MONI

MONI

Share

𝑬𝒙𝒑𝒍𝒐𝒓𝒊𝒏𝒈 𝒔𝒆𝒍𝒇-𝒂𝒘𝒂𝒓𝒆𝒏𝒆𝒔𝒔, 𝒊𝒏𝒕𝒆𝒏𝒕𝒊𝒐𝒏𝒂𝒍 𝒍𝒊𝒗𝒊𝒏𝒈, 𝒂𝒏𝒅 𝒑𝒆𝒓𝒔𝒐𝒏𝒂𝒍 𝒈𝒓𝒐𝒘𝒕𝒉.

14/04/2026

နှစ်သစ်မှာ အေးချမ်းပြီး စီးပွားရွှင်ပါစေရှင့် 🫶💧✨🌼

05/03/2026

အခုလို မတည်ငြိမ်တဲ့ကာလမှာ ငွေသားကိုင်ထားရင်လဲ ငွေကြေးဖောင်းပွမှုဖြစ်တယ်၊ ‌ဘဏ်ထဲမှာထားရင်လဲ လိုသလောက်ပြန်ထုတ်ဖို့ အဆင်မပြေဘူး၊ ရွှေဝယ်စုရအောင်လဲ ရွှေဈေးကအဆမတန်မြင့်တက်နေတယ်၊ မြေဝယ်ထားဖို့ကလဲ အရှုပ်အရှင်းကင်းတဲ့မြေဆိုရင်ဈေးအရမ်းများတယ်၊ နိုင်ငံခြားငွေကိုင်ဖို့ဆိုရင် အဲ့နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းလဲရှိနေတယ် ဆိုတဲ့ ဒီလိုအခက်အခဲအကြပ်တည်းများပြားတဲ့ကာလမှာ မိမိရဲ့ ငွေကြေးပိုင်ဆိုင်မှုဟာငွေသားကနေ "ပစ္စည်း" (Physical Assets) အဖြစ် ပြောင်းလဲထားတာက risk အနည်းဆုံးဖြစ်တယ်။

ငွေကြေးဖြစ်လွယ်တဲ့ကုန်ပစ္စည်းတွေဝယ်ထားရင်‌ ငွေကြေးဖောင်းပွချိန်မှာ ငွေတန်ဖိုးကျပေမဲ့ ပစ္စည်းတန်ဖိုးက တက်ပါတယ်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ နှစ်ရှည်ခံစားသောက်ကုန်တွေ၊ အိမ်သုတ်ဆေး၊ ဘိလပ်‌မြေ၊ အုတ်၊ သံထည် စတဲ့ အိမ်ဆောက်ပစ္စည်းတွေကို လက်ကားဈေးနဲ့ ဝယ်စုထားတာဟာ ငွေကို ဘဏ်ထဲထည့်ထားတာထက် ပိုစိတ်ချရပါတယ်။ (မီးဘေးနဲ့ သခိုးရန်ကာကွယ်နိုင်ဖို့တော့ သေချာစဉ်းစားရမှာပေါ့)

ရွှေဈေးက အရမ်းမြင့်နေရင် ငွေဒင်္ဂါး (Silver)၊ ဆိုလာပြား (Solar Panels) နဲ့ အင်ဗာတာ စတဲ့ စွမ်းအင်သုံးပစ္စည်းတွေကို ထည့်သွင်း စဉ်းစားကြည့်ပါ။ ဒါတွေက အခုခေတ်မှာ မရှိမဖြစ်လိုအပ်ချက် (Essential) ဖြစ်လို့ ပြန်ရောင်းရင်လည်း ဈေးမကျသလို၊ ကိုယ်တိုင်လည်း အသုံးတည့်ပါတယ်။

