Khine's Diary

Khine's Diary

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khine's Diary, Yangon.

17/08/2026

ဘဝရဲ့အချိုးအ​ကွေ့များစွာ ဖြတ်သန်းပြီး​​နောက် ဘာတခုမှအစွဲမထားဖို့ ကြိုးစား​နေပါတယ် ....
အရာရာဟာ စီစဥ်ထားသလို ဖြစ်ချင်မှဖြစ်သလို မစီစဥ်ထားတာ​တွေလည်း ဖြစ်တတ်ပါတယ် ...
ဖြစ်ပြီးရင် ပျက်၊ တဖန် .. ပျက်ပြီးရင် ပြန်ဖြစ်တာမို့ အရာအားလုံးဟာ ခဏတာမို့ တဘဝစာ အမှား​တွေ၊ ​နောင်တ​တွေ မလုပ်မိဖို့ပဲ အ​ရေးကြီးပါတယ်


's Diary

Photos from Khine's Diary's post 26/07/2026

Hello ...
မိုး​လေး​အေး​နေပြီ ရာသီဥတုအကူးအ​ပြောင်း​လေး ကျန်းမာ​ရေးဂရုစိုက်ကြဦး​နော် ဒီအက်မင်မမက​တော့ ယိုင်နဲ့နဲ့ပဲရှင့် 😁

ဒီ​နေ့​တော့ အားလည်းရှိ ကျန်းမာ​ရေးနဲ့ ညီညွတ်တဲ့ ကြက်ဥ​ပေါင်မုန့်​ကြော်​ပျားရည်ဆမ်း​လေး လုပ်စားဖြစ်တယ်ရှင်။ ​​ပေါင်မုန့်ကို wholemeal bread ​လေး သုံးထားတယ်ရှင့်။
စားကြပါဦး ...

23/05/2026

's Diary

Photos from Khine's Diary's post 25/04/2026

Hello ....

မင်မင်လည်း အလုပ်​တွေရှုပ်​နေလို့ ပို့စ်​လေး​တွေ မတင်ဖြစ်တာကြာ​တော့ ​မေ့သွားပြီလားရှင်...

ဒီ​နေ့​တော့ မင်မင်တို့ မြို့ထဲပတ်ပြီး Food Cycling ​လေး လုပ်ဖြစ်ခဲ့ပါတယ်။

ပထမ​ target က​​တော့ စဥ့်အိုးတန်းလမ်းက လုံးစိန်ကဖီးမှာ ဝက်နံရိုး​ပေါင်းနဲ့ မန်ထိုဆွဲမယ်ဆိုပြီး သွားကြတာပါ။ စားရကံမကြုံ​တော့ ဆိုင်က ဒီ​နေ့ပိတ်။

ဒါနဲ့ ၁၈ လမ်းက ​အော်ပွန်ထမင်း​​ပေါင်းကို စားမယ်ဆိုပြီးသွား​တော့ ဆိုင်​​တွေက ခင်းကျင်း​နေတုန်းမို့ လသာလမ်းက လားရှိုး​ပေါက်စီဆိုင်မှာ အဆာ​ပြေ ​ပေါက်စီစားကြ။

ခဏ​​​​နေ​တော့ ​အော်ပွန်ထမင်း​ပေါင်းဆီပြန်သွား။ Blog ​တွေထဲပါတဲ့ဆိုင်က အခုထိ ခင်းကျင်းမပြီး​သေး​တော့ လမ်းထဲက "​​မျောက်သုံး​ကောင်" ​ဆိုတဲ့ဆိုင်မှာပဲ ထိုင်ဖြစ်ကြတယ်။ ​အော်ပွန်ဆိုတာ ဝက်သား သို့မဟုတ် အူစုံနဲ့တွဲစားရတဲ့ ထမင်း​ပေါင်းပါ။ ​အချဥ်ရည်​​ဗူးနဲ့ ဟင်းချို​လေးပါ ချ​ပေးတယ်။
ပထမဆုံး စားဖူး​ပေမယ့် အူ​လေး​တွေကသန့်ပြီး ထမင်း​ပေါင်းက ပဲငံပြာရည်အရသာ​လေးနဲ့ စား​ကောင်းပါတယ်။ စားရင်းနဲ့ အချဥ်ရည်ထက်စာရင် ကြက်သွန်ချဥ်​လေးနဲ့ တွဲစားရရင် ပို​ကောင်းမယ် ​တွေးမိတယ်။

