My Hope
one day or day one is your choices
10/06/2023
ဒီလောက်နှစ်တွေအကြာကြီး ဘယ်လိုများ ချစ်ခဲ့သလဲ တဲ့ ...
နှစ်တွေအကြာကြီးရင်ထဲမှာထားပြီး ချစ်နိုင်ဖို့ဆိုတာ အချစ်ခံရတဲ့သူနဲ့ လည်း အများကြီးသက်ဆိုင်ပါတယ် ။
ဥပမာ - သူလို့တွေးလိုက်တာနဲ့ စိတ်ထဲနွေးထွေးသွားတာမျိုး
သူနဲ့ပတ်သတ်ပီးအရာရာ စိတ်လုံခြုံမူ့ရတာမျိုးလေးတွေပေါ့
စိတ်ချမ်းမြေ့ရတဲ့ချစ်ခြင်းတွေက ဝေးကွာခဲ့ရသည့်တိုင်နွေးထွေးပီးနှစ်ပေါင်းများစွာ ရှင်သန်နေနိုင်ပါတယ် ။
အချစ်ခံရပြီလို့ ထင်ယောင်ထင်မှားဖြစ်တတ်ခြင်းဟာ
ကိုယ့်ဓားနဲ့ကိုယ့်ကိုကိုယ် ပြန်ထိုးနေသလိုပါပဲ ။
အချစ်ဆိုတာဘာလဲတော့မသိပေမဲ့...
သေချာတာတော့ စကားလုံးတွေမဟုတ်ဘူး
အပြုအမူတွေပါ ...
My Hope
🦋
08/04/2023
လူတစ်ယောက်ရဲ့ အရည်အသွေး
အရည်အချင်းနဲ့ အဆင့်အတန်းဆိုတာ
သူ့ရဲ့နေထိုင်ပြုမူပြောဆိုမူ့နဲ့ပဲ တိုင်းတာလို့ရတယ် ။
အဲ့ကနေပဲသူ့ရဲ့ personalize ကိုအကဲဖြတ်လို့ရတယ်
ဘယ်လို ဘွဲ့ / ရာထူး /ငွေနဲ့မှဖုံးဖိထားလို့မရဘူး
အချိန်တစ်ခုရောက်ရင်ပေါ်လာတာပဲ ။
တချို့ဆက်ဆံရေးနဲ့ ပြဿနာတွေမှာ
တဖက်လူကငြိမ်နေပေးလိုက်တိုင်း ငါကြမ်းလိုက်လို့
ငါဖြဲလိုက်လို့ ငါပြောလိုက်လို့ ငါအနိုင်ရလိုက်ပီလို့မထင်ပါနဲ့ ။
တဖက်လူရဲ့သုံးသပ်ချက်မှာ ကိုယ့်ဂုဏ်သိက္ခာကိုဆက်မရင်းချင်လို့
ထောက်ထားစရာမျက်နှာတွေရှိနေလို့ ဒါမှမဟုတ်
ဆက်ပြောဖို့မတန်တော့ဘူးလို့ ယူဆလိုက်မိတာလည်း
ဖြစ်နိုင်ပါတယ် ။
#နှုတ်ဆိတ်ပြီးတောင်းပန်လိုက်တိုင်းအရှုံးပေးလိုက်တာမဟုတ်ပဲအနိုင်ယူလိုက်တာလည်းဖြစ်နေနိုင်ပါတယ် ။
My Hope
🍀
13/08/2022
လတ်ဆတ်တဲ့လေကို ရူသွင်းရတာကြိုက်တယ်
အပူမပါတဲ့အစာ စားရတာမြိန်တယ်
ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာက
အဖိုးတန်တဲ့ ကုသိုလ်ပဲ
ဂုဏ်ပကာသန မာန်မာနဆိုတာ
အချိန်တန်တော့ ချပစ်ခဲ့ရတာပါပဲ
လူတန်းစေ့ဆိုတာထက်
ပိုတဲ့အနေထားလည်းနေခဲ့ရသလို
အလဲလဲ အပြိုပြိုလည်းကျရှူံးခဲ့ဖူးတယ်
