FloraGuard Myanmar
ဗိုက်ပြဿနာအတွက် Floral Guard
24/09/2026
👶 ဆေးတိုက်ရခက်တဲ့ ဘေဘီလေးအတွက် FloraGuard
🤚ဖေဖေမေမေတို့ရေ..
အိမ်က ကလေးငယ်တွေ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်လို့ ဘာလုပ်ရမှန်းမသိ 🤢 ဆေးတိုက်တော့လည်း အကြောက်အကန် ငြင်းနေရင် … FloraGuard ရှိတယ်နော်💊
🍓🍇 သူ့ရဲ့ အရသာက ဆေးတိုက်ရခက်တဲ့ ကလေးတွေကိုတောင် အကြိုက်တွေ့သွားစေမယ့် သီးစုံအရသာချိုချဉ်လေးမို့….ကလေးငယ်တွေအတွက် သောက်သုံးရ လွယ်ကူစေမှာပါ။
💧 ရေ၊နို့ နဲ့ ကလေးကြိုက်တတ်တဲ့ အစားအစာတွေထဲ ရောစပ် တိုက်ကျွေးလို့ရပါတယ်🛡️
💚 FloraGuard ကို အသက် (၆) လ မှစပြီး တစ်နေ့တစ်ထုပ် နေ့စဉ်ပုံမှန် သောက်သုံးနိုင်ပါတယ်နော် 💚
04/09/2026
🤷♂️ ခရီးသွားရင် အနှောင့်အယှက် အပေးဆုံးက ဘာလဲသိလား?
အပီအပြင်ကဲမယ်လို့ တွေးထားတဲ့ စိတ်ကူးတွေကို အကုန်ပလုံသွားအောင် ဖျက်ဆီးပစ်နိုင်တဲ့ ဝမ်းပျက်၊ဝမ်းလျှော အန္တရာယ်ပဲ။🤢
😩 အစားအသောက်နဲ့ ရာသီဥတု အပြောင်းအလဲမှာ ဒါတွေက ဖြစ်လေ့ဖြစ်ထ ရှိတယ် ဆိုပေမယ့် အပန်းဖြေဖို့ ခရီးထွက်လာတာကို တစ်ချိန်လုံး ဒီလိုမျိုးကြီး ဖြစ်နေရင် ဘယ်လိုလုပ် ပျော်စရာ ဖန်တီးနိုင်တော့မလဲ။
🛡️ ဒါကြောင့်မို့ ဘယ်အခြေအနေမှာမဆို ဝမ်းဗိုက်ဝေဒနာတွေကို ကာကွယ်ပေးမယ့် FloraGuard ကို ဆောင်ထားဖို့ လိုတာပေါ့။
💊 သူက အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်းကို ပုံမှန်အတိုင်း ဟန်ချက်ညီအောင် ထိန်းထားပေးလို့ ခရီးသွားတိုင်း ဗိုက်ပြဿနာအတွက် စိတ်ပူစရာမရှိတော့ဘူးလေ..