ဒါနဲ့ အဆာပိတ်အတွက် အာရှ​တော်ဝင်နားက ​အောင်ဆုပြည့်လက်ဖက်ရည်ဆိုင်မှာ Tea ​လေး ဝင်ဆွဲကြ။ စကားစမြည်​ပြောပြီး​တော့ အိမ်ပြန်လမ်းကို ​ရှေ့ဆက်ခဲ့ကြတယ်။

မင်မင်ဘီး​လေးက ​နောက်က နည်းနည်းယမ်း​နေလို့ စက်ဘီးပြင်ဆရာဆီသွား၊ ပြင်ရင်းဆင်ရင်းနဲ့ ​​စောင့်ရင်းနဲ့ ဗိုက်ကပြန်ဆာသွား​တော့ ပါရမီလမ်း​မပေါ်က ​​ရွှေလျှံဖြိုး ​မော်လမြိုင်ထမင်း​ပေါင်းဆိုင်မှာ ဝင်ဆွဲကြပြန်​ရော။ ​အဲ့ဆိုင်က​တော့ စား​နေကျမို့ ထူးထူး​ထွေ​ထွေ မ​ပြော​တော့ပါဘူး "အရမ်းအရမ်း​ကောင်းပါတယ်" လို့။

​ထမင်းစားပြီး မျက်နှာချင်းဆိုင်ကဝယ်လာတဲ့ ဇီးသံပုရာရည်​လေး​သောက်၊ ဗိုက်​လေး​ကော့လန်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။

​သြော် ... ​​​​ပြောဖို့ တခုကျန်​သေးတယ်။
အိမ်ပြန်လမ်းမှာ လှိုင် အေးရိပ်မွန် ၃ လမ်းထိပ်က "Hong Kong ​ပေါက်စီ" ဆိုင်က ​ပေါက်စီ​ကြော် ပါဆယ်ဆွဲလာ​သေးတယ် 😁 ဗိုက်ဆာရင် စားဖို့။

ကယ်လိုရီကျတာက နည်းနည်း၊ စားတာများများပါ အမျိုးတို့​ရေ။ 😅

See ya ....

24/02/2026
14/02/2026

Photos from Khine's Diary's post 13/02/2026

Hello ...

ဒီ​နေ့​တော့ ​တောင်ဒဂုံမှာရှိတဲ့ အရမ်းစား​ကောင်းတဲ့ တိုရှည်နဲ့ပူရီ​ဆိုင်​လေးကို နင်းဖြစ်ပါတယ်။

အိမ်က​နေ ၅း၃၀ ​ကျော်​လောက်ထွက်ဖြစ်ကြတယ်။ ပါရမီလမ်းတ​လျှောက်က​နေ ​​​​တောင်ဥက္ကလာကိုဖြတ် ​​မြောက်ဒဂုံဘက်က​နေတဆင့် ​တောင်ဒဂုံဘက်ကူးပြီး ၂၄ ရပ်ကွက်မှာရှိတဲ့ နံ့သာမြိုင်လမ်းထဲက "နံနက်ခင်း" ဆိုတဲ့ တိုရှည်နဲ့ပူရီဆိုင်​လေးကို ​သွားဖြစ်ကြပါတယ်။

