Essentially Zin
Soft luxury, real vibes & everything We are a first startup consumer products online shop in Yangon, Myanmar.
အားနာတတ်တဲ့ စိတ်ကို ဘယ်လိုပြင်ရမလဲ…
ဇင်မေ ကိုယ့်ကိုယ်ကို ပြန်သတိထားမိလာတဲ့ အကျင့်လေးတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲဒါကတော့ ဇင်မေတို့လို လူတော်တော်များများဆီမှာ ခဏခဏ တွေ့ရတတ်တဲ့ "အားနာတတ်တဲ့ရောဂါ" ပါပဲ။
တစ်ယောက်ယောက်က တစ်ခုခု အကူအညီတောင်းရင်ပဲ ဖြစ်ဖြစ်၊ ကိစ္စတစ်ခုရှိလို့ ခေါ်ရင်ပဲဖြစ်ဖြစ် ကိုယ့်မှာ အချိန်မရှိဘူး၊ အဆင်မပြေဘူးဆိုတာ သိနေလျက်နဲ့ အားနာပြီး "ဟုတ်... ရပါတယ်" လို့ အလွယ်တကူ လက်ခံလိုက်မိတဲ့ အကြိမ်တွေက ခဏခဏရှိခဲ့ဖူးတယ်။
ဥပမာ - ကိုယ့်ပိတ်ရက်လေးမှာ အိမ်မှာပဲ အေးအေးဆေးဆေး နားမယ်လို့ စိတ်ကူးထားပေမယ့် တခြားသူက အပြင်သွားဖို့ခေါ်တဲ့အခါ အားနာပြီး လိုက်သွားလိုက်တာမျိုး၊ ဒါမှမဟုတ် ကိုယ့်အလုပ်တွေတောင် တောင်ပုံယာပုံ ဖြစ်နေတာကို သူများအလုပ်ပါ ဝင်ကူလုပ်ပေးလိုက်ရတာမျိုးပေါ့။
လူတိုင်းကို အဆင်ပြေစေချင်တဲ့စိတ်နဲ့ "ရပါတယ်" ဆိုပြီး လွယ်လွယ်လေး ခေါင်းညိတ်ပေးနေမိတာမျိုးလေ။ ဒါပေမယ့် သေချာပြန်တွေးကြည့်တဲ့အခါ သူများကို အားနာပြီး အဲဒီလို လွယ်လွယ် လက်ခံလိုက်တိုင်း၊ ကိုယ့်ရဲ့ ကိုယ်ပိုင်နားချိန်တွေ၊ ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းရမယ့် အချိန်တွေကို ပြန်ပြီး စတေးလိုက်ရသလို ဖြစ်နေတာကို ဇင်မေ သတိထားမိလာတယ်။ ကိုယ်တကယ် အာရုံစိုက်ရမယ့် အလုပ်တွေတောင် မလုပ်နိုင်ဘဲနဲ့ပေါ့။
အခုနောက်ပိုင်းဆို ဇင်မေ ကိုယ့်ကိုယ်ကိုယ် နည်းနည်းချင်းစီ ပြင်ကြည့်တယ်။ အရင်လို ချက်ချင်း ခေါင်းမညိတ်တော့ဘဲ "ဇင်မေ့ အချိန်လေး ပြန်ကြည့်လိုက်ဦးမယ်နော်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် စဉ်းစားချိန်လေး အရင်ပေးလိုက်တယ်။ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဆင်ခြေတွေ အများကြီး ပေးမနေတော့ဘဲ "ဒီတလော အလုပ်လေးတွေ နည်းနည်းများနေလို့ အဆင်မပြေသေးဘူး ဖြစ်နေတယ်" လို့ပဲ ရိုးရိုးရှင်းရှင်းလေး ငြင်းကြည့်ဖြစ်နေတယ်။
အစပိုင်းမှာတော့ "မလုပ်ပေးနိုင်ဘူး" လို့ ငြင်းလိုက်ရတဲ့အတွက် အားနာပြီး စိတ်ထဲ တစ်မျိုးကြီးဖြစ်နေတယ်။ ဒါပေမယ့် တကယ်တမ်း ငြင်းလိုက်နိုင်တဲ့အခါ ကိုယ့်အတွက် အချိန်တွေ ပိုထွက်လာသလို စိတ်လည်း တော်တော်လေး ပေါ့ပါးသွားတာကို ခံစားရတယ်။
