Zar Phyo
ပြုံးဖို့ မမေ့စေလို ချစ်သောရေ☺️
20/03/2026
"စိမ်းလန်းမှုမှာ အေးချမ်းခြင်း ရှိတယ်... 🌿✨
မြို့ပြရဲ့ အမောတွေကို ဒီရေကန်လေးဘေးမှာ ခဏလောက် ထားရစ်ခဲ့လိုက်ပါ။
10/02/2026
Strawberry Power! အသားအရေအတွက် အစွမ်းထက်တဲ့ စတော်ဘယ်ရီ" 🤷🏻😯😯
👉🏻👉🏻ချိုချဉ်အရသာလေးကိုမှ ကြိုက်တဲ့ သူလေးတွေတွက်တော့ အထူးကောင်းမွန်တဲ့အပြင်👈🏻👈🏻
"ချိုချဉ်အရသာ စတော်ဘယ်ရီလေးတွေက အသားအရေအတွက်ပါ တကယ် Powerfulပါပဲ! 🍓✨
ဒီအချက် (၃) ချက်ကိုသာ သိပြီးရင် စတော်ဘယ်ရီလေးက ပျိုမေလေးတွေရဲ့ အသဲစွဲဖြစ်လာလိမ့်မှာနော်🍓✨
✅ အသားအရေ ကြည်လင်တောက်ပေစတဲ့အပြင်။🙆🏻✌🏻✌🏻
✅ Salicylic Acid ပါဝင်လို့ ဝက်ခြံတွေ လျော့ပါးသက်သာေစပါတယ်။💯💯🙋🏻
✅ Antioxidant တွေက အိုမင်းရင့်ရော်မှုကို တားဆီးေပးပြီး၊ အသားအရေကို တင်းရင်းစေပါတယ်ရှင့်🧘🏻
စတော်ဘယ်ရီကို ဘယ်လိုပုံစံမျိုးနဲ့ အလှအပအတွက် အသုံးပြုဖူးလဲ? Comment မှာ ပြောပြခဲ့ပါဦးနော်! 👇
10/02/2026
"အာလူးလေးနဲ့ လှကြမယ်"
"အိမ်မှာရှိတဲ့ အာလူးလေးနဲ့ လှပအောင် ဖန်တီးကြမယ့် အခွင့်ရေး🙋🏻🥔✨
✌🏻စားရင်လည်း ဗီတာမင်တွေကြွယ်၊ အပြင်က ကပ်ရင်လည်း အသားအရေကြည်လင်စေတဲ့ အာလူးရဲ့ အစွမ်း (၄) မျိုး-
1️⃣ Bye Bye မျက်ကွင်းညို
ညအိပ်မပျော်လို့ မျက်လုံးဖောင်းတာတွေကို အာလူးအေးအေးလေးနဲ့ ဖြေရှင်းမယ်😯
2️⃣ Bright Skin
အမည်းစက်တွေကို ဖယ်ရှားပြီး အသားအရေကို သဘာဝအတိုင်း ဝင်းပကြည်လင်စေမယ်👍🏻
3️⃣ Natural Glow
အာလူးမှာပါတဲ့ ဗီတာမင် C က အသားအရေကို နုပျိုစေတာေတာ့အမှန်ပေါ့🙆🏻
4️⃣ Energy Booster
Dietသမားတွေအတွက်ဆိုလဲ အာလူးပြုတ်လေးကို စားပေးလို့ရသေးတာနော်💯
ဘယ်သူတွေက အာလူးနဲ့ ပေါင်းတင်ဖူးလဲ? Comment မှာ ပြောခဲ့ကြဦးနော်! 👇🥰
"
07/02/2026
အသားအရေ ကြည်လင်တောက်ပစေမယ့် အစားအစာများ ဆို စိတ်ဝင်စားကြမှာလား🤷🏻
🍐🍊မာလကာသီး/လိမ္မော်သီး
Vitamin C ကြွယ်ဝပြီး အသားအရေကို ကြည်လင်နုပျိုစေသည်။
🫘သစ်ကြားသီး/ဗာဒံစေ့
Omega-3 ပါလို့ အသားအရေကို စိုပြေအိစက်စေသည်။
🍅ခရမ်းချဉ်သီး
Lycopene ပါဝင်လို့ နေလောင်ဒဏ်ကနေ အပြည့်အဝကာကွယ်ပေးသည်
🕦မနက်ခင်းမှာ Skincare တွေတင်မကဘူး၊ ကိုယ်စားတဲ့ အစားအစာတွေကလည်း ကိုယ့်အလှအပအတွက် အရေးကြီးတယ်ဆိုတာ ပျိုမေလေးတွေ မမေ့ကြပါနဲ့ရှင့်.....❤️
04/02/2026
နေပူထဲထွက်ရင် သူပါမှပဲ အပြင်ထွက်ဖြစ်တော့တယ်🤭
သူဆိုတာ ကိုယ်နှင့်မကွာဆောင်ထားတဲ့
(Sunscreen လေးပါရှင့်❤️) ☀️🛡️
🤷🏻"Skincare တွေ ဘယ်လောက်ပဲ ကောင်းတာသုံးသုံး Sunscreen မလိမ်းရင် အလကားပါပဲ" လို့ ပြောကြတာ ကြားဖူးကြမှာပါ။ ဒါက တကယ်လည်း ဟုတ်တာကို👍🏻👍🏻
