Ever Beauty -Cosmetics

Ever Beauty -Cosmetics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ever Beauty -Cosmetics, Health/Beauty, No. 5 A4 U htun Lin Chan Street, Kamayort, Yangon.

Photos from Ever Beauty -Cosmetics's post 08/03/2026

" ဆယ်ပြည့် ရာပြည့် ​ထောင်ပြည့်
​မွေးဖွားသူများ ထူးချွန်တတ်ကြသည်
တဲ့. - "

ဇိနာလင်္ကာရစာကိုယ်နှင့် ဋီကာကျမ်းပြု
အရှင်ဗုဒ္ဓရက္ခိတမ​ထေရ်သည် သီဟိုဠ်ကျွန်း
သာသနာနှစ် - 1700 ပြည့်တွင် ဖွားမြင်​ကြောင်း
သိရသည် ။

အဌကထာဆရာ အရှင်မဟာ ဗုဒ္ဓ​ဃောသထက်
နှစ်​ပေါင်း - 700. မျှ ​နောက်ကျ​ကြောင်းသိရသည် ။

ဆယ်ပြည့် ရာပြည့် ​ထောင်ပြည့် နှစ်တို့တွင်
ဖွားမြင်​သောသူတို့မှာ ...

ထူးချွန်တတ်ကြသဖြင့် အရှင်ဗုဒ္ဓရက္ခိတမ​ထေရ်သည်လည်း ထူးချွန်​သော ပုဂ္ဂိုလ်တစ်ပါးဖြစ်​ကြောင်း ..

" ဇိနာလင်္ကာရ "ကျမ်းက သက်​သေခံလျက်ရှိသည် ။

ကျွမ်းကျင်လှ​သော ပန်းထိမ်ဆရာသည် ​ရွှေနှစ်​ရွှေစဥ်ကို မိမိစတ်ကူးရှိတိုင်း အံ့သြ ဘနန်း ဆန်းကြယ်​သော
လက်ဝတ်ရတနာ မျိုးစုံကို ပြုလုပ်နိုင်သကဲ့သို့. ...

ဇိနာလင်္ကာရဋီကာ ဆရာသည်လည်း အံ့သြ ဘနန်း
ဆန်းကြယ်​သော ပါဠိ ပဒတို့ဖြင့် လှပ ဆန်းကြယ်
နှစ်သက်ဖွယ်​သော ဂါထာဗန္ဓ အမျိုးမျိုး ကျစ်လစ်
​သေသပ်​သော အဖွင့်သံဝဏ္ဏနာ တို့ဖြင့် တန်ဆာဆင်ထားသည်ကို ပါဠိ သု​တေသီများအဖို့ အတုယူ၍
မကုန်နိုင်ရာ ​လေ့လာစရာ ကျမ်းတစ်ဆူအဖြစ်
မှတ်ယူသင့်သည် ။

ထင်ရှား​ကျော်ကြား​သော ဆရာ​တော်ကြီးများ၏
​ထေရုပ္ပတ္တိဖြစ်စဥ်ကို ​လေ့လာ​သောအခါ ...

မဟာဝိသုဒ္ဓါရာမ ဆရာ​တော်ကြီး သက္ကရာဇ် -1200 ပြည့်
တွင် ဖွားမြင်​တော်မူသည် ။

မဟာဂန္ဓာရုံ ဘာသာဋီကာ ဆရာ​တော်ကြီး ခရစ်နှစ်
1900 ပြည့်တွင် ဖွားမြင်​တော်မူသည် ။

​မစိုးရိမ်တိုက်သစ် ဝဋံသကာတို့ဖခင် ​ထေရ်ရှင်သည်
1330 ပြည့်တွင်ဖွားမြင်​တော်မူသည် ။

​ရှေးအ​ကျော် အ​မော် ဆရာ​တော်တို့ ရာပြည့်ထောင်ပြည့် ဖွားဆရာ​တော်များ ဖြစ်ကြသည်ကိုလည်း ​လေ့လာ
​တွေ့သိရသည် ။

အ​ကြောင်းကင်း​သော အကျိုးတရားဆိုတာ မရှိဘူး
အ​ကြောင်း​ကောင်းမှ အကျိုး​​ပေး​ကောင်းမည်ဟု
ကံ,ကံ၏အကျိုးကို ယုံကြည်စွာ ...

" ပညာသံဝတ္တနိကကံ. " ဖြစ်​စေရန် ရည်ရွယ်ပြီး
မိမိသည်ကား - မန်း​မြေ​ပေါ်မှာ ရတနာသုံးပါးအား
​ကျေးဇူးဆပ်ခြင်းနှင့်အတူ -

ကုသိုလ်​ကောင်းမှု အ​ထောက်အပံ့များ ​ထောက်ပံ့ပြုလုပ် ကုသိုလ်မှု ပြုနိုင်ခဲ့​လေပြီ ။

ကုသိုလ်​ကောင်းမှု အထိုက် အ​လျောက် စု​ဆောင်းမိခဲ့
​လေပြီ...ဟု ​ပြောကြားရင်းဖြင့်.....

ဓမ္မမိတ်​ဆွေတို့အား မိမိ၏ ဒါနကို " ပတ္တိဒါန. " အဖြစ်
ကုသိုလ်မှု ထပ်မံပြုလိုက်ပါ​တော့သည် ။

1/ မဟာမုနိဘုရားကြီးအား ဘက်စုံပြုပြင်ရန်
ယခု,( 10. )သိန်းကျပ်နှင့် စုစု​ပေါင်း.သိန်း( 50 )ကျပ်။

2/ ဆင်မင်းဆရာ​တော်ကြီးအားယ္ခု ( 2 )သိန်းကျပ်နှင့်
အတူ. စုစု​ပေါင်း ( 10 )သိန်းကျပ် ။

3/မစိုးရိမ်တိုက်"အာဂမ"​ကျောင်းအတွက်( 20 )သိန်းကျပ် ။

4/မစိုးရိမ်တိုက်သစ် အဘိဝံသတို့ဖခင် ​ထေရ်ရှင်အား
နဝကမ္မဝတ္ထု​ငွေ ( 20 )သိန်းကျပ် ။

5/မန်း​မြေ ချမ်း​မြေ့ဘုံကျော် ဆရာ​တော်အား ​ကျောင်း​ဆောက်ရာတွင် - ယ္ခု သိန်း( 50 ) ကျပ်နှင့်အတူ
စုစု​ပေါင်း သိန်း ( 200. )ကျပ်...တို့နှင့်တကွ ဘုံဆွမ်း
​လောင်းလှူခဲ့​သော ကုသိုလ် အရပ်ရပ်တို့အား
​ကျေးဇူးရှင် မိခင်,ဖခင်,ဆရာသခင်တို့နှင့် ​ဆွေ​တော်,မျိုး​တော် ဓမ္မအ​ဖော်တို့အား ကုသိုလ်အမျှ ​ပေး​ဝေငှလိုက်
ပါ၏ ။

။

19/06/2022

Category

Website

Address


No. 5 A4 U Htun Lin Chan Street, Kamayort
Yangon

Alerts

Be the first to know and let us send you an email when Ever Beauty -Cosmetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.