နောက်တစ်ခုအနေနဲ့က‌တော့ the best investment is self investment ပါ။ အခြေအနေဆိုးလို့ နေရာရွှေ့ပြောင်းရရင်တောင် ကိုယ့်ခေါင်းထဲက ပညာက ဘယ်မှမပါသွားပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်တစ်ခုခုမှာ လက်မှတ်ရအောင်လေ့လာထားတာမျိုး၊ ကိုယ့်လက်တွေ့မှာပြန်သုံးလို့ရမဲ့ သင်တန်းတွေတက်ထားတာမျိုး၊ လက်မှုပညာတွေ၊ ပြုပြင်ရေးအတတ်ပညာတွေ ဒါမှမဟုတ် ဘာသာစကားတစ်ခုခုကို တတ်မြောက်ထားခြင်းက ဘယ်ခေတ်မှာမဆို ဝင်ငွေရှာပေးနိုင်တဲ့ "ရှင်သန်ခြင်းလက်နက်" ပါပဲ။

အကျဉ်းချုပ်အနေနဲ့ပြောရရင် အခုလိုကာလမှာ "အမြတ်အများကြီးရဖို့ထက်၊ အရင်းမပြုတ်ဖို့က အဓိကပါ" ဒီအချိန်မှာ စီးပွားရေးလုပ်မယ်ဆိုရင် အကြွေးရောင်းစနစ် နဲ့မလုပ်ပါနဲ့။ လက်ငင်းငွေချေစနစ်ကပိုအဆင်ပြေပါတယ်။ ငွေအားလုံးကို တစ်နေရာတည်းမှာ စုမထားဘဲ အပိုင်းအစလေးတွေခွဲပြီး ပစ္စည်းအဖြစ် ပြောင်းလဲစုဆောင်းပါ။

"သင်ကော... အခုလိုကာလမှာ ကိုယ့်ရဲ့စုဆောင်းငွေတွေကို ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်နေသလဲ? Comment မှာ တခြားသူတွေအတွက် ဗဟုသုတအဖြစ် မျှဝေပေးခဲ့ပါဦး။"

01/03/2026

အခြေအနေမတည်ငြိမ်တဲ့အချိန်တွေမှာ လူအများစုစိုးရိမ်တာက “ငွေကိုဘယ်လိုထိန်းထားမလဲ?” ဆိုတာပါပဲ။ ဝင်ငွေက မတည်ငြိမ်ဘူး၊ ကုန်ဈေးနှုန်းတွေတက်နေတယ်၊ မနက်ဖြန်ဘာဖြစ်မလဲမသိတဲ့အချိန်မှာ ငွေကြေးကိုကာကွယ်ဖို့ နည်းလမ်းမှန်ရှိရင် စိတ်အေးနိုင်ပါတယ်။ မတည်ငြိမ်တဲ့ကာလအတွင်း ငွေကြေးအတွက် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ငွေကို တစ်နေရာတည်းမထားပါနဲ့ လူတော်တော်များများမှားတတ်တဲ့အမှားတစ်ခုက ငွေကို တစ်နေရာတည်းထားတာပါပဲ။
ငွေကို ဘယ်လိုခွဲထားလို့ရမလဲဆိုတော့
💵 လက်ထဲမှာ ငွေသား 40% ထားပါ
🪙 Bank ထဲမှာ 20% ထားထားပါ
⭐ Gold (သို့) Foreign currency ကို 30% ထားထားပါ
📊 ကျန်တဲ့ 10%ကို ရင်းနှီးမြှုပ်နှံမှု လုပ်ပါ
ဒါကို Diversify လုပ်တာလို့ခေါ်ပါတယ်။ မတည်ငြိမ်တဲ့ကာလမှာ (Financial Risk) ကို လျှော့ချပေးပါတယ်။

