Honey Cho

Honey Cho

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Honey Cho, Beauty, cosmetic & personal care, Yangon.

12/12/2022

အိုလာတဲ့အခါ အစွန့်ပစ်ခံမဖြစ်ရလေအောင်

အိုလာတဲ့တချိန်ဆိုတာ ကျွန်တော်တို့ကျိန်းသေပေါက်ရင်ဆိုင်ရမယ့်အချိန်မျိုးပါ လူကောင်းဘဝနဲ့အိုရင်လည်း အိုနိုင်သလို
လူနာဘဝကြီးနဲ့အိပ်ယာထဲမှာပဲ အိုရင်လည်း အိုနိုင်ပါတယ်
အိုလာတဲ့အခါမှာ ဘယ်သားသမီးအိမ်မှ ကပ်နေဖို့မစဥ်းစားပါနဲ့
မြေးလေးနဲ့နေချင်လို့ သားတွေသမီးတွေနဲ့နေချင်လို့
စသဖြင့် အဲ့အရွယ်ထိ သံယောဇဥ်မဖြတ်နိုင်ရင်
သေတဲ့အခါ လားရာကောင်းမှာမဟုတ်ပါဘူး

မိဘကို စွန့်ပစ်တဲ့သားသမီးတွေတကယ်ရှိပါတယ်
အခုခေတ်မှမဟုတ်ဘူး ဘုရားခေတ်တည်းကရှိတယ်
တလောလေးကတင် ချွေးမက မကြည်ဖြူလို့
အမေအိုကြီးကို ဘိုးဘွားရိပ်သာကို သားဖြစ်သူက
လာပို့သွားတယ်ဆိုတာ တကယ်လည်းဖြစ်နိုင်ပါတယ်
သို့မဟုတ် ကျွန်တော်တို့မမြင်နိုင်မသိနိုင်တဲ့
အကြောင်းအရာတခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်
တိရိစ္ဆာန်တွေကိုတောင် အိုလာရင်
အလွယ်တကူစွန့်ပစ်တတ်ကြတာ
လူတွေဆိုရင် အိုလာတဲ့အခါ အသုံးမဝင်တော့ဘူးလို့
သတ်မှတ်လိုက်ကြပြီး စွန့်ပစ်ခံဖြစ်သွားရပါတယ်

အရင်ခေတ်ကလူကြီးတွေကတော့ ပြောရရင်
အသိပညာနည်းပါးတယ်ပဲပြောရမလား
သားသမီးတွေကို အယုံလွန် အချစ်လွန်တဲ့
Parentingညံ့ဖျင်းတယ်ပဲ ပြောရမလားပေါ့
ကိုယ့်အတွက် ကိုယ်မကြည့်ကြဘူး
သားသမီးအတွက်ကြည့်ပေးတာကများပါတယ်
အိမ်ပေါင်ပြီး သားသမီးကို နိုင်ငံခြားလွှတ်
သင်္ဘောတက်ခိုင်း ကျောင်းတက်ခိုင်း
သားသမီးတွေက ရေမီးအစုံလည်းဖြစ်ရော
လင်တွေမယားတွေ ကောက်ယူချလိုက်
ဒီမှာကျန်ခဲ့တဲ့ မိဘတွေက နားကားရော
အကြွေးတွေ ဗရပွနဲ့ကျန်ခဲ့ ချွေးမတွေသားမက်တွေက
မကြည်ဖြူ နောက်ဆုံးသားသမီးအရင်းခေါက်ခေါက်တွေကပါ
စွန့်ပစ်ချင်လာတဲ့အထိ အခြေအနေတွေဆိုးကုန်ရတယ်

