ROsika

ROsika

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ROsika, Yangon, Thanlyin.

01/08/2026

**Mental Wellness**
ပြဿနာတွေ နည်းသွားဖို့ ဆုမတောင်းပါနဲ့။
ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေ ပိုရှိလာဖို့သာ ကြိုးစားပါ။

စိန်ခေါ်မှုတွေ လျော့သွားဖို့ ဆုမတောင်းပါနဲ့။
စိန်ခေါ်မှုတွေကြားမှာ မှန်ကန်တဲ့လမ်းကို ရွေးချယ်နိုင်ဖို့ ဉာဏ်အမြော်အမြင် ပိုရှိလာဖို့သာ ကြိုးစားပါ။

ဘဝက လွယ်ကူသွားဖို့ထက်
ကိုယ်က ပိုသန်မာ၊ ပိုတော်၊ ပိုပညာရှိလာဖို့ အရေးကြီးတယ်။

ပြဿနာက မပျောက်သွားရင်တောင်
ပြဿနာကို ကိုင်တွယ်နိုင်တဲ့ ကိုယ်တိုင်က ပိုကောင်းလာရင် အဲ့ဒါက တကယ့်အောင်မြင်မှုပါ။
လက်ခံနှိင်ဖို့ ကြိုးစားရင်း ကိုယ့်ဘဝကို ဂရုစိုက်ပီး ချစ်ကြဖို့ မမေ့ကြပါနဲ့နော်။
Sikha🍀

30/07/2026

🌿 Wellness to Wholeness Journey 🌿

ဒီ Program ကို စတက်တုန်းက "ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ပြောင်းလဲချင်တယ်" ဆိုတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တယ်။

ဒါပေမယ့် လေ့လာရင်းနဲ့ သိလာတာက…
ပြဿနာက အပြင်က အခြေအနေတွေထက် ကိုယ့်မသိစိတ်ထဲမှာ အမြဲပြေးနေတဲ့ အတွေးတွေ ဖြစ်နေခဲ့တာပါ။
တကယ်တော့… ကိုယ်လုပ်နေတဲ့ အရာတွေနဲ့ ကိုယ့်စိတ်ထဲက အတွေးတွေက မတူတဲ့အချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲတိုက်ခိုက်နေမိတယ်။

SWOT Analysis, Cognitive Distortions, Self-awareness နဲ့ Emotional Healing အကြောင်းတွေကို လေ့လာရင်း…
✨ ကိုယ့်အားသာချက်တွေကို ပြန်မြင်လာတယ်။ ✨ ကိုယ့်အားနည်းချက်တွေကို လက်ခံတတ်လာတယ်။ ✨ အတွေးမှားတွေက ကိုယ့်ဆုံးဖြတ်ချက်တွေကို ဘယ်လောက်အထိ သက်ရောက်နိုင်လဲဆိုတာ နားလည်လာတယ်။ ✨ "ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်" ဆိုတာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘူး။ ✨ "ကိုယ့်ကိုယ်ကို ချစ်တယ်" ဆိုတာ ကိုယ့်တန်ဖိုးကို သိပြီး ကိုယ့်စိတ်ကို နားထောင်ပေးတာဆိုတာ သင်ယူလာတယ်။

ကိုယ့်ကိုယ်ကို ပိုနားလည်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ရင်း ကိုယ်သင်ယူခဲ့တဲ့ အရာတွေ၊ လက်တွေ့မှာ ပြောင်းလဲလာတဲ့ အတွေ့အကြုံတွေကိုလည်း အားလုံးနဲ့ ဆက်ပြီး Sharing လုပ်ပေးသွားပါမယ်နော်။ 🤍🌱

"Wholeness ဆိုတာ ပြည့်စုံတဲ့လူတစ်ယောက် ဖြစ်သွားတာမဟုတ်ဘူး… ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ နာကျင်မှု၊ ပျော်ရွှင်မှု အားလုံးကို လက်ခံနိုင်တဲ့ လူတစ်ယောက် ဖြစ်လာတာပါ။" 💚
Sikha

