Health Service For You

Health Service For You

Share

သဘာဝ တိုင်းရင်းဆေး

27/07/2026

နှလုံးရောဂါ မဖြစ်အောင် နေထိုင်နည်း (၁၀) ချက်‼️

နှလုံးရောဂါအများစုဟာ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အောက်ပါအချက် (၁၀) ချက်ကို နေ့စဉ် လိုက်နာကြည့်ပါ။

🥗 ၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားပါ။

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ ငါးနဲ့ အစေ့အဆန်အပြည့် (Whole Grains) ကို ပိုစားပြီး အငန်၊ အချိုနဲ့ အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။

🚶 ၂။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အလယ်အလတ်ပြင်းအား လေ့ကျင့်ခန်း ပြုလုပ်ပါ။

⚖️ ၃။ ကိုယ်အလေးချိန်ကို ထိန်းထားပါ။

အဝလွန်ခြင်းက သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်စေပါတယ်။

🚭 ၄။ ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ်က နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ တိုးစေပါတယ်။

🍺 ၅။ အရက်ကို အလွန်အကျွံ မသောက်ပါနဲ့။

အရက်များများ သောက်ခြင်းက သွေးတိုးခြင်း၊ နှလုံးခုန်မမှန်ခြင်းနဲ့ နှလုံးအားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

😴 ၆။ အိပ်ရေးဝဝ အိပ်ပါ။

တစ်နေ့လျှင် ၇–၉ နာရီ ခန့် အိပ်စက်ခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

😊 ၇။ စိတ်ဖိစီးမှုကို လျှော့ချပါ။

တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ အပန်းဖြေခြင်းနဲ့ ဝါသနာပါတဲ့ အလုပ်တွေ လုပ်ပေးပါ။

🩺 ၈။ သွေးပေါင်ချိန်၊ သွေးချိုနဲ့ ကိုလက်စထရောကို ပုံမှန် စစ်ဆေးပါ။

စောစီးစွာ သိရှိပြီး ထိန်းချုပ်နိုင်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

💊 ၉။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို ပုံမှန် သောက်ပါ။

သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရောကျဆေးတွေကို မိမိသဘောနဲ့ မရပ်ပါနဲ့။

❤️ ၁၀။ နှလုံးရောဂါရဲ့ သတိပေးလက္ခဏာတွေကို သိထားပါ။

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း၊ ချွေးအေးထွက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံကို အမြန်သွားပြီး စစ်ဆေးသင့်ပါတယ်။

❤️ မှတ်သားထားပါ

နှလုံးရောဂါကို ကုသတာထက် ကြိုတင်ကာကွယ်တာက ပိုမိုလွယ်ကူပြီး ထိရောက်ပါတယ်။ နေ့စဉ် ကျန်းမာတဲ့ အလေ့အကျင့်လေးတွေကို စတင်လုပ်ဆောင်ခြင်းက သင့်နှလုံးကို နှစ်ပေါင်းများစွာ ကျန်းမာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

26/07/2026

နှလုံးအားနည်းပြီးရင်တုန်နေပြီလား
ညဘက်အိပ်ရေးပျက်ပြီးအစားအသောက်ပျက်နေလား
ရာသီဥတုမမျှတလို့မူးဝေနေပြီလား
စိတ်ဖိစီးမှုများလို့စိတ်ရှုပ်ထွေးနေပြီလား

နှလုံးငြိမ်ပြီအားဖြစ်စေတဲ့

🍂ကန့်ဘလူဉ
🍂ပဲနံ့သာ
🍂နံ့သာဖြူ
🍂ပန်းဥ
🍂ပဲနံ့သာ
🍂ပန်းနု
🍂ပန်းမ
🍂ဆေးပုဇွန်ထုတ်
🍂ကျောက်သွေး
🍂နံ့သာနီ တို့ အဓိက ပါဝင်ဖော်စပ်ထားပြီး လူကြီးကလေး မရွေးသောက်သုံးနိုင်ပါတယ်နော်အသက်အရွယ်အလိုက် သောက်သုံးရမယ့် ပမာဏ ရေပူရေအေးတော့ ကွာခြားမှုရှိတယ်ရှင့်🩸🤍

