The Note of Fragrances
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Note of Fragrances, Beauty, cosmetic & personal care, Yangon.
28/11/2022
Hello !!!! အသဲတို့ရေ
ဒီနေ့ Sharing လုပ်ပေမဲ့ Fragrance လေးကတော့
Original Eternal Love Blue for Women
ဘဝမှာ ရေမွှေးကြိုက်သွားခြင်းရဲ့ အချစ်ဦးက ဒီရေမွှေးလေးပဲ
Admin ရဲ့ အစ်မ Singapore ကနေပြန်လာတုန်းက လက်ဆောင်ပေးတာနဲ့ သုံးကြည့်ရင်း ကြိုက်သွားခဲ့တာပါ
ဗူးကတော့မရှိတော့လို့ ပုံက Saveပြီးတင်ထားတာပါ
ကိုယ်က ငယ်ငယ်ကနေ အဲ့ Perfume စမသံုးခင်ထိက Decent ဗူးလေးတွေတောင်ဝယ်မသုံးဖူးဘူး
ခန္ဓာကိုယ်ပေါ်မှာ အခြားအနံ့လေးတွေ ကပ်နေတာမျိုးမကြိုက်ဘူး အလွန်ဆုံး Body Lotion အနံ့လောက်ပဲ သင်းသင်းလေးရရုံဆိုတော်ပြီ
အစ်မက လက်ဆောင်ပေးတော့ မသုံးဖြစ်သေးဘူး နှစ်လသုံးလလောက်ထိသိမ်းထားတာ
ဗူး structure က ပုံမှန်လေးပဲ သိပ်မထူးဆန်းဘူး
ဒါပေမဲ့ အနံ့ရဲ့ Long Lasting က နော် စွတ်ထားမိတဲ့ င်္အကျီမလျှော်မချင်း ကို စွဲကျန်နေတာ
Floral ပန်းအနံ့တွေ အဓိက ထားထုတ်ထားတာဆိုတော့ မရိုင်းဘူး
ဒါပေမဲ့ စွတ်စွတ်ချင်း First Noteမှာတော့ အနံ့ခပ်ပါးပါးလေးပြင်းသလိုရှိပေမဲ့ ၁၅မိနစ်အတွင်းအနံ့က ငြိမ်သွားတယ်
Second note မှာလည်း Performanceကောင်းတယ်
အနံ့မအီသွားပဲ Freshဖြစ်တဲ့ scent ကိုပေးတယ်
ပြီးတော့ Last Noteအထိ အနံ့ကျန်နေတဲ့ performance က နာမည်ကြီးတံဆိပ်တွေနဲ့ကို ယှဉ်လို့ရတယ် အဲ့တာက အကြိုက်ဆုံးအချက်ပဲ
သူက USA Madeဖြစ်ပေမဲ့ အနံ့က မစူးရှဘူး
မိန်းကလေးတွေအတွက်တော်တော် အဆင်ပြေတဲ့ အနံ့မျိုး လေး
အခုချိန်ဝယ်မယ်ဆိုရင်တော့ Singapore တို့ Malaysiaတို့မှာပဲ ရှိလောက်တော့မယ်
USA website တွေမှာလည်းရောင်းတာတော့တွေ့ပါတယ်
မြန်မာနိုင်ငံမှာတော့ ရှာကြည့်သေးတယ် မတွေ့ဘူး
ရှိရင်လည်းရှိမှာပေါ့နော် တော်ရုံရှာမတွေ့လို့ပါ
သူ့ကိုစွတ်ဖို့ဆိုရင် နှစ်ဆယ်ကျော် အမျိုးသမီးလောက်မှ စစွတ်ဖို့ အကြံပေးချင်တယ်
အရမ်းငယ်သေးတဲ့ မိန်းကလေးတွေနဲ့ကျ သိပ်မလိုက်ဘူး
အနံ့က တစ်ဖက်လူ ဘေးနားလာထိုင်တဲ့သူကို Feminine Energy တွေနဲ့ ဆွဲဆောင်စေတဲ့ အနံ့မလို့
Dateတွေမှာ စွတ်ဖို့ရွှေးချယ်စရာ တစ်ခုအဖြစ်စဉ်းစားလို့ရပါတယ်
တစ်ခုပြသာနာက ရွှေရောင်အဖုံးလေးက သံုးနေရင် ၃/၄ပုံလောက် ကုန်ခါနီးမှာ ကွဲလာပါတယ်
ပြန်ပြန်ဖုံးရင်ချောင်ပြီး တည့်တည့်ပဲထောင်ထားမှ
ရတာပါ နဲနဲစောင်းတာနဲ့ အဖုံးက autoကျွတ်လာတာပါ
အနံ့ leaking ဖြစ်ပြီး performance ကျသွားတာတော့မရှိပါဘူး
စျေးကတော့ အခု website စျေးဆိုရင် 100MLကို
တစ်သိန်း နှစ်သောင်းကနေ တစ်သိန်းခွဲ ဝန်းကျင်ထိရှိပါတယ်
နာမည်ကြီး brand တွေထက် စျေးအများကြီးသက်သာပေမဲ့ တစ်သိန်းကျော်ဝန်းကျင်နဲ့ 100mlဆိုတော့ ကိုယ်တော့ 2 years ကျော်လောက်သုံးရလို့တန်ပါတယ်
Personal Rating အရဆိုရင် 3/5 ပေးပါတယ်
Long Lasting .⭐️⭐️⭐️⭐️⭐️
Scent Performance.⭐️⭐️⭐️⭐️
Price.⭐️⭐️⭐️
Bottle Design &Packaging ⭐️⭐️⭐️
ကဲ အသဲလေးတို့ထဲက သုံးဖူးတဲ့ သူတွေလည်း Comment မှာ အတွေ့အကြုံလေးဝေမျှသွားပါအုံးနော် 😊🤍
28/11/2022
မင်္ဂလာပါ အသဲလေးတို့ရေ ❤
ဒီpageလေးကနေပြီးတော့ ရေမွှေးကြိုက်တဲ့ သူတွေအတွက် ကိုယ်ကိုတိုင်သုံးဖူးတဲ့ရေမွှေးလေးတွေအကြောင်းကို Knowledge Sharing လုပ်ပေးသွားမှာဖြစ်ပါတယ် 😍
နောက်နေ့တွေကျရင်လည်း Admin သုံးနေတဲ့ ရေမွှေးလေးတွေထဲကနေ giveaway လေးတွေ ပေးသွားမှာမလို့ Public နဲ့ Like & Shareလုပ်ပေးကြပါအုံးနော်
😊😊
Love you nawww….🤍
Category
Website
Address
Yangon
11081
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 00:15 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when The Note of Fragrances posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