Photos from ROsika's post 21/07/2026

🌲 သဘာဝအလှတွေနဲ့ အေးချမ်းမှုကို ရှာဖွေရင်း...
Mae Kampong ရွာလေးဆီသို့ 🏡☕️

​စိမ်းစိုနေတဲ့ တောင်တန်းတွေ၊ သစ်ပင်စိမ်းတွေနဲ့အတူ စီးဆင်းနေတဲ့ ရေကျဆင်းသံလေးတွေကြားမှာ စိတ်​အေး ချမ်းစွာ အနားယူဖို့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။

​မနက်ခင်း မြူဆိုင်းဆိုင်းလေးထဲမှာ တောင်ပေါ်ကော်ဖီပူပူလေးသောက်ရင်း ရွာရဲ့ ရိုးရှင်းတဲ့ ရိုးရာဓလေ့တွေကို ဖြတ်သန်းရတာက ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှုတစ်ခုပါပဲ။ 🌿✨

​မြို့ပြရဲ့ ဆူညံပူလောင်မှုတွေကနေ ခဏတာထွက်ပြေးပြီး စိတ်အပန်းဖြေချင်သူတွေအတွက် မသွားမဖြစ် သွားသင့်တဲ့နေရာလေးတစ်ခုလို့ ညွှန်းဆိုလိုက်ပါတယ်ရှင့် 💚

​ #သဘာဝခရီးစဉ်

21/07/2026

ရေတံခွန်အနားမှာ တိတ်တိတ်လေး ရပ်နေမိတယ်...

ရေစီးသံတွေက စိတ်ထဲမှာ သိမ်းထားခဲ့တဲ့ ပင်ပန်းမှုတွေကို တစ်စစီ သယ်ဆောင်သွားသလိုပဲ။

လူတွေကို မပြောနိုင်တဲ့ ခံစားချက်တွေရှိတယ်။ မျက်ရည်မကျဘဲ ငိုနေတဲ့ နေ့တွေလည်း ရှိတယ်။

ဒါပေမယ့်... သဘာဝက မမေးဘူး။ မစီရင်ဘူး။ ဘာမှလည်း မပြောဘူး။

ရေစီးသံလေးနဲ့အတူ "အဆင်ပြေပါတယ်... အချိန်ပေးလိုက်ပါ" လို့ တိတ်တိတ်လေး နှစ်သိမ့်ပေးနေသလိုပဲ။

ဒီနေ့တော့... အရာအားလုံးကို ခဏမေ့ထားပြီး ကိုယ့်စိတ်လေးကို သဘာဝရဲ့ ရင်ခွင်မှာ အနားပေးလိုက်တယ်။ 🌿💧🤍

Sikha

08/07/2026

"Reinvent Yourself." 🌱

ဒီရက်ပိုင်းSikha စိတ်အရမ်းပင်ပန်းနေခဲ့ရတယ်။ ဒါပေမဲ့ ဘယ်သူ့ကြောင့်မှ၊ ဘယ်အခြေအနေကြောင့်မှ၊ ဘယ်သူ့အတွက်မှ ကိုယ့်ဘဝကို ရပ်တန့်ထားလို့ မရဘူးဆိုတာ သိလာခဲ့တယ်။

ဒါကြောင့် ဒီတစ်ခေါက်လည်း... ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ကိုပဲ ရွေးချယ်လိုက်တယ်။

ဘဝရဲ့ စာမျက်နှာတချို့မှာ ကိုယ့်ကို အပြိုလဲဆုံးဖြစ်စေခဲ့တာက ကိုယ်အချစ်ရဆုံးလူတွေ ဖြစ်နေခဲ့တယ်။ နာကျင်ခဲ့ရတယ်... စိတ်ပျက်ခဲ့ရတယ်... မျက်ရည်ကျခဲ့ရတယ်။
ဒါပေမဲ့... အဲဒီ Chapter မှာပဲ ဘဝကို အဆုံးသတ်မထားဘူး။

