PTC Online Shopping

PTC Online Shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PTC Online Shopping, Beauty Salon, Thanlyin.

Photos from PTC Online Shopping's post 16/12/2022

😊😊 သဲလေးတို့ ရေ
အလှကုန် ပစ္စည်း များ အစုံ ရောက်ပါပြီ နော် 😍😍

Photos from PTC Online Shopping's post 21/06/2022

😄😄24/7 Tooth Balance က Korea နိုင်ငံကထုတ်တဲ့သွားတိုက်ဆေးပါ...‼

24/7 နာမည်ပေးထားတဲ့အကြောင်းရင်းလေးပြောပြမယ်နော်😘

👦💁🏻‍♀️တစ်ပတ်မှာ 7 ရက်ရှိတယ်

👦💁🏻‍♀️တစ်ရက်မှာ 24 နာရီရှိတယ်ဟုတ်

24/7 သွားတိုက်ဆေးနဲ့သွားတိုက်ခြင်းဖြင့် 24 နာရီတိုင်းမှာ သွားကိုက်ခြင်း သွားဖုံးရောင်ခြင်းစတဲ့
သွားရောဂါတာဝေဒနာတွေ မခံစားရတော့ဘူး
ဒါကြောင့် တစ်ပတ်တာလုံးမှာ သွားကိုက်တဲ့ ဝေဒနာမခံစားရဘဲ ပြုံးပျော်နိုင်ပီပေါ့😆

24/7 သွားဖြူဆေး ဆိုသည့်အတိုင်း တစ်ခါတိုက်တိုင်း
ခံတွင်းရှင်းသွားတာလေးက ထိမိပါရော👍🏻👍🏻👍🏻

⛑️Red Cross လေးကတော့ ကျန်းမာရေးထောက်ခံချက်ရရှိထားပြီဆိုတဲ့သဘောပါ😘

Quality ပြောစရာလိုအောင်ကောင်းတဲ့သွားတိုက်ဆေးမို့ 7500 ပေးရတာ ဈေးမများပါဘူး

180 g ပါတာမို့သာမန်သွားတိုက်ဆေးတွေထက်လည်း gပိုများ ပိုကိတ်ပါတယ်ရှင်

Quality ကောင်းတာကိုသုံးမှ တသက်လုံးသွားနှင့်ခံတွင်းပြဿနာမှကင်းဝေးပြီးစိတ်ချမ်းသာရမှာပေါ့ရှင်


တစ်ဗူး 🌸7500ks🌸

📞09261590027သာဆက်လိုက်ပါနော်

Photos from PTC Online Shopping's post 07/06/2022

ယိုးဒယား အလှကုန်များရောက်ပါပီရှင့်

Photos from PTC Online Shopping's post 27/05/2022

အမဲစက် တင်းတိပ် ၀က်ခြံအမာရွတ် ရှိသူများအတွက် 💛 Set B💛

Step 1 👉New Skiin Facial Vitamin C လေးနဲ့ မျက်နှာသစ်မယ်
Step 2👉New Skiin Toner လေးသုံးမယ်
Step 3👉New Skiin Sleeping Cream လေးနဲ့ရေဓါတ်ဖြည့်မယ်
Step 4👉Snail Wish Cream လေးလိမ်းမယ်

Facial 10000
Toner 19000
Sleeping cream 20500
Snail 31000
မှာယူလိုပါက09340102901
09261590027သာဆက်သွယ် လိုက်ပါနော်

Photos from PTC Online Shopping's post 25/04/2022

👱‍♀️👱Skin care ဆိုတာ တစ်ခါတစ်လေမှသုံးရတာ မဟုတ်ဘူးနော်🥰🥰🥰

👱‍♀️👱တကယ်တော့ Skin care ကိုအမြဲလိမ်းပေးရပါမယ် နေ့ဘက် မိက်ကပ်လိမ်းတယ်အလုပ်သွားတယ်
ပြန်ရောက်လို့ ညဘက်ရောက်ရင် skincare လုပ်ဖို့
လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှအမြဲ Glow ဖြစ်မှာပါ

👱‍♀️👱Face Mask ကပ်တယ်ဆိုတာကလည်း
၁ပတ် ၂ခါ အနည်းဆုံး လုပ်ပေးသင့်ပါတယ်။
အမြဲတမ်း ပွဲရှိမှ အပြင်သွားမှ skincare
လုပ်တာမျိုး mask ကပ်တာမျိုး ကို ဆင်ခြင်ပါ...

