Rose Beauty Resort
Fair price with 100 % authenticity is our trademark
30/09/2026
✨ Dentiste' Plus White Toothpaste (Extra Strong Mint) ✨
‼️50g-14500‼️
✅ ခံတွင်းနံ့ဆိုးတာကြောင့် ယုံကြည်မှု လျော့နည်းနေတဲ့သူလေးတွေ သုံးကြည့်သင့်တာလေး
✅ ခံတွင်းနံ့ဆိုးတာလည်း ပျောက်၊ သွားလေးတွေပါ သိသိသာသာ ဖြူဝင်းလာချင်ရင်တော့ ဒီသွားတိုက်ဆေးလေးကို သုံးကြည့်ပါရှင့်
✅ သူကခံတွင်းနံ့ဆိုးထွက်ခြင်းကို ထိရောက်စွာ ပျောက်ကင်းစေပြီး တစ်နေကုန် ခံတွင်းကို လန်းဆန်းစေပါတယ်
✅ သွားများကို သိသိသာသာ ပိုမို ဖြူဝင်းလာစေပြီး
Extra Strong Mint မို့ တိုက်လိုက်ရင် လန်းဆန်းအေးမြတဲ့ ခံစားချက်ကို အပြည့်အဝ ရရှိစေပါတယ်
30/09/2026
‼️ Maybelline lumimatte foundation ‼️
✅ Instock -53000
👉သူ့ရဲ့ ထူးခြားချက်တွေကတော့ -
Up to 30H ကြာရှည်ခံပြီး Coverage ကောင်းမွန်တာကြောင့် တစ်နေကုန် မပျက်ဘဲ လှနေစေပါတယ်🥰
👉Lumi-Matte Finish လေးမို့ လိမ်းလိုက်ရင် မာတောင့်တောင့်ကြီး မဖြစ်ဘဲ သဘာဝအတိုင်း ဝင်းပကြည်လင်တဲ့ Skin Finish လေးကို ရရှိစေပါတယ်
👉SPF 16 ပါဝင်လို့ နေ့စဉ်သုံးဖို့အတွက်လည်း အလွန်အဆင်ပြေပါတယ်
👉ပေါ့ပါးပြီး အဆီပြန်တာကိုလည်း ထိန်းပေးလို့ သုံးရအဆင်ပြေတဲ့ Foundationလေးပါရှင့်🥰
✨ Available Shades✨
110
120
128
220
228
30/09/2026
‼️Mary & May eye cream ‼️
✅ Instock-16000
👉ညဘက်ကျရင် အရမ်းဂိမ်းဆော့တဲ့သူတွေ၊ဇာတ်ကားကြည့်တဲ့သူတွေ အိပ်ရေးပျက်ပြီးမျက်ကွင်းညိုနေပြီဆိုရင် သုံးကိုသုံးသင့်တာလေး
👉 Tranexamic+Glutathione ပါဝင်တာကြောင့် အသားရည်ကိုညီစေပြီး၊မျက်လုံးအောက် အရေးကြောင်းဖြစ်ခြင်း၊အရေပြားတွဲကျခြင်းတို့ကို ထိထိရောက်ရောက်သက်သာစေပါတယ်ရှင့်
👉သူရဲ့textureလေကမပြစ်မကျဲလေးနဲ့ lightweightဖြစ်ပါတယ်ရှင့်
👉screen timeများပြီးညဘက်အိပ်ရာဝင်နောက်ကျလို့ မျက်ကွင်းညိုခြင်းအပြင် မွေးရာပါမျက်ကွင်းမဲတဲ့သူတွေပါ သိသိသာသာသက်သာလာစေပါတယ်ရှင့်
29/09/2026
‼️ Oriental princess under arm care pure
White cream ‼️
✅Price-21000
✅သူ့ရဲ့ အနံလေးက မွေးလို့ ဂျိုင်းချွေးနံ့လဲ မနံဘူး၊ဂျိုင်းလည်းဖြူလာလို့ဆိုပြီးreviewများတဲ့ဟာလေး
✅ ဂျိုင်းချွေးထွက်များတာကိုလဲ ထိန်းပေးပါတယ်
