Snow Fashion Plaza

Snow Fashion Plaza

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Snow Fashion Plaza, Beauty, cosmetic & personal care, Yangon.

03/11/2025

သွေးမထွက်ဘူးဆိုတိုင်း
ဝေဒနာမရှိတာမှ မဟုတ်ပဲ ...

ငါပြောဖူးပါတယ်
“ မအော်တဲ့ ဒဏ်ရာတွေက ပိုနက်တယ် "
ဆိုတာမျိုးပေါ့

မျက်ရည်သံပါတဲ့ ဟာသတွေက ပိုရယ်ရပါတယ် . . .

- ကိုး

01/11/2025

ဘာဆက်လုပ်လို့ လုပ်ရမှန်း
မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်

ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း
မသိတဲ့ နေ့တွေလည်း ရှိဖူးတယ်

ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ ။

01/11/2025

ဘဝမှာ သိမ်ငယ်စေတဲ့ ရပ်ဝန်းတွေရှိခဲ့ရင် ရှောင်ပါ။ 😊

သူတို့ ဆီရောက်ရင် ကိုယ့်ယုံကြည်မှုတွေ
ပျောက်ဆုံးသွားတာမျိုး ၊

ကိုယ့်အားနည်းချက်တွေကို ဝေဖန်ရှုတ်ချခံရတာမျိုး ၊

ကိုယ့်ဖြစ်တည်မှုကို လှောင်ပြောင်ခံရတာမျိုး ၊

ကိုယ့်ခံစားချက်တွေကို ပိတ်ပင်ခံရတာမျိုး ၊

ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လာရတာမျိုး ၊

ကိုယ့်ပျော်ရွှင်မှုတွေ ၊ ကောင်းတဲ့ energy တွေ
ပျောက်ဆုံးသွားရတာမျိုး ရှိခဲ့ရင် ရှောင်ပါ ။ 🥰🥰

ကိုယ့်အတွက် သိမ်ငယ်စေတဲ့ ရပ်ဝန်းမှာ မနေပါနဲ့ ...။

ကိုယ့်အတွက် ကောင်းတဲ့ energy တွေ ရှိတဲ့
ကိုယ့်အတွက် ခံစားမှုကောင်းလေးတွေ ပေးနိုင်တဲ့
ရပ်ဝန်းတွေမှာသာ ရှင်သန်ပါ ။ ❤️❤️❤️

ကျွန်တော်တို့ အားလုံးဟာ တန်ဖိုးအထားခံရဖို့
ထိုက်တန်ပါတယ် ... ။ 🩵🩵🩵

15/10/2025
07/10/2025

လူတွေကို သူတို့ပုံစံအတိုင်းပဲ လက်ခံပြီး
ဆက်ဆံတတ်ရင် စိတ်သက်သာရာရစေတယ် ။
လူတွေနဲ့ ပတ်သက်ပြီး စိတ်အလိုမကျဖြစ်ရတာတွေဟာ … သူတို့ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ မြင်ချင် ၊ တွေ့ချင် ၊ ဆက်ဆံစေချင်နေလို့ပါပဲ ။

ကိုယ်ပြောစေချင်တဲ့ စကားမျိုး သူ့ကိုပြောစေချင်
တယ်….
ကိုယ့်မျှော်လင့်သလိုမျိုး စိတ်ထားစေချင်တယ် …
ကိုယ့်ဘက်ကဆက်ဆံစေချင်သလိုမျိုး သူဆက်ဆံတာလိုချင်တယ် ….
အပေးယူ မျှစေချင်တယ် … စသဖြင့်
အလေးထားမှု ၊ ဂရုစိုက်မှုတွေ အားလုံးကို ကိုယ်မျှော်လင့်ထားတဲ့ အကောင်းဘက်ပိုင်းတွေဆီပဲ
ဆွဲယူနေလို့သာ ပင်ပန်းရတာ ။