💕တချို့က skincare အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ် ဆက်လိမ်းလို့ရပါတယ် နောက်ဆိုပျောက်သွားပါလိမ့်တယ်

💕တချို့က ဘာမှမထွက်ဘူး ပိုလှလာတယ်
ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်

💕တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skincare မကောင်းဘူးလို့ ထင်ကြပြန်တယ်...

💕တချို့ကလည်း ၁ပတ်မှ ၁ရက်သာ
skincare လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး
မကောင်းဘူးပြောကြပြန်တယ်...

💕သေချာတာက သုံးပုံသုံးနည်းမှားနေလို့ပါ....
မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊
Skincare ကို နေ့တိုင်း လိမ်းပေးရပါတယ်

Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ်
သုံးပေးရပါမယ်
🧂ရေများများသောက်ပေးရမယ် အိပ်ရေးမှန်ရမယ်
အစပ်နဲ့ အငံ လျှော့စားရမယ်တခုခု ချို့ယွင်းနေရင် ဝက်ခြံ နဲ့ ဖုလေးတွေ ထွက်လာနိုင်ပါတယ်🌸

💕💕ဒါကြောင့် skincare ကို သေချာလုပ်ပေးကြပါလို့ သူများလှတာ၊ သူများ glow တာဘဲ
ငေးမောမနေပါနဲ့တော့နော် ကိုယ်ကိုယ်တိုင် Glow လိုက်ကြပါ။🌸

💕💕ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့
make up တွေသုံးသုံး Skin မကောင်းရင်
လှချင်သလောက်မလှတော့ဘူး ။🌸

💕💕SkinCare တွေကစျေးကြီးလို့ မသုံးနိုင်ပါဘူးလို့တော့ မပြောလိုက်ပါနဲ့ Brands တွေ အများကြီး သူ့စျေးနဲ့သူ စျေးသက်သာပြီး သုံးလို့ကောင်းတဲ့ Skin Care ရှိပါတယ်

Photos from PTC Online Shopping's post 25/04/2022

ရှမ်းပြည်ဒေသထွက်အစားစားများ
ရောက်ပါပီ🌿

Photos from PTC Online Shopping's post 09/04/2022

👱👱‍♀️KarSeell shampoo collagen
FreeArganOil လေးရောက်ပီနော်😘😘
💁ဆံကေသာဖြောင့်လိုက်ကောက်လိုက်
ဆံသားတွေပျက်နေလိုစိတ်ညစ်နေလား
🧚‍♀️🧚‍♂️karseellလာပီစိတ်မပူနဲနော်
🧚‍♀️🧚‍♂️သုံးနေတာကြာပီမို့တကယ်လက်တွေ့
ကောင်းလွန်လို့ညွှန်တာပါနော်
🧚‍♀️🧚‍♂️လက်တွေ့သုံးကြည့်ပါပြောပြရတာထက်
ပိုပါတယ်နော်☎️09340102901သာဆက်သွယ်
လိုက်ပါနော်

Photos from PTC Online Shopping's post 01/04/2022

💋💋ခီခီကထုတ်တဲ့ lipsticks လေးတွေ
မင်မင်ဆီမှာ ဝယ်ယူအားပေးလို့ရပါပြီ 💄💄💄

အမြို့မြို့အနယ်နယ်အတွက် Reseller ဖိတ်ခေါ်ပါတယ်ရှင့် 🥰

KiKi lip - 6500Ks
Vibe lipstick - 4500ks

☎️09340102901💌 messenger (cb) ကို ခုပဲ
ဆက်သွယ်လိုက်ပါ
အမြို့မြို့အနယ်နယ်နေရာအစုံပို့ပေးပါတယ်နော်

12/03/2022

ောက်လို့ရလား ⁉️
#အကျိုး_အပြစ်_တွေကဘာတွေရှိပါသလဲ ⁉️



Collagen ဆိုတာက Protein (အသားဓာတ်) တမျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ Protein စုစုပေါင်းပမာဏ ရဲ့ ၂၅-၃၅ ရာခိုင်နှုန်းအထိက Collagen တွေပါ။
သူက အဓိက Connective tissues တွေမှာပါဝင်ပါတယ်။ Connective tissues ဆိုတာက ခန္ဓာကိုယ်ရဲ့ Supporting tissues (အထောက်အပံ့ပေးတဲ့ tissues) တွေပေါ့။
- အရေပြား (Skin)
- အရိုး (bone)
- အရိုးနု (cartilage)
- အရွတ် (Ligament, tendons)
စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပေါများစွာပါဝင်သလို
- မျက်ကြည်လွှာ (Cornea)
- သွေးကြောနံရံ (Blood vessels)
- အူ (Gut)
- ကြွက်သား (Muscles)
စတဲ့ အစိတ်အပိုင်းတွေမှာလည်း ပါဝင်ပါတယ်။

အဲ့ဒါကြောင့် Collagen က အရေးပါလားဆိုရင်
#အများကြီး_အရေးပါပါတယ်။
___________
Collagen အကြောင်း ဆက်ရှင်းမပြ ခင် စကားလေးခံထားပါရစေ
ကျွန်တော်တို့ နိုင်ငံမှာ အထိမခံပဲအင်အားကြီးတဲ့ အုပ်စုကြီးတွေရှိပါတယ်
- ဘာသာရေး
- နိုင်ငံရေး
- Korea celebrities fans
သွားထိ လို့မရပါဘူး ထိတာနဲ့ အုံလိုက်ကျင်းလိုက် ဝိုင်းကျုံးကြပါလိမ့်မယ်။

အဲ့လိုပါပဲ ဆေးပညာဘက်မှာလည်း အင်းအားကြီးတဲ့ အုပ်စုကြီး (၃) ခုရှိပါတယ်
- ဖြည့်စွက်စာ
- Keto
- Collagen
အပေါ်က အုပ်စုကြီးတွေလိုပဲ သွားထိ လို့မရပါဘူး ထိတာနဲ့ အုံလိုက်ကျင်းလိုက် ဝိုင်းကျုံးတာ ခံရပါလိမ့်မယ်။

အဲ့ဒါကြောင့် အကျိုးမရှိပဲ ငြင်းခုန်မနေချင်လို့ အဲ့ဒီ Topics တွေဆို ကျွန်တော်ရှောင်ပါတယ်။
Collagen အကြောင်းက ကျွန်တော့ကို အမေးအလွန် များသလို တချို့အရာလေးတွေမှာ အကျိုးရှိနိုင်တယ်လို့ ယူဆတဲ့ အတွက် Collagen fans များကို ကြောက်သော်လည်း အရဲစွန့်ပြီး ရေးသားလိုက်ပါတယ်။
___________
ကျွန်တော်တို့ အသက်အရွယ်ကြီးလာတာ နဲ့အမျှ ချို့တဲ့မှုတွေ များလာတဲ့ အထဲမှာ Collagen လဲ ပါတဲ့အတွက်

👉 အရေပြားတွေတွန့်လာတယ်၊ ကြမ်းလာတယ်၊ ခြောက်သွေ့လာတယ်၊ အရောင်ညစ်လာတယ်
👉 ခြင်ဆီတွေခမ်း အရိုးနုတွေပါးလာတဲ့အတွက် (အိုနာ လို့ခေါ်တဲ့ osteoarthritis အရိုးအဆစ်တွေနာလာတယ်)
👉 အရိုးပါး/အရိုးပွ (Osteoporosis) တွေဖြစ်ပြီး အရိုးတွေကျိုးလွယ်လာတယ်
👉 အရွတ်တွေ မာကြောလာတဲ့ လှုပ်ရှားမှုတွေမချောမွေ့တော့ပဲ တောင့်တောင့်တင်းတင်းကြီး ဖြစ်လာတယ်။ လှုပ်ရှားရင် တကျွိကျွိမြည်ပြီး နာလာတယ်
👉 သွေးကြောနံရံတွေမကောင်းတော့ သွေးခြေဥလွယ်သလို သွေးခဲတာတွေဖြစ်လာတယ်
👉 ကြွက်သားတွေ နာလာသလို ၊ ကြွက်သားအားတွေပျော့လာတယ်
___________
အဲ့တော့ ကျွန်တော်တို့က လိုအပ်နေတဲ့ ကိုသာ တကယ်ပြန်ဖြည့်ပေးနိုင်ရင်