ဆိုင်ဖွင့်ချိန်က မနက် ၆း၀၀ က​နေ ​၁၁း၀၀ အထိပါ။

ကျမတို့​ရောက်တဲ့အချိန်က ၆း၂၀ ​လောက်ပဲရှိ​သေး​​တော့ အ​ရှေ့မှာပါဆယ်လာမှာတဲ့သူတ​ယောက်ပဲ​တွေ့​သေး။

ဒါနဲ့ ဆိုင်းဘုတ်​လေးကိုဖတ်၊ ကြက်ဥတိုရှည်နဲ့အာလူးပူရီ​လေး မှာဖြစ်တယ်။ ဂျုံကိုလတ်လတ်ဆတ်ဆတ်နယ်ပြီး လုပ်​ပေး​နေ​တော့ အချိန်​လေးတခု​တော့ ​စောင့်ရတာ​ပေါ့။ ​စောင့်​နေရင်း ဆိုင်ပတ်ပတ်လည်ကို ​​လျှောက်ကြည့်ပြီး a little စပ်စု​ပေါ့။

လက်​ဆေးစရာ​နေရာ​လေးလည်း ထား​ပေးထားတာဆို​တော့ လက်​ဆေးပြီး မုန့်ရရင် အားရပါးရဆွဲဖို့ပြင်ဆင်။

ခဏ​​နေ​တော့ ​မှာထားတာ​လေး​တွေ ရောက်လာပါပြီ။ အရသာ​ကောင်းသလို သန့်ရှင်းလတ်ဆတ်မှုလည်းရှိ​တော့ ကျမ အရမ်းသ​ဘောကျ 😊။

မိဘအိမ်လည်း ​​ခြေဆန့်ဦးမှာဆို​တော့ ​မိသားစု​တွေအတွက် ကောင်းနိုးရာရာ​လေး​တွေဝယ်မယ်ဆိုပြီး အမယ်စုံ စား​စေချင်လို့ တမျိုးစီဝယ်ဖြစ်တယ်။ Cheese တိုရှည် ပါဆယ်မှာ​တော့ ကြာရင် Cheese ​တွေက မာသွားလို့ စားမ​​ကောင်းဘူးလို့​ပြောလို့ တစ်ပွဲမှာပြီး ဆိုင်မှာတင် စားပစ်လိုက်တယ် (အစားအ​သောက်ကိုအ​ကြွေးထားလို့ မ​ကောင်းဘူး​လေ 😁)

ဒီအတိုင်းပါဆယ်ထုပ်​ပေးလို့ရ​ပေမယ့် ​သေ​သေချာချာ​လေး အကြံပြုပြီး ​​စေတနာထား​ပြောပြတာလည်း ​​သ​ဘောကျမိတယ်။

​စျေးနှုန်းအရလည်း သင့်​လျော်၊ သန့်ရှင်းလတ်ဆတ်မှုလည်းရှိတာမို့ တိုရှည် ပူရီ ချာပါတီ ကြိုက်တတ်တယ်ဆို သွားစားသင့်တဲ့ဆိုင်​လေးပါလို့။ (fully recommended!)

​သြော် .... အစုံစားမယ်ဆို ၁၀ နာရီမတိုင်ခင်သွား​နော်။ ၁၀ နာရီ​လောက်ဆို အမယ်မစုံ​တော့လို့ပါတဲ့။

See ya!

's Diary

13/02/2026

တောင်ဒဂုံက "နံနက်ခင်း" တိုရှည်နှင့်ပူရီ ဆိုင်​လေး

13/02/2026

Hello ....

ခရီးသွားထားခဲ့တဲ့ အမှတ်တရ​လေး​တွေ ဒီပိတ်ရက်ရှည်​လေးမှာ တင်မယ်ဆိုပြီးလုပ်ထားတာ ဖုန်း​က လမ်း​လျှောက်ရင်း ခါးပိုက်နှိုက်ခံလိုက်​တော့ ရှိသမျှ​ဒေတာ​လေး​တွေ အကုန်ပါသွား​လေ​ရော...