သူများတောင်းဆိုတာကို ငြင်းပယ်လိုက်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ကိုယ့်ဘဝအတွက်၊ ကိုယ့်ချစ်ရသူတွေအတွက် တကယ်အရေးကြီးတဲ့ အရာတွေ (Essentials) ကို ကာကွယ်တာပါပဲဆိုတာ ဇင်မေ လက်တွေ့နားလည်လာတယ်...🤞🏻
𝓔𝓼𝓼𝓮𝓷𝓽𝓲𝓪𝓵𝓵𝔂 𝓩𝓲𝓷🍃
ကိုယ့်ကိုယ်ကို ခဏခဏ ပြန်မေးဖြစ်တဲ့ မေးခွန်းတစ်ခုရှိတယ်။
"ငါ တကယ် ဝါသနာပါတာ ဘာလဲ.. ငါ့ဘဝမှာ တကယ်လုပ်ချင်တဲ့အရာကရော ဘာလဲ" ဆိုတာပဲ။
တစ်ခါတလေကျရင် ညဘက်အိပ်ရာဝင်ခါနီး ဖုန်းလေးပွတ်ရင်း သူများတွေ နေရာတစ်ခုရနေတာ၊ သူတို့ ဝါသနာပါတဲ့အရာတွေကို ပျော်ပျော်ကြီးလုပ်ပြီး အောင်မြင်နေတာ မြင်တဲ့အခါ "ငါကျတော့ရော.. ဘာတွေများ ဖြစ်ချင်နေမှန်းမသိဘဲ အချိန်တွေ အလကား ကုန်လွန်နေတာလား" ဆိုပြီး တွေးမိတယ်။ ရုံးသွား၊ အိမ်ပြန်၊ ပိတ်ရက်ဆို အိပ်ရာထဲကမထချင်... ဒီလိုနဲ့ပဲ သံသရာလည်နေတဲ့ နေ့စဉ်ဘဝကြီးထဲမှာ ကိုယ့်ကိုယ်ကို လမ်းပျောက်နေတယ်လို့ ခံစားရတဲ့ အချိန်တွေ အများကြီးပါပဲ။ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ အတွေးလေး နည်းနည်း ပြောင်းလာတယ်။
တကယ်တော့ အသက် ၂၀ ကျော်၊ ၃၀ ဆိုတာ ဘဝကြီးကို အတိအကျ နားလည်နေရမယ့် အရွယ်မှ မဟုတ်တာ။ လူတိုင်းက ငယ်ငယ်လေးကတည်းက "ငါ ဒါကိုပဲ သေချာပေါက် လုပ်မယ်" ဆိုတဲ့ ပြင်းပြတဲ့ ရည်မှန်းချက်၊ ဝါသနာ (Passion) အကြီးကြီးတွေနဲ့ချည်း မွေးဖွားလာတာ မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကို လက်ခံပေးနိုင်လာတယ်။ကိုယ်က ဘာကို အကြိုက်ဆုံးလဲဆိုတာ အခုထိ သေချာမသိသေးပေမယ့်၊ "ဒီအလုပ်ကိုတော့ ငါသဘောမကျဘူး၊ ဒီလို နေထိုင်ရတာကိုတော့ ငါမကြိုက်ဘူး" ဆိုပြီး ကိုယ်မလိုချင်တဲ့အရာတွေကို ကွဲကွဲပြားပြား သိလာတာကလည်း ကိုယ့်ကိုယ်ကို ရှာဖွေတဲ့နေရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ တချို့အတွက် Passion ဆိုတာ ရုတ်တရက် အလင်းပွင့်သွားသလို သိလိုက်ရတာမျိုး မဟုတ်ဘဲ၊ ဟိုဟာလုပ်ကြည့်၊ ဒီဟာစမ်းကြည့်ရင်းနဲ့မှ ဖြည်းဖြည်းချင်း ပုံပေါ်လာတတ်တဲ့ အရာမျိုးပါ။
ဒါကြောင့် "ငါ့မှာ Passion မရှိဘူး၊ ငါ ဘာဖြစ်ချင်မှန်းမသိဘူး" ဆိုပြီး ကိုယ့်ကိုယ်ကို ဖိအားတွေ အရမ်းပေးမနေပါနဲ့တော့။ အခုချိန်မှာ ကိုယ့်လိုပဲ "ငါ ဘာဝါသနာပါမှန်းမသိသေးဘူး" ဆိုပြီး လမ်းပျောက်နေတဲ့သူတွေ ရှိရင်လေ.တစ်ယောက်တည်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။
