Thet_Beauty face

Thet_Beauty face

Share

Welcome beauties

Photos from I am Fashion's post 27/01/2021
Photos from Thet_Beauty face's post 12/01/2021

ကဲ berry lotion နဲ့ star fish collagenပါတဲ့ lotionလေး၂မျိုးရောလိမ်းရတဲ့ခံစားချက်အရမ်းကြိုက်🤗
berry lotionအနံ့ကကိုယ့်အတွက်ပုံမှန်ထက် မွှေးသလိုခံစားရတော့အရင်လက်ဟောင်းနဲ့ရောလိမ်းတာ အနံ့အရမ်းမအီသွားဘူး အနံ့ထိန်းပေးတယ်

တမျိုးထဲလိမ်းတာထက်၂မျိုးရောလိမ်းတာပိုကြိုက် မိတယ်🤭

ကိုယ်ကအသားအရမ်းခြောက်တဲ့ထဲပါတော့ခုလိုBS lotion၂မျိုးလုံးသာရောလိမ်းထားတနေကုန်အသားခြောက်ပါဟဲ့ဆိုတာတောင်မခြောက်ဘူး🙄😌
berry lotion_15000
#လက်ဟောင်းကတော့ကိုယ်လိမ်းဖို့ဖဲရှိပါတော့တယ်😤

05/01/2021

မင်မင်အခုတလောမအားတာကြောင့် အရင် Post လေးတွေကို Repost လုပ်ပေးသွားပါ့မယ်

Reply လေးတွေလည်း သီးခံကြပါနော်

ဒါကတော့ ပိပိမတိုင်ခင် မင်မင်နာမည်မကြီးခင်တုန်းက Post လေးတစ်ခုပါ

အိမ်မှာရှိတဲ့ မျက်နှာသစ်ဆေးက ဘူးအတောင့်လေးဆိုရင် ဖင်ကိုတစ်ချက်ကြည့်လိုက်ပါ

အရောင်ပါတဲ့ လေးထောင့်ပုံစက် အကွက်လေးကိုတွေ့ပါလိမ့်မယ်

အဲ့ဒီအကွက်လေးက ဘူးအတောင့်ပုံစံတိုင်းမှာပါနေတာကို သတိထားမိကြရဲ့လား????

အဲ့ဒါကဘာကိုဆိုလိုတာလဲကိုကော သိကြလား????

အဲ့ဒီအကွက်လေးနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့အချက်ကို မင်မင်အရင်ပြောပြပါ့မယ်

Blogger တွေဖျီးကြလွန်းလို့ လူတွေမှားယွင်းယုံကြည်နေကြတဲ့ အချက်ပါ

အစိမ်းရောင် - သဘာဝပစ္စည်းသီးသန့်
အနီရောင် - ဓာတုပစ္စည်းအများစု+သဘာဝပစ္စည်းအနည်းစု
အမဲ/အပြာရောင် - ဓာတုပစ္စည်းသီးသန့်

Blogger တွေကအဲ့လို ဂျင်းထည့်ကြပါတယ်
အဲ့ဒါက မှားတယ်လို့ မင်မင်ပြောချင်ပါတယ်

အဲ့ဒါဆို အဲ့ဒီအရောင်ကွက်တွေရဲ့ တကယ်ရည်ရွယ်ချက်ကဘာလဲ?????

အဲ့ဒီအကွက်လေးတွေကို Eye Marks လို့ခေါ်ပါတယ်
စက်ရုံတွေမှာ ထုတ်လုပ်တဲ့အခါ အမျိုးအစားတူတဲ့ ပစ္စည်းတွေကို တစ်စုတစ်စည်းထဲထားလို့ရအောင်၊ အလွယ်တကူအမျိုးအစားခွဲရလွယ်အောင် ဘူးဖင်လေးတွေမှာ အရောင်နဲ့ အမှတ်အသားလုပ်ထားကြတာပါ

အခြားဘူးအမျိုးအစားတွေက ညှပ်ထုတ်ပစ်လို့ရပေမယ့် မျက်နှာသစ်ဆေး၊ သွားတိုက်ဆေးတို့လို့ဘူးတွေက ညှပ်ထုတ်ပစ်လိုက်လို့ အဆင်မပြေပါဘူး
အဲ့တော့ ဈေးကွက်ထဲကို အရောင်ကွက်လေးတွေနဲ့ ရောက်လာပါတယ်

မင်မင်ဘာကိုပြောချင်တာလဲဆိုတော့ အဲ့ဒီလေးထောင့်အရောင်ကွက်လေးတွေက ပုံနှိပ်တဲ့လုပ်ငန်းစဉ် အမှတ်အသားသက်သက်ပါ

အများစုအမှတ်မှားနေကြတာကတော့ အဲ့ဒီအကွက်လေးတွေက အလှကုန်ပစ္စည်းတစ်ခုရဲ့ ပါဝင်ပစ္စည်းအမျိုးအစားကို ကိုယ်စားပြုနေတယ်ဆိုတာပါ

မဟုတ်ပါဘူး။ Printing လုပ်ရင်လွယ်ကူဖို့ အမှတ်အသားသက်သက်သာဖြစ်ပြီး ပါဝင်ပစ္စည်းတွေကို ဘူးနောက်က Ingredients List မှာပဲကြည့်နိုင်ပါတယ်

Eye Mask လို့ခေါ်တဲ့ လေးထောင့်အရောင်ကွက်လေးတွေကို Skin Care တွေမှာသာမက သတင်းစာနဲ့ အခြားကုန်ပစ္စည်းတွေမှာပါ တွေ့နိုင်ပါသေးတယ်

လူတွေသတိပြုမိလေ့ရှိတာက သွားတိုက်ဆေးဘူးပါ
ကြည့်လိုက်ရင် ဘူးဖင်မှာ အရောင်ကွက်လေးတွေ့ပါလိမ့်မယ်

သူကကော ပါဝင်ပစ္စည်းကို ကိုယ်စားပြုတာလား????

သွားတိုက်ဆေး တံဆိပ်တစ်ခုမှာ အမျိုးအစားများစွာရှိကြပေမယ့်လို့ စက်ရုံတစ်ခုတည်းကိုပဲ မျှသုံးကြတာများပါတယ်

စက်တွေအများစုကလည်း အော်တိုမက်တစ်နည်းပညာတွေဆိုတော့ သူတို့မှာ Laser Scan စနစ်ပါဝင်ပါတယ်

Laser Scan ဆိုတာ အရောင်ကိုဖတ်ပြီး ဘူးထဲထည့်ရမယ့် ပစ္စည်းကို အော်တိုထည့်ပေးတာပါ

သွားတိုက်ဆေးဖင်မှာပါတဲ့ အဲ့ဒီအရောင်အကွက်အလိုက် ပစ္စည်းတွေကိုထည့်ရတာဆိုတော့ အရောင်နဲ့ ထည့်ရမယ့်ဒြပ်ပေါင်းဟာ စက်ရုံရဲ့ သက်မှတ်အချက်အတိုင်းသားသွားရပါတယ်

ရှင်းရှင်းပြောရရင် အဲ့ဒီအရောင်ကွက်လေးတွေက စက်ရုံကစက်တွေ အလွယ်တကူဖတ်လို့ရအောင် လုပ်ထားတဲ့ Print တစ်ခုထက်မပိုပါဘူး

အဲ့တော့ အရောင်ကွက်တွေကြည့်ပြီး ရွေးချယ်မယ့်အစား Ingredient List ကိုသာ ဘူးနောက်မှာ သေချာဖတ်ပေးပါနော်







#ကူးချသူဖင်နူ

Photos from Thet_Beauty face's post 01/01/2021

ခုလိုဆောင်းမှာအေးလွန်းလို့.....

အသားခြောက်နေလား..ခြောက်နေတဲ့အရေပြားတွန့်နေလား...😑
အာ့တာဆိုစိမ့်၀င်လွယ်ပြီးစေးကပ်မှုမရှိတဲ့..
Berry lotion gelလေးလူးကြည့်ပါ🤗🍓
15000(instock)

18/12/2020

"ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်အောင် အဝတ်အစားဆင်မြန်းတတ်ဖို့ဆိုရင်"

