AYE MON Healthy Channel 2

AYE MON Healthy Channel 2

Share

ကျန်းမာလိုသူများ Page ကို Like&Follow လုပ်ထားပေးပါ 📱📱09254363076

30/05/2026

ဒီဝေဒနါတွေ ခံစားနေရရင်


#ကျန်းမာရေးဗဟုသုတ

30/05/2026

အားရှိအောင်ဆိုပြီး ကြက်ဥအစိမ်းကို အချိုရည် ဒါမှမဟုတ် စပါကလင်နဲ့ ရောသောက်ဖူးပါသလား ဒီလိုသောက်တာက ရိုးရိုးစားတာထက် တကယ်ပဲ ထူးခြားတဲ့ အာနိသင်ရှိသလား၊ ဒါမှမဟုတ် ကိုယ့်ကျန်းမာရေးကို ပြန်ဒုက္ခပေးနေတာလားဆိုတာ လူတိုင်းသိထားဖို့ လိုပါတယ်
၁။ အာဟာရဓာတ် ပိုတိုးလာသလား?
တကယ်တော့ ကြက်ဥကို စပါကလင်နဲ့ ရောသောက်လို့ အာဟာရဓာတ် (Nutrients) ပိုတိုးလာတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ ကြက်ဥတစ်လုံးမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ဗီတာမင်ဟာ ရောသောက်လိုက်ရုံနဲ့ အဆမတန် တက်မလာနိုင်ပါဘူး။
၂။ အစာခြေစနစ်နဲ့ စုပ်ယူမှု
အချို့က စပါကလင်ထဲက ဂတ်စ် (Carbon Dioxide) တွေက အာဟာရကို မြန်မြန်စုပ်ယူစေတယ်လို့ ယူဆကြပေမယ့်၊ တကယ်တမ်းမှာတော့ ကြက်ဥကို အကျက်ချက်စားတာက ပရိုတင်းစုပ်ယူမှုကို ၉၀% ကျော်အထိ ရရှိစေပြီး၊ အစိမ်းအတိုင်း (သို့) ရောသောက်တာက ၅၀% လောက်သာ စုပ်ယူနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
၃။ သတိထားရမယ့် ဘေးထွက်ဆိုးကျိုး
Salmonella ဘက်တီးရီးယား: ကြက်ဥအစိမ်းမှာ ပါဝင်တတ်တဲ့ ဒီဘက်တီးရီးယားဟာ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။
ဗီတာမင် ချို့တဲ့မှု: ကြက်ဥအစိမ်းထဲမှာပါတဲ့ Avidin ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Biotin (Vitamin B7) စုပ်ယူမှုကို ဟန့်တားနိုင်ပါတယ်။
၄။ ဘယ်လိုစားတာ အကောင်းဆုံးလဲ?
တကယ်လို့ အားရှိချင်တယ်ဆိုရင်တော့ ကြက်ဥကို အကျက် ပုံစံမျိုး ပြုတ် (သို့) ချက်စားတာက ကျန်းမာရေးအတွက် အန္တရာယ်အကင်းဆုံးနဲ့ အာဟာရ အပြည့်ဝဆုံး ဖြစ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ - စပါကလင်နဲ့ ရောသောက်တာက အရသာတစ်မျိုး ထူးခြားနိုင်ပေမယ့် "ပိုပြီးအားရှိစေတယ်" ဆိုတာကတော့ အယူအဆအမှားတစ်ခုသာ ဖြစ်ပါတယ်။
ကြက်ဥကို စပါကလင်နဲ့မှ သောက်တတ်တဲ့ မိတ်ဆွေတွေရှိရင်လည်း ဗဟုသုတရအောင် ဝေမျှပြီး အကြံပေးလိုက်ပါဦး။
#ကျန်းမာရေးဗဟုသုတ #ကြက်ဥ