အားလုံးက ကိုယ့်အရှိန်နဲ့ကိုယ်ကြိုးစားပြီး ရှာဖွေနေကြဆဲမို့လို့၊ ဒါကို 'ကိုယ့်ကိုယ်ကို ရှာဖွေနေဆဲ ကာလ' လို့ပဲသတ်မှတ်ထားလိုက်ပါ။လက်ရှိလုပ်နေတဲ့ အရာလေးတွေအပေါ်မှာပဲ အာရုံစိုက်ရင်း ဖြည်းဖြည်းချင်းပဲ ဆက်လျှောက်သွားကြမယ်နော် 🍃
တစ်ခါတလေကျရင် ဇင်မေတို့က အရာရာကို ကွက်တိဖြစ်နေစေချင်ကြတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် "ပြီးပြည့်စုံရမယ်" ဆိုတဲ့ စံနှုန်းကြီးတစ်ခုကို စိတ်ထဲမှာ သတ်မှတ်ထားပြီး အဲ့ဒီနောက်ကို အမောတကော လိုက်နေမိတတ်ကြတယ်မဟုတ်လား။
ဇင်မေကိုယ်တိုင်လည်း အရင်က အဲ့ဒီလို ပြီးပြည့်စုံချင်စိတ်ကြောင့် ခဏခဏ စိတ်ပင်ပန်းခဲ့ရဖူးတယ်။ အရာရာကို စိတ်တိုင်းကျ ဖြစ်ချင်ဇောနဲ့ ကိုယ့်ကိုယ်ကိုယ်ရော ဘေးကလူတွေကိုပါ အလိုမကျဖြစ်ပြီး ပူလောင်ခဲ့ရတာပေါ့။ အဲ့ဒီအထဲမှာ အဆိုးဆုံးကတော့ "ငါဒီလိုလုပ်လိုက်ရင် သူများတွေ ဘယ်လိုထင်မလဲ" ဆိုတဲ့ စိုးရိမ်စိတ်ပါပဲ။ သူများအမြင်မှာ ကြည့်ကောင်းအောင်၊ လူတိုင်းက သဘောကျအောင် ကြိုးစားရင်းနဲ့ ကိုယ်တကယ် လုပ်ချင်တာတွေကို မြိုသိပ်ထားလိုက်ရတာဟာ ကိုယ့်ဘဝကို ကိုယ်တိုင် အကျဉ်းချနေတာနဲ့ အတူတူပါပဲ။
တကယ်တော့ လောကကြီးမှာ လူတိုင်းက ကိုယ့်ကို သဘောကျနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင်နေနေ၊ ကိုယ့်ကို မနှစ်သက်တဲ့သူဆိုတာ ရှိနေမှာပဲလေ။
တစ်ယောက်ယောက်က ကိုယ့်ကို မကြိုက်ဘူးဆိုရင် အဲ့ဒါ သူ့ရဲ့အမြင်၊ သူ့ရဲ့ပြဿနာ သက်သက်ပါပဲ။ ကိုယ့်ပြဿနာ မဟုတ်ပါဘူး။
မကြာသေးခင်က ဆရာဟေမန်ဆူနမ် (Haemin Sunim) ရဲ့ "ငြိမ်းချမ်းမှုကို ရှာဖွေခြင်း" (The Things You Can See Only When You Slow Down) ဆိုတဲ့ စာအုပ်လေးကို ဖတ်မိရင်းနဲ့ အတွေးတစ်ခု ဝင်သွားတယ်။
"ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံတဲ့လူ ဖြစ်အောင် အတင်းတွန်းမောင်းမနေပါနဲ့။ မှားတတ်တာ၊ အားနည်းတတ်တာ၊ ပင်ပန်းတတ်တာတွေဟာ လူသားတစ်ယောက်ရဲ့ သဘာဝပဲ ဖြစ်ပါတယ်။"
အဲ့ဒီစာသားလေးကို တွေးရင်းနဲ့မှ ဘဝကို ပြီးပြည့်စုံအောင် နေထိုင်တယ်ဆိုတာ အမှားအယွင်းမရှိ စင်းလုံးချောဖြစ်နေတာကို ပြောတာမဟုတ်မှန်း သဘောပေါက်လာခဲ့တယ်။ တကယ်တော့ ပြီးပြည့်စုံဖို့အတွက် အတင်းအကျပ် မကြိုးစားတော့ဘဲ..
