀တ်ပီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးလိုပါက မင်မင်တို့ရဲ့ Nico Myanmar Serviceမှာ ၀န်ဆောင်မှု ပေးနေပါပီရှင်။

အသေးစိတ် သိလိုပါက Chat box, Comment နဲ့ အတူ ☎️☎️ph 09 4000 79 545 ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်🌺⛄🌸

Photos from Nico Myanmar's post 09/06/2021

Hello!! သဲလေးတို့ရေ မဂ်လာပါရှင်🙏
မင်မင် ဒီနေ့ သဲလေးတို့ကို အရမ်း ရိုးရှင်းပီး အရမ်း လှတဲ့ Japan Yukata 👘 လေး နဲ့ မိတ်ဆက်ပေးမယ်နော်။ မင်မင်ဆို အရောင်လေးနဲ့ အပွင့်လေးကို မြင်ကတည်းက လုံး၀ကို ကြွေဆင်း😍😍။ဒါကြောင့် မင်မင်ရဲ့ သဲလေးတွေမြင်ရင်လည်း လုံး၀ကျိန်းသေပေါက် ကြိုက်မယ်ဆိုတာ အာမခံတယ်😁။ ထုံးစံအတိုင်း မင်မင်က ဒီ Yukata လေးရဲ့ အရမ်းစိတ်၀င်စားဖို့ ကောင်းတဲ့ အဓိပ္ပာယ် လေး ကို ပြောပြပေးမယ်နော်🙆🙆။

အပြာရောင် နုနုလေးနဲ့ ပန်းလေးကို အများကြီးမဟုတ်ဘဲ ‌နည်းနည်းလေးပဲ ထည့်ထားတယ်။ ပီးတော့ အပြာနုရောင်လေးအပေါ်မှာ ထပ်ပီး ချစ်စရာ အပ်ချည်မျှင် ဘောလုံးလေးကိုပါ အဆင်ထည့်ထားတော့ အရမ်းကို ချစ်စရာ ကောင်းသွားတယ်။ မင်မင်ဆို အရမ်းကြိုက် 😍😍။ ‌အပ်ချည်ဘောလုံးလေး( Mari) ရဲ့ အဓိပ္ပာယ်က ရှေးခေတ် ဂျပန် လူမျိူးတွေက မဂ်လာဆောင်မှာ သတို့သမီးက သူတို့သား အိမ်ကို သွားတဲ့အချိန်မှာ တစ်ယောက်ထဲ အထီးကျန်တဲ့ ခံစားချက်မျိူး မဖြစ်အောင် မိဘတွေက သတို့သမီး လက်ထဲကို အပ်ချည် ဘောလုံးလေး ( Mari ) ထည့်ပေးတဲ့ အယူအဆရှိပါတယ်နော်။ အထီးကျန်တဲ့ ခံစားချက်ကိုဖယ်ရှားပေးရုံတင်မကဘဲ မဂ်လာအချိန်မှစပီး အစအစအရာရာ အားလုံး အဆင်ပြေပါစေဆိုတဲ့ ဆုတောင်းတွေလည်း ပြည့်၀စေပါတယ်ရှင်။ ဘယ်လောက်တောင် လှတဲ့ အဓိပ္ပာယ် လဲ😍😍။ပြီးတော့ လိုက်ဖက်စွာပဲ ဘေးနားက Nadeshiko🌸🌸🌸 ပန်းလေးကို အတော်အသင့်လေး ထည့်ပီးအဆင် ဖန်တီးထားတာ‌ အပြစ် ပြောရက်စရာ
‌တောင် မရှိဘူး☺️☺️☺️မင်မင်တောင် ‌ရှေးခေတ်ကလို မဂ်လာ ပြေးဆောင်ချင်စိတ်ပေါက်မိပါတယ်နော်😍။