ကျွန်တော်တို့ မေ့နေတာက လူတွေဟာ မတူဘူးဆိုတာပဲ ။ အခြေခံ လူ့ကျင့်ဝတ်အားနည်းသူတွေရှိတယ် ။
စကားပြောရိုင်းသူတွေ ရှိတယ် ။ စိတ်ကို ခပ်မြင့်မြင့် မထားနိုင်သူတွေရှိတယ် ။

အဲဒီလိုမျိုး မတူတဲ့လူတွေ ၊ အားနည်းချက်ကိုယ်စီနဲ့ လူတွေကို … သူကတော့ စကားပြောရိုင်းလို့
သူကတော့ အလေးနက်မထားလို့
သူ့ပုံစံက ဘာဖြစ်လို့ဆိုတာမျိုးတွေနဲ့
စိတ်ပင်ပန်းခံမနေပဲ …

ဪ … သူစကားပြောတာက ဒီလိုကိုး …
သူ့စိတ်ထားက ဒါမျိုးပဲ …
သူ့အတွေးခေါ်က ဒီလောက်ပဲ …
သူကတော့ဖြင့် မွန်မြတ်လိုက်တာ …
သူက သစ္စာမဲ့လိုက်တာ ….
စသဖြင့် သူတို့ရဲ့ ရှိရင်းစွဲ အပြုမူ အကျင့်သိက္ခာအတိုင်းကို ငြိမ်ငြိမ်သက်သက် လက်ခံပြီး
ဆက်ဆံလိုက်ရင် မပင်ပန်းရတော့ဘူး ။

သူတို့နဲ့ ကိုယ်က ကီးမကိုက်ဘူး ၊ သူ့ပုံစံနဲ့ ကိုယ်က အဆင်မပြေဘူးဆိုရင် ၊ သူ့အပေါ်ထားတဲ့ ကိုယ်ရဲ့ စိတ်အတိုင်းတာနှင့် Energy ကို လျော့ချပစ်လိုက်ရုံပါပဲ ။ သူ့ကို ကိုယ်ပြောစေချင် ၊ လုပ်စေချင် ၊ ဖြစ်စေချင်
သလို သွားထိန်းချုပ်လို့မရဘူး ။

ကိုယ်မကြိုက်တာတွေကို လေ့လာနေပြီး ၊ ကိုယ်မို့လို့ သူ့အကျင့်တွေကို အလိုက်တသိ ပြင်ပေးတဲ့သူရှိရင်တော့ ဂုဏ်ယူစရာပေါ့ ။ သူ့စိတ်နဲ့ သူကိုယ် … ကိုယ်သွားပြင်ပေးလို့ မရဘူးလေ ။ အဲဒီအပေါ် ခံစားနေလို့လည်းမရဘူး ။ လူတွေမှာ manner နှင့် behavior တွေက သူ့အလိုလို ပါလာပြီးသား ။ Character ကလည်း သူကိုယ်တိုင်ကလွဲရင် ဘယ်သူမှ ပြင်ပေးလို့မရနိုင်တဲ့အမျိုး … ။

ဆိုတော့ … လူတွေကို အရှိတိုင်းကြည့်မြင်ပြီး ၊ သူတို့ရဲ့ ပုံစံလေးအတိုင်း လက်ခံပြီး … သူ့အပေါ်ပေးထားတဲ့ အမှတ်တွေကို ကိုယ်စိတ်နဲ့ကိုယ်သာ လျော့ပစ်လိုက်ပါ ။

အမှားတွေ လိုက်မပြင်နဲ့ …. Drama တွေလုပ်ပြီး မခံစားနဲ့ …. ကိုယ်ပဲ ပင်ပန်းရပါတယ် ။
တစ်ဖက်လူရဲ့ အပြုမူတွေကြောင့် စိတ်အလိုမကျ ဖြစ်ရတိုင်း ဒီအရာတွေဟာ ကိုယ်ထိန်းချုပ်လွှမ်းမိုးလို့ရနိုင်တဲ့ အရာတွေမဟုတ်ဘူးဆိုတာ သတိရပါ ။

Crd ...

machine
#ပိုကောင်းတဲ့ဘက်ဆီချဉ်းကပ်ခြင်း စာအုပ်မှ 🍀🤍📚

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Snow Fashion Plaza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.