#ဘာအတွက်အသုံးပြုလို့ရလဲ

🍀မူးဝေခြင်း
🍀မောပန်းခြင်း
🍀နှလုံးတုန်ခြင်း
🍀စားမဝင်အိပ်မပျော်ခြင်း
🍀စိတ်ကြည်လင်မှုမရှိခြင်း
🍀သွေးသည်းခြေပျက်ခြင်း
🍀သွေးအားနည်းခြင်း တို့အတွက် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်

ဘေးထွက်ဆိုးကျိူးမရှိဘဲ အကျိုးပြုတဲ့ဆေးလေးမို့ အိမ်တိုင်းဆောင်ထားဖို့ အကြံပေးပါတယ်ရှင့်

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်
#တွိဟန်ဟဒယနှလုံးငြိမ်ဆေး

22/07/2026

ဝမ်းမှန်စေဖို့ ဘာတွေစားသင့်လဲ⁉️

ဝမ်းမမှန်တာ၊ ဝမ်းချုပ်တာ၊ ဗိုက်ဖောင်းတာတွေ မဖြစ်စေဖို့ဆိုရင် နေ့စဥ်စားသောက်ပုံကို ဂရုစိုက်ဖို့လိုပါတယ် ✨

🥬 အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေစားပေးသင့်ပါတယ်

✔️ ကန်စွန်းရွက်
✔️ ဟင်းနုနွယ်
✔️ ဂေါ်ဖီ
✔️ မုန်လာဥနီ
✔️ သခွားသီး

ဒီလို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အူလှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းသွားရလွယ်ကူစေပါတယ်

🍎 အသီးအနှံတွေထဲမှာတော့

✔️ ငှက်ပျောသီး
✔️ သင်္ဘောသီး
✔️ ပန်းသီး
✔️ သစ်တော်သီး

တို့ကို စားပေးသင့်ပါတယ် ✨
အမျှင်ဓာတ် နဲ့ ရေဓာတ်ပါဝင်တာကြောင့် ဝမ်းမှန်ဖို့ အထောက်အကူပြုပါတယ်

🥛 Probiotic ပါတဲ့ အစားအစာတွေလည်း အရေးကြီးပါတယ်

✔️ ဒိန်ချဥ်
✔️ အချဥ်ဖောက်ထားတဲ့အသီးအနှံ

ခန္ဓာကိုယ်ရဲ့ ကောင်းမွန်တဲ့ပိုးတွေကို အစာချေဖျက်ဖို့ ကူညီပေးပါတယ် 💚

💧 ရေဘယ်လောက်သောက်သင့်လဲ?

တစ်နေ့ကို အနည်းဆုံး
👉 ရေ ၂ လီတာခန့် (ရေ ၈ ခွက်ဝန်းကျင်) သောက်ပေးသင့်ပါတယ်

⚠️ လျှော့စားသင့်တာတွေ

✖️ Fast Food
✖️ Soft Drink
✖️ အဆီများတဲ့အစားအစာ
✖️ အရမ်းစပ်တဲ့အစားအစာ

⚠️ဆေးဝါးအနေ​နဲ့ဆိုရင်တော့

🍀ပွေးကိုင်း
🍀ဆူးကောက်နက်
🍀စမုန်မျိုးငါးပါး
🍀ဆေးပုလဲ
🍀ဘုမ္မရာဇာတို့ပါဝင်တဲ့

မယ်ခင်မျက်စိကြည် ဝမ်းမှန်ဆေးလေးကို ညဘက်အိပ်ယာဝင်အစာနှင့်ခပ်ဝေးဝေး ၅ပြားရေအေးနှင့်သောက်သုံးလို့ရပါတယ်ရှင့်✌️

အထူးမှာချင်တာကတော့ ဆေးသောက်ပြီးအစားစားလို့မရပါဘူးရှင့်ရေတော့များများသောက်ပေးရပါမယ်နော်

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင် #မယ်ခင်မျက်စိကြည်ဝမ်းမှန်ဆေး #ဝမ်းချုပ်နေသူကျော်မသွားနဲ့

18/07/2026

ဆရာမရဲ့ တွိဟန်အကြောလေလျှောက်သုံးစွဲသူနဲ့ မိသားစုဝင်တွေရဲ့ ရင်ဖွင့်သံ Q&A 💬⁉️

​Q: ဒီဆေးလေး (တွိဟန်) က တကယ်ပဲ အစွမ်းထက်ရဲ့လားဟင်? ဘယ်လိုဝေဒနာတွေအတွက် အဓိက သုံးတာလဲ?