နောက်လာမယ့် စာမျက်နှာတိုင်းကို ပိုသန်မာတဲ့စိတ်နဲ့... ပိုရင့်ကျက်တဲ့အတွေးနဲ့... ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ရေးသွားမယ်။

တချို့အဆုံးသတ်တွေက ဆုံးရှုံးမှုမဟုတ်ဘူး... ကိုယ့်ကိုယ်ကို ပြန်တွေ့ဖို့ အစပဲ။

ဒီတစ်ခေါက်လည်း ငါ့ကိုယ်ငါပဲ ​ရွေးချယ်သွားပါမယ်📖🌱
Sikha🍀

Photos from ROsika's post 29/06/2026

Sikhaက လက်ဖက်ရည်တော့ မကြိုက်တတ်ဘူး။ မသောက်တာလည်း ကြာပြီ။

ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ့်အကြိုက်ကိုပဲ အမြဲဦးစားပေးနေမယ့်အစား၊ တစ်ဖက်လူ စိတ်ချမ်းသာဖို့အတွက် ကိုယ့်အကြိုက်ကို ခဏလေး ဘေးဖယ်ထားလိုက်တဲ့အချိန်တွေ အများကြီးရှိတယ်။

အဲဒီလိုလုပ်လိုက်လို့ Sikha စိတ်မကောင်းဖြစ်တာမျိုး မရှိဘူး။ အပြန်အလှန်အားဖြင့် ကိုယ့်ကြောင့် တစ်ဖက်လူ ပျော်ရွှင်သွားတာ၊ စိတ်ချမ်းသာသွားတာကို မြင်ရတဲ့အခါ ကိုယ်တိုင်လည်း အေးချမ်းတဲ့ ပျော်ရွှင်မှုတစ်ခုကို ရတယ်။

တစ်ခါတစ်လေ ပျော်ရွှင်မှုဆိုတာ ကိုယ်ကြိုက်တဲ့အရာကို ရလိုက်လို့ဖြစ်တာထက်၊ ကိုယ့်ကြောင့် တခြားသူတစ်ယောက် ပြုံးနိုင်သွားတာက ပိုပြီး အဓိပ္ပာယ်ရှိတတ်တယ်။

ဘဝမှာ အမြဲတမ်း အလျှော့ပေးနေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ လူတွေအတွက်၊ တန်ဖိုးရှိတဲ့ အခိုက်အတန့်တချို့မှာ ကိုယ့်အကြိုက်ကို ခဏလေး ဘေးဖယ်ထားပေးနိုင်တာကလည်း မေတ္တာနဲ့ နားလည်ပေးမှုရဲ့ ပုံစံလေးတစ်ခုလို့ Sikha ယုံကြည်တယ်။ 💛

Photos from ROsika's post 29/06/2026

ပြောတော့ တက္ကသိုလ်ဝင်တန်းက
ဘဝရဲ့ တစ်ဆစ်ချိုးတဲ့၊ အမလေး အခုထိ
ချိုးလိုက်ရတဲ့ အဆစ်တွေက မနည်းတော့ဘူး

(By the way CAD Academy at PAYAP UNIVERSITY 😊)

Photos from ROsika's post 23/06/2026

အတွေးလွန်တတ်တဲ့
ကောင်မလေးမို့
စိတ်လုံခြုံမှု ပေးနှိင်တဲ့သူနဲ့
ပိုခင်တွယ်တတ်တယ်။
စကားလုံးလှလှတွေထက်
လုပ်ရပ်တွေနဲ့ ယုံကြည်မှုပေးတဲ့သူကို
ပိုသဘောကျတယ်။
စိတ်အားငယ်တဲ့အချိန်မှာ
ဘေးနားမှာ ရှိနေပေးတဲ့သူကို
ပိုတန်ဖိုးထားတတ်တယ်။
အချစ်ထက် နွေးထွေးမှုကို လိုချင်ပြီး၊
ကတိတွေထက် တည်ငြိမ်မှုကို ပိုလိုအပ်တတ်တဲ့ ကောင်မလေးပါ။ ❤️
Sikha 🍀