30/05/2026

နံနက်ခင်း လမ်းလျှောက်တဲ့အခါ


#ကျန်းမာရေး

#လမ်းလျှောက်တဲ့အခါ

30/05/2026

စားတတ်ရင်ဆေးပါ


#ကျန်းမာရေး

17/02/2026

ဗိုက်ပူ၊ ဗိုက်ရွဲ၊ ဗိုက်ထွက်နေပြီး ဘောင်းဘီတွေ ကျပ်နေပြီလား?
ဗိုက်ထဲမှာ အဆီတွေ စုပုံလာလို့ နေရထိုင်ရ ခက်နေပေမဲ့ မီးဖိုချောင်ထဲမှာ နေ့တိုင်း စောင့်ကြိုနေတဲ့ "ကျွန်တော်တို့" ကိုတော့ လျစ်လျူရှုထားကြတုန်းပဲလား...
ကျွန်တော်တို့ဆိုတာကတော့ ချင်း (ဂျင်း)၊ ကြက်သွန်နီ နဲ့ သံပရာသီး တို့ပါပဲ။
ဗိုက်ပူလာတာဟာ ကံဆိုးလို့ မဟုတ်ပါဘူး။ အစားအသောက် အလွန်အကျွံ စားတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာနဲ့ အစာခြေစနစ် နှေးကွေးလာတာတွေကြောင့် တဖြည်းဖြည်း အဆီတွေ စုပုံလာရတာပါ။ ဗိုက်ထဲမှာ တင်းကျပ်နေမယ်၊ မောလွယ်မယ်၊ ဗိုက်အဆီတွေက အမြဲတမ်း အခြေချနေထိုင်တော့မယ့်အတိုင်း အခိုင်အမာ ရှိနေမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ သုံးယောက်ကတော့ အမြဲ အမေ့ခံနေရတုန်းပါ။

၁။ ချင်း (ဂျင်း) - စပ်ရှားရှားနိုင်ပေမဲ့ အစွမ်းထက်တယ်
ချင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။ ခန္ဓာကိုယ် နွေးလာတဲ့အခါ အစာခြေစနစ် (Metabolism) က ပိုပြီး အလုပ်လုပ်လာပါတယ်။ အရင်က လေပွပြီး တင်းကျပ်နေတဲ့ ဗိုက်ဟာ ဘာမှ ပင်ပန်းစရာမလိုဘဲ တဖြည်းဖြည်း ချောင်သွားပါလိမ့်မယ်။
၂။ ကြက်သွန်နီ - အနံ့ပြင်းပေမဲ့ စိတ်သဘောကောင်းတယ်
လေအောင့်တာ၊ ဗိုက်ကယ်တာနဲ့ ဖောရောင်တာတွေကို လျော့ကျစေပါတယ်။ တချို့သူတွေ ဗိုက်ပူနေတာဟာ အဆီကြောင့်တင် မဟုတ်ဘဲ အစာမကြေလို့ လေပွပြီး ဖောနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကြက်သွန်နီက အဲဒီ လမ်းကြောင်းတွေကို ရှင်းလင်းပေးပါလိမ့်မယ်။
၃။ သံပရာသီး - ချဉ်စူးစူးပေမဲ့ လန်းဆန်းစေတယ်
အစာခြေရည်ကို လှုံ့ဆော်ပေးပြီး အဆီတွေကို လျော့ကျစေပါတယ်။ အစာခြေစနစ် ကောင်းမွန်လာတဲ့အခါ အဆီတွေက အရင်လို အလွယ်တကူ စုပုံမနေတော့ပါဘူး။
သတိပြုရန် - တချို့က သောက်လိုက်ရင် ဗိုက်ထဲ ပူလောင်မှာ ဒါမှမဟုတ် နေမကောင်းဖြစ်မှာကို ကြောက်ကြပါတယ်။ တကယ်တော့ ရေနွေးနွေးလေးနဲ့ အတိုင်းအတာတစ်ခုအထိ သောက်ပေးမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ရဲ့ စနစ်တွေကို "နှိုးဆော်ပေးတာ" ဖြစ်ပြီး ဒုက္ခပေးတာ မဟုတ်ပါဘူး။

