Sisters & Beauty

Sisters & Beauty

Share

ပစ္စည်းမှန်၊ စျေးနှုန်းမှန် တာဝန်ယူမှု့/တာဝန်ခံမှု့အပြည့်နဲ့ ရောင်းချပေးတဲ့ Sisters & Beauty

29/06/2025

🔺🔺🔺🔺🔺 1️⃣6️⃣4️⃣ သိန်းရှင်းတမ်း 🔺🔺🔺🔺🔺

💾 Post တွေ မတင်ဖြစ်တာကြာလို့ မေ့နေကြပြီလား ချစ်သောတို့ရေ 🤗

💁🏻‍♀️ ကျွန်မရစရာရှိတဲ့ အကြွေးကိစ္စအတွက် အဆင်ပြေရဲ့လားလို့ စိတ်ပူစွာနဲ့ လာမေးတဲ့ မိတ်ဆွေတစ်ချို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင် 🫶🏻💗

💁🏻‍♀️ ကျွန်မရစရာရှိတဲ့ အကြွေး 1️⃣6️⃣4️⃣ သိန်း မှာ 1️⃣6️⃣1️⃣ သိန်းတိတိကို ပြီးခဲ့တဲ့ October, 2024 ထဲက ပြန်ရခဲ့ပြီးပါပြီရှင် 🥰

🤗 ရဖို့ကျန်တဲ့ 3️⃣ သိန်းကိုလည်း ကျွန်မကို သူ့အသိစိတ်ဓာတ်နဲ့သူ လာပေးတဲ့အချိန်ထိပဲစောင့်မယ်လို့လည်း စိတ်ဆုံးဖြတ်ပြီးသားမို့ ….. စိတ်ထဲမှတ်မထားခဲ့တာလည်းကြာပါပြီ 📖✍🏻

⏹️ တစ်ခါတစ်လေ ကျွန်မတို့ဘဝတွေမှာ မထင်မှတ်ထားတဲ့ ဘဝအပြောင်းအလဲတွေလည်း အားလုံးလိုလို ကြုံခဲ့ဖူးကြမှာပါ….. ဘယ်လိုအခြေအနေ ဘယ်လိုလောကဓံမျိုးကိုဖြစ်ဖြစ် အကောင်းဆုံးရင်ဆိုင် ဖြတ်ကျော်နိုင်ခဲ့တာဟာလည်း အရည်အချင်းတစ်ခုပါပဲ… ✍🏻

⏺️ နောက်တစ်ခုက ကျွန်မတို့ဘယ်နေရာမှာမဆို ကိုယ်ချင်းစာတရားဆိုတာ အခြေခံလူကျင့်ဝတ်အနေနဲ့ လိုအပ်တယ်ဆိုတာကိုလည်း ထပ်ဆောင်းအသိပေးချင်ပါတယ်ရှင်✍🏻

▶️ ကျွန်မဆီက သိန်း 2️⃣1️⃣0️⃣ ကျော်ဖိုး Products တွေယူသွားတဲ့ ညီမလည်း ခုလိုကျန်ရှိတဲ့ငွေကြေးကို ခွဲဆပ်သွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။ တကယ်ဆို ကိုယ့်လက်ကလွန်သွားပြီဖြစ်တဲ့ ငွေးကြေးရာချီကို ကျွန်မပြန်ရဖို့ဆိုတာ 💯 မှာ 99% လောက်က ပြန်ရဖို့မသေချာဘူးလေ။ ဒါပေမယ့် ကျွန်မရဲ့ကုသိုလ်ကံအထောက်အပံ့၊ စေတနာအကျိုးကျေးဇူးကြောင့် အားလုံးနီးပါး ပြန်ရရှိပြီးဖြစ်ပါတယ်ရှင်။

⏩️ ကျွန်မတို့ Page လေးမှာအရင်လို စျေးတွေဆက်မရောင်းတာကလည်း ကျွန်မတို့ညီမနှစ်ယောက်လုံးက ဆက်ပြီးမလုပ်ဖြစ်တာကြောင့် မရောင်းပဲနေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အစဉ်မြဲအားပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ Royal Customer တွေကိုလည်း နီးစပ်ရာ အရောင်းကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်ရှင် 🤗

⏭️ ဒါ့ကြောင့် ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသော ငွေကြေးကိစ္စမှာ ခုလိုကျွန်မအားလုံးနီးပါးပြန်လည်ရရှိခဲ့တဲ့ အကြောင်းအရာလေးကို သိချင်ကြရင်လည်း ပြောပြပေးဖို့ အဆင်သင့်ပါပဲရှင် 💗✍🏻