✅ sensitive skin တွေပါသုံးလို့ရပါတယ်ရှင့်
29/09/2026
✅ Instock -15000
28/09/2026
✨ Vaseline Healthy Bright SPF 50+ Extra Cooling Serum ✨
✅155ml-18500
💜SPF 50+ PA++++ ပါလို့ UV နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
💙 Extra Cooling ဖြစ်လို့ လိမ်းလိုက်ရင် အေးမြလန်းဆန်းတဲ့ feeling ရရှိစေပါတယ်။
✨ Serum type ဖြစ်တာကြောင့် ပေါ့ပါးပြီး နေ့စဉ်အသုံးပြုဖို့အဆင်ပြေပါတယ်။
🌞 အပြင်သွားသူ၊ နေပူထဲအလုပ်လုပ်ရသူတွေအတွက် အထူးသင့်တော်တာလေးပါရှင့်
28/09/2026
✨ Revlon 2way Powder (New Complexion version)✨
✅ Instock -21500
အဆီပြန်တာကို ထိန်းပေးပြီး အစိုဓာတ်ကို ဖြည့်ပေးတယ်
အရေးကြောင်းတွေကို သက်သာစေပြီး မျက်နှာကိုဖြူဝင်းကြည်လင်စေပါတယ်
SPF 35 PA+++ ပါဝင်လို့ နေရောင်ခြည်ဒဏ်ကနေလည်း အပြည့်အဝ ကာကွယ်ပေးပါတယ်ရှင့်
✨ အသားအရောင်အလိုက် ရရှိနိုင်သော Shade များ -
Ivory Beige: အဝါဖောက် (Warm/Yellow Undertone) – အသားဖြူ/ဝါသူများအတွက်
Tender Peach: ပန်းဖောက် (Cool/Pink Undertone) – အသားလတ်/ပါးပန်းရောင်သန်းချင်သူများအတွက်
Medium Beige: အဝါဖောက် (Warm/Yellow Undertone) – အသားလတ်/ညိုသူများအတွက်
28/09/2026
🌿 Glad2Glow Centella Soothing Gel Moisturizer 🌿
✅55g-28000
ဝက်ခြံနဲ့ အဆီပြန် အသားအရေပိုင်ရှင်တွေအတွက် မရှိမဖြစ် ဆောင်ထားရမယ့် Gel Moisturizer လေးပါရှင့် ✨
🌱 ဝက်ခြံကြောင့် နီမြန်းယောင်ယမ်းတာ အမြန်ဆုံး သက်သာစေတယ်
🌱 Gel Type လေးမို့ လိမ်းရတာ အေးအေးလေးနဲ့လိမ်းလို့ကောင်းတာလေး
🌱 အဆီပို ထိန်းပေးလို့ ဝက်ခြံထပ်မထွက်အောင် ကာကွယ်ပေးပါတယ်ရှင့်
27/09/2026
အမျိုးသမီးတို့ရေ ဒီနေ့တော့ ဈေးသည်မလေး ဈေးမရောင်းပဲ ရေးချင်တာလေးတွေနည်းနည်းတင်ပါမယ်ရှင် ဒီရက်ပိုင်း ကိုယ်တိုင်လဲ ခံစားနေရတာလေးတစ်ခုပါ အသက်ကစကားပြောလာပြီဆိုတဲ့စကားလေးခဏခဏကြားနေရင်းနဲ့ တွေးမိတာလေးပါ🌸
အသက်အရွယ်ဆိုတာလေ အလှတရားကို မိန်မှေးသွားစေတဲ့ ကိန်းဂဏန်းတစ်ခု မဟုတ်ဘူးလို့ ယုံကြည်တယ်။ တကယ်က အချိန်နဲ့အမျှ ရင့်ကျက်လာပြီး ပိုလို့တောင် အဓိပ္ပာယ်ရှိလာတဲ့ ခရီးစဉ်တစ်ခုလို့မြင်တယ်။
ဆယ်ကျော်သက်အရွယ်တုန်းက လန်းဆန်းတက်ကြွတဲ့ သဘာဝအလှတရားတွေရှိခဲ့သလို… ၂၀ ကျော်အရွယ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ပေါ်ထွက်လာတဲ့ ယုံကြည်မှုအလှတရားတွေ ရှိခဲ့ဖူးမှာပါ။
၃၀ ကျော်လာတဲ့အခါ အသားအရည်ရဲ့ ပြောင်းလဲမှုအချို့နဲ့ အရေးအကြောင်းလေးတွေ ပေါ်လာနိုင်ပေမဲ့ ဒါတွေဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို အောင်မြင်စွာ ရင်ဆိုင်နိုင်ခဲ့ကြောင်း ပြသနေတဲ့ "ဂုဏ်ယူစရာ အမှတ်အသားလေးတွေ" ပဲ လို့သတ်မှတ်ဖြစ်ပါတယ်။
၄၀၊ ၅၀ နဲ့ အသက်အရွယ်အပိုင်းအခြား တိုင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အငွေ့အသက်၊ ကိုယ်ပိုင်အလှတရားနဲ့ ငြိမ်းချမ်းမှုတွေ အပြည့်ရှိနေဆဲပါ။
အမျိုးသမီးဆိုတာ ခံစားလွယ် စိတ်ထိခိုက်လွယ်တဲ့ သဘာဝရှိကြလို့ မျက်နှာပေါ်က ပြောင်းလဲမှုလေးတွေ၊ ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲလေးတွေကြောင့် စိတ်အားငယ်မိတာ၊ စိတ်ညစ်မိတာမျိုး ဖြစ်တတ်တာ သဘာဝပါပဲ။
ဒါပေမဲ့ စိတ်မညစ်ပါနဲ့နော်… "ပြောင်းလဲလာတာတွေဟာ အိုမင်းသွားတာမဟုတ်ဘဲ ပိုပြီး ရင့်ကျက်လှပလာတာ" လို့ တွေးကြည့်ပေးပါ။
💕ကိုယ်ကိုယ်တိုင်ကို မြတ်နိုးပါ၊ ဂရုစိုက်ပါ၊
💕အချိန်တိုင်းမှာ ပျော်ရွှင်စွာနဲ့ သဘာဝအတိုင်း လှပနေခွင့်ပေးပါ။
မိန်းကလေးတိုင်းဟာ ဘယ်အသက်အရွယ်မှာမဆို လှပပိုင်ခွင့်ရှိပါတယ်။
ခေတ်ပေါ်စတိုင်လ်တွေ နောက်ကို အမီလိုက်နေစရာမလိုဘဲ ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်လ်၊ ကိုယ် စိတ်ချမ်းသာတဲ့ အလှတရားနဲ့ပဲ ပုံဖော်လိုက်ပါ။
ဒီနေ့ကစပြီး ပြောင်းလဲမှုတွေကို စိတ်မညစ်ဘဲ မြတ်နိုးစွာ လက်ခံပေးလိုက်ပါ။
သင်ဟာ ဘယ်အရွယ်မှာမဆို သူ့နည်းသူ့ဟန်နဲ့ အလွန်ကို လှပတောက်ပနေတဲ့ အမျိုးသမီးတစ်ယောက်ပါပဲဆိုတာ အမြဲသတိရနေပါနော်။ 🌸💖 ✨🌹
#အမျိုးသမီးများအတွက် #အလှတရား
ပါးပြင်လေးကို ပန်းရောင်သန်းပြီး glowလေးနဲ့လှချင်သူလေးတွေအတွက်🥰
✅ Instock -37000
Category
Contact the business
Telephone
Website
Address
No. (14/First Floor), Nilar Street, Kyike Ka San Ward, Bahan
Yangon
Alerts
Be the first to know and let us send you an email when Rose Beauty Resort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