• ကိုယ့်ရဲ့ အားနည်းချက်တွေကို အရှိကိုအရှိအတိုင်း လက်ခံလိုက်တာ
• စိတ်တိုင်းမကျစရာ အခြေအနေတွေ ကြုံလာရင်လည်း "ဒါလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ" လို့ တွေးပေးလိုက်တာ
• သူတစ်ပါးရဲ့ မျက်မှန်ကနေ ကိုယ့်ဘဝကို အကဲဖြတ်မနေတော့တာ၊
• ကိုယ့်ယုံကြည်ရာ အိပ်မက်တွေအတိုင်း ဟန်ဆောင်မှုကင်းကင်း လျှောက်လှမ်းတာ
• အနာဂတ်က ပြီးပြည့်စုံမယ့် ရလဒ်နောက်ပဲ အတင်းပြေးမနေတော့ဘဲ အခုလက်ရှိ ဖြတ်သန်းနေရတဲ့ အချိန်ခဏလေးကို အပြည့်အဝ ခံစားတာ
အဲ့ဒါကမှ တကယ့် ပြီးပြည့်စုံစွာ နေထိုင်ရှင်သန်ခြင်း (Living Perfectly) ဖြစ်တာပါ။
အရာရာကို လိုက်ပြီး ပြည့်စုံနေအောင် အတင်းဆွဲဆန့်မနေတော့တဲ့အခါမှပဲ စိတ်က တကယ်လွတ်လပ်သွားပြီး ငြိမ်းချမ်းမှုကို ခံစားရတာမျိုးပါ။ လောကမှာ ဘယ်အရာမှ စက်ရုံက ထုတ်ထားသလို ကွက်တိမကျပါဘူး။ သစ်ပင်အကောက်လေးတွေ၊ ကျောက်ခဲတုံးလေးတွေဟာ မပြည့်စုံပေမဲ့ သူတို့ပုံစံနဲ့သူတို့ လှနေကြတာပဲ။ မပြည့်စုံတဲ့ ဘဝလေးတွေလည်း ဒီအတိုင်းလေး ရိုးရိုးရှင်းရှင်း ရှင်သန်နေခွင့်ရတာကိုက အလှဆုံး အနုပညာတစ်ခုပါပဲ။
ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံအောင် ညှဉ်းပန်းမယ့်အစား... "ဒီအတိုင်းလေးလည်း အဆင်ပြေပါတယ်" လို့ ခွင့်လွှတ်ပေးပြီး အသက်ကို ဝဝရှူလိုက်ကြရအောင် 🤞🏻
𝓔𝓼𝓼𝓮𝓷𝓽𝓲𝓪𝓵𝓵𝔂 𝓩𝓲𝓷🍃
ညဘက်ဆို လူကြီးလူကောင်းလို အတွေးမျိုးစုံတွေးပြီး အိပ်မပျော်ဘူး..🌚
မနက်ကျတော့ မသေရုံတမယ် ငိုက်ပြီး အလုပ်လုပ်ရ
ငါ့လိုလူ ရှိသေးလား ?😂☝️
13/05/2026
"နားလည်လား... မေးစရာရှိလား?" လို့မေးရင် တိတ်ဆိတ်သွားတတ်တဲ့ ငါတို့တွေ...
Meeting တွေမှာ ဒီမေးခွန်းကြားရင် ကိုယ်တိုင်လည်း ဘာမှပြန်မပြောမိဘဲ ငြိမ်နေမိတာ ခဏခဏပါပဲ။
ဂျာကြီးပြောလေ့ရှိတဲ့ စကားတစ်ခွန်း
“ငယ်ငယ်က စာသင်ခန်းထဲက အကျင့်တွေက အခုထိမပျောက်သေးဘူး” တဲ့
(ငယ်ငယ်က တိုးတက်တဲ့ပညာရေးစနစ်ကြီး)
ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ 😁
တကယ်တော့ ဒါက ကိုယ့်မှာ ပြောစရာမရှိလို့ မဟုတ်ဘူး။ ငယ်ငယ်က စာသင်ခန်းထဲမှာ မေးခွန်းထုတ်ရင်
"ဒါလေးတောင် မသိဘူးလား" ဆိုတဲ့ အကြည့်တွေ၊ "ဆရာမပြောတာ နားမထောင်ဘူးလား" ဆိုတဲ့ အသံတွေကြားမှာ ကြီးပြင်းခဲ့ရတော့...
"မေးခွန်းမထုတ်တာက အကောင်းဆုံးပဲ" ဆိုတဲ့ Mindset က အလိုလို စွဲနေခဲ့တာ။
အလုပ်ခွင်ရောက်တဲ့အထိ ဒီစိတ်က ကိုယ့်နောက်ကို အရိပ်လို လိုက်နေတုန်းပဲ။
တစ်ခုခုမေးလိုက်ရင် ငါပဲနားမလည်တာ ဖြစ်နေမလား?
