Rechal's shop

Rechal's shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rechal's shop, Beauty, cosmetic & personal care, Thingangyun.

30/03/2022

Beauty huck for my girl♡

20/03/2022

❌ လုံးဝမပြုလုပ်သင့်တဲ့အရာပါ❌

ဒီလိုတွေဖြစ်ရင် မြန်မာနိုင်ငံသားအများစုက သနပ်ခါးတွေ လိမ်းချလိုက်တယ်

ဒါက မလုပ်သင့်တဲ့ အပြုအမူပါ🙅

ဟုတ်တယ်...ကိုယ်တိုင်လည်း အရင်က အာ့လိုလိမ်းခဲ့တယ်..အခုတော့ မလုပ်တော့ဘူး

ဘာလို့မလိမ်းသင့်တာလည်းဆိုတော့ သနပ်ခါးက အဆီပြန်တာကိုပဲ ထိန်းချုပ်ပေးနိုင်တာပါ...၀က်ခြံ
ကိုတော့ မထိန်းချုပ်နိုင်ပါဘူး

သူက ချွေးပေါက်တွေကို ပိတ်စေပြီးတော့ ဝက်ခြံတွေကိုအောင်းစေပါတယ်.

ခဏတာ သက်သာသွားပေမယ့် ရေရှည်မှာ အဆင်မပြေပါဘူး

အခြေအနေတစ်ခုရောက်တာနဲ့ ပိုဆိုးသွားမှာပါ

ဥပမာ- ပင်လယ်စာ ၊ပုဇွန် စတာတွေ စားမိလို့ ၀က်ခြံ
တွေထွက်ချင်ရင် ကိုယ်က ချွေးပေါက်ပိတ်နေတဲ့အတွက် ၀က်ခြံပုန်းတွေ ၀က်ခြံ ဂျက်ခဲကြီးတွေဖြစ်နိုင်ပါတယ်

မီးပွို့င်မှာ ကားပိတ် သလိုပေါ့
ရှေ့ကားပိတ်ရင် နောက်ကားတွေလည်း လိုက်ပိတ်ကုန်တယ်

ဒါကြောင့် ၀က်ခြံထွက်ရင်သနပ်ခါးမလိမ်းပါနှင့်

ကိုယ့်ချွေးပေါက်ကို ဖွင့်ပြီးတော့ ၀က်ခြံတွေကို ထုတ်ပါ ပြီးရင် ချွေးပေါက်ကျဉ်းအောင် ပြန်လုပ်ပါ

Photos from Rechal's shop's post 22/02/2022

Hello rechalပါ 🤍 လက်တလောသုံးနေတဲ့ lotion 🧴ရဲ့review လေးလာတင်တာပါ။ ခုသုံးနေတာလေးက Vaseline intensive care လေးပါ ။သူက 100% Natural products ဖြစ်ပြီးတော့ ရှားစောင်းလက်ပတ်ပင်ကနေ ထုပ်ထားတာမို့ all skin type သုံးလို့ရတယ်။ သူက Body lotionပေမဲ့rechal ကမျက်နှာပါစမ်းလူးကြည့်ကြည့်တာ အရင်က cheek နဲ့ nose တစ်ဝိုက်မှာ အဆီဖုလိုဟာလေးတွေရှိတာ ညဘက် မျက်နှာကိုလူးလူးအိပ်တာ လေးခါလောက်ပဲရှိသေးတယ် အဆီဖုလေးတွေ မရှိတော့ပဲ သိသိသာသာကြသွားတယ်။ Vaseline intensive care lotion ကအသားဖြူလားစိုတော့မဖြူပါဝူး အသားကြည်စေတာပါ ပြီးတော့ အသားထဲစိမ့်ဝင်လွယ်ပြီး တစ်ဗူးတစ်ဝတ်လောက် သုံးကြည့်တာနဲ့အသားရေ တော်တော် smoothဖြစ်လာတယ် တော်တော်လေး result ကောင်းကောင်းရတဲ့ lotion လေးမို့ Replenish water သုံးမဲ့အစား အဲ့တာလေးလူးကြည့်ပါလို့ လာညွန်းတာပါ🤍

တစ်ဗူးကို 10000ဝန်းကျင်လောက်ပဲရှိတာမို့လို့ resultကောင်းကောင်းလေးနဲ့ အသုံးခံတယ် မင်မင်လဲလက်ရှိသုံးနေတာ တော်တော်အကြိုက်တွေ့နေတာလေး 🥺🤍
အရင်နေ့တွေက rechalကျန်းမာရေးကြောင့် Page ကိုပြစ်ထားမိတာခုမှပြန် run ရမှာ မှတ်မိကြသေးရဲ့လားတောင်သိဝူး😑🤎
နဲ့ပတ်သတ်တာလေးတွေ လာရောက်မေးလို့ရပါတယ်🌚🤍ကိုက်မစားပါဝူးရှင့်

24/01/2022

ကြည်လင်တဲ့အသားအရေ ပိုင်ရှင်တွေရဲ့ လျှို့ဝှက်ချက်✨✨✨

အသားအရေကြည်လင်သူ တော်တော်များများမှာ အခုလို အလေ့အထလေးတွေပိုင်ဆိုင်ထားကြပါတယ်။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်တယ်🌺
=======================
အသားအရေကြည်လင်သူတွေက အလှပြင်ဖို့ စိတ်မဝင်စားဖူးဆိုရင်တောင် တစ်နေ့ကို နှစ်ကြိမ်ပုံမှန် မျက်နှာသစ်တတ်ကြပါတယ်။ မနက်နိုးတဲ့အချိန် တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်ပါ။ ဒါမှ အရေပြားပေါ်က ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။

အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးရွေးသုံးတယ်🌸
============
မျက်နှာသစ်ဆေးတိုင်းက မျက်နှာအသားအရေကို သန့်စင်ပေးတယ်ဆိုပေမယ့် အသားအရေနဲ့ လိုက်ဖက်မှုမရှိရင် ထိရောက်မှုအားနည်းပါတယ်။ နောက်တစ်ချက်က အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက အရေပြားကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ကျန်းမာချင်တယ်ဆိုရင် ဒီအချက်လေးကို သတိထားဖို့လိုပါမယ်။

ရေလုံလောက်အောင် သောက်ကြတယ်💦
========================
ရေဓာတ်က အသားအရေတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ကြည်လင်လှပချင်တယ်ဆိုရင် မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုက ရေလုံလောက်အောင် သောက်ဖို့ပါ။ အသားအရေကြည်လင်သူလေးတွေက တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာ ကုန်အောင်သောက်တတ်ကြပါတယ်။

အသီးအရွက် စားတယ်🍅🍏
=================
ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာက အသားအရေကို ကြည်လင်စေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ အခြားသော အကျိုးပြု အာဟာရတွေကြွယ်ဝစွာ ပါဝင်နေမှုက အသားအရေကို ကြည်လင်လှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက် တစ်ခုခုကို စားပါ။

ဝမ်းမှန်တယ်👍
==========
ဝမ်းမှန်တာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ခန္ဓာကိုယ်မှာ ရောဂါကင်းစေသလို အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ ဝက်ခြံကင်းစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတာတွေစားပြီး ဝမ်းမှန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။

ကိုယ်လက်လှုပ်ရှားမှု ရှိတယ်🏃
====================
အသားအရေကြည်လင်သူလေးတွေက ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်တတ်ကြပါတယ်။ သူတို့လေးတွေက အများကြီး မဟုတ်ရင်တောင် တစ်ပတ်မှာ အနည်းဆုံး ၃ နာရီနဲ့ အထက် ကိုယ်လက်လှုပ်ရှားမှုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ပေးတာက ချွေးနဲ့အတူ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကလည်း အသားအရေကြည်လင်စေတဲ့ အချက်တွေထဲက တစ်ခုပါ။

အိပ်ရေးဝဝ အိပ်ကြတယ်💤
===================
အသားလေးကြည်နေတယ်ဆို မေးကြည့်လိုက် သူတို့လေးတွေက မစားရရင်နေနိုင်တယ်၊ မအိပ်ရရင် မနေနိုင်ဘူးဆိုတဲ့ သူလေးတွေများတယ်။ အကြောင်းကတော့ အိပ်ရေးဝတာက အသားအရေကို အများကြီးအထောက်အကူပြုလို့ပါပဲ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ဝမှုက အရေပြားပြဿနာကင်းစေပြီး အသားအရေကို ကြည်လင်စေမှာပါ။

အချိုများတာတွေ မစားပါဘူး🍬🍭
====================
သကြားအစားများတာက အရေပြားကို ထိခိုက်စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ချင်တယ်ဆိုရင် သကြားလျှော့စားပါ။ အချိုများတာတွေ၊ အချိုရည်တွေကို ရှောင်ပါ။

ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားကြတယ်✅
========================
အသားအရေကိုကြည်လင်စေတဲ့အချက်တစ်ခုက ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားတာပါ။ တစ်ပတ်ကိုတစ်ကြိမ်လောက် ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးတာက အသားအရေကို ကြည်လင်စေမယ့် လျှို့ဝှက်ချက်တစ်ခုပါ။

Hellosayarwon.comမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။🤍

Photos from Rechal's shop's post 17/01/2022

မမေ့ကြနဲ့နော်🥺🤍lip care ဖို့

12/01/2022

Vaseline နဲ့♥️အလှပရေးရာ

🖤မျက်တောင်✨☔

ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။

မိက်တောင်ရှည်ပြီးကော့စေပါတယ်

🖤မျက်ခုံးမွေး☔

မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။

🖤လက်သည်းအိမ်☔

Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသားအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်

🖤မိတ်ကပ်ဖျက်ခြင်း☔

Eye Liner, Eye Shadow နဲ့ နှုတ်ခမ်းနီတွေ ပေကပ်ကပ်နဲ့ မျက်နှာပေါ်က မခွာချင် ဖြစ်နေပြန်ပြီလား? Vaseline ကို Cotton Pad လေးပေါ် တင်ပြီးသုတ်ပေးလိုက်ရင်ရပါပီ

🖤ဆားဝက်ခြံ☔
Vaseline ထူထူလေးသာ ဆားဝက်ခြံရှိတဲ့အပေါ်လိမ်း၊ ပလတ်စတစ်ခုနဲ့ကပ်၊ အပေါ်ကရေနွေးငွေ့ပေးထားတဲ့ အဝတ်စလေးအုပ်၊ ၁၅ မိနစ်လောက်ထားပြီး Vaseline တွေဖယ်ပစ်လိုက်ရင် Blackhead တွေပါ ပျောက်ပါတယ်

🖤နှုတ်ခမ်း☔

စိုစိုအိအိနဲ့ စွဲမက်စရာနှုတ်ခမ်းလေးရဖို့ကလည်း Vaseline နဲ့ သကြားပဲလိုတာပါ။
၂ ခုကို ဆတူရောပြီး ၂ မိနစ်လောက် နှုတ်ခမ်းပေါ်မှာ ပွတ်ပေးလိုက်ရင် စိုစိုအိအိနှုတ်ခမ်းလေးရပါပီ

🖤ရေမွှေး☔

အနံ့ကြိုက်တဲ့ ရေမွှေးလေးမို့ ကြာကြာခံအောင်သုံးချင်ရင် Vaseline လေးကို အပူပေး၊ ရေမွှေးလေးကို Vaseline ပမာဏအလိုက် သင့်လျော်သလိုရောပြီး ပြန်အအေးခံထားလိုက်ရင် ဘယ်အချိန်မဆို အလွယ်တကူလိမ်းထားလို့ရတဲ့ စိတ်ကြိုက်အနံ့နဲ့ Cream လေးဖြစ်လာမှာပါ😇

🖤တင်ပါး☔

ဆန်မှုန့်ညက်ညက်နဲ့ Vaseline ကို နှံ့စပ်အောင်နယ်ပြီးတော့လည်း တင်ပါးအတွက် Scrub အဖြစ်သုံးလို့ရပါသေးတယ်။
ရလဒ်ကတော့ အကြောပြတ်ရာတွေသက်သာပြီး အသားအရေကိုချောမွေ့ပြေပြစ်စေကာ၊ တင်ပါးမှာ ဖြစ်တတ်တဲ့ အဖုတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ

🖤ခြေဖနောင့်☔

ခြေဖနောင့် အသားမာတက်တဲ့အခါ Vaselineလိမ်းပြီး နူးညံ့တဲ့ခြေဖဝါးလေးကို ပြန်လည်ရယူနိုင်ပါတယ်

Myanmar Beauty Center

09/01/2022

ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းစေဖို့ သဘာဝနည်းလမ်းများ🤍

၁။ ရေခဲကပ်ပေးပါ။ ရေအေးဟာ ချွေးပေါက်တွေကို ကျဉ်းစေပြီး ရေနွေးကတော့ ပိတ်နေတဲ့ချွေးပေါက်တွေကို ပွင့်စေပါတယ်။ ထို့ကြောင့် ကြက်သီးနွေးရေနှင့် အရင်မျက်နှာသစ်ပြီး ပိတ်နေတဲ့ချွေးပေါက်ကို ဖွင့်ပေးပါ။ ပြီးလျှင် ဆပ်ပြာနှင့် မျက်နှာသစ်ပါ။ ကြက်သီးနွေးရေနှင့် ဘဲပြန်ဆေးချပါ။ ထို့နောက် ရေသန့်ရေအေး ယူ၍ ချွေးပေါက်ကျယ်တတ်တဲ့နဖူး၊ နှာခေါင်းနှင့် ပါးမို့နေရာတွေကို စက္ကန့် ၂၀ စီလောက်ကပ်ပေးပါ။

