Perfume Nirvana
Authentic Perfume Decants. High-End & Niche Selections. Smell Unique, Feel Confident.
📍 Yangon နှင့် ပြည်တွင်းမြို့နယ်အနှံ့ ပို့ဆောင်ပေးပါသည်။ 🛒
Citrus ရဲ့ လန်းဆန်းမှု၊ Mint ရဲ့ အေးအေးလေးဖြစ်မှုနဲ့
သန့်သန့်ရှင်းရှင်း Woody scent တစ်မျိုး။ 🌿
PDM Sedley
25/09/2026
ဆိုင်ပိတ်ရက် ကြေညာခြင်း ✨
ချစ်ခင်လေးစားရပါသော Customers များရှင့် 🤍
🗓 စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၆ ရက်) ဆိုင်ခေတ္တပိတ်ထားမည် ဖြစ်ပါသည်။
🗓 အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆိုင်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားပါမည်။
📦 ဆိုင်ပိတ်ထားသည့်ရက်များအတွင်း Online Orders များကိုတော့ ပုံမှန်အတိုင်း လက်ခံပေးနေပါမည်ရှင့်။
အားလုံးပဲ သာယာပျော်ရွှင်တဲ့ အားလပ်ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 🤍
Perfume Nirvana
24/09/2026
ကလေးဘဝတုန်းက Baby Powder လိမ်းပြီးခါစမှာ ရတဲ့အနံ့လေးကို မှတ်မိသေးလား။ 🤍
Juliette Has A Gun ရဲ့ Powder Love က အဲ့ဒီအနံ့လေးကနေ inspire ယူပြီး ဖန်တီးထားတာပါ။
ဒါပေမယ့် Baby Powder အနံ့အတိုင်း ပြန်လုပ်ထားတာတော့ မဟုတ်ပါဘူး။
Powdery ဖြစ်တဲ့အနံ့ထဲကို Cotton Candy နဲ့ Marshmallow ရဲ့ အနံ့ချိုချိုလေးတွေ ထည့်ထားပြီး Sugared Almond နဲ့ Musk ပါ ရောထားတယ်။
ကလေးဘဝက ရင်းနှီးခဲ့တဲ့ powder အနံ့လေးလို နူးညံ့ပြီး သန့်သန့်လေးဖြစ်နေသလို Cotton Candy တစ်ဆုပ်လောက် ထည့်ထားသလို ချိုချိုလေးလည်း ဖြစ်နေတယ်။
Gourmand ဆိုပေမယ့် မုန့်နံ့လို စားချင်စရာကြီး ဖြစ်နေတာမျိုးမဟုတ်ပါဘူး။
ချိုချို၊ နူးနူးညံ့ညံ့နဲ့ powdery ဖြစ်ပြီး နာမည်လေးအတိုင်းပဲ Powder ကို နည်းနည်းချစ်စရာကောင်းအောင် လုပ်ထားတဲ့ Powder Love. 🎀🤍
Vietnamese niche house d'Annam ရဲ့ Bubble Tea 🧋🤎
23/09/2026
ရေချိုးပြီးခါစမှာ Vanilla Body Lotion လေး လိမ်းထားသလိုမျိုး ခံစားရမယ့် Montblanc Signature🤍
သူ့အနံ့က ချိုပေမယ့် စားချင်စရာ Gourmand Vanilla ဘက်သွားတဲ့အနံ့မျိုး မဟုတ်ပါဘူး။
Vanilla ရဲ့ ချိုနွေးနွေးအနံ့ထဲမှာ White Musk ရဲ့ အနံ့ သန့်သန့်လေးရောနေလို့ Creamy ဖြစ်သလို Powdery လည်းဖြစ်တယ်။
ပန်းနံ့ကလည်း သီးသန့်ကြီး ထွက်နေတာမျိုးမဟုတ်ဘဲ Creamy ဖြစ်တဲ့အနံ့ထဲမှာ ခပ်ဖျော့ဖျော့လေးရောနေတာ။
ချိုပေမယ့် မအီဘူး။
သန့်သန့်ရှင်းရှင်း နူးနူးညံ့ညံ့နဲ့ ကိုယ့်အနားမှာပဲ သင်းနေတဲ့ Milky, Clean Vanilla အနံ့မျိုး။ 🤍
ကိုယ်သွားချင်တဲ့နေရာကို အနံ့တစ်ခုနဲ့ ရွေးမယ်ဆိုရင်… 🌿🖤🌹
Philosykos • Orphéon • Eau Rose
22/09/2026
ခရမ်းစွဲကျောက်ရဲ့ အလှတရားကို inspiration ယူပြီး ဖန်တီးထားတဲ့
Omnia Amethyste က ယဉ်ယဉ်လေးနဲ့ သန့်ရှင်းပြီး classy ဖြစ်တဲ့ အနံ့မျိုးပါ။ 💜
Green Notes တွေရဲ့ Fresh ဖြစ်မှုနဲ့စပြီး...
နောက်ပိုင်းမှာတော့ Iris နဲ့ Rose ပန်းနံ့တွေက နူးနူးညံ့ညံ့ Powdery ဖြစ်လာပြီး Soapy Vibe မျိုးလေး ပေးပါတယ်။
သူ့အနံ့က လူအများကြားထဲမှာ ထင်ပေါ်စေမယ့် type မျိုးတော့ မဟုတ်ပါဘူး။
အနားကပ်လာတဲ့အချိန်မှ သင်းသင်းလေးရပြီး စိတ်ကြည်လင်စေတဲ့
သန့်သန့်အေးအေး Feminine Scent မျိုးပါ။ 💜
Creamy ဖြစ်ပြီး Candy ဆန်တဲ့ Strawberry အနံ့လေးနဲ့ Miami Shake 🍓
21/09/2026
Babycat ဆိုတဲ့ နာမည်လေးက ချစ်စရာကောင်းပေမယ့် သူ့ရဲ့တကယ့် Inspiration က YSL ရဲ့ Iconic ဖြစ်တဲ့ Leopard Print ကို ကိုယ်စားပြုတာပါ။ 🐆🖤
ချစ်စရာကောင်းတဲ့ ကြောင်ပေါက်လေးလို နွေးထွေးပေမယ့် ကျားသစ်တစ်ကောင်လို ရဲတင်းပြီး Fierce ဖြစ်တဲ့ Vibe မျိုးကို ပေးတယ်။
အနံ့မှာလည်း အဲ့ဒီနှစ်ဘက်လုံးရှိပါတယ်။
Vanilla ကြောင့် ချိုနွေးပြီး နူးညံ့တဲ့ဘက်ရှိပေမယ့် Babycat ရဲ့ Vanilla က ချိုချိုနဲ့ creamy ဖြစ်တဲ့ Vanilla မျိုးတော့ မဟုတ်ပါဘူး။
Smoky ဖြစ်တယ်။ spicy ဖြစ်တယ်။ Suede ရဲ့ leathery feeling လေးလည်း ရှိတယ်။
သူ့အနံ့က နွေးနွေးချိုချိုလေးနဲ့ပဲ ပြီးမသွားဘဲ နည်းနည်း wild ဖြစ်ပြီး sexy ဖြစ်တဲ့ဘက်လေး ကျန်ခဲ့ပါတယ်။
ဒီနေ့တစ်ရက်ဆိုင်လေးပိတ်ပါတယ်ရှင့်။
Category
Contact the business
Website
Address
အမှတ်၁/ခ အောင်မေတ္တာလမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်
Yangon