ငါ့အကြံဉာဏ်က ရယ်စရာဖြစ်နေမလား?
ပြောလိုက်ရင်ရော အချိန်တွေ ပိုကြာသွားမလား?
ဒီလိုအတွေးတွေက ကိုယ့်ကိုယ်ကို ပိတ်ထားတတ်ကြတယ်။ ဒါပေမဲ့ သတိထားမိတာတစ်ခုက Meeting Room ဆိုတာ အမှားအမှန်စစ်တဲ့ စာမေးပွဲခန်း မဟုတ်ဘူး။ ကိုယ့်အမြင်ကို မျှဝေဖို့နဲ့ မရှင်းတာကို ရှင်းအောင်လုပ်ရမယ့် နေရာပါ။
စနစ်ကြီးကို အပြစ်တင်နေရုံနဲ့တော့ ငါတို့ ရှေ့ဆက်လို့မရဘူး။ အခုချိန်ကစပြီး အဲဒီ "စာသင်ခန်းထဲက အကျင့်ဟောင်း" ကို ပြင်ကြည့်ဖို့ လိုပါတယ်။
𝓔𝓼𝓼𝓮𝓷𝓽𝓲𝓪𝓵𝓵𝔂 𝓩𝓲𝓷🍃
11/05/2026
ပျောက်ချက်သားကောင်းနေတဲ့ ဒီ Page လေးကို
မှတ်မိသေးကြရဲ့လား? 😊✨
2022 ကနေ အခုအထိ အဆက်အသွယ်လေး ပြတ်သွားခဲ့ပေမယ့်
ဒီနေ့ကစပြီးတော့ Content အလန်းလေးတွေ၊ good vibes လေးတွေနဲ့ Page လေးကို ပုံမှန်ပြန် runသွားဖို့ရှိမယ်နော်✌️🤞🏻
ကဲ ဘယ်လိုသွားလုပ်စားကြမလည်း 😖😖😖
25/08/2022
ကဲ ဒီတစ်ခါရောင်းပေးမှာတော့ Windbreaker အလယ်ထည်လေးတွေပါ
👉🏻 ကြိုက်တာယူတစ်ထည် ၇၅၀၀ ကျပ်ပါ
👉🏻 Brand ထည်လေးတွေရော အထည်မိုက်လေးတွေရောပါပါတယ်
အားပေးကြပါဦး ညိုကီတို့ရေ
25/08/2022
Adidas
Japan ဘောလုံးအသင်းရဲ့ Official Windbreaker ပါ
ပခုံးဆိုဒ် ၁၉” အမျိုးတွေဝတ်ဆင်နိုင်ပါမယ် Size ကတော့ L Size ပါ
Second ထည်ဖြစ်တဲ့အတွက် အနာအဆာအသေးအမွှားလေးတော့ရှိပါတယ် Adidas တံဆိပ်နဲ့ လိုင်းစင်းလေးတွေမှာ အထုတ်ပိထားတဲ့ Damaged နည်းနည်းရှိပါတယ် လက်ခံနိုင်မှယူပါ
Brand - Adidas
Made - China 🇨🇳
Size - L
Shoulder - 19”
Price - 9000 MMk
22/08/2022
ရဲရဲတောက် Italy Brand လေး
အထည်ကြောကိုတင်းနေသောပဲ ဒါပေမယ့်တစ်ချို့နေရာလေးတွေ အသီးလေးတွေနည်းနည်းထနေလို့စျေးအများကြီးမတင်ထားဘူး ဂျုတ်လေးနဲ့ဖြစ်ဖြစ်ပါးပါးရိတ်လိုက် အဆင်ပြေသွားမယ် အသီးရှင်းစက်ရှိရင်လည်း အဲ့ဒါနဲ့ထိုးလိုက်လို့ရတယ် တစ်ခြား Error မရှိဘူးနော်
Brand - Kappa
Size - Large
Shoulder - 21” ခွဲ
Made - China 🇨🇳
Price - 10000
22/08/2022
Sold Out ✈️✈️✈️
Size ကြီး ညီကိုများအတွက် အနှစ်တစ်ထည်
Brand - Adidas ( Original )
Size - XL
Made - Philippines 🇵🇭
Shoulder - 22” & Half
Price - 13500
အစွန်းလေးတစ်ချက်ရှိတယ် မသိသာပါ ပုံမှာပြထားပေးပါတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No . 28 , Daw Thein Tin Road , Mingalar Taung Nyunt Township
Yangon
11091