၂။ Emergency Fund မရှိမဖြစ်လိုပါတယ်
အနည်းဆုံး ၃လကနေ ၆လအထိ အသုံးစရိတ် ကို Emergency Fund အနေနဲ့ထားပါ။
ဥပမာ –
တစ်လမှာ 500,000 ကျပ်သုံးတယ်ဆိုရင်
အရေးပေါ်ငွေ 1,500,000 – 3,000,000 ကျပ် လောက်ထားသင့်ပါတယ်။ အရေးပေါ်အချိန်မှာ အကြွေးမယူရအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ငွေကြေးဖောင်းပွမှုကို ကာကွယ်နိုင်ဖို့ ပစ္စည်းအဖြစ်ပြောင်းထားပါ။
ငွေကိုသာထားရင် ငွေကြေး တန်ဖိုးလျော့နိုင်ပါတယ်။
တန်ဖိုးထိန်းနိုင်တဲ့ ပစ္စည်း တွေဖြစ်တဲ့ ရွှေ၊ နိုင်ငံခြားငွေကြေး၊ လိုအပ်တဲ့ပစ္စည်းများ (ဥပမာ-ဆန်၊ ဆီ စသဖြင့်) ကြိုတင်ဝယ်ယူထားနိုင်ပါတယ်
ဒါတွေဝယ်ထားခြင်းဖြင့် ငွေတန်ဖိုးကျသွားချိန်မှာ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၄။ အကြွေးကို လျှော့ပါ
မတည်ငြိမ်တဲ့ကာလမှာ အကြွေးများတာ အန္တရာယ်ကြီးပါတယ်။ အတိုးမြင့်တဲ့အကြွေးတွေ အရင်ဆပ်ပါ
မလိုအပ်တဲ့ Installment ထပ်မလုပ်ပါနဲ့ အကြွေးနည်းရင် စိတ်လည်းပေါ့ပြီး ငွေလည်းကျန်ပါတယ်။
၅။ ဝင်ငွေတစ်မျိုးတည်း မရပ်တည်ပါနဲ့။
တစ်ခုတည်းကိုမှီခိုတာ အန္တရာယ်များပါတယ်။ အခြားဝင်ငွေရနိုင်တဲ့ Online income၊ Small business၊ Freelance စတဲ့ ဝင်ငွေ ၂ခု၊ ၃ခုရှိရင် ပိုလုံခြုံပါတယ်။

နောက်ဆုံးအကြံပြုချက်အနေနဲ့
မတည်ငြိမ်တဲ့ကာလမှာ အရေးကြီးဆုံးက ငွေရှာတာထက် ငွေမဆုံးရှုံးအောင်ကာကွယ်ခြင်းဖြင့် ငွေကြေးလုံခြုံမှု ပိုမိုရရှိနိုင်မှာပါ။
ငွေကြေးလုံခြုံမှုရှိတယ်ဆိုတာ ပမာဏ အနည်းအများပေါ်မူတည်တာမဟုတ်ဘူး ကိုယ့်ရဲ့ စီမံခန့်ခွဲမှုအပေါ်ပဲမူတည်ပါတယ်။

22/02/2026

ငွေကြေးဆိုင်ရာ အသိပညာ (Financial Literacy) ရှိခြင်းဖြင့် မိမိ၏ လူမှုစီးပွားဘဝကို ပိုမိုခိုင်မာစေပြီး အနာဂတ်အတွက် စိတ်အေးရစေပါတယ်။ မဖြစ်မနေ သိထားသင့်သည့် အချက်တွေကတော့ .......

၁။ ၅၀-၃၀-၂၀ စည်းမျဉ်းဖြင့် အသုံးစရိတ်ခွဲဝေခြင်း။

ငွေကို စနစ်တကျသုံးစွဲရန်အတွက် မိမိ၏ လစဉ်ဝင်ငွေကို အောက်ပါအတိုင်း ခွဲဝေသုံးစွဲသင့်တယ်လို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

📊 ၅၀ ရာခိုင်နှုန်းက (လိုအပ်ချက်များ): ဥပမာ - အိမ်လခ၊ မီးဖိုချောင်စရိတ်၊ မီတာခ၊ ကျန်းမာရေးနှင့် သွားလာစရိတ်စတဲ့ မရှိမဖြစ် ကိစ္စများအတွက် သုံးပါ။

📊 ၃၀ ရာခိုင်နှုန်းက (လိုအင်ဆန္ဒများ): အပန်းဖြေခြင်း၊ အပြင်စာစားခြင်းနှင့် မိမိနှစ်သက်သည့် ဝါသနာများအတွက် သုံးပါ။

📊 ကျန်တဲ့၂၀ ရာခိုင်နှုန်းက (စုဆောင်းခြင်းနှင့် အကြွေးဆပ်ခြင်း): ဒါဟာ အနာဂတ်အတွက် စုဆောင်းငွေ သို့မဟုတ် အကြွေးဟောင်းများ ဆပ်ရန်အတွက် သီးသန့်ဖယ်ထားပါ။

၂။ အရေးပေါ်ရန်ပုံငွေ (Emergency Fund) တည်ဆောက်ခြင်း

မထင်မှတ်ထားသော အလုပ်အကိုင် အခက်အခဲ သို့မဟုတ် ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက အကြွေးမတင်စေရန် အရေးပေါ်ရန်ပုံငွေ ရှိထားရပါမည်။ ပုံမှန်အားဖြင့် မိမိ၏ (၁) လစာအသုံးစရိတ်ရဲ့ ၃ ဆ မှ ၆ ဆ အထိကို အလွယ်တကူ ထုတ်ယူနိုင်သော နေရာတွင် စုဆောင်းထားသင့်ပါတယ်။

၃။ ဆင့်ပွားအတိုး (Compound Interest) ၏ စွမ်းအား

ငွေကို စောစီးစွာ စုဆောင်းရင်းနှီးမြှုပ်နှံခြင်းဖြင့် ဆင့်ပွားအတိုးကြောင့် ရေရှည်တွင် အဆမတန် တိုးပွားလာနိုင်ပါသလို နှစ်စဉ် ငွေကြေးဖောင်းပွမှုကိုလဲ ကာကွယ်သလို ဖြစ်သွားတယ်။

၄။ ပိုင်ဆိုင်မှု (Asset) နှင့် ပေးရန်တာဝန် (Liability) ကို ခွဲခြားခြင်း

💸ပိုင်ဆိုင်မှု (Asset): သင့်အိတ်ကပ်ထဲသို့ ငွေဝင်အောင် ပြုလုပ်ပေးသည့်အရာများ (ဥပမာ - ရင်းနှီးမြှုပ်နှံမှုများ၊ အငှားချထားသော အိမ်ခြံမြေ၊ ရှယ်ယာများ)။

🧾ပေးရန်တာဝန် (Liability): သင့်အိတ်ကပ်ထဲမှ ငွေကို ထွက်သွားစေသည့်အရာများ (ဥပမာ - အတိုးနှုန်းမြင့်သော ချေးငွေများ၊ ပြန်လည်ရောင်းချလျှင် တန်ဖိုးမရှိတော့သော အသုံးအဆောင်များ)။

💡အနှစ်ချုပ် အကြံပြုချက် အနေနဲ့ ဝင်ငွေရလျှင် ရရချင်း အရင်ဆုံး (၂၀ ရာခိုင်နှုန်း) ကို ဖယ်ထုတ်စုဆောင်းပြီးမှ ကျန်သည့်ငွေကို သုံးစွဲသည့် အလေ့အကျင့်ကို စတင်ကြည့်ပါ။ ဒီလိုစတင်ခြင်းဖြင့် သင့်ရဲ့ငွေကြေးအခြေနေကောင်းမွန်လာနိုင်စေပါတယ်။

အသေးစိတ်ဆွေးနွေးလိုသော အကြောင်းအရာများရှိပါက comment သို့မဟုတ် chat box တွင်စာချန်ထားနိုင်ပါတယ်။

19/02/2026

အခုခေတ်မှာ "အလုပ်လုပ်တယ်" ဆိုတာ ရုံးခန်းထဲက စားပွဲခုံမှာ ထိုင်နေမှ မဟုတ်တော့ဘူး။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Remote Working (အဝေးရောက်အလုပ်လုပ်ခြင်း) ဟာ လူငယ်တွေနဲ့ Professional သမားတွေကြားမှာ ရေပန်းအစားဆုံး Trend တစ်ခု ဖြစ်လာပါတယ်။

ဘာကြောင့် လူတွေက ရုံးတက်ရတဲ့အလုပ်ထက် Remote Job ကို ပိုပြီး မက်မောလာကြတာလဲ? အဓိကအချက် (၅) ချက်ကို ကြည့်လိုက်ရအောင်။ 👇

၁။ ⏰ အချိန်ဟာ ငွေထက်တန်ဖိုးရှိလို့ (Time Freedom)

ရုံးသွားရုံးပြန် ကားပိတ်တာကို စောင့်ရင်း တစ်နေ့ကို ၂ နာရီကနေ ၄ နာရီလောက် အချိန်ဖြုန်းနေရတာဟာ တကယ်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ Remote လုပ်တဲ့အခါ အဲဒီအချိန်တွေကို မိသားစုအတွက်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဝါသနာ အတွက်ဖြစ်ဖြစ် အကျိုးရှိရှိ အသုံးချနိုင်လာပါတယ်။

၂။ 💰 မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ သက်သာလို့ (Cost Saving)

နေ့စဉ် သွားလာရတဲ့ ဆီဖိုး၊ ဘတ်စ်ကားခတွေအပြင် အပြင်စာဖြစ်တဲ့ စားရသောက်စရိတ် ဒါတွေအားလုံးက လကုန်ရင် စုစုပေါင်းပမာဏ ပြန်တွက်ကြည့်တဲ့အခါ မနည်းပါဘူး။ အိမ်ကနေ အလုပ်လုပ်တာဟာ ကိုယ့်ရဲ့ ပိုက်ဆံကို ပိုပြီးစနစ်တကျစီမံနိုင်သလို ပိုစုနိုင်ပါတယ်။

၃။ 🧘‍♂️ စိတ်ဖိစီးမှု လျော့ကျပြီး စွမ်းဆောင်ရည် တက်လာလို့ (Less Stress, More Focus)

ရုံးတွင်းက လူမှုရေးပြဿနာတွေ (Office Politics) နဲ့ ဝေးဝေးနေနိုင်ပြီး ကိုယ်အဆင်ပြေဆုံး ပတ်ဝန်းကျင်မှာ အေးအေးဆေးဆေး အလုပ်လုပ်ရတဲ့အတွက် အာရုံစူးစိုက်မှု (Concentration) ပိုကောင်းလာပါတယ်။ ဒါဟာ အလုပ်ပြီးမြောက်မှုကို ပိုမိုမြန်ဆန်စေပါတယ်။ အခုနောက်ပိုင်း working hours ထက် result ကပိုအဓိက ကျလာပါတယ်။

၄။ 🌎 ကမ္ဘာကြီးက ကိုယ့်ရဲ့ ရုံးခန်းဖြစ်လာလို့ (Work from Anywhere)

Remote Job ရဲ့ အမိုက်ဆုံးအချက်ကတော့ Location Independent ဖြစ်တာပါပဲ။ အင်တာနက်ရှိရင် ကမ်းခြေမှာဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာဖြစ်ဖြစ်၊ ခရီးသွားရင်းဖြစ်ဖြစ် အလုပ်လုပ်လို့ရတာဟာ လူငယ်တွေအတွက် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ Lifestyle တစ်ခုပါ။ ကပ်ဘေးပြီးနောက်လူတွေဟာ ဘဝက တိုတောင်းလွန်းတာလက်ခံလာသလို ကိုယ့်အနီးနားချစ်ခင်သူတွေနဲ့ ဖြတ်သန်းနိုင်ဖို့ ပိုရွှေးချယ်လာပါတယ်။

၅။ 💵 နိုင်ငံတကာဝင်ငွေ (Global Income) ကို ရရှိနိုင်လို့

အိမ်မှာနေရင်း နိုင်ငံခြားကုမ္ပဏီတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်တဲ့အတွက် ဒေါ်လာ (သို့မဟုတ်) နိုင်ငံခြားဝင်ငွေကို တိုက်ရိုက်ရရှိနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဒါဟာ ငွေကြေးခိုင်မာမှုအတွက် အကောင်းဆုံး လမ်းစဉ်တစ်ခု ဖြစ်နေပါတယ်။ နိုင်ငံခြားသွားမှ ဝင်ငွေကောင်းတာမဟုတ်ဘူး အဓိက ကကိုယ့် skill ကောင်းဖို့လိုအပ်တယ်။

💡 အချုပ်အနေနဲ့ပြောရရင်

Remote Job ဆိုတာ အပျော်အပါးသက်သက် မဟုတ်ပဲ ကိုယ့်ရဲ့ ဘဝနဲ့ အလုပ်ကို မျှတအောင် (Work-Life Balance) ဖြစ်နိုင်ဖို့ ပုံဖော်လို့ရတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
"အလုပ်ဆိုတာ နေရာမဟုတ်သလို ကိုယ့်စွမ်းဆောင်ရည်ကိုပြတဲ့ ရလဒ်သာဖြစ်တယ်" ဆိုတဲ့အတိုင်း သင်ရော Remote Working ရဲ့ ကောင်းကျိုးတွေကို လက်ခံပါသလား?

ဒီစာဖတ်နေတဲ့သူတွေကော... ရုံးတက်ရတာကို ပိုကြိုက်လား? ဒါမှမဟုတ် အိမ်ကနေ အလုပ်လုပ်ရတာကို ပိုနှစ်သက်သလား? Comment မှာ ဆွေးနွေးသွားကြပါဦး။

11/02/2026

လာမဲ့ valentine day မှာ Financial Training for couples တွေအတွက် သင်တန်းထဲမှာဘာလေးတွေ သိရမလဲဆိုတော့

✨အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ နှစ်ဦးသားအနာဂတ်မိသားစုတည်ဆောက်ဖို့အတွက် စိတ်ကူးယဉ်ကနေ လက်တွေ့အဖြစ် ပြောင်းလဲပေးနိုင်တဲ့အချက်တွေ

✨ကူးပြောင်းကာလအခိုက်အတန့်ကနေစပြီး နှစ်ယောက်အတူဘယ်လို စုဆောင်းပြီး ရင်းနှီးမြှပ်နှံရမလဲဆိုတဲ့အကြောင်းတွေ

✨ပိုက်ဆံကြောင့် စကားများတတ်သည့်အခက်အခဲကနေ အတူတူဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ

✨နောက်ဆုံး နှစ်ဖက်မိဘနဲ့ ရေရှည် ငွေကြေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး လက်တွေ့ကျကျအဆင်ပြေနိုင်တဲ့နည်းလမ်းတွေကို

အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် စိတ်ဝင်စားရင် messenger မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်

ဒီသင်တန်းက ဒီမှာတင်ရပ်သွားတာမဟုတ်ပဲ နောက်ပိုင်း လက်တွေ့ကျကျ ဖြစ်လာအောင် financial coaching session လေးတွေပါ ပါဝင်ပါတယ်ရှင့်

10/02/2026

ဒီည Self-Awerness Workshop ကိုလာတက်ရောက်တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ‌ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ✨🥰

မနက်ဖြန်ည 6 နာရီမှာ ပြန်ဆုံပါမယ်။

09/02/2026

အချစ်နဲ့ ငွေကြေးနဲ့ နှိုင်းယှဉ်လာရင်နှစ်ခုစလုံးက အရေးကြီးနေတဲ့ခေတ်မှာ .....
ပန်းစည်းတွေ၊ ချောကလက်တွေထက် ပိုမိုခိုင်မာတဲ့ အနာဂတ်ကို တူတူတည်ဆောက်ဖို့ စိတ်‌ကူးနဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ချစ်ခြင်းမေတ္တာက အရေးကြီးသလိုပဲ ငွေကြေးဆိုင်ရာ နားလည်မှုရှိခြင်းကလည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။

ဒီ Financial Training for Couples အစီအစဉ်လေးမှာ...
ဘာတွေလေ့လာခွင့်ရမလဲ?
✨ နှစ်ဦးကြား ငွေကြေးပန်းတိုင်တွေကို ဘယ်လိုညှိနှိုင်းသတ်မှတ်မလဲ။
✨ နှစ်ယောက်တူတူ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုစတင်မလဲ။
✨ ငွေကြေးကြောင့်ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုကာကွယ် ဖြေရှင်းမလဲ။
✨ မိသားစုဝင်ငွေနဲ့ အသုံးစရိတ်ကို ပိုမိုစနစ်တကျ စီမံခန့်ခွဲတတ်လာစေဖို့။

ဘယ်သူတွေတက်ရောက်သင့်သလဲ?
✔️ မကြာခင် လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ စုံတွဲများ။
✔️ အနာဂတ်အတွက် ငွေကြေးစုဆောင်းမှု စတင်ချင်တဲ့ အိမ်ထောင်သည် (သို့) စုံတွဲများ။
✔️ ငွေကြေးစီမံခန့်ခွဲမှုကို အခြေခံကစပြီး အတူတူလေ့လာချင်တဲ့ မည်သူမဆို။

🎓 သင်တန်းလမ်းညွှန်ပေးမည့်သူ
သင်တန်းကို သင်ကြားပြသပေးမည့်သူဟာ သင်ကြာရေးပိုင်းမှာ အတွေ့အကြုံ ၃နှစ် နှင့်အထက်ရှိပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် လုပ်သက် ၈နှစ် နှင့်အထက် အရည်ချင်းရှိသည့်အပြင် ကိုယ့်ကိုကိုယ်သိရှိခြင်းနှင့် မိမိ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် လမ်းညွှန်ပေးနိုင်သည့်အတွက် စိတ်ချလက်ချ တက်ရောက်နိုင်ပါတယ်။
Tr. Paung
- B.A (History) (Pang Long University)
- EDBM Foundation Diploma (MESI University College)
- Diploma in Auditing and Taxation (Institute of commercial management - ICM)
- Candidate of MBA (Lincoln University)
- Certificate in John C. Maxwell book "The 15 invaluable law of growth" (Crescendo)
- Certificate in Leadership Development Bootcamp (Crescendo)
- Certificate in Self Awareness (TOT) Training (Pyin Nyar Foundation)

ဒီသင်တန်းပြီးတဲ့အခါမှာတော့ သင့်လက်တွဲ‌ဖော် နဲ့အတူ ငွေကြေးကိစ္စတွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်လာပြီး၊ ပိုမိုခိုင်မာတဲ့ စိတ်ချရတဲ့ အနာဂတ်တစ်ခုကို ပုံဖော်နိုင်သွားမှာပါ။

📅 နေ့ရက်: 14-15 Feb 2026
⏰ အချိန်: ည (၇:၀၀) နာရီ မှ (၉:၀၀) နာရီအထိ
📍 နေရာ: Google Meet (Online)
📩 တက်ရောက်လိုသူများအနေဖြင့် Messenger ကနေတစ်ဆင့် အသေးစိတ် မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်။

08/02/2026

💐 ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်လဲဆိုတာ
တကယ်နားလည်နေပြီလား?
✨ ကိုယ့်အကြောင်းကို
ကိုယ်ကောင်းကောင်း သိနိုင်ပြီလား?

မသေချာသေးဘူးဆိုရင်
အဲ့ဒီအဖြေတွေကို ကိုယ်တိုင်ရှာတွေ့နိုင်ဖို့
ဒီ Self-Awareness Workshop ကို ဖန်တီးထားပါတယ်။

✨ဒီလိုအခမဲ့အခွင့်အရေးက
Page comeback celebrating အနေနဲ့
လုပ်ပေးထားတာဖြစ်ပါတယ်။

👇 အခုပဲ register လုပ်နိုင်ပါတယ်
Register link - https://forms.gle/e9zQ7knV8ewBnckEA

08/02/2026

Passive income ဆိုတာ တော်တော်များများကတော့ ကိုယ်တိုင်ဝင်လုပ်စရာမလိုပဲ အလိုလိုနေရင်း အချိန်တန်ရင် ပိုက်ဆံဝင်တဲ့ ဝင်ငွေအမျိုးအစားလို့ခေါ်တယ်။ အဲ့ဒါဆို အလုပ်လုပ်စရာမလိုပဲ ပိုက်ဆံရနေရင် ဘာလို့လူတွေက အလုပ်လုပ်နေရသေးတာလဲမေးစရာဖြစ်လိမ့်မယ်။

တစ်ခုသိထားရမှာကတော့ passive income ဆိုတာက luxury ဆန်ပါတယ်လူတိုင်းလွယ်လွယ်နဲ့လုပ်လို့မရသလို အချိန်ခဏတာအတွင်းနဲ့လဲမရနိုင်ဘူး။

Passive income ဆိုတာ ဘယ်လိုမျိုးလဲမြင်အောင်ကြည့်ရရင် ကိုယ့်မှာရှိတဲ့ စုငွေအလုံးရင်း တစ်ခုကိုယူပြီး ငွေတွေထပ်ပွားခြင်းဖြင့် passive income ကိုရှာနိုင်ပါတယ်။

လွယ်လွယ်ကြည့်ရရင် ကြက်အထီးနဲ့အမ တစ်စုံရလာတယ် အဲ့ဒါကို ကြက်ဉရအောင်လုပ်ပေးလိုက်တယ် ဥလာတဲ့ကြက်ကနေတဆင့် ကြက်တွေထပ်ပွားလိုက်ပြီး ဝင်ငွေရှာဖို့စဉ်းစားတာက passive income ပဲ။ ပြောရရင်တော့လွယ်တယ် ဒါပေမဲ့ဘာခက်နေလဲဆိုတော့ လူတွေက ကြက်ရလာရင် ဥ ဥပေးတဲ့ထိမစောင့်နိုင်ပဲ ကြက်ကာလသားတွေချက်ပစ်ကြတာမျိုးပေါ့။

ကြက်နေရာမှာ ကိုယ့်ရဲလစဉ်ဝင်ငွေလို့သဘောထားပြီးတွေးကြည့် ကိုယ်က ကြက်သားချက်စားနေတာလား ကြက်ဉ ဉအောင်လုပ်နေတာလားဆိုတာ အဖြေပေါ်လာလိမ့်မယ်။

လူတော်တော်များများရဲ့အဖြေကတော့ ကြက်သားချက်စားတဲ့သူကများပါတယ်။ အဲ့လိုဖြစ်အောင် အခြေနေတွေကလဲ ဖန်တီးထားတယ် လစာတွေရတယ် သုံးတယ် ကုန်တယ် ငွေပွားချိန်တောင်မရလိုက်ဘူး လမကုန်ခင် ပိုက်ဆံအရင်ကုန်တာတွေများတယ်။ အဲ့လို မဖြစ်အောင် ငွေကြေးစီမံခန့်ခွဲမှုနည်းလမ်းတွေလေ့လာဖို့လိုတယ်။

ငွေကြေးနဲ့ပတ်သက်ပြီးဗဟုသုတတွေ အများကြီးထပ်မျှဝေပေးသွားမှာမလို့ account လေးတွေ follow ထားဖို့မမေ့ပါနဲ့နော်

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Website

Address


Taunggyi