ဖျော်စပ်နည်း (အရမ်းလွယ်ပါတယ်)
ချင်း (ဂျင်း) - ၆ - ၇ ပြားခန့် လှီးပါ။
ကြက်သွန်နီ - ၄ လုံးခန့် (အနည်းငယ် ဓားပြားရိုက်ပါ)။
သံပရာသီး - ၁ လုံး (အကွင်းလိုက် လှီးပါ)။
ရေ - ၁ လီတာ။
၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အထိ ဆူအောင် တည်ပါ။

သောက်သုံးရန်အချိန်
မနက်စာ မစားမီ သို့မဟုတ် ညအိပ်ခါနီးတွင် သောက်ပါ။ တစ်ပတ်လျှင် ၃ - ၄ ရက်ခန့် သောက်ရုံဖြင့် လုံလောက်ပါတယ်။ အတင်းအကျပ် အလွန်အကျွံ သောက်စရာမလိုပါ။
ဗိုက်အဆီဆိုတာ တစ်ညတည်းနဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိုနဲ့ အဆီလျှော့စားတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေနဲ့အပြိုင် ဒီရေနွေးကြမ်းလေးကို သောက်ပေးမယ်ဆိုရင် ဗိုက်ခေါက်တွေ တဖြည်းဖြည်း ပေါ့ပါးသွားပြီး တင်းကျပ်နေတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။
ရှေးလူကြီးတွေက ပြဿနာ မကြီးထွားခင်ကတည်းက ကြိုတင် ဂရုစိုက်ခဲ့ကြတယ်။ အခုခေတ်လူတွေကတော့ ဗိုက်ကြီး ထွက်လာပြီး အသက်ရှူရ ခက်မှပဲ ဖြေရှင်းနည်း ရှာတတ်ကြတယ်။

ဒီနေ့ ကျွန်တော်တို့ကို လျစ်လျူရှုထားဦးမလား... ရပါတယ်။ ဒါပေမဲ့ တစ်နေ့နေ့မှာ ဖိနပ်ကြိုးကုန်းချည်ရင်း ဗိုက်ကျပ်လာတဲ့အခါ... မီးဖိုချောင်ထဲက ဒီရိုးရှင်းတဲ့ "ဆေးနည်း" လေးကို အစကတည်းက သောက်ခဲ့သင့်တယ်ဆိုတာကို သင် သတိရလာပါလိမ့်မယ်။