🧳ဒီတော့ နောက်တစ်ခါ ခရီးသွားရင် ကိုယ့်ရဲ့ Hand Carry အိတ်ထဲမှာ FloraGuard လေးကို ထည့်သွားဖို့ မမေ့ကြနဲ့နော်
#ဝမ်းပျက်ဝမ်းလျှော #အူလမ်းကြောင်းကျန်းမာရေး
31/08/2026
လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှော အန္တရာယ် သတိပြုရန်🚨
ဒီရက်ပိုင်း ဆိုရှယ်မီဒီယာ နဲ့ သတင်းတွေမှာ မကြာခဏ ဆိုသလို တွေ့နေရတဲ့ ကာလဝမ်းရောဂါကြောင့် FloraGuard ချစ်သူတွေလည်း စိုးရိမ်ပူပန်မှုလေးတွေ အနည်းငယ် ရှိနေနိုင်ပါတယ်။
ဒါပေမယ့် အရမ်းကြီးလည်း စိတ်မပူပါနဲ့ဦး။ကာလဝမ်းရောဂါဆိုတာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေက တစ်ဆင့် ကူးစက်တာဖြစ်လို့ အခြေခံ သန့်ရှင်းရေး အလေ့အထလေးတွေကို သတိထားရုံ နဲ့ ဒီရောဂါကို လုံးဝနီးပါး ကာကွယ်နိုင်ပါတယ်။🛡️
🤝 သင် နဲ့ သင့်မိသားစုဝင်တွေရဲ့ ဘေးကင်လုံခြုံရေးအတွက် အခုပြောမယ့် အချက်တွေကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြရအောင် _
🛑 အဓိက အစားအသောက် သန့်ရှင်းရေးကို ဂရုစိုက်ပါ - လမ်းဘေးစာ (အသုပ်၊တုတ်ထိုး နဲ့ ချဉ်ချဉ်စပ်စပ်) အရာတွေကို လုံးဝ ရှောင်ကြဉ်ပြီး ပူပူနွေးနွေး ကျက်အောင် ချက်ထားတဲ့ အစားအစားတွေကိုသာ စားပါ။ယင်ကောင်မနားစေရန် သေချာ ဖုံးအုပ်ထားပါ။
🥛 ရေကိုကျိုချက်သောက်ပါ - ကလေးငယ်များကို ရေစိမ်းတိုက်ကျွေးတာမျိုး လုံးဝ မလုပ်သင့်ဘဲ ကျိုချက်ထားတဲ့ရေ ဒါမှမဟုတ် သန့်စင်ပြီးသား ရေသန့်ကိုသာ တိုက်ကျွေးသင့်ပါတယ်။
🧼 လက်ကို မကြာခဏဆေးပါ - အစားမစားမီ နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးကြောပေးပါ။
🍊 သစ်သီးဝလံများကို ဆေးကြောပြီးမှ စားပါ - သစ်သီးဝလံများကို မစားမီ ရေနဲ့ စနစ်တကျ ဆေးပေးပါ ဒါမှမဟုတ် အခွံနွှာစားပါ။
ဆန်ဆေးရည်ကဲ့သလို့ ဝမ်းရည်များသွားခြင်း၊ပျို့အန်ခြင်း ၊ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ ရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာန နဲ့ ဆေးရုံ၊ဆေးခန်းများကို အမြန်ဆုံးသွားပြီး ကုသမှု ခံယူပါ။🏥
မိသားစုကျန်းမာရေးဆိုတာ အရာအာလုံးထက် ပိုတန်ဖိုးရှိတာမို့လို့ အခြေခံ သန့်ရှင်းရေး အလေ့အထလေးတွေကို ပူးပေါင်းလုပ်ဆောင်ရင်း ကာလဝမ်းရောဂါ အန္တရယ်ကနေ အတူတကွ ကျော်ဖြတ်ကြရအောင်..
