Slim Palace by Muyar

Slim Palace by Muyar

Share

အဆီကင်းဇုန်

27/05/2024

ဝမ်းမချုပ်စေရန် ပျော်ပျော်နေပါ။

ဝမ်းချုပ်ခြင်းမှာ စိတ်နှင့်လည်းဆက်စပ်မှုရှိနေပါသည်။🤔
စိတ်ညစ်နေသူများ၊🙃
စိတ်ဓာတ်ကျဆင်းနေသူများ၊ 😌
ပူဆွေးသောက ရောက်နေသူများ😔တွင် ဝမ်းချုပ်လေ့ရှိသည်။

ခန္ဓာကိုယ်ရှိ ဟော်မုန်းစနစ်များနှင့် အာရုံကြောစနစ်များ ချို့ယွင်းသွားသောကြောင့်ဖြစ်သည်။ 🫡
ထို့ကြောင့် ဝမ်းမှန်မှန်သွားစေရန် စိတ်ကိုပျော်ရွှင်အောင်နေတတ်ဖို့ အရေးကြီးပါသည်။ 🤗
ဘဝတွင် တွေ့ကြုံရသည့် အခက်အခဲများကို အကောင်းမြင်စိတ်ဖြင့် ဖြေရှင်းတတ်ဖို့လိုပါသည်။ 🤜🤛
တရားထိုင်ခြင်း (Meditation) 🧘‍♂️🧘‍♀️သည် စိတ်တည်ငြိမ်အောင် ပြုလုပ်ခြင်းဖြစ်၍ ကောင်းမွန်သော်လည်း တရားထိုင်ပြီးတိုင်း လမ်းလျှောက်🚶‍♀️🚶‍♂️🚶ဖို့တော့ မမေ့စေလိုပါ။

ဒေါက်တာခင်မောင်လွင် (FAME)

27/05/2024

ဘာလေ့ကျင့်ခန်းလုပ်လုပ် မကျဘူးဆိုမှကြည့်

#လက်မောင်း #လက်မောင်းတုတ်မှကြည့် #လက်မောင်းကြီးနေလား
#လက်သေး #လက်မောင်းသေး

27/05/2024

တနေ့ ဘယ်လောက်စား😮🫢

25/02/2024

View များစေတဲ့ post ပေးနည်းအသစ်🤣🤣�

Crd Photo

22/02/2024

ဒီလိုတွေးမိနေရင် ရပ်လိုက်ပါ🙅
ကိုယ်ဟာ ကိုယ်ပါ။
ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။
သင့်အနေနဲ့ သင့်အလုပ်ကို ၁၀၀% မကျွမ်းကျင်ဘူးဆိုရင်တောင်....

သင်က ၄၀ % ကျွမ်းကျင်ရင်
အဲဒီ ၄၀% အတွက် ရာနှုန်းပြည့် အားစိုက်ပါ။
သူတပါးနဲ့ အမြဲနှိုင်းယှဥ်ပြီး ကိုယ့်တန်ဖိုးကိုယ်မချပါနဲ့"

Photos from Slim Palace by Muyar's post 22/02/2024

အဲ့စုံတွဲပဲပေးလိုက်တာ
အောက်မှာreviewတွေရှယ်ရ



#အိမ်ရောက်ငွေချေ

09259276084

Photos from Beauty by Muyar's post 22/02/2024

အိုး အဆီတဝုန်းဝုန်းကျချင်မှကြည့်

22/02/2024

မပြောတတ်လို့မဟုတ်ပါဘူး...
တစ်ချို့စကားတွေက တန်ဖိုးရှိလို့သိမ်းထားတာ...
မသိလို့လည်း...မဟုတ်ပါဘူးလေ...
တစ်ချို့အရာတွေဘယ်အထိသွားမလဲ ကြည့်နေတာပါ...
ရိုးရိုးနေလို့...အ တယ်ထင်ရင်..
ဥပမာလေးတစ်ခုပြပါရစေ...

ကျားက သမင်ကို...မမြင်အောင်ပုန်းတာဟာ
သမင်ရဲ့ဦးချိုကို ကြောက်လို့မဟုတ်ဘူးလေ...
သားကောင်ဖမ်းဖို့...ဉာဏ်ကိုလွှာလို့
ကွယ်ရာမှာငြိမ်သက်ပြီးတော့ စောင့်နေသလိုပါပဲ...
ရွှေသမင် ဘယ်လိုပဲပြေးပြေးပေါ့လေ...
လူတွေရေးတဲ့...စာချိုးလေးကိုက..
"သမင်ဆယ်လှမ်း...ကျားတစ်လှမ်း" တဲ့လေ...
ဒီလို အမဲလိုက်ကျွမ်းတဲ့...ကျားဟာလည်း...
သူ့ရဲ့နည်းနဲ့သူ့ကိုပြန်ပြီးတော့...
မုဆိုးကအမဲလိုက်တာခံရတာပဲလေ....