MON SOUNG


#ဂျင်း

Photos from AYE MON Healthy Channel 2's post 12/02/2026

ဝဋ်နာကံနာ ဆိုတာလား မသိပါဘူးကွာ....
စားချင်တာမစားရ သောက်ချင်တာမသောက်ရနဲ့...
သူတို့ ခံစားနေရတာကို ကြည့်ပြီး...
အတော်ကြီး စိတ်မကောင်းဖြစ်မိတယ် မောင်လင်းရေ" ဆိုပြီး...
ဦးအောင်မင်းက ပြောလာတယ်။
သံဝေဂရတယ်ဆိုတဲ့ စကားကိုပါ ကြားလိုက်မိတာကြောင့်...
"ဘာတွေများ ထူးခြားလို့လဲ ဦးလေးရာ" လို့
ကျနော်က မေးလိုက်တော့...
"ဘာရမှာလဲကွာ ငါ့ဇနီး ငါ့သမီး ခံစားနေရတဲ့ ဒုက္ခဝေဒနာပေါ့...
ဘာမှကို တည့်တာမရှိဘူးကွာ...
ဘာလေးစားစား တချက်မှားတာနဲ့ ချက်ချင်း ခံစားရတာပဲ။
မဟုတ်မှလွဲ အတိတ်ဘဝမှာ သူတို့သားမိက
သူများ စားတာကို ပိတ်ပင်ခဲ့တာကြောင့်ဖြစ်မယ် ကွ..
အဲ့ဒါကြောင့်...
ယူတတ်ရင် တရားရတယ်လို့ပြောတာ...
သူတို့ရောဂါက ဝဋ်နာ ကံနာပဲ မို့ လား ...?"
"ဟာ....
အဲ့လို မဟုတ်ပါဘူး ဦးလေးရာ...
ဝဋ်နာ ကံနာဆိုတာက ဘာဆေးနဲ့ကုကု ဆေးမတိုး
ဘယ်ဆရာနဲ့ပြပြ ရောဂါရှာမရဘဲ ခံစားနေရတာမျိုး
ရှေးဆရာသမားတွေရဲ့ အဆိုအရဆို ဝဋ်နာကံနာ မှန်ရင် ဘုရားကု ကုမှ ရတာတဲ့။
ခု ...
ဦးလေး ဇနီးနဲ့သမီး ဖြစ်နေတဲ့ရောဂါက ကုလို့ရပါတယ်။
ပြီးတော့ ဂေါက်ရောဂါလို့ သိထားပြီ ပဲ။
လေးဘက်နာရောဂါ ဂေါက်ရောဂါ စတဲ့ ရောဂါတွေက
အစားတော့ ဆင်ခြင်နိုင်မှ ဗျ။
ဦးလေးပြောသလို အတိတ်ဘဝက သူများစားတာကို ပိတ်ပင်ခဲ့လို့လားဆိုတာတော့ ကျနော်လည်းမသိဘူး။
သေချာတဲ့အချက်ကတော့...
ဂေါက် မှန်ရင် ....
မြေထဲကထွက်တဲ့ ဥ မှန်သမျှရှောင်ရမယ်။
အဆိုးဆုံးက မြေပဲဆံနဲ့ တွင်းအောင်းသတ္တဝါတွေကိုပေါ့ (ကြွက်သား၊ ပွေးသား) စသဖြင့်ပေါ့။
နောက်တချက်က ဝမ်းတွင်းသားတွေရှောင်ရမယ်။
အသည်း အူ အဆုတ် ကလီစာ တွေပေါ့။"
"အေးကွ ဟုတ်မယ်...
ငါ့သမီးက ဝက်သားဒုတ်ထိုးဆို အလွန်ကြိုက်တာ..
အဲ့ဒါစားပြီးတာနဲ့ ညည်းတွား နေရတော့တာ...
တခါတလေ မင်းပြောတဲ့ မြေပဲဆံစားပြီး
သားမိနှစ်ယောက်လုံး အဆစ်တွေရောင်လာတဲ့အထိ
အဆစ်အမြစ်နေရာတွေက ကိုက်လို့ဆိုပြီး
အမလေးပြိုင်တနေတာများ...
သူတို့သားမိနှစ်ယောက်အသံကြားပြီး
ငါ့မှာ စိတ်ဆင်းရဲရပါတယ် ကွာ..."
"အဲ့ဒါကြောင့် မင်းဆီကနေ ဆေးနည်းလေးနဲ့
ရောဂါသက်သာအောင် နေထိုင်စားသောက်ရမဲ့
နည်းလမ်းလေးတွေ သိချင်လို့ လာခဲ့တာပဲ...
ဦးလေးကို ကူညီပါ ငါ့တူကြီးရာ...
ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ခ လည်း ပေးမှာပါကွ" တဲ့။
"မလိုပါဘူး ဦးလေးရာ...
ကျနော်တို့ ဦးလေးတို့ဆိုတာက စိမ်းတာမှ မဟုတ်တာ...
ဒါပေမဲ့ ...
ကျနော်ပြောသလိုတော့ သေချာလိုက်နာပြီး လုပ်ကိုင်စားသောက်ဖို့နဲ့ နေ့စဉ်ပုံမှန် အညွှန်းအတိုင်း စားသောက်ပေးဖို့တော့ လိုမယ်နော်" လို့ ပြောလိုက်တော့...
"စိတ်ချ ငါ့တူ...
ဦးလေးကိုယ်တိုင် ဂရုတစိုက်နဲ့ လုပ်ပေးမှာ" လို့ ပြောတာကြောင့်..
ဒါဆို ပထမဆုံးအချက်က...
ဂေါက်ရောဂါ ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆစ်အမြစ်ရောင်ခြင်း...
အဆစ်တွေ ရောင်မယ် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့အထိ ကိုက်ခဲနေတဲ့အခါ...
ရဲယိုပင်ကို သိတယ်မို့လား..(သိတယ်)
ရဲယိုပင်ကနေ အရွက်ကိုခူးယူပြီး ရေသေချာဆေး...
အရွက်ကိုပက်လက်ထားပြီး နနွင်းမှုန့်လူးပြီး...
ကိုက်တဲ့နေရာ ရောင်တဲ့နေရာတွေမှာ စည်းပေးပါ။
နေ့စဉ်ကိုက်ရင် နေ့စဉ်စည်းပေး။
အရောင်မကျရင် ကျတဲ့အချိန်ထိ အမြဲစည်းပေးပါ။
အရွက်ကိုတော့ တစ်နေ့တခါ အသစ်လဲပေးရပါမယ်။
ပြီးတော့...
ရှောင်ရမှာတွေက တွင်းအောင်းသားတွေမစားရ
ကလီစာတွေမစားရ ဥဆိုရင်မြေထဲကဥရော
သတ္တဝါတွေရဲ့ဝမ်းထဲကလာတဲ့ ဥပါ မစားရဘူး။
ရောဂါအတွက် ဆေးကုသလို အကျိုးရှိမဲ့ ဓာတ်စာအနေနဲ့ မကြာမကြာ စားပေးသင့်တဲ့ အရွက်ကတော့
ကျောက်သင်ပုန်းရွက်လို့ခေါ်တဲ့ နတ်သမီးကွမ်းရွက်ကို အမြဲတမ်းတို့စရာအဖြစ်စားပေးနိုင်ရင် အကောင်းဆုံးပဲ။
အရေးအကြီးဆုံးလုပ်ရမဲ့အချက်ကတော့...
ဂေါက်ရောဂါရှိသူတွေအနေနဲ့...
ပူစီနံကို ၂ ပတ်တိတိ နေ့စဉ် ကျိုသောက်ပေးနိုင်မယ်ဆိုရင် သက်သာပါမယ်။
ကျနော်တို့နိုင်ငံထဲမှာ ပူစီနံ ၂ မျိုးရှိပြီး ဂေါက်ရောဂါနဲ့ လေးဘက်နာရောဂါအတွက် ၂ မျိုးလုံး အသုံးပြုလို့ရပါတယ်။
အသုံးပြုပုံ - ပူစီနံအရိုးအရွက် လက်တဆုပ်ကို ရေသေချာဆေးပြီး ရေဖန်ခွက်ကြီး ၃ ခွက်စာ ထည့်၊ ပြီး ၂ ခွက်စာကျန်တဲ့အထိ ပြုတ်ပါ။
လက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းလို အရောင်ဖြစ်လာပါလိမ့်မယ်။
၎င်းဆေးရေအား တစ်နေ့တာ ကုန်အောင်သောက်ပေးပါ။
ဆေးသောက်တဲ့အချိန်ဟာ မနက်ပိုင်းအချိန်က အကောင်းဆုံးပါ။
ဆေးသောက်နေတဲ့ရက်များအတွင်း ခရီးရှည်မသွားပါနဲ့။ (ဘာလို့ဆို ထိုဆေးရေသောက်ပါက ဆီးခဏခဏ သွားရတတ်လို့ပါ)
အထက်ပါအတိုင်း ပြောပြလိုက်ပြီး
ကျနော့်အမကြီး ဖော်စပ်ထားတဲ့ ရှားစောင်းလက်ပက်ဆေးကိုလည်း ဖြည့်စွက်စာအဖြစ်စားပေးနိုင်ကြောင်း ပြောပြလိုက်တော့ ၂ ဗူးဝယ်သွားပါသေးတယ်။
ကျနော်ပြောတဲ့အတိုင်း သူ့သမီးနှင့် သူ့ဇနီးအား သူကိုယ်တိုင် ဂရုတစိုက်လုပ်ပေးပြီး ကုသမယ်လို့ အကြိမ်ကြိမ်ပြောပြီး ပြန်သွားပါတယ်။
ကျနော်ကတော့ ဦးအောင်မင်းကိုတွေ့တိုင်း အခြေအနေမေးကြည့်ဖြစ်ပါတယ်။
အဲ့လို မေးတဲ့အခါတိုင်း

