STAY HOME Mobile Lab Services
Home care service for Lab investigation, Imaging, doctor and nurse home healthcare services
23/09/2022
အားလုံးပဲ မင်္ဂလာပါခင်ဗျ 🙏🙏
အခုဆိုရင် ကိုဗစ်ပဉ္စမလှိုင်းအဖြစ် နိုင်ငံအဝှမ်းကူးစက်ပြန့်နှံ့နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘများအနေနဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်လာပါက ကျွန်တော်တို့ရဲ့ ✅Stay Home Mobile Healthcare✅ကို သတိရလိုက်ဖို့ အသိပေးပါရစေ။
ကျွန်တော်တို့ရဲ့ Stay Home Mobile Healthcare မှာဆိုရင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
👉(၁) ကျွမ်းကျင်သော ဆရာဝန်များကိုယ်တိုင် အိမ်တိုင်ရာရောက် ကုသပေးခြင်း
👉(၂) အထူးကုဆရာဝန်များကို အိမ်ပင့်ကာ ကုသမှုခံယူခြင်း
👉(၃) Ultrasound, ECG စသော ကျန်းမာရေးစစ်ဆေးမှုများ ခံယူခြင်း
👉(၄) အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများ၊ သွေးဖောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း
👉(၅) Covid test စစ်ဆေးပေးခြင်း၊ Certificate များပေးခြင်း
👉(၆) အိမ်တိုင်ရာရောက် Covishield, Covaxin စသော ကိုဗစ်ကာကွယ်ဆေးများထိုးနှံ့ပေးခြင်း၊ Certificate ပေးခြင်း
👉(၇) တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံပေးခြင်း
👉(၈) ပြန်လည်သန်စွမ်းရေး ပညာရှင်များ (Physiotheraphist) များဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေးကုသမှု ခံယူခြင်း
👉(၉) သူနာပြု၊ သူနာပြုအကူ ဝန်ဆောင်မှုများပေးခြင်း
စတဲ့ ဝန်ဆောင်မှုတွေကို ဈေးနှုန်းထား သက်သာစွာဖြင့် ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Customer Service
📞 ဖုန်း 09456429259 ကို ဆက်ပြီး ဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ပြီး မိမိလူနာအနေအထားကိုပြောပြခြင်းဖြင့် အိမ်ပင့်ဝန်ဆောင်မှု လိုမလို ဆွေးနွေးနိုင်ပါတယ်။
✅အထက်ပါဝန်ဆောင်မှုများထဲမှာ မိမိက တစ်ခုခုလိုအပ်နေတယ်၊ ဈေးကြီးမလားမသိဘူးဆိုပြီး ဇဝေဇဝါဖြစ်နေရင်တော့ ဖုန်းဆက်ပြီးသာ ရဲရဲ မေးမြန်းလိုက်ပါ။
📞ကျန်းမာခြင်းဟာ ငွေကြေးထက် ပိုအရေးကြီးတာဖြစ်လို့ မိမိတတ်နိုင်တဲ့ထဲက အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်။
👨⚕သင်အိမ်မှာပဲ နေပါ၊ ကျွန်ုပ်တို့ကိုယ်တိုင်လာခဲ့ပါမယ်👨⚕
07/09/2022
❗️ကလေး ကိုဗစ်❗️
အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ
ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )
🔺ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ
၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်
၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ
၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ
🔺နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်
🔺နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်
🔺ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်
🔺အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်
မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ
ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်
🙏🏻Credit ဆရာကြီး ဦးစောဝင်း
04/03/2022
LifePlus Health & Beauty မှာစျေးဝယ်ပြီး STAYHOME မှ ကျန်းမာရေးဝန်ဆောင်မှုများကို အထူးလျော့စျေးများဖြင့်ရယူနိုင်ပြီဖြစ်ပါတယ်😇
Contact the business
Telephone
Website
Address
11-12, Shin Tayar Kyaung Street, North Dagon
Yangon
Alerts
Be the first to know and let us send you an email when STAY HOME Mobile Lab Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
