Fairy Myanmar pabedan yangon

Fairy Myanmar pabedan yangon

Share

Fairy Myanmar မှ နွေးထွေးစွာကြိုဆိုပါတယ်

30/09/2026

ကိုယ့်ဘဝရဲ့ ပူလောင်မှု၊
ငြိမ်းအေးမှုကို ကိုယ့်စိတ်ကပဲ
ဖန်တီးပါတယ်။စိတ်ပူလောင်ရင်
ဘဝပူလောင်ပြီး စိတ်ငြိမ်း
အေးရင် ဘဝငြိမ်းအေးပါတယ်။
ဘဝဆိုတာ စိတ်ရဲ့
ကိုယ်ပိုင်ရေး ပုံတူ ပန်းချီကား
တစ်ချပ်ပါ။

30/09/2026

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား....

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

သင် ကျရူံးနေလား...

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ.....
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတို့ထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတို့ထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင် ....
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖို့သွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖို့အချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

သင် အောင်မြင်နေပြီလား...

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။

စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။

ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။

သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။

"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။

ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ပဲ

မောက်မာပြီး အောက်ခြေမလွတ်ဖို့လည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။

"လ" သာဖို့အတွက် နေ ဝင်ပေးရသလို
"နေ" သာဖို့အတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။

နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။

ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။

ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။

ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။

ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။

ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။

ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။

ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ ....
သင်ဘယ်တော့မှ မမေ့ပါနဲ့။

- မေတ္တာဖြင့်မျှဝေပါသည်။
- မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

#လူငယ်တွေအောင်မြင်ဖို့
#လူငယ်တို့အတွက်မှတ်သားစရာ
#စာပေ #ဗဟုသုတ

30/09/2026

ကိုယ်ကျင့်သိက္ခာဆိုတာ

ကိုယ်ကျင့်သိက္ခာဆိုတာ
သူများမြင်တဲ့အချိန်မှာပဲ ကောင်းကောင်းနေခြင်းမဟုတ်ပါဘူး။
ဘယ်သူမှမမြင်တဲ့အချိန်မှာတောင် ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ခြင်း ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ အလှအပက အသက်အရွယ်နဲ့အတူ ပြောင်းလဲနိုင်ပေမယ့်
ကိုယ်ကျင့်သိက္ခာကတော့ ကိုယ့်လုပ်ရပ်တွေနဲ့ တည်ဆောက်ထားတာမို့
လူတွေက အချိန်ကြာလာလေလေ ပိုပြီးသိမြင်လာကြပါတယ်။

မိမိမပိုင်တာကို မယူခြင်း၊
မမှန်တာကို မပြောခြင်း၊
သူတစ်ပါးကို မနာကျင်အောင် စကားကို ချင့်ချိန်ပြောခြင်း၊
အခွင့်အရေးရလာတိုင်း ကိုယ့်အကျိုးအတွက်ပဲ မသုံးဘဲ
သူတစ်ပါးအပေါ်လည်း ကိုယ်ချင်းစာတတ်ခြင်းတွေဟာ
ကိုယ်ကျင့်သိက္ခာရဲ့ အစိတ်အပိုင်းတွေပါ။

ငွေကြေးနဲ့ ဂုဏ်သိက္ခာကို ဝယ်လို့ရနိုင်ပေမယ့်
တကယ့်ကိုယ်ကျင့်သိက္ခာကိုတော့ ငွေနဲ့ဝယ်လို့မရပါဘူး။

ကိုယ့်အကျင့်ကို ကိုယ်တိုင်စောင့်ရှောက်ပါ။
ဘာကြောင့်လဲဆိုတော့
လူတွေက ကိုယ့်စကားကို မေ့သွားနိုင်ပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့် သူတို့ခံစားခဲ့ရတာကိုတော့ မမေ့လွယ်ကြလို့ပါ။

လူကောင်းတစ်ယောက်ဖြစ်ဖို့ထက်
ကိုယ်ကျင့်သိက္ခာကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်
နေ့စဉ် ကိုယ့်ကိုယ်ကို ပြန်စောင့်ကြည့်ကြရအောင်။

လူတွေရှေ့မှာ ကောင်းယောင်ဆောင်တာထက်၊ ဘယ်သူမှမမြင်တဲ့နေရာမှာတောင် ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်ခြင်းကသာ လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်ပါ။

#ပါချုပ်ဆရာတော်
#ကိုယ်ကျင့်တရား
#မင်္ဂလာညချမ်း

30/09/2026
30/09/2026

သားငယ်ဂျက်လီနဲ့အပန်းဖြေ TT ဆော့မယ်🥰🥰

30/09/2026

Fairy sunscreen လေးတွေ မြန်မာနိုင်ငံထဲမှာရောက်နေတာ တလကျော်ပါပီ

ဝင်ရခက်တဲ့အခြေအနေလေးတွေကြောင့် ကုမ္မဏီကိုမရောက်သေးတာကိုနားလည်ပေးကြပါနော်🙏

အမြန်ရောက်နိုင်ဖို့လည်း Founder စီစဥ်နေတာမို့ မကြာခင်လာမည် မျှော်----

30/09/2026

တစ်မျိုးထဲနဲ့တစ်ကိုယ်လုံးသုံးလို့ရမဲ့မျက်နှာသစ်မျိုးရှာနေရင်

ဒီဆပ်ပြာခဲကိုသုံး📌

မျက်နှာအဆီပြန်ခြင်းကိုထိန်းပေးပီးဆားဝက်ခြံအဆီဖုရှယ်ပြေးတဲ့

သဘာဝစံပယ်ဆပ်ပြာခဲ

အရေပြားပြဿနာအမျိုးမျိုကိုပါဖြေရှင်းပေးတဲ့စံပယ်ဆပ်ပြာခဲ

price...25000ks

Photos from Fairy Myanmar pabedan yangon's post 30/09/2026

1ဘူးထဲနဲ့ ဒီလိုဖြစ်သွားတာ မဟုတ်ဘူးနော်❌
နေ့စဉ်နေ့စဉ် အားဖြည့်ပေးလာတာ ၄နှစ်နီးပါးပဲ
ဆံသားတစ်ချောင်းချင်းစီအားရှိတဲ့ခါကျတော့
ဝပ်ကျသွားတာ သိသာချက်🤭

ဗောက်ထတတ်သူ ဒီနေ့လျှော်နောက်ရက်အဆီပြန်သူ
Shampoo လေးနဲ့ပါ တွဲသုံးပေးပါနော်🤩🤩🤩
နှစ်ခွမဖြစ်ချင်သူ ရေဓာတ်ပြည့်ပီး တုန်နေချင်သူ
Hair maskပါ အနည်းဆုံး 3minထပ်ပေါင်းပေးပါ❤️‍🔥

ဆံပင်အတွက်ဆို ဒီ3မျိုးဆို okပီ စိတ်ချ💯



Crd

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Fairy Myanmar pabedan yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.