မင်္ဂလာပါချစ်တို့ရေ။ မေသော့်ကို Inbox ကနေ ပိန်လို့ ဝလို့ အရပ်ပုလို့ ရှည်လို့ စသဖြင့် အမြဲမေးတတ်တဲ့ ပျိုမေတွေအတွက် ကိုယ့်ဘော်ဒီအချိုးအစားနဲ့ ပတ်သက်ပြီး ဘယ်လို ဖက်ရှင်မျိုးလေးတွေ ရွေးချယ်ဝတ်ဆင်သင့်တယ်ဆိုတာ သေချာ သိရအောင်လို့ I am Fashion မှာ ရေးသားပေးခဲ့ဖူးတဲ့ စတိုရီလင့်ခ် လေးတွေ ပြန်စုပေးထားပါတယ်နော်။ ကိုယ်ဖတ်ချင်တဲ့ လင့်ခ်လေးနှိပ်ပြီး ဝင်ဖတ်နိုင်ပါပြီ။

🔸 အပေါ်ပိုင်းသေးပြီး အောက်ပိုင်းကြီးတဲ့ Pear Body Shape သမားတွေ ဘယ်လိုတွဲဖက်ဝတ်ဆင့်သင့်သလဲ ဆိုတာ
https://m.facebook.com/story.php?story_fbid=2257370174383043&id=969717173148356

🔸ခါးတုတ်ပြီး ပခုံးကျယ်တဲ့ ပန်းသီးသဏ္ဍာန်လိုခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် သိထားရမယ့် ဖက်ရှင်ရေးရာများ https://m.facebook.com/story.php?story_fbid=2359901464129913&id=969717173148356

🔸 ခြေသလုံးတုတ်တဲ့ပျိုမေတွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာ အချက်များ
https://m.facebook.com/story.php?story_fbid=2929035337216520&id=969717173148356

🔸 ဗိုက်ပူပြီးဗိုက်ခေါက်ရှိတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်များ
https://m.facebook.com/story.php?story_fbid=1967517290035001&id=969717173148356

🔸လေးထောင့်ကျကျခန္ဓာကိုယ်ပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ရေးရာများ
https://m.facebook.com/story.php?story_fbid=3046160168837369&id=969717173148356

🔸 လူကောင်သေးတဲ့အပြင် ခြေတံတိုတဲ့ ပျိုမေ တွေ မဖြစ်မနေသိထားရမယ့်အရာ (၆) မျိုး
https://m.facebook.com/story.php?story_fbid=1971954706257926&id=969717173148356

🔸 ခြေထောက်ခွင်တဲ့ ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3402903859829663&id=969717173148356

🔸 တင်ဘေးချိုင့်တဲ့ အမျိုးသမီးတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာ
https://m.facebook.com/story.php?story_fbid=3357416717711711&id=969717173148356

🔸 အရပ်ပုတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် (၁၀)ချက်
https://m.facebook.com/story.php?story_fbid=3332353856884664&id=969717173148356

🔸 Plus Size မို့ဆိုတဲ့ ဖက်ရှင်စည်းမျဉ်းတွေကိုမေ့ပြီး ဝတ်ချင်တာတွေကို အလိုက်ဖက်ဆုံး တွဲကြည့်နိုင်ဖို့
https://m.facebook.com/story.php?story_fbid=3223729631080421&id=969717173148356

🔸 အရပ်ရှည်တဲ့ပျိုမေတွေ ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဘယ်လိုရွေးချယ်နိုင်မလဲ
https://m.facebook.com/story.php?story_fbid=3442772499176132&id=969717173148356

🔸 ခန္ဓာကိုယ်ပိန်သွယ်ပြီး ရင်သားသေးတဲ့ပျိုမေတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ
https://m.facebook.com/story.php?story_fbid=3491357490984299&id=969717173148356

🔸 ခါးလျားရှည်တဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ
https://m.facebook.com/story.php?story_fbid=3552371898216191&id=969717173148356

🔸"ခါးလျားတိုတဲ့ပျိုမေတွေ သိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ"
https://www.facebook.com/100044307945526/posts/434016964751898/

🔸 တြိဂံဇောက်ထိုးခန္ဓာကိုယ်အချိုးအစားပိုင်ရှင်တွေ သိထားရမယ့် ဖက်ရှင်ပိုင်းဆိုင်ရာအချက်များ"
https://m.facebook.com/story.php?story_fbid=3515769345209780&id=969717173148356

🔸အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အချိုးအစား ၁၂မျိုးထဲ ကိုယ်က ဘယ်အမျိုးအစားဖြစ်သလဲ"
https://m.facebook.com/story.php?story_fbid=595920495228210&id=100044307945526

အချစ်တွေနဲ့မေ =)

Want your business to be the top-listed Beauty Salon in Thanlyin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thanlyin
22102000