🛑 တကယ်တော့ ကျွန်မတို့တွေဟာ….. လူတစ်ယောက်အတွက်ဖြစ်စေ… လူတစ်စုအတွက်ပင်ဖြစ်စေ…. လူတိုင်းအတွက်ပင်ဖြစ်စေ…. အဓိကလိုအပ်ချက်ဟာ 💁🏻‍♀️ « သူ့နေရာမှာသာ ငါသာဆိုရင် » ဆိုတဲ့ ကိုယ်ချင်စားတရားလေး အပြန်အလှန်ထားရှိတတ်မယ်ဆိုရင်တော့……✍🏻✍🏻✍🏻✍🏻

💁🏻‍♀️ ကျွန်မဖြတ်သန်းလာတဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ ယနေ့ချိန်ထိ ငွေကြေးကြောင့် နာမည်ပျက်မရှိခဲ့ဖူးသလို မိမိကောင်းစားဖို့အတွက် မည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ မတရားလုပ်ခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး။ ဒါကြောင့်…. ဘယ်လိုဘဝအခြေအနေမျိုးပဲရောက်ရောက် ကျွန်မခေါင်းငုံ့မျက်နှာအောက်ချပြီး သိမ်ငယ်စရာအကြောင်းလည်း မရှိခဲ့ပါဘူး 🤗✍🏻

💢 Video ကတော့ Post ကိုမကျော်အောင်လို့ထည့်လိုက်ခြင်းပါနော် 🥰🤭🤭🤭

Sisters & Beauty

28/04/2025

🏠 နှလုံးသားတွေနွေးထွေးနေတဲ့ အိမ်

💥အရင်က ၁၀’ ပေ ၆၀ အိမ်လေးမှသည် …. အခု ၃၅’ ပေ ၉၀ အိမ်လေးဆီသို့ …🏡

🌳 အဖေနဲ့အမေရဲ့ဆန္ဒလေးတစ်ခုကို ကျွန်မတို့ညီမ(၂)ယောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ 🙏🏻🙏🏻🙏🏻

🏡 အ​ဖေနဲ့အမေရဲ့ဆန္ဒကတော့ သူ့မြေးတွေလာလည်ကြတဲ့အခါ အိမ်ဝန်းကျယ်ကျယ်မှာ လွတ်လွတ်လပ်လပ် ပျော်စေချင်တာ၊ စားချင်တာတွေချက်ကျွေးပြီး မြေးတွေပျော်တာမြင်ချင်တာ

🌳 ဒီလိုလုပ်နိုင်ဖို့ကို အရင်ဆုံးကျွန်မရဲ့စိတ်နဲ့သတ်မှတ်ချက်တွေကို အရင်ဆုံးပြောင်းလဲပစ်ခဲ့ပါတယ်။ အဖေနဲ့အမေအတွက် ကျန်ရှိတဲ့ရှင်သန်ချိန်သက်တမ်းမှာ စိတ်ချမ်းသာစေချင်တယ်။ ဆန္ဒရှိသလို လှူဒါန်းသွားစေချင်တယ်။ ကျန်းမာရေးတခုခုဖြစ်ခဲ့ရင်လည်း မပူမပင်ဆေးကုသခွင့်ရနိုင်သွားစေချင်တဲ့စိတ်နဲ့ အရာအားလုံးစဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။

🏡 အိမ်နေရာနီးခြင်း ဝေးခြင်းထက် အဖေနဲ့အမေအတွက် တကယ့်ကိုဖေးမနွေးထွေးပေးနိုင်တဲ့အရပ်၊ ကူညီဖေးမပေးတဲ့အရပ်ဒေသလေးကို ဦးစားပေးရွေးချယ်ခဲ့တာပါ။

Yamin Popo Zaw Sisters & Beauty

23/02/2025

💥 ဟိုအရင်ချိန်တုန်းကတော့ ကိုယ်ကအိမ်မှာကပ်တယ်လို့မရှိလောက်အောင် အပြင်မှာပဲ အချိန်ကုန်တာများခဲ့တဲ့သူ

💁🏻‍♀️ ခုတော့ ဘယ်နေရာဖြစ်ဖြစ်ဖေဖေပို့မှသွားဖြစ်၊ ရောက်ဖြစ်တဲ့သူဖြစ်သွားပြီလေ 😍 (ပြောင်းလဲခြင်းနိယာမသဘောတရား….)

💁🏻‍♀️ အရင်ကတော့ ဘာတင်တင် ကိုယ့်ပုံတွေကြီးပဲ 👉🏻 ခုတော့ Baby’s ပုံတွေနဲ့အပြည့်😘

💥 အဆိုးဆုံးတွေထဲကမှကောင်းကွက်လေးရှာကျန်ကြည့်မိတဲ့အခါ….. ပျောက်ဆုံးခဲ့တဲ့ ကိုယ့်မိသားစုအပေါ်အချိန်ပေးဖို့နဲ့ ကိုယ့်ကိုကိုယ်အတွက် အချိန်ပေးခြင်းတွေ ရရှိခဲ့တာပါပဲ ✍🏻

Sisters & Beauty

20/02/2025

🧒🏻 Baby ကို သတိရပြီး လွမ်းနေသူများအတွက် 🫶🏻♥️

Sisters & Beauty

31/01/2025

🏆 𝘾𝙤𝙣𝙜𝙧𝙖𝙩𝙪𝙡𝙖𝙩𝙞𝙤𝙣𝙨 𝙢𝙮 𝙡𝙤𝙫𝙚𝙡𝙮 𝙗𝙖𝙗𝙞𝙚𝙨 🎉🎈🎁🎊

" 𝑲𝒖 𝑲𝒖 𝑩𝒂𝒃𝒚 𝑪𝒂𝒓𝒆 “ ကကျင်းပပြုလုပ်တဲ့ 🎞️ TikTok 📹Video Contest ပြိုင်ပွဲမှာ ပေးအပ်တဲ့ 🏆 ဆု (၂)ခုလုံးကို 💁🏻‍♀️ Baby ကစ်တို့မောင်နှမ (၂)ယောက်လုံးရရှိသွားပါပြီ 😍

⭐️ 𝕂𝕦 𝕂𝕦 𝔹𝕒𝕓𝕪 ℂ𝕒𝕣𝕖 ကချီးမြှင့်တဲ့

🏆 1) Popular Vote ဆုကို 👶🏻 သားဉာဏ်လေးကရရှိတာဖြစ်ပြီး

🏆 2) 𝑲𝒖 𝑲𝒖'𝒔 𝑪𝒉𝒐𝒊𝒄𝒆 𝑨𝒘𝒂𝒓𝒅 ကိုတော့ 🧒🏻 Baby ကစ်လေးကရရှိသွားပါတယ်

💖 ချစ်ခင်မှု့အပြည့်နဲ့ ပြိုင်ပွဲအတွက် ♥️ ပေး Comment ရေးပေးကြသူအယောက်ချင်းစီတိုင်းကိုလည်း Baby လေးတွေ ကိုယ်စားကျေးဇူးတင်ပါနော် 🫶🏻🤍🤍😘

Sisters & Beauty

29/01/2025

💁🏻‍♀️ ကိုယ်လိုရာခရီးရောက်ဖို့ ကိုယ့်အားကိုယ်ကိုးမှ ရမယ်ဆိုတဲ့အသိ Baby ကစ်လေးကို ခုတည်းကလေ့ကျင့်ပေးထားတယ် 🫶🏻♥️

🧒🏻 မေ့ကလေးလေးတော်တယ်…. ဆက်လျှောက် 😍

Sisters & Beauty

25/01/2025

💁🏻‍♀️ TikTok မသုံးတဲ့တီတီတွေအတွက် 🫶🏻🤍💖🤍
Baby ကစ်လေးရဲ့ အပြုံးလေးတွေ့ချင်မလားလို့🥰🤭

📸 camera man ကတော့ Baby’မေ​မေပေါ့ရှင်😅🤭

Sisters & Beauty

23/01/2025

🤍 Baby ကစ်လေးအတွက် …..

🗒️ 2️⃣0️⃣2️⃣5️⃣ ရဲ့ ပထမဆုံးဖန်တီးဖြစ်သော🤍 တကယ်တော့ ဒီရက်ပိုင်း Baby ကစ်လေးလည်း သိပ်နေမကောင်းသလို ကိုယ်လည်းအတွေးတွေအရမ်းများနေတာမို့ ပြိုင်ပွဲဝင်ဖို့ မတင်မကျနဲ့ပေါ့။ ဘာပဲဖြစ်ဖြစ် 💁🏻‍♀️ ကိုယ့်ဘက်ကတော့ဘာပဲလုပ်လုပ် အကောင်းဆုံးကြိုးစားလုပ်ခဲ့တာချည်းပါပဲ 🥰

Sisters & Beauty

Photos from Sisters & Beauty's post 18/01/2025

🍫 Chocolate ကြိုက်သူတွေစုမယ် 😍😅🤭

2️⃣0️⃣2️⃣5️⃣ မှာ ဒီလို Chocolate 🍫 လေးပဲရရင်တော်ပြီ🤭 သိပ်အများကြီးလည်း မလိုချင်ပါဘူး (၁)ခုဆိုရပြီ 😍

Sisters & Beauty

Telephone

Address


Yangon

Alerts

Be the first to know and let us send you an email when Sisters & Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.