အဲဒီ့​တော့ ​နောက်ဆို မအားလည်း အချိန်မဆွဲဘဲ တင်​တော့မှာမို့ Stay Tuned!!

's Diary

Photos from Khine's Diary's post 29/10/2025

Hello ...

ညီမ​လေးတ​ယောက်က ဒီမနက်​မေးတယ်
"အစ်မ ဘားအံကပြန်​ရောက်ပြီလားတဲ့"
ကိုယ်လည်း ​ဇ​ဝေဇဝါနဲ့
"ရောက်ပြီ​လေ"
ဆိုပြီး ​ပြောပြီးမှ သူ​နောက်တာ သ​ဘော​ပေါက်သွား​တော့ အားရပါးရရယ်မိတယ်။ 😅

ကဲ ... ဒီ​နေ့​တော့ ဘားအံက​နေ ရန်ကုန်ပြန်ပါမယ်​နော် 😁

ညက အထုပ်​တွေမသိမ်းနိုင်ဘဲ အိပ်​ပျော်သွား​တော့ မနက်​စော​စော Alarm ​ပေးထားပြီး သိမ်းထုပ်စရာ​လေး​တွေ သိမ်းကြတယ်။ ပစ္စည်း​တွေနည်း​တော့ သိမ်းရတာ သက်သာ​ပေမယ့် မကျန်ရ​အောင် ဂရုစိုက်ထည့်ရတယ်။ ​

အထုပ်​တွေဆွဲပြီး ​Inn ​အောက်ကို​ရောက်​တော့ ၆ ခွဲ​ကျော်ပြီ။ ကားက ၇ နာရီမှ ဘားအံကားကြီးကွင်းကထွက်လာမှာဆို​တော့ မနက်စာ စားဖို့ အချိန်​ကောင်း​ကောင်းရတယ်။ ကျန်တဲ့ ကိုယ်​တွေရဲ့​​ဘော်ဒါ​တွေက​တော့ ဘားအံက​နေ ​​မော်လမြိုင်ကိုသွားပြီး၊ ​နောက်တရက်ကျမှ ရထားနဲ့ပြန်ကြမှာ။ ကိုယ်​တွေက ၃ ရက်​နေ့ကလည်း ခွင့်ယူထားပြီဖြစ်တဲ့အပြင် အလုပ်​တွေကလည်း ​စောင့်​မျှော်​နေပြီမို့ ပြန်ရပြီ (ရထားစီးချင်တဲ့ကျမဆန္ဒ ဒီတ​ခေါက်မပြည့်။)

ကိုယ့်​ဘော်ဒါ​တွေကို နှုတ်ဆက်ပြီး ကျမတို့နှစ်​ယောက် Inn က​နေထွက်ပြီး ကားကို​စောင့်ရမယ့်​နေရာ အနီးအနားမှာ မနက်စာစားဖို့ ဆိုင်​လေးလိုက်ရှာကြတယ်။ သိပ်မရှာလိုက်ရဘူး၊ အနီးအနားမှာ လက်ဖက်ရည်ဆိုင်​လေး တဆိုင်​တွေ့တယ်။ ပုံမှန်လက်ဖက်ရည်ဆိုင်​လေးပါပဲ။ ဒါ​ပေမယ့် အရသာ​တော့​ကောင်းသဗျာ။ ဒါနဲ့ မြန်မြန်ဆန်ဆန် စား​သောက်ပြီး ၇း၁၀ မိနစ်​လောက်မှာပဲ ကျမတို့ကား​စောင့်ရမယ့်​နေရာ Ready သွား​စောင့်​နေကြတယ်။ ခန့်မှန်းဆိုက်​ရောက်ချိန် မနက် ၇း၁၅ ဆို​ပေမယ့် ၇း၃၀ ​ကျော်​လောက်မှ ကား​ရောက်လာတယ်။ အထုပ်​လေး​တွေအ​ပေါ်တင် စက်ဘီး​တွေ ကားဝမ်းဗိုက်ထဲ ထည့်​ပေါ့။

ကျမတို့ ရန်ကုန်က ဘားအံကို မထွက်ခင်တည်းက Online က​နေ booking တင် လက်မှတ်ဖြတ်​ပေမယ့် နာမည်ကြီးလိုင်း​တွေအကုန် လက်မှတ်မရှိ​တော့လို့ ​ကျမတို့တခါမှမစီးဘူးတဲ့ ရွှေအိုးဆိုတဲ့ 2+1 VIP ကားကို လက်မှတ်ဖြတ်တာ ကျမတို့က တ​ယောက်ခုံပဲရ​တော့မယ်။ ခက်တာက ဖြတ်ထားတဲ့နံပါတ်က ​ရှေ့​/နောက် အက္ခရာဆို​ပေမယ့် ကျမတို့တက်တဲ့အချိန် တခုံပဲလွတ်ပြီး ကျန်တဲ့ခုံက လူ​တွေအပြည့်။ ခုံအ​ပေါ်မှာ နံပါတ်​တွေပျက်​နေ​ပေမယ့် အစဥ်လိုက်​ရေရင် ရှင်းရှင်း​လေး။ ​လက်မှတ်ပြပြီး ကိုစပယ်ယာကို​​မေး​တော့ အ​နောက်ဘက်မှာ နှစ်​ယောက်ခုံကို​ပေးထိုင်တယ်။ နှစ်​ယောက်ခုံရ​တော့ ​ထွေ​ထွေထူးထူး ဆက်မ​ပြော​တော့ဘဲ ​အေး​ဆေးထိုင်လိုက်လာတယ်။ Wifi လည်းရသလို ထိုင်ခုံဧရိယာကလည်း ကျယ်ကျယ်ဝန်းဝန်းပါပဲ။ ​ထပ်ပြီး စိတ်အ​နှောက်အယှက်နည်းနည်းဖြစ်စရာ​လေးရှိခဲ့​ပေမယ့် ​နောက်ဆုံးအဆင်​ပြေသွား​ပါတယ်။

ဒီလိုနဲ့ စီးလာလိုက်တာ ဘီးလင်းလည်း ​ရောက်​ရော "ဘုန်း"ဆိုပြီးအသံကြီးကြား​တော့ သိလိုက်ပြီ ဘီး​ပေါက်ပြီဆိုတာ။ ဒါနဲ့ ​အောက်ဆင်းကြည့်ကြ​တော့ ​​နောက်ဘီးတခုလုံး ရှုံ့တွ။ ကံ​ကောင်းချင်​တော့ ​ပေါက်တဲ့​နေရာ တစ်ဘက်ခြမ်းက စား​သောက်ဆိုင်။ ဒါနဲ့ ကား​ပေါ်ကလူ​တွေမကုန် ထမင်းစားကြ၊ အ​ပေါ့အပါးသွားကြရင်း ​စောင့်ကြတာ​ပေါ့။ အချိန်က ၁၀ နာရီ​ကျော်​ကျော်။

ပြင်ဆင်ပြီး​တော့ ​ရှေ့ဆက်ခရီးနှင်ကြပြီး ကျိုက်ထိုကြ​တော့ ထမင်းစားဖို့ ဘဲ​လေး စား​သောက်ဆိုင်မှာ ခရီးတ​ထောက်နားကြတယ်။ အလကား​ပေး​နေသလိုပါပဲ အလုအယက် မှာယူ​နေကြရတယ်။ မုဒိတာပွားရပါတယ်။ခုံမ​လောက်လို့ ​ကြောင်​ပျောက်​နေတဲ့ ​ကောင်​လေးနှစ်​ယောက်ကိုလည်း ​ကိုယ်​တွေစားပွဲကို share ပေးရ​သေးတယ်။

ဒီလိုနဲ့ ရန်ကုန်​ရွှေမြို့​တော်ကြီးကို ဆက်​မောင်းလာလိုက်တာ ကျမတို့ ​အောင်မင်္ဂလာအ​ဝေး​ပြေးဝင်းကို ၅ နာရီစွန်းစွန်း​လောက်​ရောက်။ စက်ဘီး​တွေကို ကားဝမ်းဗိုက်ကထုတ်၊ အထုပ်​တွေပြန်ချည်ပြီး အ​ဝေး​ပြေးက​နေ အိမ်ကို ခရီးနှင်ကြတယ်။ ကားလမ်း​တွေပိတ်​ပေမယ့် စက်ဘီးနဲ့ဆို​တော့ ခရီးတွင်ခဲ့တယ်။ အိမ်နား​ရောက်​တော့ ၆ နာရီထိုး​တော့မယ်။ ဒါနဲ့ တခါတည်း လက်ဖက်ရည်ဆိုင်မှာ ည​နေစာ ဝင်စား​ပေါ့။ ​

နောက်ဆုံး​တော့ ကျမတို့ Home Sweet Home ​လေးကို ​အောင်မြင်စွာ ပြန်​ရောက်ခဲ့​လေပြီ။

ခရီးစဥ်အတွင်း အရမ်းပင်ပန်းခဲ့ရပြီး၊
"ငါ ဘာလို့လိုက်စီးမိလဲ"
ဆိုပြီး ​နောင်တအကြိမ်ကြိမ်ရခဲ့​ပေမယ့် ​နောက်ဆုံး​တော့ ကျမ ​လုပ်နိုင်ခဲ့ပြီ။
မိုင် ၂၀၀ ​ကျော်ခရီးကို အမျိုးသမီးတ​ယောက်အ​နေနဲ့ ​အမျိုးသား​တွေနဲ့ ရင်​ဘောင်တန်းပြီး ကျမ ဖြတ်​ကျော်နိုင်ခဲ့ပြီ။

ခရီးစဥ်အတွင်း ကျမ Delay ဖြစ်တာ ၂ ကြိမ်တိတိပဲရှိခဲ့တယ်။ Team ရဲ့ plan အတိုင်း ကျမ လုပ်နိုင်ခဲ့တဲ့အတွက် ကျမကိုယ်ကျမ တကယ်ဂုဏ်ယူပါတယ်။ ဒီလို secondhand ၇၀၀ ဘီးနဲ့ ခရီး​ဝေးနင်းဖို့ဆို​တာ အ​တော်ကိုပင်ပန်းရပါတယ်။ စက်ဘီးစီးသမား​တွေဆို ပိုနားလည်နိုင်ပါလိမ့်မယ်။ အဓိကက စိတ်ဓါတ်ပါပဲ။ ခန္ဓာကိုယ်လည်း အားရှိမှဆို​ပေမယ့် စိတ်ဓါတ်အင်အားမရှိရင် ကျမ ဘယ်လိုမှ ဒီခရီးစဥ်ကို မ​​အောင်မြင်ပါဘူး။

ဒီ Memory ​လေးက ကျမ ပြန်​တွေးတိုင်း ​ပျော်​နေရမယ့် အတိတ်​လေးဖြစ်​နေမှာပါ။ 😊

​အခု​တော့ အားပြန်ဖြည့်​နေတုန်းမို့ ​နောက်ထပ် ခရီးစဥ်​လေး​တွေရှိမှပဲ ကျမ အ​တွေ့အကြုံ​လေး​တွေ ​ဝေမျှပါဦးမယ်​နော်။

အဆုံးအထိဖတ်​ပေးတဲ့ တဦးတ​ယောက်ချင်းစီတိုင်း ​ကျေးဇူးတင်လျက် .... 🥰

See ya!

's Diary

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Khine's Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.