ပြုံးရွှင်သော မျက်နှာနှင့် ကျေးဇူးရှင်တစ်ယောက်ပုံစံမျိုး သူ့ဘက်က ပြန်လည်ပြုမူပြောဆိုတတ်သလို
ခုဆိုရင်...
သူတို့မိသားစုလေး သွားချင်တဲ့ဆီ သွားလာနိုင်ပြီဖြစ်သလို...
စားချင်တာကိုလည်း ထိုက်သင့်စွာ စားလို့ရနေပါပြီ။
"ကျေးဇူးတင်လိုက်တာ ကိုလင်းရေ" ဆိုပြီး....
တွေ့တဲ့နေရာတိုင်းမှာ ဝမ်းသာအားရ နှုတ်ဆက်တတ်တဲ့ သူတို့မိသားစုရဲ့ တုန့်ပြန်မှုကို...
ဉာဏ်ပူဇော်ခဆိုပြီး အိမ်အထိလာပို့သွားတဲ့
စာအိတ်ထဲကငွေကြေးထက်...
ကျနော်က ပိုပြီး ပီတိဖြစ်ရပါတယ်။
ဒီနေ့ သူတို့မိသားစုနဲ့ဆုံပြီး နှုတ်ဆက်စကားပြောရင်း
ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေလို့...
အမှတ်တရအဖြစ် ဒီ Post အား ရေးလိုက်ခြင်းဖြစ်ပါတယ်။
ပြီးတော့...
မိတ်ဆွေတို့အနေဖြင့် အသုံးလိုရင်သော်လည်းကောင်း
မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ဂေါက်ရောဂါ ဝေဒနာ ခံစားနေရသူများရှိနေရင်သော်လည်းကောင်း...
ဒီနည်းလမ်းလေး မျှဝေပေးနိုင်ရန် ရည်ရွယ်၍...
ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
ကင်းဝေးကြပါစေ....