၂။ အနှစ်ဖယ်ထားသော ကြက်ဥအကာရေ သီးသန့်ကို ဂွမ်းလေးနဲ့ မျက်နှာအနှံ့သုတ်လိမ်းပေးပါ။
ပြီးရင် တစ်သျှူးပါးပါးလေးကပ်ပေးပါ။ မိနစ် ၂၀ လောက်ကြာရင် တစ်သျှူးခြောက်ပြီး တင်းလာတဲ့အခါမှာ အချပ်လိုက်ခွာချလိုက်ပါ။ ဒီနည်းဟာ အသားအရေအတွင်းထဲအထိ သန့်စင် ပေးတာကြောင့် ဆားဝက်ခြံနဲ့ အညစ်အကြေးတွေကို လုံးဝပြောင်စင် သွားစေပါတယ်။

၃။ ပျားရည်နဲ့ ဒိန်ချဉ်စစ်စစ်ကိုရောပြီး မျက်နှာအနှံ့လိမ်းပါ။ မိနစ်အနည်းငယ်ထားပြီး ရေအေးနှင့် ပြန်ဆေးချပါ။ ပျားရည်က ပိုးသေစေပြီး အနာမြန်မြန်ကျက်စေတယ်။ ဒိန်ချဉ်က ချွေးပေါက်အတွင်းထိ သန့်စင်ပေးနိုင်တယ်။ တစ်ပတ် (၂) ကြိမ် သုတ်လိမ်းပေးပါ။

၄။ ထောပတ်စစ်စစ်နှင့် ဆား(သို့) သကြား တို့ကို ခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကို ပုံပေးပါ။ ဒီနည်းက ချွေးပေါက်ပိတ်တာကို ပွင့်စေပြီး သေးငယ်သွားစေပါတယ်။

၅။ ကြက်သွန်ဖြူ (၂) လုံး (၃)လုံးနဲ့ ခရမ်းချဉ်သီးတစ်ဝက်ကိုရောပြီး အရေဖြစ်အောင်မွှေပါ။
ချေပါ။ပြီးလျှင်မျက်နှာပေါ်တွင် (၁၅) မိနစ် လောက်ထားပြီး ပြန်ဆေးချပါ။

၆။ ဆလပ်ရွက် လတ်လတ်ဆတ်ဆတ်ကို ခြေပြီး အရည်ညှစ်ပါ။ သံပုရာရည်နှင့်ရောပါ။ ဆလပ်ရည် တစ်ဇွန်းကို သံပုရာရည် ၁-၂ စက်သာထည့်ပါ။ မျက်နှာပေါ်တွင် မိနစ် ၂၀ ခန့်ထားပြီး ရေဆေးချပါ။ ချွေးပေါက်ကျယ်လာခြင်းဟာ ဝက်ခြံ၊ ဆားဝက်ခြံတို့ရဲ့
အရင်းမြစ်ဖြစ်ပါတယ်။

အပေါ်က နည်းလေးတွေကို စိတ်ရှည်ရှည်သုံးကြည့်ပါ။ ချွေးပေါက်တွေလုံး၀ မကင်းစင်စေပေမယ့် တကယ့်ကို သိသိသာသာ ကျဉ်းစေမှာပါ

Photos from Rechal's shop's post 05/01/2022

ကဲ့ ငယ်တို့ကိုယ့် skin typeတွေကိုသိကြပြီလား🤍

Photos from Rechal's shop's post 01/01/2022

မဂ်လာပါရှင့်🥺🤍 မင်မင့်page လေးကိုခုလိုမျိုးလေးဖေးမကူညီပေးတဲ့သူတိုင်းက်ုကျေးဇူးတင်ပါတယ်ရှင့်အရမ်းကိုအားဖြစ်စေပါတယ်ကျေးဇူးလဲတင်ပါတယ်ရှင့်🤍

01/01/2022

ဖုန်းဘေမဲဖောက်ပေးမယ် ငယ်တို့ မင်မင်ကိုတိုင် live မှာပါပါတယ်နော် page ထဲဝင်ကြည့်လိုက်နော်ချစ်တို့

Culinary Team

Attire

Telephone

Website

Address


Thingangyun

Alerts

Be the first to know and let us send you an email when Rechal's shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Thingangyun.