​A: တကယ့်သုံးစွဲသူရဲ့ မိသားစုဝင်တစ်ဦးက အခုလိုပဲ အားကိုးတကြီးနဲ့ ရင်ဖွင့်လာပါတယ် – "သူ (ဝေဒနာရှင်) က အရင်က ဆိုင်ကယ်တိုက်ပြီး ခေါင်းခွဲထားရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့တာပါ။ အခုဆိုရင် ဒီတွိဟန်ဆေးလေးက သူ့အတွက် မရှိမဖြစ် သောက်နေကျဆေး ဖြစ်နေပါပြီ။"

​Q: မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဖြစ်တတ်တဲ့ ဘယ်လိုနောက်ဆက်တွဲ ဝေဒနာတွေကို သက်သာစေတာလဲ?

​A: Customer ရဲ့ ရင်ဖွင့်ချက်အရဆိုရင် – "ဆေးမသောက်ရင် ခဏခဏသတိလစ်ပြီး ပြန်ပြန်တက်လာတတ်လို့ပါ။ ဒီဆေးလေးကိုပဲ အမြဲအားကိုးပြီး သောက်နေရတာပါရှင့်။"

​Q: ဆေးမသောက်ဘဲနေရင် ဘာတွေဖြစ်တတ်လဲ?
​A: "ဆေးမသောက်ရင်တော့ သတိလစ်ပြီး ပြန်ပြန်တက်တတ်တဲ့ ဝေဒနာ ခံစားရပါတယ်။ ခေါင်းခွဲစိတ်ထားဖူးတဲ့ အမာရွတ်တွေကြောင့် အကြောလေမလျှောက်တာတွေ၊ အာရုံကြောအားနည်းတာတွေ ဖြစ်နိုင်လို့ ဆေးလေးကို ပုံမှန်အားကိုးတကြီး သောက်ပေးရပါတယ်" လို့ ရင်ဖွင့်ထားပါတယ်။

​မိမိရဲ့ မိသားစုဝင်တွေ (သို့) ချစ်ခင်ရသူတွေထဲမှာလည်း အလားတူ ထိခိုက်ဒဏ်ရာကြောင့် (သို့) အခြားအကြောင်းရင်းကြောင့် အကြော၊ အာရုံကြောဝေဒနာ ခံစားနေရသူများရှိရင် တွိဟန် ဆေးစွမ်းကောင်းလေးကို ညွှန်းပေးလိုက်ဖို့ ဆရာမလေးက အကြံပေးပါတယ်ရှင့်🙏

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင် #တွိဟန်အကြောလေလျှောက်အာရုံကြောအားဆေး

15/07/2026

ဝမ်းချုပ်နေပြီလား‼️

14/07/2026

အသည်းကျန်းမာဖို့ လိုက်နာရမယ့် အချက် (၅) ချက် ‼️

​၁။ အစားအသောက် ဆင်ခြင်ပါ – အဆီအဆိမ့်၊ အချိုနှင့် အကြော်အလှော်များ လျှော့စားပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပိုစားပါ။

​၂။ အရက်ဖြတ်ပါ သို့မဟုတ် လျှော့ပါ – အယ်လ်ကိုဟောသည် အသည်းကို တိုက်ရိုက်ပျက်စီးစေပြီး အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ရှောင်ကြဉ်ပါ။

​၃။ ဆေးဝါးများကို စနစ်တကျသောက်ပါ – အကိုက်အခဲပျောက်ဆေးများနှင့် ဆေးမြီးတိုများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရေရှည်စွဲသောက်ခြင်း ဆင်ခြင်ပါ။

​၄။ ပိုးကာကွယ်ဆေးထိုးပါ – အသည်းရောင်အသားဝါ (B) ပိုး ကာကွယ်ဆေးထိုးနှံထားပြီး၊ မသန့်ရှင်းသော အစားအစာနှင့် တစ်ကိုယ်ရေသုံးပစ္စည်း မျှဝေသုံးစွဲခြင်းကို ရှောင်ပါ။

​၅။ ကိုယ်အလေးချိန်ထိန်းပြီး လေ့ကျင့်ခန်းလုပ်ပါ – အသည်းအဆီဖုံးခြင်းမှ ကာကွယ်ရန် နေ့စဉ် မိနစ် ၃၀ ခန့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

13/07/2026

နှိပ်နယ်ကုထုံးဆိုသည်မှာ အဘယ်နည်း⁉️

နှိပ်နယ်ကုထုံးသည် အရေပြားနှင့် ကြွက်သားများကို ပွတ်သပ်ပေးခြင်း၊ ဖိပေးခြင်း၊ လှုပ်ရှားစေခြင်းအားဖြင့် ခန္ဓာကိုယ်အညောင်းပြေပြီး စိတ်ပင်ပန်းမှုသက်သာစေရန် ကူညီပေးနိုင်သည်။ နှိပ်နယ်ကုထုံးသည် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ တောင့်တင်းခြင်းနှင့် စိတ်ဖိစီးခြင်းတို့ကို လျော့နည်းစေရန် ကူညီပေးနိုင်ပါသည်။

ပြင်းထန်သော ရောဂါဝေဒနာခံစားနေရသော မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင် ကုထုံးပညာရှင်သည် ပိုမိုညင်သာပြီး ပြင်းအားနည်းစေရန် ကုထုံးကို ပြုပြင်ပေးပါလိမ့်မည်။ နှိပ်နယ်ရာတွင် ရနံ့ကုထုံး သို့မဟုတ် အပူကုထုံးကဲ့သို့သော အခြားနည်းစနစ်များကို အသုံးပြုနိုင်သော်လည်း များသောအားဖြင့် လူနာများအတွက် သုံးလေ့မရှိပါ။ မည်သည့်အရာများ မျှော်လင့်ထားရမည်ကို သိရှိရန် ကုထုံးပညာရှင်နှင့် ဆွေးနွေးပါ။

🍀နှိပ်နယ်ကုထုံး အမျိုးအစားများ

နှိပ်နယ်ကုထုံးပညာရှင်များသည် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ တွေ့ရများသော အမျိုးအစားအချို့တွင် အောက်ပါတို့ ပါဝင်သည်-

🍀ဆွီဒင်အနှိပ်နည်းကို “ရိုးရာ” နှိပ်နယ်သည့်နည်းလမ်းဟု ခေါ်သည်။ ၎င်းတွင် အချိန်ကြာကြာပွတ်ဆွဲခြင်း၊ ပွတ်သပ်ခြင်း၊ နှိပ်နယ်ခြင်း၊ ပွတ်တိုက်ခြင်း သို့မဟုတ် အသာအယာပုတ်ရိုက်ခြင်းစသည့် လှုပ်ရှားမှုများ ပါဝင်ပါသည်။
🍀အားပြင်းသော တစ်ရှူးအတွင်းပိုင်းအထိ နှိပ်နယ်နည်းသည် ကြွက်သားတင်းမာမှုကို သက်သာစေရန် တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခြင်း ဖြစ်ပါသည်။ ၎င်းသည် ကြွက်သားများနှင့် တစ်ရှူးများ နာကျင်ကိုက်ခဲသည့် ပြဿနာများကို ဖြေရှင်းရန် ပိုမိုအားပြင်းပြီး အတွင်းပိုင်းထိ ပိုထိရောက်သော ဖိအားကို အသုံးပြုပါသည်။
🍀ရှီအဆုသည် ကုထုံးပညာရှင်က တိကျသောနေရာများသို့ ဖိအားသက်ရောက်စေသော နှိပ်နယ်နည်းတစ်ခု ဖြစ်ပါသည်။
🍀အာရုံကြောကြွက်သား ကုထုံးတွင် နာကျင်မှုကို သက်သာစေရန်နှင့် လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်စေရန်အတွက် လှုံ့ဆော်ပေးသော နေရာများပေါ်သို့ ဖိအားပေးခြင်း ပါဝင်ပါသည်။
🍀ခြေ၊ လက်၊ ဦးခေါင်းများကို နှိပ်နယ်ခြင်းသည် လက်များနှင့် ခြေထောက်များရှိ နေရာအမျိုးမျိုးပေါ်သို့ ဖိအားပေးသည့် နှိပ်နယ်နည်းတစ်မျိုး ဖြစ်ပါသည်။

နှိပ်နယ်ကုထုံး၏ ကောင်းကျိုးများ⚠️

🔥စိတ်ဖိစီးမှု လျော့နည်းစေခြင်း
🔥နာကျင်မှု ပိုမိုထိန်းချုပ်ခြင်း
🔥ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းကို လျှော့ချပေးခြင်း
🔥စိတ်သက်သာရာရခြင်း
🔥သွေးစီးဆင်းလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း
🔥သွေးပေါင်ချိန် ကျစေခြင်း
🔥စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါ လက္ခဏာများကို လျော့နည်းစေခြင်း
🔥ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
🔥ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေပြီး အားအင်တိုးစေခြင်း
🔥စိတ်ချမ်းသာပျော်ရွှင်မှုကို ပိုမိုခံစားရခြင်

08/07/2026

ရောဂါရှိသော အသည်း၏ လက္ခဏာများ‼️

🍀​မောပန်းခြင်း
🍀​မျက်လုံးနှင့် အရေပြား ဝါခြင်း
🍀​ဆီးအရောင် ရင့်ခြင်း
🍀​ဝမ်းဗိုက်ဖောင်းခြင်း
🍀​ခြေထောက် ဖောရောင်ခြင်း
🍀​ပျို့အန်ခြင်း
🍀​အစာစားချင်စိတ်ကုန်ခြင်း

အခုဖော်ပြပါ လက္ခဏာများကို ရက်ရှည်ခံစားလာရပါကမပေါ့ဆဘဲ နားလည်တက်ကျွမ်းသောသူနှင့်ဆွေးနွေးမှုခံယူပါရှင့်

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

#မက်လင်ချဥ်အသည်းဆေး

07/07/2026

ကျောက်ကပ်ကကျန်းမာရေးကို ဘယ်လိုထောက်ပံ့ပေးတာလဲ⁉️

☘️ကျောက်ကပ်ဆိုတာ သွေးမှ အညစ်အကြေးကို
သန့်စင်ပေးတယ်။

☘️သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ် အရိုး နှင့် သွေးကျန်းမာရေးကို ကူညီပေးတဲ့ သဘာဝ စက် ကိရိယာ ပြောလိုရပါတယ်။

☘️ကျောက်ကပ် ပျက်စီးနေပြီးဆိုရင်ဆီးသွားတဲ့ ပုံစံပြောင်းလဲပါတယ်

☘️ပုံမှန်ထက် ဆီးသွားနည်းမယ်
ညဖက် ဆီးမကြာခဏသွားမယ်
အမြှုပ်ထမယ်
ဆီးအရောင်ပြောင်းလဲမယ်
ဆီးသွားစဥ် ပူလောင်တဲ့ အရသာခံစားရမယ်
ဆီးသွားဖို့ ခက်ခဲမယိ

🔴ပထမ အဆင့်🔴

ခြေထောက် ခြေကျင်းဝတ် မျက်နှာ လက် ရောင်ရမ်းမယ်။ကျောက်ကပ်က ပိုလျှံနေတဲ့ ဆား
ရေကို ကောင်းစွာ မဖယ်ရှား နိုင်တော့လိုဖြစ်ရတာပါ ။

ခန္ဓာကိုယ်ထဲ့မှ အရည်စုပုံလာတာကြောင့်
မျက်လုံးရောင်ရမ်းခြင်း မနက်ခင်းပိုင်း ဖိနပ်ကြပ်ခြင်း လက်စွပ် များ ကြပ်ခြင်း ဖြစ်လာတာပါ

🔴ဒုတိယ အဆင့် 🔴

အဆက်မပြတ် ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အားနည်းလာတာဟာ ကျောက်ကပ်က သွေးနီဥပြုလုပ်ရန် ဟိုမုန်းတစ်မျိူး ကိုထုတ်လုပ်ပေတာကို အနှောက်အယှက်ဖြစ်နေလို့ အနားယူ ပြီးသည်တိုင်း မောပန်းနွမ်းနယ် နေပါတယ်

🔴တတိယအဆင့် 🔴

အသက်ရှူကြပ်ခြင်း အဆုတ်တွင် အရည်ပိုများ
စုပုံလာခြင်းကြောင့် အောင်စီဂျင် ပို့ဆောင်မှုအားနည်းလာတာပါ။

ဒါကြောင့် အနည်းငယ်လှုပ်ရှားလိုက်တယ် လှဲလျောင်းနေတာတောင် အသက်ရှူကြပ်နေရတာပါ

သွေးထဲ့ အညစ်အကြေးစုပုံလာတာကြောင့် ပျိူ့အန်မယ် ပါးစပ်ထဲ့က သတ္တူအရာသာ ခါးသောအရသာဖြစ်ပေါ်လာပြီး အမြဲနည်းပါ အန်ခြင်းတာဖြစ်ပေါ်လာတယ်။

အရေပြားယားယံမယ် ခြောက်သွေ့မယ်
အညစ်အကြေး​နဲ့ သတ္တု မညီမျှခြင်းကြောင်ဖြစ်ပေါ်လာပြီး အဖုမရှိပဲ ယားယံရတာပါ
ညဖက်ကြွက်သားမယ်

ကြွက်သားတောင့်တင်းမယ် ကယ်လ်စီယမ် ဖော့စရပ်
မညီမျှတာကြောင့်ကြွက်တက်ခြင်းဖြစ်လာတာပါ

ကျောက်ကပ် ပျက်စီလာတာကြောင့်
သွေးတိုးရောဂါ BP မြင့်တက်လာပါတယ်

ဒီအတင့်ဆိုရင်တော့ အလံနီ ထောင်နေပါပြီး
နှလုံးလည်ပတ်မှုကို အနှောင့်အယှက်ပေးပြီး
အရည်စုပုံလာတာကြောင့် ရင်ဘတ်အောင့်ခြင်းနဲ့
ရင်ဘတ်မှာ ဖိအားတစ်ခု ခံစားလာရပါတယ်

အထက်က ဖော်ပြချက်က ကျောက်ကပ်ပျက်စီးတဲ့ အဆင်ဆငိ့ဖြစ်ပြီး

🔴ဘယ်အချိန် ဘယ်အဆင့် ကျောက်ကပ် ကို
ကုသ သင့်လဲ

ဆီးထွက်နည်းလာမယ်
ဆီးအမြှုပ်ထမယ်
အသက်ရှူမဝဖြစ်မယ်ဆိုတဲ့
အဆင့် ကုသဖို့ လိုအပ်ပါတယ်

ကျောက်ကပ် က တစ်ခါတစ်ရံ
တိတ်တဆိတ် ပျက်စီးတယ် ပြင်းထန်းတဲ့ ဝေဒနာပေါ်လာချိန်မှ ကျောက်ကပ် ဆိုပါလားဆိုတဲ့ မတူညီတဲ့ အချက်ပြမှုလည်းရှိနေတက်ကြတယ်
စေားစီးစွာသိခြင်းကကျောက်ကပ်ဆေးခြင်း
ကျောက်ကပ် အစားထိုးကုသခြင်းပြုလုပ်နိုင်ပါတယ်

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်


#ကျန်းမာရေးဗဟုသုတရကြပါစေ #ကျောက်ကပ်

05/07/2026

သွေးတိုးရောဂါရဲ့ ဖြစ်ဖို့ အားပေးတဲ့ အချက်များကဘာတွေလဲ⁉️
အချက်များစွာ ရှိပါတယ်။ သင့်မှာ အောက်တွင်ဖော်ပြထားသော အချက်များ တစ်ခုထက်ပို ရှိပါက ဖြစ်နိုင်ချေများပါတယ်။

– အသက်အရွယ်: အမျိုးသမီးများက အသက် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။

– လူမျိုး : လေ့လာချက်တွေအရ African-Americans တွေက သွေးတိုးဖြစ်တာ ပိုများပါတယ်။

☀️လိင် : အသက် ၅၅ မတိုင်ခင် ယောက်ျားလေးတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး ၅၅ နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုဖြစ်ပါတယ်။

☀️မိသားစုရာဇဝင် : သင့်ရဲ့ မိသားစုဝင်များ (မိဘသို့မဟုတ်မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုငိချေ များနေပါပြီ။

☀️ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း: သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ် အမြင့်က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

☀️ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း : ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။

☀️အစားအသောက် မညီမျှခြင်း : ဆားများခြင်း သို့မဟုတ် ပိုတက်စီယမ်ဓါတ် နည်းခြင်းတွေက ခန္ဓါကိုယ်မှ အရည်များဆွဲယူထားမှုကြောင့် သွေးတိုး စေနိုင်ပါတယိ။

☀️အရက်နှင့်ဆေးလိပ်: အရက်သို့မဟုတ်ဆေးလိပ်အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန်မြင့်တက်စေနိုင်ပါတယ်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taunggyi