Jen's Vlog

Jen's Vlog

Share

Be Original

15/05/2026

Pageမှာ မတင်ဖြစ်တာကြာလို့ ဟင်းချက် Vlog လေးတင်မယ်နော် ❤️ #စားမယ်သောက်မယ်

Photos from Jen's Vlog's post 18/11/2022

ရန်ကုန်ဆောင်းကမအေးပေမဲ့
အသားကကြိုပြီးပတ်တတ်လို့
Jenလို မိတ်ကပ်ကောင်းကောင်းလိမ်းမရပဲ
ဟိုကွက်ဒီကွက်ဖြစ်နေရင်
ဒီ Fresh Aloe Water Set လေးသုံးကြည့်နော်။

သူက Toner နဲ့ Emulsion 2မျိုး ကို 1Set ပေါ့နော်။

ဘူးလေးကနည်းနည်းသေးမဲ့ပုံပေါ်ပေမဲ့ ၂လ ၃လတော့အသုံးခံလောက်တယ်။

ဘာလို့ဆို သူ့ Emulsion က Jen အတွက်တော့အများကြီးယူသုံးစရာမလိုပဲ မျက်နှာတစ်ခုလုံးကို လုံလုံလောက်လောက် အစိုဓာတ်ဖြည့်ပေးတယ်လို့ခံစားရတယ်။

Toner လေးကတော့ Emulsionထက်စာရင် နည်းနည်းပိုပြီးအကုန်မြန်လောက်မှာပေါ့နော်။

Jen သုံးနေတာတော့ ၂ပတ်လောက်ရှိပါပြီ။Result လေးပြောပြပေးမယ်နော်။

သူ့ရဲ့ Toner လေးကို Jen က လက်နဲ့ရော Cotton Pad နဲ့ရော ၂မျိုးသုံးပါတယ်။

မနက်ပိုင်းဆို လက်နဲ့ပုတ်ပုတ်ပြီးလိမ်းပြီးတော့ ညဘက်ဆိုရင်တော့ Cotton pad လေးနဲ့သုံးတာပါ။

မျက်နှာပေါ်က အညစ်အကြေးလေးတွေပါသွားတာ cotton pad နဲ့ဆိုပိုပြီးသိသာတယ်။

သူ့ Toner လေးကသုံးပြီးသွားရင်မျက်နှာကကြည်ပြီး ချောချောအိအိလေးဖြစ်သွားရော။

စပ်တာဘာညာတော့ Jen မှာမဖြစ်ဘူး။

သုံးတာက၂ပတ်ပဲရှိသေးတော့ ချွေးပေါက်တွေတော့
သိသိသာသာမကျဉ်းသွားပေမဲ့
မျက်နှာကတော့ တော်တော်ကြည်လာပါတယ်။

Emulsion ကတော့ Jen လိုရေသောက်နည်းပြီး
အသားအရည်ခြောက်တတ်တဲ့သူတွေ၊
မျက်နှာသစ်ပြီးရင် စပ်ဖျင်းဖျင်းနဲ့ တင်းတင်းကြီးဖြစ်တတ်တဲ့သူတွေ
အတွက်တော်တော်အဆင်ပြေတယ်လို့ပြောရမယ်။

သူ့ရဲ့ နဂို Texture လေးကိုက အေးပြီးမွှေးနေတာ။

Jen ကတော့ ရေခဲသေတ္တာထဲထည့်သုံးတယ် ပိုအေးတာလေးက Refresh ပိုဖြစ်တယ်လို့ခံစားရလို့။

သူ့ကိုသုံးပြီး ၂ ပတ်အကြာမှာတော့ Jen နှုတ်ခမ်းဘေးနားက အသားပတ်တာလိုလိုဖြစ်နေတဲ့ အဖြူကွက်လေးတွေက သိသိသာသာကိုပါးသွားပါတယ်။

အသားအရည် ဖြူလာတာတော့မရှိပေမဲ့ သိသိသာသာကြည်လာတယ်။

မိတ်ကပ်လိမ်းရတာတော်တော်အဆင်ပြေလာတယ် ပြီးတော့ အဆီသိပ်မပြန်တော့ဘူး။

တစ်ရက်ထပ်တစ်ရက် မျက်နှာလေး
ချောချောအိအိနဲ့ကြည်လာတာကို အရမ်းသဘောကျမိတယ်။

ဒါကတော့ Jen 2ပတ်အတွင်းသိသာလာတဲ့ရလဒ်လေးပါ။

ဒီ ၂ပတ်အတွင်းမှာ တခြား Skin Care တွေမသုံးပဲ သူ့တစ် Set ထဲပဲသုံးပြီး စမ်းထားတာမို့
ဒါကတော့ Fresh Aloe Water Set လေးရဲ့ သီးသန့် Review လေးပေါ့နော်။