🌞နေရောင်ခြည်ထဲမှာပါတဲ့ UV ရောင်ခြည်တွေက ဖြိုးတို့ရဲ့ အသားအရေကို အချိန်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး အမည်းစက်တွေ ဖြစ်စေနိုင်လို့ပါ။
✌🏻Sunscreen လိမ်းခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူး ၃ ခု -
၁။ အသားအရေ အရွယ်မတိုင်ခင် အိုမင်းမှုကို ကာကွယ်ပေးခြင်း
၂။ အမည်းစက်နဲ့ တင်းတိပ်တွေကို ကာကွယ်ပေးခြင်း
၃။ အရေပြား ကင်ဆာကို ကာကွယ်ပေးခြင်း
💡 ဘယ်လိုလိမ်းမလဲ?🔎
အပြင်မထွက်ခင် ၁၅ မိနစ်၊ မိနစ် ၂၀ အလိုမှာ ကြိုလိမ်းပေးရပါ့မယ်ရှင့်🙋🏻
🤖အိမ်ထဲမှာပဲ နေရင်လည်း အလင်းရောင်ရှိတဲ့နေရာဆိုရင် လိမ်းထားပေးတာ အကောင်းဆုံးပါပဲရှင့်👈🏻
လက်နှစ်ချောင်းစာ (Two-finger rule) ပမာဏလောက်ကို မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးဖို့ မမေ့ပါနဲ့ဦးနော်အချစ်တို့။💯💯
ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ နေရောင်ခြည်ဒဏ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြရအောင်ရှင့်။ ☀️✨
27/01/2026
မနက်ခင်းနိုးလာတဲ့အခါ စိတ်ကလေးတွေကြည်လင်ဖို့ဆို စောစောအိပ်ယာဝင်ဖို့ စဉ်းစားပါ✌🏻
27/01/2026
🌞ပူအိုက်တဲ့နေ့ရက်တွေမှာ အသားအရေကြည်လင်ပြီး လန်းဆန်းသွားစေဖို့အတွက်
"ဖရဲသီး" 🍉✨
🤷🏻ဒီနေ့လို ပူအိုက်တဲ့ ရာသီဥတုမှာ စိတ်ရောကိုယ်ပါ အေးမြသွားစေဖို့ဆိုရင် ဖရဲသီး စိတ်လေးတွေက အကောင်းဆုံးပါပဲ။ 👈🏻
✌🏻ဖရဲသီးဟာ စားလို့ကောင်းရုံတင်မကဘဲ ကျန်းမာရေးနဲ့ အလှအပအတွက်ပါ အဖိုးတန်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပေးစွမ်းနိုင်ပါေသးတယ်။🏵️
🍉ဖရဲသီး စားပေးခြင်းရဲ့ အကျိုးကျေးဇူးများ -
၁။ ရေဓာတ်ကို အပြည့်အဝ ဖြည့်ပေးခြင်း
၂။ နုပျိုမှုကို ထိန်းသိမ်းပေးခြင်း
၃။ ဝိတ်ချနေသူများအတွက် အထူးသင့်တော်ခြင်း
၄။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း🖲️
💡 စားကောင်းတိုင်းလဲ မစားဘဲ သတိထားရမဲ့ အချက်လေးတော့ရှိတာပေါ့
အာ့တာကတော့-
🍉ဖရဲသီးကို ညဘက် အိပ်ခါနီး အများကြီးစားရင်တော့ ဆီးခဏခဏ သွားတတ်လို့ အိပ်ရေးပျက်နိုင်ပါတယ်။
🪭ဒါကြောင့် နေ့ခင်းဘက် ဒါမှမဟုတ် ညနေစောင်း အချိန်တွေမှာ စားပေးတာ အကောင်းဆုံးပါပဲ။
🙋🏻ဒီနေ့တော့ လန်းဆန်းသွားအောင် ဖရဲသီး အေးအေးလေး စားလိုက်ကြရအောင်လား?🍉🍉
27/01/2026
Free Zoom ကြိုက်သူများ လာပါပြီရှင်🔥
Post ကို Share ပြီး တက်မယ် လို့ မန့်ပေးပါ ‼️
အခု Group ထဲဝင်ထားပေးပါ ‼️
https://www.facebook.com/share/g/14WGw3j6t6e/?mibextid=wwXIfr
မနက်ဖြန် နေ့လည် ၁ နာရီ တွေ့မယ်နော်
26/01/2026
🤷🏻 မနက်ခင်းမှာ လန်းဆန်းတဲ့ အလှတရားနဲ့ နိုးထချင်ပါသလား? 😴✨
ဒါ့အတွက်တော့👇🏻
👉🏻"အလှဆုံးပြင်ဆင်ခြင်းဟာ ကောင်းမွန်စွာ အိပ်စက်ခြင်းပဲ ဖြစ်ပါတယ်ရှင့်"👈🏻