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

09/02/2026

သိရင်... အစောကြီးကတည်းက ကင်စားလိုက်ပါတယ်
ရင်ဘတ်တွေတုန်အောင် ချောင်းဆိုးတာ၊ ချောင်းခြောက်ဆိုးလို့ ခံရခက်တာ၊ ချောင်းဆိုးသလိပ်ပါလို့ မောတာ၊ ညဘက်အိပ်မရအောင် နာတာရှည်ချောင်းဆိုးတာမျိုးတွေ ဖြစ်တဲ့အခါ လူအတော်များများက ပြင်းတဲ့ဆေးတွေကိုပဲ ပြေးရှာတတ်ကြပါတယ်။ တကယ်တော့ "မီးကင်ထားတဲ့ ရှောက်သီးကို ဆားဖြူးစားတာ" ဆိုတဲ့ ကိုယ့်အနားမှာတင်ရှိတဲ့ နည်းလမ်းကောင်းလေးကိုတော့ မေ့နေတတ်ကြပါတယ်။
ရိုးရိုးလေးလို့ ထင်ရပေမဲ့ ဒါဟာ ရှေးလူကြီးတွေ တကယ်သုံးစွဲခဲ့တဲ့ နည်းလေးပါ။ အဆုတ်တွေပန်း၊ လည်ချောင်းတွေနာတဲ့အထိ စောင့်မနေဘဲ ကြိုတင်ကုသပေးဖို့ လိုပါတယ်။
ရှောက်သီး (သို့မဟုတ်) ရှောက်နူသီးဟာ လည်ချောင်းကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ပြင်းထန်တဲ့ဆေးမျိုး မဟုတ်ဘဲ "ထိရောက်တဲ့" ဆေးစွမ်းတစ်မျိုးပါ။ မီးအေးအေးနဲ့ ကင်လိုက်တဲ့အခါ သူ့ရဲ့ အဆီပြန်တဲ့ အနံ့လေးတွေ ထွက်လာမယ်၊ အနံ့က ပိုနူညံ့ပြီး နွေးထွေးသွားမယ်။ ဆားလေးနည်းနည်းဖြူးပြီး စားလိုက်တဲ့အခါ အရသာတင်မကဘဲ လည်ချောင်းနဲ့ လေပြွန်ကို ဖြည်းဖြည်းချင်း သက်သာစေပါတယ်။