1. #အရေပြားကျန်းမာရေးအတွက်အထောက်အကူဖြစ်တယ်

အသက်အရွယ်ရလာလျှင် ခန္ဓာကိုယ်က Collagen ထုတ်တာ နည်းလာတဲ့အတွက် အရေပြားတွေတွန့်လာတယ်၊ ကြမ်းလာတယ်၊ ခြောက်သွေ့လာတယ်၊ အရောင်ညစ်လာတယ်

Collagen ကို ဖြည့်ပေးခြင်း ဖြင့် အရေပြားရဲ့ Elasticity ကိုကောင်းစေပြီး ရေဓာတ်ပြည့်ဝစေတဲ့ အတွက် အရေးအကြောင်း အတွန့်အခေါက်တွေ နည်းစေပြီး အသားအရေစိုပြေစေလို့ အရေပြားကိုနုပျိုစေပါတယ်။

2. #အဆစ်အမြစ်နာတာတွေကိုသက်သာစေတယ်

အဆစ်ဆိုတာဟာ အရိုးနှစ်ခုကို အရွတ်တွေ နဲ့ တွဲဆက်ထားပြီး ကြားထဲမှာ အရိုးနုခံထားတဲ့အတွက်

အသက်အရွယ်ရလာလို့

- အရွတ်တွေ မာလာခြင်း
- အရိုးနုတွေပါးလာခြင်း
- အရိုးပါး/အရိုးပွ လာခြင်းတွေကြောင့်

လှုပ်ရှားမှုတွေ အဆင်မပြေဖြစ်ပြီး အဆစ်တွေနာတတ်ပါတယ်၊

Collagen ကို ဖြည့်ပေးခြင်း ဖြင့်
👉 အရွတ်တွေလှုပ်ရှားမှုကောင်းလာခြင်း
👉 အရိုးနုတွေပါးလာခြင်း အထိုက်အလျောက်လျော့နည်းလာခြင်း နဲ့
👉 အရိုးပြုန်းတီး ပျက်စီးမှုနည်းလာခြင်း တို့ကြောင့်
အဆစ်အမြစ်နာတာတွေကိုသက်သာစေပါတယ်

3. #အရိုးပြုန်းတီး_ပျက်စီးမှုနည်းစေပါတယ်

အရိုး ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို ပယ်ရှားပေးပြီး
အရိုးရဲ့ သိပ်သည်းဆ လျော့ပါးမှုကို ကာကွယ်ပေးတဲ့အတွက် (အရိုးပါး/အရိုးပွရောဂါ - Osteoporosis) ဖြစ်ပွားမှုကို လျော့ကျစေပါတယ်

4. #ကြွက်သားတွေကိုသန်စွမ်းစေတယ်

ကြွက်သားတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က Collagen ဖြစ်သလို၊ ကြွက်သားနဲ့ အရိုးတွေကို တွဲဆက်ထားတဲ့ အရွတ်တွေမှာလည်း Collagen တွေပါဝင်လို့

Collagen တွေ ပြန်လည် ဖြည့်ဆည်းပေးတဲ့ အခါ အရွယ်ကြီးရင့်လို့ ကြွက်သားအားနည်းတာ တွေကို လျော့နည်းစေပါတယ်။

နှလုံး ဆိုတာကလည်း ကြွက်သားတွေ နဲ့ဖွဲ့စည်းထားတာဖြစ်လို့ ကြွက်သားတွေကို သန်စွမ်းစေခြင်းက နှလုံးကိုလည်း စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။

5. #ဆံပင်_နှင့်_ခြေသည်းလက်သည်းများကိုကျန်းမာစေပါတယ်

Collagen တွေ ချို့တဲ့မနေအောင်ဖြည့်ဆည်း ပေးခြင်းဖြင့်
ခြေသည်းလက်သည်း များ ကျွတ်ဆတ်မနေစေတဲ့အတွက် ကျိုးလွယ်ပဲ့လွယ်မဖြစ်စေသလို
ဆံပင်နှင့်ခြေသည်းလက်သည်း များကို ကျန်းမာသန်စွမ်းစွာ ရှည်လျားလာစေပါတယ်။