ဘယ်သူ့မှ မပြိုင်ဆိုင်သလို မနာလိုလည်းမဖြစ်ခဲ့ဖူးတဲ့
ကိုယ့်ကိုကိုယ် ချစ်တယ်
မပြည့်အိုးတွေလို ဘောင်ဘင်မခတ်လိုလို့
အဆုံးစွန်ထိ နှိမ့်ချပြီးပဲနေပါတယ်
ကိုယ့်ကြောင့်သူတပါး မျက်ရည်မကျရသလို
သူတပါးကြောင့်လည်း သောကမယူလိုဘူး
အဆိုးတစ်ခါကြုံရတိုင်း ကောင်းဖို့အတွက်ပါပဲလို့
တွေးပီးဖြေတယ်
ဘာတွေပဲကြုံကြုံ စွန့်ခွာမသွားတဲ့
လက်တစ်စုံကမ်းခဲ့သူကိုလည်း ကျေးဇူးတင်မိတယ်
လောကမှာ ပြီးပြည့်စုံခြင်းရယ်ဆိုတာမရှိသလို
ကိုယ့်ဟာလည်း မပြည့်စုံခြင်းတွေကြားမှာ
ရုန်းကန်နေရဆဲပါပဲ
သို့ပေမယ့်လည်း အဆိပ်တောက်ကင်းပိိးရိုးရှင်းနေတဲ့
ကိုယ့်ဘဝလေးကိုကျေနပ်တယ်
#ဘဝကနေပျော်ပါတယ်လေ
🍀🍀🍀
🖤 သံသရာတစ်ကွေ့မှာ ပုခုံးချင်းတိုက်ခဲ့တယ်
ခဏတာရပ်ပီးတော့ စကားတွေပြောခဲ့ကြတယ်
တကယ့်တစ်ကယ်တမ်း ကံကုန်သွားတဲ့အခါ
ဘာလို့ဝေးရသလဲဆိုတာကို လိုက်မရှာဖြစ်တော့ဘူး
ရေစက်ဆိုတာ တစ်စက်ချင်းကျလည်း
အဆုံးသတ်မှာ ကုန်ခဲ့တာပဲလေ
နောက်ဆုံးတော့လည်း ခွဲခွာခဲ့ရတာပါပဲ
မှိန်ပျပျအတိတ်ကို ဒိုင်ယာရီမှာရေးမှတ်ရင်း
ကိုယ်စီဘဝလမ်းတွေကို ဆက်လျှောက်ကြရအုံးမယ် 🖤
ချစ်ခြင်းမေတ္တာမှာ
၂မျိုးပဲရှိတယ်...ချစ်သူ
ခွင့်လွှတ်မလား...စွန့်လွှတ်မလား
ကိုယ်မင်းကို မစွန့်လွှတ်နိူင်အောင်
ချစ်တယ် 🤎🤎🤎
စာတွေမရေးတော့ဘူး
2d 3d ပဲရောင်းတော့မယ် 🤞🤞
ပျော်စရာနည်းတဲ့ ဘဝတွေမှာ
ခပ်ယဲ့ယဲ့မျှော်လင့်ချက်လေး ထမ်းပိုးထားရင်း
အတုအယောင်မေတ္တာနဲ့ကြုံလာတိုင်း
စုတ်ပြတ်သွားတဲ့ အနာဂါတ်တွေ
ရင်နာစရာကောင်းတဲ့အမှတ်တရတွေ
ပြန်မရတော့တဲ့တမ်းတချင်းတွေ ထွေးပိုက်ပီး
ဆုတောင်းပေးလိုက်ပါရဲ့.....အချစ်ရေ
နောင်သံသရာမှာ လှည့်ပတ်ခြင်းကင်းတဲ့ချစ်ခြင်းနဲ့သာဆုံတွေပါစေ
11/03/2021
နွေ...
ခြွေထားပြီးရင်....ပြန်ဝေဖို့လည်းမမေ့ပါနဲ့လေ
🖤
Hello. .
every one
Category
Contact the business
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when My Hope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