ချောင်းခြောက်ဆိုးသူ၊ လည်ချောင်းခြောက်ပြီး သလိပ်မထွက်သူများအတွက်...
ရှောက်နူသီးက လည်ချောင်းကို စိုစွတ်စေပြီး ယားယံတာကို လျော့ကျစေလို့ ထပ်ခါတလဲလဲ ချောင်းဆိုးတာကို သက်သာစေပါတယ်။
သလိပ်ရှိပြီး သလိပ်ကပ်နေသူများအတွက်...
ရှောက်နူသီးခွံက ထွက်တဲ့ အနံ့ဆီ (Essential Oil) က သလိပ်တွေကို ပျော်စေပြီး ဟိုက်ထုတ်ရ လွယ်ကူစေပါတယ်။ ရင်ဘတ်အောင့်တာကိုလည်း သက်သာစေပါတယ်။
နာတာရှည် ချောင်းဆိုးပြီး ညဘက် အိပ်မရသူများအတွက်..
ညနေပိုင်း ဒါမှမဟုတ် မအိပ်ခင်လေးမှာ စားပေးရင် လည်ချောင်းရှင်းသွားပြီး ချောင်းဆိုးတာ လျော့သွားပါလိမ့်မယ်။ ဒါက ဆေးနဲ့ အတင်းရပ်လိုက်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တည်ငြိမ်သွားစေတာပါ။

စားသုံးနည်း (မခက်ခဲပါဘူး)
1. ရှောက်သီး (သို့မဟုတ် ရှောက်နူသီး) တစ်လုံးလုံးကို အပြင်ခွံလေး နည်းနည်းကျွမ်းပြီး အနံ့မွှေးလာတဲ့အထိ မီးအေးအေးနဲ့ ကင်ပါ။
2. အလယ်က ဖြတ်ပြီး ဆားအနည်းငယ် ဖြူးပါ။
3. ၎င်းအရည်ကို ပါးစပ်ထဲ ဖြည်းဖြည်းချင်း ညှစ်ထည့်ပါ (သို့မဟုတ်) အာလုတ်ကျင်းသလိုမျိုး ခဏငုံပြီးမှ မျိုချပါ။ တစ်နေ့ကို တစ်လုံးဆိုရင် လုံလောက်ပါပြီ။
ရှေးလူကြီးတွေကတော့ အဆုတ်တွေ ပန်းတဲ့အထိ ချောင်းဆိုးမခံကြပါဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်လူတွေကတော့ ခန္ဓာကိုယ်က အရမ်းပင်ပန်းသွားမှသာ ရှေးနည်းလမ်းတွေကို ပြန်မေးတတ်ကြပါတယ်။
ဒီနေ့တော့ ရှောက်သီးကင်ကို သတိမရသေးရင် နေပါဦး။ ဒါပေမဲ့ ချောင်းဆိုးလွန်းလို့ အိပ်မရတဲ့တစ်နေ့ကျရင်တော့...
"သိရင် အစောကြီးကတည်းက ရှောက်သီးကင်စားလိုက်ပါတယ်" လို့ သင် တွေးမိပါလိမ့်မယ်။