လောကနိယာမ ကိုက...
"အ"သူခံ..."လည်"သူစား လို့ဆိုထားခဲ့တာပဲ....
ကိုယ့်ကိုယ်ကို လည် လှပြီအထင်နဲ့တော့...
လူတိုင်းကိုလျော့မတွက်လိုက်ပါနဲ့...
တစ်လောကလုံးက ရူးချင်ယောင်ဆောင်နေတာချည်းပဲ...
ထင်သလောက် မတုံးအ ကြဘူး....
အားလုံးက ကိုယ့်ထက် လည် တယ်ဆိုတာသတိထားပါ....

..........,.,

20/02/2024

ပြည်တွင်းထုတ်ကုန်နဲ့ အဆီချမယ်

16/01/2024

ခရမ်းချဥ်သီးတွင်ပါဝင်သော အာဟာရဓာတ်များ

ရင့်မှည့်နေသည့် အနေတော်ခရမ်းချဥ်သီးတစ်လုံး (Fresh, raw, ripe, medium sized tomato) ကိုစားလျှင် ကာဘိုဟိုက်ဒြိတ်ပမာဏ အနည်းငယ်သာပါဝင်ပြီး အဆီနှင့် ပရိုတင်းဓာတ်များ လုံးဝနီးပါး မပါဝင်သောကြောင့် ကယ်လိုရီလွန်စွာနည်းသည့် အသီးတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးကို ထိခိုက်စေသောပြည့်ဝဆီ (Saturated fat) နှင့် ကိုလက်စထရောဓာတ် (Cholesterol) များ လုံးဝပါဝင်ခြင်း မရှိသည့်အပြင် ကယ်လိုရီအနေနှင့်ကာဘိုဟိုက်ဒြိတ်မှသာရသောကြောင့်ကယ်လိုရီရရှိမှုအလွန်နည်းပါသည်။ ကိုယ်အလေးချိန် တက်နေသူများ ပိုဝမလာစေရန် စားသုံးနိုင်သည့် အာဟာရကြွယ်ဝသောအသီးတစ်ခု ဖြစ်သည်။

ခရမ်းချဥ်သီးတွင် အဓိကပါဝင်သော ပရိုဗီတာမင်အေ (Provitamin A) များအနေနှင့် ခန္ဓာကိုယ် အတွင်းရောက်လျှင် ဗီတာမင်အေ အဖြစ်သို့ ပြောင်းသွားနိုင်သော ဘီတာကယ်ရိုတင်းနှင့် အယ်လ်ဖာကယ်ရိုတင်း များစွာပါဝင်ပါသည်။ ဗီတာမင်စီဓာတ်များ ဒုတိယအများဆုံးပါဝင်ပြီး တတိယအနေနှင့် ဖောလစ်အက်ဆစ်တို့ ပါဝင်ပါသည်။ ယင်းဗီတာမင်များက ခန္ဓာကိုယ်အတွက် အထောက်အကူပြုသည့် အချက်များမှာ မျက်စိအမြင် အာရုံကောင်းစေခြင်း၊ အရေပြားလှပစေခြင်း၊ ဝက်ခြံမပေါက်စေရန် ကာကွယ်ပေးခြင်းနှင့် အနာကျက်မြန် စေခြင်းတို့ ဖြစ်သည်။

ထို့အပြင် သွေးတိုးရောဂါရှိသူများ ခရမ်းချဥ်သီးကိုစားလှင် အကျိုးရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတွင်ပါဝင်သော ပိုတက်စီယမ်များက ခန္ဓာကိုယ်အတွင်းရောက်လျှင် ဆဲလ်အတွင်းမှ ဆိုဒီယမ်များကိုဆွဲယူပြီး ဆီးအဖြစ်စွန့်ထုတ်ပေးသောကြောင့် ဖောရောင်ခြင်းများ ကျသွားသည့်အပြင် သွေးဖိအားပါ ကျသွား နိုင်သော ကြောင့် ဖြစ်သည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများသည် ဓာတ်စာအနေဖြင့် ခရမ်းချဥ်သီး တစ်လုံး၊ ငှက်ပျောသီးတစ်လုံးနှင့် ပန်းသီးတစ်လုံး စားပေးလျှင် များစွာအကျိုးရှိပါသည်။

Crd ဒေါက်တာခင်မောင်လွင် (FAME)
ကိုးကားချက် - "မီးဖိုချောင်သုံးအစားအစာများနှင့် ကျန်းမာရေး" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
#မူယာမြင့်ပျိုမဒီ

Category

Telephone

Website

Address


Thudamar Steet
Yangon

Alerts

Be the first to know and let us send you an email when Slim Palace by Muyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.