Japan Kimono လေး၀တ်ပီးအမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ Nico Service မှာ ၀န်ဆောင်မှုပေးနေပါပီနော်။ Page ရဲ့ Comment နဲ့ Chat boxမှာဖြစ်ဖြစ် ph 09 4000 79 545 ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ရှင်☺️။

Photos from Nico Myanmar's post 01/06/2021

💖အားလုံးပဲ မဂ်လာပါရှင်🙆။
ဒီနေ့ မင်မင် ဆီကို Japan Kimono အသစ်လေးတွေ ထပ်ရောက်လာတယ်။ မိန်းကလေး ဆန်ဆန်လေးနဲ့ အရမ်းလှပီး နုယွနေတဲ့ အဆင်လေး တစ်စုံတွေ့တော့ မင်မင့်မှာ ကြိုက်လွန်းလို့ ရူးမတတ်ပဲ။ ဒါကြောင့် ချက်ချင်းပဲ ဓာတ်ပုံရိုက်ပီး မင်မင့် Customer လေးတွေကို ပြောပြချင်လို့ပါရှင်။ ထုံးစံ အတိုင်း မင်မင်က ၀တ်စုံလေးရဲ့ ဘယ်လို အဓိပ္ပာယ် ရှိတယ်ဆိုတာ ပြောပြပေးပါ့မယ်နော်☺️☺️☺️
🌸 အခု မင်မင် အရမ်း အရမ်းကို မိတ်ဆက်ပေးချင်နေတဲ့ ပန်းရောင် ၀တ်စုံလေးက ချစ်ခြင်းရဲ့ သက်ေတ ၊ နှစ်လိုဖွယ် ကောင်းတဲ့ အပြုံးကို ဖော်ဆောင်ပေးနိုင်ပါတယ်ရှင်။ Yamato Nadeshiko ဆိုတဲ့ စကားလုံးဟာ ဂျပန် ဘာသာနဲ့ ပြောရမယ်ဆိုရင် ဂျပန် အမျိုးသမီးတွေရဲ့ အတွင်း စိတ်ခွန်အားနဲ့ အလှအပ ကို ရည်ညွှန်းတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ဘယ်လောက်တောင် ချစ်စရာ ကောင်းလိုက်လဲ🙆? ။
❤️❤️ ချစ်စရာကောင်းတယ်၊ အပြစ်ကင်းစင်တယ်၊ လုံး၀ကို innocent‌ ပုံစံလေး ပေါ်လာစေတယ်။ အချစ်ကလေးတွေတော့ မသိဘူး။ မင်မင်တော့ စာရိုက်နေရင်း ၀တ်စုံလေးကြည့်လိုက် သူ့ရဲ့ အဓိပ္ပာယ်လေး တွေးလိုက်နဲ့ တစ်ယောက်ထဲ ပြုံစိစိ ဖြစ်နေရော☺️☺️။

အခုဆိုရင် မင်မင်တို့က ဂျပန်kimono လေးကို ပထမဆုံးအနေနဲ့ သက်သာတဲ့ ဈေးနှူန်း ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှု ပေးနေပါပီရှင်။
👘👘 japan kimonoလေးကို 15000ကျပ်ထဲနဲ့ ၀တ်ဆင်နိုင်ပီ ဖြစ်ပါတယ်ရှင်။ မ၀တ်တတ်မှာလည်း မပူရဘူးနော်🤔။ ဂျပန်အမျိုးသမီး ကိုယ်တိုင် Serviceပေးမှာ ဖြစ်လို့ လုံး၀စိတ်ချလို့ ရပါတယ်ရှင်☺️။ Hair Do Service လည်း ရှိလို့ အဆင်မပြေမှာ စိတ်မပူပါနဲ့ရှင်။

Sanchaung Township ထဲမှာ ဆိုင် ရှိတာမို့လို့ အချိန်မရွေး ဆက်သွယ်လို့ ရပါတယ်ရှင်။ မင်မင်တို့ရဲ့ Chat Box / Comment မှာ ပဲဖြင့်ဖြင့် ph - 09 4000 79 545 ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်ရှင်။ အမှတ်တရ ဓာတ်ပုံလေး ရိုက်ချင်တယ်ဆိုရင် မင်မင်တို့ရဲ့ Nico Myanmar Service မှ ဖိတ်ခေါ်ပါတယ်ရှင်🙆🙆

Photos from Nico Myanmar's post 28/05/2021

အားလုံးပဲ မဂ်လာပါရှင်🙏
ကဲ ဒီနေ့တော့ ရာသီဥတုလေးကလည်း သာယာ၊ မိုးလေး‌လဲ ရွာထားတော့ သစ်ပင်ပန်းမံလေးတွေ စိမ်းလန်းစပြုလာပီ။ မြေသင်းရနံ့လေးတွေ သင်းစပြုလာပီ။ ဒါကြောင့် မင်မင်က မင်မင်ရဲ့ ချစ်တဲ့ Customer လေးတွေကို အစိမ်းရောင်လေးနဲ့ ချစ်စရာကောင်းတဲ့ Kimono 👘လေး မိတ်ဆက်ပေးပါ့မယ်နော်☺️☺️။

အစိမ်းရောင်ဆိုတာက သဘာ၀ ရဲ့ အရောင် ၊ သစ်ပင်ပန်းမံလေးတွေကို ကိုယ်စားပြုတဲ့ အရောင်လေးပဲ ဖြစ်ပါတယ်ရှင်။ အစိမ်းရောင်လေးဟာ အေးချမ်းခြင်း💚 နဲ့ ထပ်တူကျပါတယ်ရှင်။ ဒါအပြင် ရောင်စုံ သက်တန့်🌈 ကိုလည်း ဖော်ကျူးပါတယ်။ အစိမ်းရောင်လေးဟာ မျှတမှူကို ပေးနိုင်ပီး မြင်သူ စိတ်နှလုံး အေးချမ်းစေတာတော့ မလွဲ ဧကန် ပါပဲရှင်☺️☺️။
အခု မင်မင် မိတ်ဆက်ပေးမယ် ၀တ်စုံ အဆင်လေးဟာ တရားမျှတ တဲ့ အစိမ်းရောင် ဒေါင်လိုက်အစင်းနဲ့ ချစ်စရာ အစက်အပြောက်လေးတွေနဲ့ Designဆင်ထားတာပဲ ဖြစ်ပါတယ်ရှင်။ ဒါကြောင့် မင်မင် ချစ်ရတဲ့ Customer လေးတွေ လှပတဲ့ အဓိပ္ပာယ် လေးနဲ့ ချစ်စရာ Kimonoလေး လေး၀တ်ပီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးချင်တယ်ဆိုရင်တော့ မင်မင်တို့ရဲ့ Chat box/Comment မှတစ်ဆင့် ဆက်သွယ်‌မေးမြန်းနိုင်ပါတယ်ရှင်။

Photos from Nico Myanmar's post 24/05/2021

မဂ်လာပါရှင်🙏
မင်မင်က အားလုံးကို ချစ်စရာကောင်းတဲ့ ဂျပန်၀တ်စုံလေးတစ်စုံ နဲ့ မိတ်ဆက်ပေးပါ့မယ်ရှင်။ ဂျပန်မှာဆိုရင်ဖြင့် ကီမိုနို ၀တ်စုံလေးတွေဟာ ချစ်စရာကောင်းတဲ့ အဆင်လေးတွေ အပြင် လေးနက်တဲ့ အဓိပ္ပာယ်နဲ့ ဖော်ဆောင်လျှက် ရှိပါတယ်နော်။ ဒီနေ့ မိတ်ဆက်ပေးမှာက ရွှေရောင်ငါးလေးတွေနဲ့ အတူ လေးနက်တဲ့ အဓိပ္ပာယ် (၃) ချက်ကို ဖော်ဆောင်ပေးတဲ့ Japan Kimono 👘လေးကို မိတ်ဆက်ပေးပါ့မယ်ရှင်🤗

☺️☺️ ပထမ တစ်ချက်က ဘယ်လို ပူပြင်းလှတဲ့ နွေရာသီမှာပဲ ဖြစ်ဖြစ် ရွှေငါးလေးတွေဟာ စမ်းရေ အေးအေးလေးတွေမှာ အေးချမ်းစွာ ကူးခတ်ပီး ဘ၀ရဲ့ အခက်အခဲ များစွာကို‌ ကျော်ဖြတ်နိုင်ပီး အေးချမ်း‌မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အဓိပ္ပာယ်လေးပဲ ဖြစ်ပါတယ်ရှင်🐠🐠

☺️☺️ဒုတိယ တစ်ချက်ကတော့ ‌ရှေးအခါ လူကြီးတွေက သူတို့ရဲ့ ချမ်းသာကြွယ်၀မှူတွေကို ငါးလေးတွေက စောက်ရှောက်ပေးခဲ့ကြလို့ ဥစ္စာမြဲ ပီး ငွေစုဆောင်းနိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လေးပဲ ဖြစ်ပါတယ်ရှင်🐠🐠🎁🎁

☺️☺️ နောက်ဆုံး အချက်လေးကတော့ ကလေးတွေရဲ့ ကံကောင်းခြင်၊ အောင်မြင်ခြင်း၊ ဂုဏ်ပြုခံရခြင်းကို ဖော်ဆောင်ပေးနိုင်တဲ့ လာဘ်ကောင်လေးပဲ ဖြစ်ပါတယ်ရှင်🐠🐠🎉

ဒါကြောင့် ဒီလို အထက်ပါ လေးနက်တဲ့ အဓိပ္ပာယ်လေးနဲ့အတူ ချစ်စရာကောင်းတဲ့ Japan Kimono 👘 လေး ၀တ်ဆင်ပီး အမှတ်တရ ဓာတ်ပုံလေးတွေ သိမ်းဆည်းထားချင်တယ်ဆိုရင်တော့ မင်မင် တို့ရဲ့ Ph / Chat boxမှ တစ်ဆင့် ဆက်သွယ်မေးမြန်နိုင်ပါတယ်ရှင်
အသေးစိတ် သိလိုပါက 09 4000 79 545 ကိုလည်း ဆက်သွယ်မေးမြန်လို့ ရပါတယ်ရှင်☺️☺️

18/05/2021

မဂ်လာပါရှင်။ ကျွန်မ နာမည်က Aki လို့ ခေါ်ပါတယ်။ ကျွန်မ က ဂျပန်လူမျိုး ဖြစ်ပါတယ်။ ကျွန်မက မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာ့ အစားအစာကို အရမ်းကြိုက်နှစ်သက်ပါတယ်☺️။☺️ ဒါကြောင့် ကျွန်မ မြန်မာမှာပဲ နေချင်လို့ မြန်မာမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်🤗🤗။ ကျွန်မ ဂျပန် ရိုးရာ ၀တ်စုံ Kimonoကို ဂျပန် ယဉ်ကျေးမှုနဲ့ အတူ ချစ်စရာကောင်းတဲ့ မြန်မာအမျိုးသမီးလေးတွေ ၀တ်ရင် အရမ်း ချစ်စရာကောင်းမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်မ အခု Nico Myanmar Service ကို စတင်ခဲ့ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ ၀တ်စုံတွေနဲ့ အမှတ်တရဓာတ်ပုံ လှလှလေးတွေ ရိုက်ချင်တယ်ဆိုရင် Nico Myanmarကနေ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်🙏။
>>ph. 09 4000 79 545 (သို့) Chat box နဲ့ Comment မှာလည်း အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်☺️။

Category

Telephone

Website

Address


No. 121, 50th Street Condo, 50th Street, Botahtaung Township, Yangon
Sanchaung

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Alerts

Be the first to know and let us send you an email when Nico Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Sanchaung.