အိုလာတဲ့အခါမှာ အိုဖို့နေရာရှိနေရပါမယ်
အိုချင်တိုင်း ပစ်စလက်ခတ်အိုလိုက်လို့မရပါဘူး
အတန်အသင့်တော့ စုထားဆောင်းထားတာလေးတွေ
ရှိနေဖို့လိုပါမယ် မအိုခင်မှာလည်း လက်မတထောင်ထောင်နဲ့
ဟိုလူနဲ့မတည့် ဒီလူနဲ့မတည့် ဖြစ်ထားရင်
အိုလာတဲ့အခါ ဘယ်သူ့မှကိုယ့်ကိုကြည်ဖြူကြမှာမဟုတ်ပါဘူး
မအိုခင်မှာ အနေတတ်အထိုင်တတ်ခဲ့ဖို့လည်းလိုပါတယ်
လူကြီးတွေဆီဆို ကျွန်တော်တို့မသွားချင်ကြဘူးလေ
အရမ်းပွားလို့ ချီးခြောက်ရေနူးတွေတအားပြောကြလို့
နင်တို့အဖေက ငယ်ငယ်ကဘယ်လို
နင်တို့ကို ငါကဘယ်လိုထောက်ပံ့ခဲ့ရတာ
၁၀၀ဖိုးပေးခဲ့တာကို ၁ထောင်ဖိုးဂုဏ်ဖော်ပြောပြတတ်
အဲ့လို လူမျိုးတွေ အိုလာတဲ့အခါမှာ ဘယ်သူမှ
အနားမကပ်ချင်တော့ဘူး
ဒါကြောင့် မအိုခင်မှာ အနေတတ် အထိုင်တတ်ခဲ့ဖို့
လိုတယ်လို့ ပြောတာပါ

အဲ့လိုလူကြီးတွေကို လူငယ်တွေအရိုသေတန်ပါတယ်
လူဆိုတာကိုယ့်နေရာနဲ့ကိုယ်နေတတ်ဖို့လိုပါတယ်
အသက်ကြီးလာလို့ ချောင်ကပ်နေရမယ်လို့
ဆိုလိုတာမဟုတ်ဘူး အသက်ကြီးလာရင်
အရာရာတိုင်းမှာ ဝင်ပါချင်လို့မရတော့ဘူး
သားသမီးကိစ္စလည်း ပါချင်း မြေးတွေကိစ္စလည်းပါချင်
ရပ်ကွက်ထဲကကိစ္စလည်း ပါချင်တော့
အိမ်ကလူတွေက အမြင်မကြည်ဖြစ်ပါတယ်
ဒါကြောင့် အိုတတ်ဖို့လိုတယ်လို့ပြောရတာပါ

ကျွန်တော်ကတော့ အရင်ကခဏခဏပြောဖူးသလိုပဲ
သားသမီးလည်း ယူမှာမဟုတ်တဲ့အတွက်
ကပ်စားစရာ လက်ဖြန့်တောင်းစရာ
သားသမီးလည်း ရှိမှာမဟုတ်တဲ့အပြင်
ဘယ်ညီကိုမောင်နှမ ဆွေမျိုးနဲ့မှလည်း
မနေချင်တဲ့အတွက် ငါ့အထုပ်ငါပိုက်ပြီး
အိုမယ်လို့ပဲ ဆုံးဖြတ်တွေးတောထားလိုက်တယ်
အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ထိတော့အလုပ်လုပ်မယ်
စုတန်သလောက်အိုစာမင်းစာကို စုထားမယ်
အသက်ကြီးမှ ကြီးကြီးတက်ကြီးမချမ်းသာချင်ဘူး
အိမ်ကြီးတွေကားကြီးတွေပိုင်ရမယ်လို့လည်းမရှိဘူး
ပိုင်ပြီး သေသွားလည်း ပေးထားခဲ့စရာလူမှမရှိတာ
ပိုင်ဆိုင်မှုတွေတအားများနေရင် သောကများနေရမှာ
အဲ့တော့ ကိုယ့်တကိုယ်စာလည်း ဖူဖူလုံလုံစုမိဆောင်းမိရင်
အိုဖို့အတွက် စိတ်အေးရပြီ
မပူမပင်နေရတဲ့ ဘဝမျိုးနဲ့ပဲအိုသွားသေသွားချင်တယ်
စားချင်တာလေး ကိုယ့်ဟာကိုယ်ဝယ်စားနိုင်တဲ့
အနေအထားမျိုး နေမကောင်းမကျန်းမမာဖြစ်ရင်
ကိုယ်စုထားဖယ်ထားတဲ့ ပိုက်ဆံလေးနဲ့
ဆေးရုံ ဆေးခန်းသွားနိုင်တာမျိုး
ဒါမျိုးလေးပဲ အိုသွားချင်တယ်

အိမ်မှာ ကျွန်တော်တို့ အဖွားရှိတယ်
အမေ့ရဲ့အမေပေါ့ သားသမီးရကံမကောင်းတော့
အသက်ကြီးတဲ့အထိအလုပ်လုပ်ရတယ်
သူ့သားအငယ်ဆုံး လူပျိုတစ်ယောက်ကို
အလုပ်လုပ်ပြီး ရှာကျွေးရတယ်
ကျွန်တော်တို့က ဘယ်ကြည့်ရက်မလဲ
အလုပ်မလုပ်နဲ့တော့ အိမ်မှာပဲ လာနေ
အိမ်က အငယ်မနှစ်ယောက်ကို ကြည့်ပေးဆိုပြီး
အိမ်မှာခေါ်ထားတယ် အမေနဲ့ကျွန်တော်နဲ့က
နိုင်သလောက်ထောက်ပံ့ရတာပေါ့
ဒီအသက်အရွယ်ကြီးမှာမှ ဘယ်မှမလိုတော့ပေမယ့်
အမေ့ကိုလည်း ကျွန်တော်ပြောထားတယ်
ကိုယ့်မိဘကို မငြိုငြင်နဲ့ ပေးစရာရှိတာပေး
ပေးနိုင်သလောက်သာပေးလို့မှာထားတယ်
ကျွန်တော်လည်း တတ်နိုင်သလောက်ပေးတယ်
ကျွန်တော့်အိမ်မှာ နေလို့ကတော့ အစားအသောက်အတွက်
ပူမနေရဘူး စားချင်သလောက်သာစား
အသက်ကြီးပြီလေ စားနိုင်တုန်းစားထားရတာ
စားပလေ့စေ မနှမြောဘူး

ကော်ဖီ လက်ဖက်ရည် မုန့်အချိုတွေ မုန့်ခြောက်တွေ
ဒါတွေမပြတ်လပ်စေရဘူး ရှင်းရှင်းပြောရင်
ရွှေတွေဘာတွေလည်း ကိုယ်မလုပ်ပေးနိုင်ဘူး
လုပ်ပေးနိုင်တဲ့ဟာတော့မလျော့စေရဘူး
စားချင်တာရှိရင်ပြော မပြောလည်း စားချင်မယ့်
ထင်တဲ့ဟာတွေဆို ကျွန်တော်က အကုန်ဝယ်ကျွေးတာပဲ
အစားအသောက်အတွက်နဲ့တော့မနှမြောဘူး
အခုကုန်စျေးနှုန်းနဲ့ဆို မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အသုပ်
တပွဲကို ၁၂၀၀ပေးရတယ် ၁၂၀၀လို့ကြားတာနဲ့
အဖွားကမြိုမကျတော့ဘူး ဟယ်နေပါစေ
နောက်နေ့တွေဝယ်မလာစမ်းပါနဲ့
တနေ့၁၂၀၀ဆိုပဲ မနက်စာတင် တလ၃၆၀၀၀ဖြစ်နေပြီ
ဘာညာပေါ့ လူကြီးတွေဆိုတော့နှမြောတာပေါ့

ကျွန်တော်ကတော့ စားစရာရှိတာသာစား
နောက်၅နှစ်လောက်နေလို့ သွားမကောင်း
မြိုမချနိုင်တော့ရင် စားချင်တဲ့အာသီသရှိတာတောင်
စားရမှာမဟုတ်တော့ဘူး အခုစားနိုင်တုန်းသာ
ရောဂါမဖြစ်စေမယ့် အစားတွေစားသားစားဆိုပြီး
မှာထားတယ် ရေခဲမုန့်စားချင်တယ်ဆိုလို့
ဝယ်ကျွေးတယ် တခွက်၃၀၀၀ဆို
သူက မစားတော့ဘူး သူ့ကို ဝယ်ကျွေးရင်
၁၀၀၀တန်ဆို ၅၀၀လို့ပြောပြီး ကျွေးရတယ်
နို့မို့ဆို နှမြောလို့မဆုံး

အခုချိန်ထိ သူ့သားကို သူပူတုန်း
အဖွားကိုယ့်အတွက် ကိုယ်ပူပါလို့
ဘယ်နှယ့် သန်သန်မာမာလူအတွက်
အိုနေတဲ့အဖွားကြီးက ဘာတွေကိုလိုက်ပူနေတာတုန်းလို့
သူငတ်လာရင် သူ့ဟာသူရှာစားလိမ့်မယ်
ပြောလည်း မရဘူး သူ့သားရှိတဲ့အိမ်ကို အနည်းဆုံး
တပတ်ကို ၂ခေါက်ပြန်တယ် သွားချက်ပြုတ်လျှော်ဖွတ်ပေး
အပင်ပန်းခံနဲ့ အဲ့လိုတွေလုပ်တယ်
ကျွန်တော်တို့က ဆူလည်း သူကခပ်အေးအေးပဲ

အဖွားက ကျွန်တော်တို့မောင်နှမဒဏ်တွေ အခံရဆုံး
ချီးကလူ သေးကလူတည်းက လုပ်ပေးကိုင်ပေးခဲ့တာ
အခုချိန်ထိ လုပ်ပေးနေတုန်းပဲ သိတဲ့အတိုင်းတခါတလေ
ဘာမဟုတ်တာတွေကို ကပ်စေးနှဲတာတို့
ပိုက်ဆံမသုံးချင်ာတို့ ကျန်းမာရေးဂရုမစိုက်တာတို့ဆို
ကျွန်တော်နဲ့ရန်ဖြစ်ရတယ် ညဘက်တွေစောစောအိပ်ပါ
မနက်ဆိုလည်း အစောကြီးမထနဲ့
အိမ်မှာရုံးသွားတဲ့သူ ကျောင်းသွားတဲ့သူ
ဘယ်သူမှရှိတာမဟုတ်ဘူး ထမင်းဟင်းတွေကို
၈နာရီ ၉နာရီမှ ချက်ဆိုလည်းမဟုတ်ဘူး
မနက်၇နာရီလောက်ဆို ထမင်းဟင်းအကုန်ကျက်နေပြီ
ပင်ပန်းတာပေါ့ ကျွန်တော်တို့တောင်မနက်ဆိုမထချင်တာ
လူကြီးဆိုတော့ ပိုပင်ပန်းတာပေါ့
ဒါကြောင့်နားနားနေနေလုပ်လို့ ပြောလည်း သူကမရ
အဲ့မှာ ရန်ဖြစ်ရရောပဲ

Karmaဆိုတာကလည်း တကယ်ရှိတယ်
အဓိက ကံ ကံ၏ အကျိုးပေါ့
ကိုယ့်မိဘကို ဒီလိုပြောဆိုဆက်ဆံခဲ့ရင်
ကိုယ် မိဘဖြစ်လာတဲ့အချိန်ကျရင်လည်း
ကိုယ့်သားသမီးက ကိုယ့်ကို ထိုနည်းလည်းကောင်းပဲ
ပြောဆို ဆက်ဆံမယ်ဆိုတာ မလွဲဧကန်ပဲပေါ့
ကိုယ့်မိဘကို စွန့်ပစ်ခဲ့ဘူးတယ်ဆိုရင်
ကိုယ်လည်း အစွန့်ပစ်ခံဖြစ်ဖို့ ၈၀ရာခိုင်နှုန်းလောက်
သေချာတယ်ဆိုတာသိထားပေးပါ

အိုလာတဲ့ ခါမှာ အိုတတ်ဖို့ အိုမယ့်နေရာရှိဖို့က
တကယ်ကို အရေးကြီးပါတယ်
ဒါက ၇၀မှာအို ၇၀မှစလုပ်လို့ရတဲ့အရာတွေမဟုတ်ပါဘူး
တနေ့အိုလာမယ်ဆိုတာကြိုသိထားပြီးသားဖြစ်တဲ့အတွက်
မအိုခင်တည်းက ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေပါ
အိုတဲ့အချိန်မှ အစွန့်ပစ်ခံဖြစ်ရတာကိုဝမ်းနည်းနေမယိ့အစား
မအိုခင်တည်းက စီစဥ်စရာရှိတာကိုစီစဥ်ထားပါ
နင်တို့ ငါ့ကို တာဝန်မယူလည်း အကြောင်းမဟုတ်ဘူး
ငါသေမယ့်အချိန်ထိ ငါ့ဟာငါ တာဝန်ယူနိုင်တယ်ဆိုပြီး
အိုသွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ

အိုခြင်းတရားက ကျိန်းသေပေါက်ကြုံရမှာဖြစ်တဲ့အတွက်
အခုဒီစာကို ဖတ်မိတဲ့သူ အသက်၃၀/၄၀
ပတ်ဝန်းကျင်တွေဆိုရင် ကျွန်တော်တို့မှာပြင်ဆင်ဖို့
အချိန်တွေရှိပါတယ် အခုကစပြီးပြင်ဆင်မယ်ဆိုရင်
ကျွန်တော်တို့အတွက် အချိန်လုံလုံလောက်လောက်ရှိပါသေးတယ်
အိုလာတဲ့အချိန်မှာ မျက်နှာမငယ်ရဖို့
မအိုခင်တည်းက ကြိုတင်ပြင်ဆင်မှု
လုပ်ထားသင့်ကြောင်း ဒီဆောင်းပါးလေးကနေ
အသိပေးလိုက်ပါရစေ

ကျွန်တော်ရဲ့ စာစုလေး ၃၂ပုဒ်မှာတဲ့
Ebookလေးကို ဝယ်ယူဖတ်ရှုချင်ရင်တော့
အောက်က Linkထဲဝင်ရောက်ဖတ်ရှုပြီးဝယ်ယူနိုင်ပါတယ်ဗျ

https://www.facebook.com/1661090587524063/posts/2941677966131979/

Well-being programလေးအကြောင်းသိချင်ရင်တော့
အောက်က Linkလေးထဲ ဝင်ဖတ်နိုင်ပါတယ်ဗျ

https://m.facebook.com/story.php?story_fbid=829744744779101&id=100032307486271

ကောင်းတာတွေမျှဝေရင်း ကောင်းတဲ့communityတစ်ခုမှာ
ရှင်သန် ဖြတ်သန်းချင်ရင်တော့
မြန်မာကျပ်ငွေ ၁၀၀၀၀တည်းနဲ့
Life timeဆွေးနွေးရင်ဖွင့်လို့ရမယ့်
Private gpလေးအကြောင်းကို
အောက်က Linkထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/1661090587524063/posts/2892897401010036/

အိမ်ထောင်ရေးနဲ့ပတ်သက်လို့ဖြစ်စေ
LGBTအရေးနဲ့ပတ်သက်လို့ဖြစ်စေ
တခြားrelationshipတွေအတွက်ဖြစ်စေ
Self-care,Self-Loveရှိတတ်ဖို့ဖြစ်စေ
စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်ဖြစ်စေ
ပိတ်မိနေတဲ့အတွေးတွေကြောင့်
ကိုယ့်ဘဝတိုးတက်ရာတိုးတက်အကြောင်းအတွက်ဖြစ်စေ
ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုရင်
ကျွန်တော် serviceပေးနေတဲ့
private sessionတွေအကြောင်းကို
message boxမှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ

ဒါကတော့ Telegram channelလေးပါ

https://t.me/realtalkwithminthant

ဒါကတော့ Viber Channel လေးပါ

https://invite.viber.com/?g2=AQAcNKqrA%2FYvDE%2FBuJ7Mlv4iaF6E%2B4joqrGS1iXxEQE8iuQqZjvfynQTnCUTL2RO

ချစ်တဲ့

(Min's Beauty Book)🖤

လက်ရှိအချစ်ရေးမှာ သင်မပျော်ရွှင်တော့ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်… 29/08/2022

လက်ရှိအချစ်ရေးမှာ သင်မပျော်ရွှင်တော့ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်… လက်ရှိအချစ်ရေးမှာ သင်မပျော်ရွှင်တော့ဘူးဆိုတာ ဒီအချက်တွေက ဖော်ပြနေပါတယ်… တစ်ခါတစ်လေမှာ အချစ်ဆိုတာကို ကိုယ...

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Honey Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.