နောက်ထပ် Review အသစ်လေးတွေလည်းတင်ပေးဦးမှာမို့

ထုံးစံအတိုင်း Page လေးကို👍🏻 Like & Follow လေးလုပ်ထားပေးကြပါဦးနော်။

Photos from Jen's Vlog's post 11/11/2022

Hello! 🎊

Jen ဒီတစ်ခါ Experience Sharing လုပ်ပေးချင်တာလေးကတော့ Beauty Software လေးတခုပါ။

Jen တို့တွေကများသောအားဖြင့် Skin Type ခွဲမယ်ဆိုရင်

Oily , Dry, Sensitive, Combination Skin ဆိုပြီး ကိုယ့်အသားအရေ အခြေအနေအလိုက်

ခွဲခြားပြီးတော့မှ Skin Care တွေရွေးသုံးကြတာပေါ့နော်။

အခု Jen Sharing လုပ်ပေးမဲ့ Appလေးကတော့ အပေါ်ကပြောတဲ့ Skin Type တွေအပြင်ကိုမှ

ကိုယ့်မျက်နှာမှာ အသားမညီတာတွေ, အရေးအကြောင်းတွေ, ချွေးပေါက်တွေ

ဘယ်လောက်ရှိနေတယ်ဆိုတာကိုပါ

အချိန်၁မိနစ်လောက်လေးပေးပြီး ကိုယ့်ဘာသာကိုယ် စမ်းကြည့်လို့ရမဲ့ App လေးပါ။

Jen ဒီ Software လေးကိုစသိတာကတော့ Star Secret Korea မှာ Skin Care သွားကြည့်ရင်းနဲ့မှ

အဲ့မှာ AI စက်လေးနဲ့ Skin လေးစမ်းပေးနေတာကိုတွေ့ပြီး တခါတည်း ဝင်စမ်းရင်းနဲ့သိခဲ့တာပါ။

Showroom မှာ အဲ့ စက်လေးနဲ့ သွားစမ်းမယ်ဆိုရင် သူကတခါတည်း ကိုယ့်အတွက် လိုအပ်တဲ့,

ကိုယ့်အသားအရေနဲ့ ကိုက်တဲ့ Skin Care တွေကို ပြပေးတယ်။

ပြီးတော့ အဲ့ Result ကို ကိုယ့် Email ထဲကိုလည်းတခါတည်း ပို့ထားပေးတယ်။

အဲ့တော့ ဆိုင်မှာ သွားစမ်းရင်တော့ ပို Detail သိရတာပေါ့နော်။

ဒါပေမဲ့ ဆိုင်ထိသွားဖို့မအားတာမျိုး, ဝေးတာမျိုးဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာပဲ ဒီ Young&be ဆိုတဲ့ App လေးကို Download လုပ်ပြီး စမ်းကြည့်နော်။

Download Link လေးတွေကတော့
ios version - https://apps.apple.com/us/app/young-be-skin-solution/id1493253140
Android version - https://play.google.com/store/apps/details?id=com.reziena.user.reziena_1

App လေးက Android ရော IOS မှာပါ အသုံးပြုလို့ရပြီး

Step တွေအများကြီးနဲ့ရှုပ်ရှပ်ခတ်နေတာမျိုးမဟုတ်လို့ သုံးရတာလွယ်မယ်လို့ ထင်ပါတယ်။

အကယ်လို့ သုံးရတာတခုခု အခက်အခဲရှိရင်ပဲဖြစ်ဖြစ်, မရှင်းတာရှိရင်ပဲဖြစ်ဖြစ်

👇 Comment မှာမေးထားလို့ရပါတယ်ရှင့်။

စာလေးကိုအဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ။

နောက် Post လေးတွေတွေ့ရအောင် Page ကို Like &Follow လေးလုပ်ပေးဖို့ မမေ့နဲ့နော် 🙇🖤

Photos from Jen's Vlog's post 16/10/2022

Heaven is under our feet

as well as

over our heads.

14/10/2022

Changing my hair color cause I'm Bored 🫠

12/10/2022

Stay Tune!⏳

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Jen's Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.