#ကာလဝမ်းရောဂါ #ဝမ်းပျက်ဝမ်းလျှော
28/08/2026
💁♀️အထိုင်များတဲ့ ရုံးဝန်ထမ်းတွေအတွက် အူလမ်းကြောင်း ကျန်မားစေဖို့…
😫တစ်နေကုန် ကွန်ပြူတာရှေ့ထိုင်ပြီး အချိန်အကြာကြီး အလုပ်လုပ်ရတဲ့အခါ
အူလမ်းကြောင်း လှုပ်ရှားမှုက ပုံမှန်ထက် နှေးကွေးသွားပြီး
အစာမကြေတာ၊ဝမ်းချုပ်တာ နဲ့ ဗိုက်ထဲမှာ အပူအပုပ်တွေ စုပြုံလာတတ်ပါတယ်။
အလုပ်ကတော့ အမြဲလုပ်နေရာမှာမို့ အထိုင်များတာကို ပြောင်းလဲပစ်ဖို့ မလွယ်ကူပေမဲ့ အူလမ်းကြောင်းကိုတော့ ချက်ချင်း ပြန်ကျန်းမာလာအောင် လုပ်ပေးလို့ရပါတယ်။🩺
💚 အလွယ်ကူဆုံးနည်းလမ်းကတော့ FloraGuard ပါပဲ။
သူ့မှာပါတဲ့ Saccharomyces boulardii (Probiotics) က -
✅အထိုင်များလို့ နှေးကွေးသွားတဲ့ အူလမ်းကြောင်းရဲ့ အစာခြေစနစ်ကို ပုံမှန်ပြန်ဖြစ်စေတယ်။
✅လေပွ၊ဗိုက်ကယ်တာ နဲ့ ဝမ်းမမှန်တာတွေကို ချက်ချင်း သက်သာစေတယ်။
✅အကျိုးပြုဘက်တီးရီးယားတွေကို ပွားများစေလို့ ဗိုက်ဒုက္ခတွေ ကင်းဝေးပြီး တစ်နေတာလုံး လန်းဆန်ပေါ့ပါးနေမှာပါ။
😉 ဝမ်းဗိုက်မအီမသာဖြစ်ရတဲ့ ဒုက္ခတွေကို မခံစားချင်တော့ရင် FloraGuard လေးကိုသာ ဆောင်ထားလိုက်ပါနော်
#အူလမ်းကြောင်းကျန်းမာရေး #ဝမ်းပျက်ဝမ်းလျှော
24/08/2026
🦠ခန္ဓာကိုယ်ထဲမှာ အကျိုးပြုဘက်တီးရီးယား ဘယ်လောက်တောင် များလဲ?
တကယ်တော့ ကျွန်တော်တို့ အူလမ်းကြောင်းထဲမှာ သက်ရှိပေါင်း ဘီလီယံနဲ့ချီရှိပြီး အစာခြေစနစ်အတွက် ကိုယ်စီ တာဝန်ထမ်းဆောင်နေကြတာပါ။
ကျွန်တော်တို့ အစား စားလိုက်တိုင်း သူတို့က အစာခြေဖျက်ပေးဖို့ အသင့်ရှိနေပြီး အူလမ်းကြောင်း ကျန်းမာနေအောင် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါတယ်။
😢ဒါပေမဲ့ အပြင်စာတွေ လျှောက်စားမိတာ၊ ပိုးသတ်ဆေး/ပဋိဇီဝဆေးတွေ သောက်ရလို့ ဒီအကောင်လေးတွေ လျော့နည်းသွားတဲ့အခါ ဗိုက်ထဲ မအီမသာဖြစ်ပြီး ဝမ်းပျက်၊ ဝမ်းလျှောလိုမျိုး ဝေဒနာတွေ စတင်လာပါတော့တယ်။
🛡️ဒီလိုအချိန်ဆို Flora Guard ကို သောက်ပေးဖို့ လိုလာပြီနော်
Flora Guard မှာ အစာအိမ်အက်ဆစ်ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ Saccharomyces boulardii Probiotics (5 Billion) ကျော်ထိ ပါဝင်လို့ သောက်လိုက်တာနဲ့ 💪အူလမ်းကြောင်းအား ပြန်ပြည့်သွားပြီး ဝမ်းပျက်၊ ဝမ်းလျှောတာကို အမြန်ဆုံး သက်သာစေပါတယ်