MON SOUNG


#ရှောက်သီး

08/02/2026

ဆီးချို သွေးချို သက်သာပျောက်ကင်းစေသည့် သင်္ဘောသီးစိမ်း ရေနွေးကြမ်း
လက်ရှိကာလတွင် လူကြိုက်များလာသည့် တိုင်းရင်းဆေးနည်း ဖြစ်ပါသည်။
ဖော်စပ်နည်း
* သင်္ဘောသီးစိမ်း တစ်လုံးကို အဆင်သင့်ယူပါ။
* အပေါ်ပိုင်းကိုလှီးဖြတ်ပြီး အတွင်းမှ အစေ့အနုများကို ခြစ်ထုတ်လိုက်ပါ။
* ယင်းနောက် ဆူပွက်နေသော ရေနွေးဖြူ လောင်းထည့်ကာ ခေတ္တပိတ်ထားပါ။
* ၁၅ မိနစ်ခန့်အကြာတွင် ခွက်ထဲသို့ ငှဲ့ယူပြီး အအေးခံကာ သောက်သုံးနိုင်ပါသည်။
> သတိပြုရန်: သင်္ဘောသီးကို လွှင့်မပစ်ရပါ။ ရေနွေးထပ်ခါထပ်ခါ ဖြည့်စွက်ပြီး တစ်နေ့လျှင် ၄ ကြိမ်မှ ၅ ကြိမ်အထိ သောက်ပေးနိုင်ပါသည်။
>
အကျိုးကျေးဇူးများ
ကြည်လွင်မြင့် (မုဒြာ) ၏ ဖော်ပြချက်အရ ဤဆေးနည်းသည် ဆီးချိုသာမက အောက်ပါဝေဒနာများကိုပါ သက်သာစေနိုင်ကြောင်း သိရသည် -
* အမူးရောဂါ အမျိုးမျိုး
* သွေးယားယံသည့်ရောဂါ
* အိပ်မပျော်ခြင်း နှင့် အစာအိမ်ရောဂါ
လက်တွေ့ပျောက်ကင်းသူ၏ အတွေ့အကြုံ
ပုံပါ "အမေသိန်း" ဆိုသူ အဘွားသည် ဆီးချိုရောဂါကြောင့် အထူးကုဆရာဝန်ကြီးများနှင့် ၂ နှစ်ကျော်ကြာ ကုသမှုခံယူခဲ့ရသူ ဖြစ်ပါသည်။ ဆီးချိုတက်သည့်အခါတိုင်း မူးလဲတတ်သည့် ဝေဒနာကိုလည်း ခံစားနေရသူပါ။
ပုပ္ပားခရီးစဉ်တစ်ခုတွင် အမေသိန်း မူးလဲသွားစဉ် ဘေးနားရှိ အဘွားတစ်ဦးက ဤသင်္ဘောသီးရေနွေးနည်းဖြင့် တိုက်ကျွေးရာ သိသိသာသာ သက်သာသွားခဲ့ပါသည်။ ထိုအချိန်မှစ၍ တစ်လကြာ စွဲစွဲမြဲမြဲ သောက်သုံးခဲ့ရာ ယခုအခါ ဆီးချိုပုံမှန်ဖြစ်သွားပြီး ထပ်မတက်တော့ကြောင်း ဆိုပါသည်။
ဤနည်းလမ်းကို ဆရာမ ဒေါ်ကြည်ကြည်သန်းနှင့် အမေသိန်းတို့က ဝေမျှပေးထားခြင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိနိုင်ဟု ယူဆရသဖြင့် ပြန်လည်တင်ပြပေးလိုက်ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

05/02/2026

ဆီးနည်း ကိုယ်ဖောရောင် ခါးနောက်ပိုင်း တောင့်တင်းတာတွေ ခံစားနေရရင်


#ကျန်းမာရေး

#ရွှေလာဘံHerbalMassageOil

05/02/2026

ခရမ်းက ဖုန်းဆက်အမှာလေး စမ်းသုံးဖို့ လာဘံ

၁ဗူး ပို့ပေးပါတဲ့ရှင်

10000Save



#ကျန်းမာရေး
#ရွှေလာဘံHerbalMassageOil

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon