360
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 360, Taunggyi.
03/03/2022
Chaw da ko veu law da ce meh💫💯❤️
HU
04/02/2022
Happy LAHU new year🎉🧨🎆
တစ်နှစ်တစ်ခါကျရောက်တဲ့
လားဟူနှစ်သစ်ကူးပွဲတော်နှင့်အတူချစ်စရာကောင်းလွန်းတဲ့လားဟူမလေးတွေရဲ့အလှ❄️❣️
LAHU paw eh💃
03/02/2022
အားလုံးမင်္ဂလာပါ ...
ဒီနေ့ တပို့တွဲလဆန်းတစ်ရက်နေ့ဟာ လားဟူတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးနေ့ဖြစ်တာကြောင့် အိမ်အိမ်က လားဟူနှစ်သစ်ကူးနေ့အကြောင်း ပြောပြမယ်နော်။
▪ ၁၉၇၂ ခုနှစ်မှာ ကျိုင်းတုံ လားဟူယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အရ မြန်မာလ တပို့တွဲလဆန်း(၁)ရက်နေ့ဟာ ရှေးလားဟူတိုင်းရင်းသားတို့ရဲ့ ရက်၊ လ ရေတွက်ချက်နဲ့အညီ "လားဟူနှစ်သစ်ကူးနေ့"ဖြစ်ကြောင်း သတ်မှတ်ကာ မြန်မာပြည်မှာ ကျင်းပခဲ့ကြပါတယ်။ ထင်းရှူးအဖူးသစ်ထွက်ချိန်၊ မက်မွန်၊ မက်မန်းပွင့်တို့ ပွင့်ချိန်ဟာ လားဟူနှစ်သစ်ဖြစ်တယ်လို့ ရှေးအစဉ်အဆက် မှတ်သားခဲ့ကြပါတယ်။
▪ လားဟူနှစ်သစ်ကူးပွဲရက်ကို အများစုက (၇)ရက် (၇)ည သတ်မှတ်ကြပြီး၊ အချို့က တစ်လတိတိ ကျင်းပလေ့ရှိကြပါတယ်။ နှစ်သစ်ကူးအကြိုတစ်ရက်နေ့မှာ အိမ်တွင်း၊ အိမ်ပြင် စုံလင်အောင်အသေးစိတ် သန့်ရှင်းရေးလုပ်ကြလေ့ရှိပြီး ချောင်းအနီးအနား၊ ရေအနီးအနား ရှိရာသို့သွားကာ အိပ်ယာခင်းများ၊ စောင်များ လျှော်ဖွပ်ကြပါတယ်။ ဒါ့အပြင် နှစ်သစ်ကူးရဲ့ ပထမနေ့မှာ နံနက်စောစော ကြက်တွန်သံကြားတာနဲ့ အိမ်တိုင်းမှာရှိတဲ့ တူမီးသေနတ် ပစ်ဖေါက်ကြပါတယ်။ ပွဲတော်ရက်များမှာ အိမ်တိုင်းက ကောက်ညှင်းထောင်းပြီး မုန့်ဝိုင်းလုပ်ကြပါတယ်။ ပွဲတော်ရက်များတွင် အသားမျှဝေရန် တစ်အိမ်လျှင် ဝက်တစ်ကောင် အသုံးပြုလေ့ရှိပြီး ချို့တဲ့သူများက ဝက်တစ်ကောင်အသားကို နှစ်အိမ်၊ သုံးအိမ်ပေါင်းကာ စုပေါင်းကျခံ မျှဝေလေ့ရှိပါတယ်။
▪ လူငယ်တွေအနေနဲ့လည်း ချောင်းထဲမှ ရေသန့်ဦးကို သူ့ထက်ငါဦးအောင်ခပ်ကာ၊ ရလာတဲ့ ရေသန့်ဦးကို လက်ဆေးကန်တော့ခြင်းရိုးရာအဖြစ် မိမိတို့ရဲ့ သက်ဆိုင်ရာ မိဘလူကြီးတွေထံ ကန်တော့ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ကျေးရွာလူကြီးအိမ်တွေကို ကောက်ညင်းမုန့်ပြားတစ်စုံ၊ ဝက်သားတစ်တွဲကို အိမ်တိုင်းသို့ လက်ဆောင်ပေးပြီး လက်ဆေးကန်တော့ခြင်း ကုသိုလ်ယူကြပါတယ်။ နှစ်ဟောင်းက မကျေနပ်သောအချက်များရှိခဲ့ပါက အချင်းချင်းခွင့်လွှတ်ပြီး နှစ်သစ်မှာ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်း နေသွားကြရန် ရည်ရွယ်ပြီး လက်ရေဆေးကြတာဖြစ်ပါတယ်။
ကျန်ရက်တွေမှာတော့ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ပွဲကရက်၊ ဂျင်ပေါက်ရက် အသီးသီးသတ်မှတ်ပြီး ကျင်းပကြပါတယ်။ ဘူးသီးခြောက်နဲ့ လုပ်ထားတဲ့ နှဲမှုတ်ပြီး အိုးစည်၊ မောင်းသီးခတ်ကာ ပျော်ပျော်ပါးပါး တစ်နေကုန် ကခုန်ကြပြီး အုပ်စုဖွဲ့ဂျင်ပေါက်ပွဲ၊ ပျိုရွယ်သူတွေကတော့ ပိတ်စဘောလုံးကို စုံတွဲ ပစ်ကစားရင်း နှစ်သစ်ကူးပွဲမှာ ချစ်သူရှာတတ်ကြပါတယ်။
လားဟူသွေးချင်းတို့ရဲ့ ချစ်စရာရိုးရာဓလေ့လေး တွေပါပဲနော် ….
"လားဟူနှစ်သစ်ကူးနေ့" မှာ အိမ်အိမ်တို့ရဲ့ လားဟူသွေးချင်းတို့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။
ပြန်ဆုံကြမယ်နော် … တာ့ တာ။
ကိုယ့်I dolတွေကိုယ့်သူငယ်ချင်းတွေပါခဲ့ရင်လဲcommemts မှာ mentionပေးလိုက်ကြဦးနော်အမျိုးတို့ရေ❣️✨💫
26/01/2022
How handsome😉✨🌈🤍
25/01/2022
Da Ja meh🌈✨💕
လားဟူမလေးတွေမလှဘူးလို့ဘယ်သူပြောရဲလဲနော်💕🌸🌈
24/01/2022
Ha lu di ja ve la hu ma eh🖤🤍🌺🌿
🌲🌲💞
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Taunggyi