​တိကျတဲ့သုတေသနရလာဒ်မရှိသော်လည်း အူလမ်းကြောင်း နှင့် ဦးနှောက်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
___________
အဲ့လောက်တောင်
#အကျိုးရှိတဲ့_Collagen_ဝယ်သောက်ရတော့မှာပေါ့ ⁉️

စျေးကြီးတွေပေးပြီး ဝယ်သောက်မှ မဟုတ်ပါဘူး
Collagen က #အစားအသောက်တွေက နေရပါတယ်။

👉 ကွကျသား၊ ငါး၊ ဥ၊ ပဲ
👉 ဟင်းသီးဟင်းရွက်၊ အသီးအနှံများ
- အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ
- အနီ နှင့် အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ
- Berries သီိးများ
- အချဉ်သီးများ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး
- ထောပတ်သီး
စတဲ့ အစားအစာတွေကနေ Collagen ရရှိပါတယ်။
___________
ွေက_ဆိုးကျိုးတွေရောရှိလား ⁉️

လူတိုင်းမဖြစ်ကြပေမယ့် အများဆုံးဖြစ်တတ်တာကတော့

- ရင်ပြည့်ရင်ကယ်၊ ရင်ပူတတ်ပါတယ်

တချို့ Supplement တွေက Shellfish, egg စတာတွေက ထုတ်ထားတာဖြစ်လို့ အဲ့ဒါတွေနဲ့ ဓာတ်မတည့်တတ်တဲ့သူတွေ ရှောင်ရပါမယ်။
___________
ခြုံပြောရရင်

🚨 Collagen Supplement သောက်ဖို့ တိုက်တွန်းတဲ့ စာ (လုံးဝ) #မဟုတ်ပါဘူး 🚨

👉 Collagen က ခန္ဓာကိုယ်အတွက် အကျိုးများပါတယ်
👉 ဘေးထွက်ဆိုးကျိုး မဆိုသလောက်ပဲရှိပါတယ်
👉 ငွေကြေးပြည့်စုံတယ် ဆိုရင် သောက်နေပါက အကျိုးမယုတ်ပါဘူး
👉 Collagen Supplement မသောက်နိုင်လို့/မသောက်ဖြစ်လို့ စိတ်ညစ်စရာ မလိုပါဘူး #အစားအစာတွေက ရပါတယ်။
👉 Collagen Supplement သောက်ပြီး ဓာတ်မတည့်ဘူး Allergy ရရင် တော့ မသောက်သင့်ပါဘူး
____________
နောက်ဆုံးအနေနဲ့ပြောရရင်

ဥပမာ 👉 သွေးအားနည်းရောဂါရလို့ သံဓာတ်အားဆေး သောက်ခြင်းဖြင့် သွေးအားနည်းရောဂါကို အထိုက်အလျောက်သက်သာလာစေပါတယ်။
ဒါပေမယ့် တကယ်လုပ်ရမှာက သွေးအားနည်းရောဂါ ရစေတဲ့ အကြောင်းရင်း (လိပ်ခေါင်းရောဂါ၊ ရာသီသွေးဆင်းများခြင်း၊ သန်ကောင်ရောဂါ) တွေကိုရှာပြီး ကုရမှာဖြစ်သလို။

အရေပြား၊ အရိုး၊ အရွတ် စတာတွေရဲ့ ကျန်းမာရေးချို့တဲ့လာတာကို Collagen ဖြည့်စွက်ပြီး အထိုက်အလျောက်တားဆီး နိုင်ပေမယ့်။
တကယ့် ပြဿနာဖြစ်တဲ့ Aging (အိုမင်းလာခြင်း) ကိုတားဆီးဖို့ကတော့ (Oxidation နဲ့ Inflammation ) တွေလျော့အောင် နေထိုင်ရမှာဖြစ်ပါတယ်။
(***မအို/မနာရအောင် ဒီစာလေးပါဖတ်ကြည့်ကြပါ 👉 https://www.facebook.com/104993831383029/posts/376732844209125/?d=n ))

(Ref; Healthline article by Brianna Elliott)
(Photocredit; eatthis,)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
04:10 pm/10.12.2021

Want your business to be the top-listed Beauty Salon in Thanlyin?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thanlyin