💚"ဝမ်းတစ်လုံးကောင်းရင်... ခေါင်းမခဲဘူး" ဆိုတဲ့ စကားအတိုင်း ဗိုက်ကလေး ကျန်းမာမှ တစ်နေ့တာလုံး အလုပ်လုပ်ရတာ စိတ်ချမ်းသာမှာမို့ Flora Guard လေးကို အမြဲဆောင်ထားကြနော်
#အူလမ်းကြောင်းကျန်းမာရေး #ဝမ်းပျက်ဝမ်းလျှော
20/08/2026
အူလမ်းကြောင်းကျန်းမာရေး အခြေအနေကို အလွယ်တကူ ဘယ်လိုသိနိုင်မလဲ❓
ကျွန်တော်တို့ ခန္ဓာကိုယ် နေ့စဉ်ကျန်းမာနေဖို့အတွက် အူလမ်းကြောင်း ကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။အူလမ်းကြောင်း မကောင်းရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးလောက်ကို ထိခိုက်နိုင်တာကြောင့် အောက်ပါလက္ခဏာတွေဖြစ်လာရင် အူလမ်းကြောင်း ကျန်းမာရေးကို စတင် ဂရုစိုက်သင့်ပါပြီ။
၁။ အစာခြေစနစ် မမှန်ခြင်း - ခဏခဏ ဗိုက်ကယ်တာ၊ အစာမကြေတာနဲ့ ဝမ်းချုပ်/ဝမ်းလျှော ဖြစ်တာတွေက အူလမ်းကြောင်း ပြဿနာရဲ့ အသိသာဆုံး လက္ခဏာပါ။🤢
၂။စိတ်ဂဏာမငြိမ်ဖြစ်ခြင်း - အူလမ်းကြောင်းနဲ့ 🧠 ဦးနှောက်က တိုက်ရိုက် ဆက်နွှယ်နေတာမို့ စိတ်ဓာတ်ကျလွယ်တာ၊ စိတ်တိုလွယ်တာနဲ့ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။
၃။အရေပြား ပြဿနာများ - ဝက်ခြံ ခဏခဏထွက်တာနဲ့ အရေပြား ယားယံ/နီရဲတာတွေဟာ အူလမ်းကြောင်းက အဆိပ်အတောက်တွေကြောင့် ဖြစ်တတ်ပါတယ်။💆♂️
၄။အချိုစာ အရမ်းဆာခြင်း - အူထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ များလာတဲ့အခါ အချိုနဲ့ 🍩 သကြားဓာတ်ပါတာတွေကို ပိုပြီး စားချင်စိတ် ဖြစ်လာတတ်ပါတယ်။
၅။ အမြဲတမ်း မောပန်းနွမ်းနယ်နေခြင်း - အူလမ်းကြောင်း မကျန်းမာတဲ့အခါ အစားအစာကနေ အာဟာရဓာတ်တွေကို ထိရောက်စွာ မစုပ်ယူနိုင်တော့တာ ကြောင့် အမြဲ အားအင်ကုန်ခမ်းပြီး မောပန်းနေတတ်ပါတယ်။ 😴 😴
🌿 ဒီတော့…နေ့စဉ် ရေများများသောက်ပေးပါ၊ အသီးအရွက်နဲ့ အမျှင်ဓာတ်ပါတာတွေ ပိုစားပေးပါ။ ဒိန်ချဉ်လိုမျိုး အူလမ်းကြောင်းအတွက် အကျိုးပြုတဲ့ ပရိုဘိုင်အိုတစ် (Probiotics) ပါတဲ့ အစားအစာတွေကို နေ့စဉ် နည်းနည်းစီ စားပေးရုံနဲ့တင် အများကြီး သက်သာလာနိုင်ပါတယ်။
ခန္ဓာကိုယ်က ပေးတဲ့ သတိပေးချက်လေးတွေကို သေချာနားထောင်ပေးပြီး ဒီနေ့ပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထလေးတွေ အစပျိုးလိုက်ရအောင်💪 💪
#အူလမ်းကြောင်းကျန်းမာရေး #ဝမ်းပျက်ဝမ်းလျှော #ဗိုက်ပြသနာ
03/08/2026
🚨 ဝမ်းချုပ်တာကို သာမန်ပဲ ထင်ပြီး ပေါ့ဆမိနေတုန်းလား?
တစ်ခါတလေဆို ပြဿနာမရှိပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေပြီဆိုရင်တော့ ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ဝင်လာနိုင်ပါတယ်။
ဝမ်းချုပ်တာ နေ့စဉ်ရက်ဆက် ဖြစ်လာတဲ့အခါ -
🤢 ဗိုက်အောင့်၊ ဗိုက်ကယ်၊ လေပွတာတွေအပြင် ပါးစပ်နံတာနဲ့ ခေါင်းကိုက်တာမျိုးတွေ ဆက်တိုက် ကြုံလာရနိုင်ပါတယ်။
🩺 လေ့လာချက်တွေအရ ဝမ်းချုပ်တတ်သူတွေဟာ သာမန်လူတွေထက် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၁၃% ပိုများပြီး၊ ကျောက်ကပ်ပျက်စီးနိုင်ခြေ ၉% အထိ ပိုများတာကို တွေ့ရပါတယ်။
❤️🩹 ဒါ့အပြင် ဝမ်းကို ခက်ခက်ခဲခဲ ညှစ်ရလွန်းတဲ့အခါ သွေးတိုးတက်လာပြီး လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာတွေအထိ ကူးစက်သွားနိုင်သလို၊ အူလမ်းကြောင်းမှာ ကြာရှည်ဒဏ်ရာရပြီး အူမကြီးကင်ဆာအထိ ဖြစ်သွားနိုင်တာပါ။
💡 ဒါကြောင့် ဝမ်းချုပ်တာကို ပေါ့ဆမနေဘဲ အိမ်သာခဏခဏ သွားရတာ၊ ဝမ်းထဲ သွေးပါတာမျိုး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အကောင်းဆုံးပါပဲ။
💚 ပေါ့ဆမှုတစ်ခုကြောင့် နာတာရှည်ဒုက္ခမရောက်ရအောင် ဒီနေ့ပဲ ရေများများသောက်၊ အမျှင်ဓာတ်များတာတွေ စားပြီး ဝမ်းမှန်အောင် ဂရုစိုက်ကြပါနော်!
29/07/2026
🌷ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့)🌷
☸️သန္ဓေတောထွက်၊ဓမ္မစက်
နှုတ်မြွက်သံချို၊ လဝါဆို…. ☸️
🙏ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)မှာ ၇ ရက်သား၊သမီးများအားလုံး စိတ်နှလုံးအေးချမ်းစွာဖြင့် မေတ္တာတရားများပွားများ နိုင်ပါစေကြောင်း FloraGuard Myanmar မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🪷🙏🙏
22/07/2026
Fiber နဲ့ Probiotics တူတူပဲလား❓
🤔ဒါကတော့ လူအများစု အနည်းငယ် ဇဝေဇဝါ ဖြစ်နေတဲ မေးခွန်းပါ။တကယ်တော့ မတူပါဘူးနော်။
🦠 Probiotics ဆိုတာက အူလမ်းကြောင်း ကျန်းမာအောင် ကူညီပေးတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ဖြစ်ပါတယ်။(ဒိန်ချဉ်တို့၊ကင်မ်ချီတို့မှာ ပါတာမျိုးပါ)
🥗 Fiber (အမျှင်ဓာတ်) ဆိုတာမျိုးကျ အဲဒီအကျိုးပြုဘက်တီးရီးယားလေးတွေအတွက် စွမ်းအင်အရင်းအမြစ် (လွယ်လွယ်ပြောရရင် သူတို့ရဲ့ “အစာ”ပေါ့)
💡 အကျိုးပြုဘက်တီးရီးယားရှိပြီး သူတို့စားဖို့ အစာမရှိရင် အူလမ်းကြောင်းက ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။
✅ ဒါကြောင့် ဝမ်းမှန်ပြီး အစာအိမ် နဲ့ အူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင် Fiber နဲ့ Probiotics ကို မျှမျှတတ စားသုံးပေးဖို့ လိုအပ်ပါတယ်နော်။
#အူလမ်းကြောင်းကျန်းမာရေး
19/07/2026
19 July မမေ့နိုင်💔
ယနေ့ "ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား FloraGuard မိသားစု မှ လေးမြတ်စွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည် ။
#အာဇာနည်နေ့
Category
Telephone
Website
Address
No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11181
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 12:30 |