Photos from ROsika's post 15/05/2026

Self-Love ဆိုတာ ကျွန်မအတွက်တော့ အကြီးမားဆုံးသော အောင်မြင်မှုပါပဲ... ✨

​အရင်က သူများအကြိုက် လိုက်ခဲ့ရတဲ့ "ကျွန်မ" မဟုတ်တော့ဘဲ၊ အခုတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့ "ကျွန်မ" အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ။

🍀​ဝေဖန်မှုတွေကို ကြောက်ပြီး ရှင်သန်ခဲ့ရတဲ့နေ့တွေ...
🍀ကိုယ့်ကိုယ်ကိုယ် အလိုမကျဘဲ အထီးကျန်ခဲ့တဲ့နေ့တွေ...
🍀 ​ကိုယ့်အတွက် အဆင်မပြေခဲ့တဲ့ ပတ်ဝန်းကျင်တွေ....
​ဒါတွေအားလုံးကို အားနည်းချက်အဖြစ် မမြင်တော့ဘဲ သင်ခန်းစာအဖြစ် လက်ခံလိုက်တဲ့အခါ "ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်း" ဆိုတဲ့ စွမ်းအားကို ရလာပါတယ်။

​ဘယ်သူ့ရှေ့မှာမဆို ကိုယ့်ရဲ့ Identity အစစ်အမှန်နဲ့ ရပ်တည်ရတာဟာ တကယ့်ကို လွတ်လပ်ပါတယ်။ ကိုယ့်စိတ်ကို မေတ္တာတွေ ပြန်ပေးနိုင်ဖို့ ကျွန်မ အမြဲသတိပေးပြီး ကြိုးစားနေဦးမှာပါ။

​လူတိုင်းမှာ ကိုယ်စီလှပတဲ့ အားနည်းချက်လေးတွေ ရှိကြတာမို့... ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့ မမေ့ကြပါနဲ့ဦး 🌷

13/05/2026

Part-6
"အရှုံးပေးဖို့ မလုပ်ခင်မှာ... ဒီအရာကို ဘာကြောင့် စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့တာလဲဆိုတာကို အရင်ဆုံး ပြန်စဉ်းစားကြည့်ပါ"

​ရန်ကုန်မြို့ကြီးရဲ့ အလုပ်အကိုင် အပြိုင်အဆိုင်တွေကြားထဲ ခြေစုံပစ်ဝင်ခဲ့တဲ့အချိန်... အရာရာဟာ စိတ်ကူးထားသလို ဖြစ်မလာခဲ့ဘူး။ ငြင်းပယ်ခံရမှုတွေ၊ အဆင်မပြေမှုတွေက တောင်ပုံရာပုံ။ အဲ့ဒီစိတ်ပင်ပန်းမှုတွေနဲ့အတူ ကိုယ့်ရဲ့ Lymphedema ပြဿနာကပါ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာပါ ဖိစီးမှုတွေ ပေးလာတဲ့အခါ... "တော်ပြီ၊ ငါ လက်လျှော့လိုက်တော့မယ်" ဆိုတဲ့ စိတ်ကူးတွေက အကြိမ်ကြိမ် ခေါင်းထဲ ရောက်လာခဲ့ဖူးတယ်။

​ဒါပေမဲ့ အဆိုးဆုံးအချိန်တွေမှာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတာကတော့— "ငါ ဘာလို့ စတင်ခဲ့တာလဲ?"

​လူတိုင်းက ကိုယ့်ကို ယုံကြည်မှု မရှိရင်တောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်ပေးမယ့် "နောက်ဆုံး မျှော်လင့်ချက်" လေးတစ်ခုတော့ ရှိနေရမယ်။ အဲ့ဒီယုံကြည်ချက်လေးကိုပဲ အားကိုးပြီး ဆက်လျှောက်ခဲ့လို့လည်း ဒီနေ့မှာ ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာခဲ့တာပါ။

​ရှုံးနိမ့်မှုဆိုတာ ခဏတာပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ မမေ့ပါနဲ့။

Want your business to be the top-listed Beauty Salon in Thanlyin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
Thanlyin