SSS JADE
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SSS JADE, Health/Beauty, 239. Ngamoeyeik 8th Street Thingangyun. Yangon., Yangon.
04/04/2023
ကျောက်စိမ်း ဝတ်ဆင်ခြင်း ၏ အကျိုးကျေးဇူးများ
ကျောက်စိမ်းသည်ရှေးလွန်ခဲ့သောနှစ်ပေါင်းများစွာမှစ၍ကံကောင်းခြင်းနှင့်ပျော်ရွှင်ခြင်းကိုကိုယ်စားပြုသည့်ကျောက်မျက်အဖြစ်တရုတ်လူမျိုးများသတ်မှတ်ခဲ့ပြီးကမ္ဘာတစ်ဝှမ်းတွင်လက်ဝတ်ရတနာအဖြစ်ပြုလုပ်မှုအများဆုံးကျောက်မျက်တစ်ခုဖြစ်သည်။
***ကျောက်စိမ်းသည်ကွဲရှထိခိုက်ဒဏ်ရာများအတွက်လည်း အနာကျက်မြန်စေသည့်စွမ်းအင်ရသည်ဟုယုံကြည်ကြပြီး လူ့ခန္တာကိုယ်တွင်းရှိ သရက်ရွက် ၊ကျောက်ကပ် ၊ ဆီးအိမ် ၊ အရိုး စနစ်တို့ကိုလည်းအားကောင်းစေပါသည်။
***မျိုးပွားမှုအတွက် ဟောမုန်းမညီမျှမှုကိုလည်းထိန်ညှိပေးနိုင်သည်။
***ညစဥ်အိပ်မက်ဆိုးများမက်ခြင်းမှကာကွယ်ပေးနိုင်သလိုမကောင်းသောအနှောက်အယှက်များ၊ နတ်ဆိုးများ အန္တရာယ်များမှလည်းစောင့်ရှောက်ပေးနိုင်သောအစွမ်းရှိသည်ဟုယုံကြည်ကြသည်။
***ကျောက်စိမ်းသည်ခက်ခဲသောအခြေအနေများကိုအလွယ်တကူကျော်ဖြတ်စေနိုင်သည့်တည်ငြိမ်အေးချမ်းမှုကိုဆောင်သောကျောက်မျက်တစ်ခုလည်းဖြစ်သည်။
***ကျောက်စိမ်းသည် စိတ်ပိုင်းဆိုင်ရာကုထုံးတစ်ခုအနေဖြင့်လဲအသုံးဝင်ပြီး မိမိကိုယ်ကိုချစ်ခြင်း၊ မိမိကိုယ်ကိုလက်ခံခြင်း၊ ရင့်ကျက်တည်ငြိမ်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကိုကိုယ်စားပြုသောကျောက်တမျိုးဖြစ်သည်။
***ဗေဒင်နှင့် လောကီပညာ ရှုထောင့်များအနေနှင့်လည်း မိမိအိမ်အတွက် ကံကောင်းခြင်းနှင့် စည်းစိမ်ဥစ္စာတွေယူဆောင်လာစေရန် ကျောက်စိမ်းပြုလုပ်ထားသောပစ္စည်းတစ်ခုခုကို အိမ်၏အရှေ့တောင်ထောင့်အရပ်တွင်ထားသင့်သည်ဟုဆိုကြသည်။ ထိုသို့ထားခြင်းဖြင့်အစောင့်အရှောက်များရရှိစေသည်ဟုတရုတ်ရိုးရာဓလေ့ထုံးစံတစ်ခုအနေဖြင့်ဖော်ပြထားကြသည်။
Category
Website
Address
239. Ngamoeyeik 8th Street Thingangyun. Yangon.
Yangon
Alerts
Be the first to know and let us send you an email when SSS JADE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