😮အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပြီး အသားအရေကို ပျက်စီးစေပါတယ်ရှင့်။🚫
🔖Beauty Sleep ရရှိဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ရအောင် -
၁။ အိပ်ချိန်မှန်ပါစေ (Schedule)
၂။ ဖုန်းကို ခဏချထားပါ (No Screen)
၃။ တရားထိုင်ပါ (Meditation)
၄။ ရေဓာတ်ဖြည့်ပါ (Hydrate):
🖲️ရရှိလာမယ့် ရလဒ်တွေကတော့ -
✅ မျက်ကွင်းညိုတာ သက်သာလာမယ်။
✅ အသားအရေက အတွင်းကနေ ကြည်လင်လာမယ်။
✅ တစ်နေ့တာလုံး စိတ်ကြည်လင်လန်းဆန်းနေမယ်။
🧘🏻အသားအရေလှပဖို့ဆိုတာ အပြင်ပန်းတင်မကဘဲ အတွင်းပိုင်း နားနေမှုကလည်း အရမ်းအရေးကြီးပါတယ်နော်။ ဒီညကစပြီး အိပ်ရေးဝဝ အိပ်စက်ကြည့်ကြစို့လားရှင့် 🌙💤
26/01/2026
🙋🏻 ကျန်းမာလှပတဲ့ ဘဝတစ်ခုအတွက်
"အသက်ရှူခြင်း" ရဲ့ လျှို့ဝှက်ချက် ✨
🏃🏻ကျန်းမာချင်လို့ အားကစားလုပ်တယ်
✌🏻လှချင်လို့ Skin care တွေသုံးတယ်...
😮ဒါပေမဲ့ ဖြိုးတို့တွေ တော်တော်များများ မေ့နေတတ်တဲ့ အရာတစ်ခုရှိပါတယ်။ ⁉️⁉️
🔀အဲဒါကတော့ "မှန်ကန်တဲ့ အသက်ရှူနည်းနဲ့ စိတ်တည်ငြိမ်မှု" ပါပဲ။ 🧘♀️
🧘🏻တရားထိုင်တယ်ဆိုတာ ဘာသာရေးအရတင်မကဘဲ ကျန်းမာရေးအတွက်ပါ အကျိုးထူးစေတဲ့ အလေ့အကျင့်တစ်ခုပါ။ 👈🏻👈🏻👈🏻
🕯️အထူးသဖြင့် "ဝင်လေ၊ ထွက်လေ" ကို သတိကပ်ပြီး မှန်မှန်ကန်ကန် အသက်ရှူပေးခြင်းကနေ ဘာတွေရမလဲဆိုရင် -
🔖စိတ်ဖိစီးမှု လျော့ကျစေခြင်း: Stress လျော့သွားတဲ့အတွက် စိတ်တိုတာ၊ စိုးရိမ်တာတွေ နည်းသွားပြီး စိတ်ပျော်ရွှင်မှုကို ရစေပါတယ်။
🔖နုပျိုမှုကို ထိန်းသိမ်းပေးခြင်း: စိတ်ဖိစီးမှုဟော်မုန်း (Cortisol) လျော့ကျသွားတဲ့အတွက် အသားအရေ ပိုမိုကြည်လင်လာပြီး အရေးအကြောင်း ဖြစ်ပေါ်မှုကိုလည်း နှေးကွေးစေပါတယ်။ ✨
🔖သွေးလည်ပတ်မှု ကောင်းမွန်ခြင်း: အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝ ရရှိတဲ့အတွက် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။
🔖အာရုံစူးစိုက်မှု အားကောင်းခြင်း: အလုပ်မှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် ပိုပြီး အာရုံစိုက်နိုင်လာပါလိမ့်မယ်။
🤷🏻ဘယ်လိုစတင်မလဲ?
တစ်နေ့ကို ၁၀ မိနစ်လောက်ပဲ အချိန်ပေးကြည့်ပါ။ မျက်လုံးလေးမှိတ်၊ ဝင်လာတဲ့လေနဲ့ ထွက်သွားတဲ့လေကိုပဲ အေးအေးဆေးဆေး သတိကပ်ကြည့်ပါ။ စိတ်ထဲမှာ ပေါ့ပါးသွားတာကို ချက်ချင်း ခံစားရမှာပါ။
👯လှပတဲ့ အပြုံးနဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ဒီနေ့ကစပြီး Mindfulness (သတိကပ်ခြင်း) လေ့ကျင့်ခန်းလေးကို အတူတူ လုပ်ကြည့်ကြရအောင်။ ❤️
16/11/2024
ကိုယ်ဝါသနာပါတာလေးတွေလုပ်နေရတာလဲ
စိတ်ချမ်းသာမှုတစ်မျိုးပဲ🙋🪴
Click here to claim your Sponsored Listing.
Category
Website
Address
Thanlyin
