ZM Online Shop

ZM Online Shop

Share

ဇယံ ဓန ရွှေလာဘ်ပွင့်အမွှေးတိုင် နှင့်စားသောက်ကုန်၊ အိပ်ခန်းသုံး ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး

Photos from ZM Online Shop's post 25/03/2026

#ယိုးဒယားဆပ်ပြာမှုန့်ထဲမှာသုံးဖူးသူတိုင်းအကြိုက်တွေ့ကြလို့လူကြိုက်များတဲ့ဆပ်ပြာမှုန့်လေး

🍀 အနံ့မွှေးချက်ကတော့ အမွှေးဆီတောင် ထပ်ထည့်သုံးစရာမလိုတဲ့အပြင် အမြှုပ်ထွက်အားကောင်းပြီး ဆပ်ပြာမှုန့်နည်းနည်းလေး ထည့်ရုံနဲ့ အဆင်ပြေသောလေး

🍀 အိမ်ရှင်မတိုင်းရဲ့လက်စွဲတော်လေးကို လိုသလောက် မှာယူနိုင်ပါပြီရှင့်

8,000

#ကြာပန်းဆပ်ပြာမှုန့်
#ကြာပန်းဆပ်ပြာ

04/11/2025

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ တန်ဆောင်တိုင်လပြည့် အခါတော်နေ့‌လေးမှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများ တစ်လုံးတဝတည်း ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🙏🙏

#တန်ဆောင်တိုင်လပြည့်
#မေတ္တာအခါတော်နေ့

20/10/2025

"ဒေဝါလီနေ့ (ခေါ်) ဒီပါဝလီနေ့"

2025 ခုနှစ်၊ အောက်တိုဘာလ (20) ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော်တစ်ခုဖြစ်တဲ့ "ဒေဝါလီနေ့ (ခေါ်) ဒီပါဝလီနေ့"လေးမှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ZM Online Shop မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

06/10/2025

သီတင်းကျွတ်လပြည့်နေ့ အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည်ံစုံကြပါစေ‌ကြောင်း တောင်းဆု မေတ္တာ ပို့သလိုက်ပါသည် 🙏🙏🙏

15/06/2025

♥️အဖေဆိုတာ

စကားနဲ့ မပြောလည်း
ချစ်ခြင်း နဲ့ ကာကွယ်ပေး တဲ့သူ ♥️

သားသမီးတွေအတွက်
Silent Hero ဖြစ်ပေးတဲ့
အဖေများအတွက် ❤️

🌎 ကမ္ဘာပေါ်ရှိ ဖေဖေများအားလုံး
ပျော်ရွှင်နွေးထွေးဖွယ်ရာ အဖေများနေ့လေးကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ ZM Online Shop မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🏻

❤️ Happy Father Day ❤️

Photos from ZM Online Shop's post 03/06/2025

အရီးချိုနှမ်းပတ်ချဥ်ကြော်

တဘူး 7000

အရသာဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းတဲ့ အရီးချိုနှမ်းပတ်ချဉ်ကြော်လေးပါနော်။

မြေပဲဆုံဆီစစ်စစ်နဲ့ကြော်ထားတာဆိုတော့ ဆီအနံ့လေးကမွှေးနေတာပဲ😙

ကြက်သွန်နီလေးနဲ့ရှောက်￸ရွက်၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားလိုက်မယ်ဆိုရင်ဖြစ် ရှယ်ပဲနော်။

Photos from ZM Online Shop's post 03/06/2025

မရမ်းကြွပ်စပ်ယို

၂၀သားတဘူး = 7,500

28/04/2025

လက်ဖက် (သမိုင်း)

မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိသော အဟာရဝတ္ထုသုံးမျိုးမှာ "အသားမှာ ဝက်၊ အသီးမှာ သရက်၊အရွက်မှာ လက်ဖက်"ဟူ၍ ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုတွင် လက်ဖက်သည် အရေးပါအရာရောက်သည်။
မြန်မာနိုင်ငံတွင် လက်ဖက်အစို နှင့် အခြောက် ဟူ၍ရှိရာ ထိုနှစ်မျိုးစလုံးပင် သုံးစွဲကြသည်။

လက်ဖက် ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရဖြစ်သည်။ လက်ဖက် ဟု ခေါ်ဝေါ်ကြသည့်အကြောင်းကို ရှင်ဖြူ ရှင်လှသမိုင်း ရွှေယင်မြော်သမိုင်းတို့တွင် ဖော်ပြထားပါသည်။

အလောင်းစည်သူမင်းကြီးသည် ညောင်ရွှေအင်းလယ်၌ နန်းတော်ဆောက်၍ လေးနှစ်စံနေတော်မူစဉ်အခါက တောအုပ်ကြီး၌ ရှာမှီးစားသောက် နေထိုင်သူတို့သည် တော၌ အိပ်နေသည့်အခိုက် တောမီးသည် ထိုသူတို့၏ ပေါင်ကိုပတ်၍ မီးလျှံထိသည်။ ထိုအကြောင်းကို အလောင်းစည်သူမင်းကြီးထံ
လျှောက်ထားရာတွင် နင်တို့ပေါင်ကို တောမီးလောင်မျှ မရှောင်ပေါင်လောင်လူမျိုးပင် သမုတ်ခေါ်ဝေါ်ရမည်ဟု မိန့်တော်မူသည်ကို အစပြု၍ ပေါင်လောင်တွင်သည်။ ပေါင်လောင် မှ စကားရွေ့ ၍ ပလောင် ဖြစ်လာသည်။

အလောင်းမင်းကြီးသည် ထိုသူတို့ကိုသနားတော်မူသောကြောင့် ငါ့တွင်ပါလာသော နီလဗီဇ သစ်စေ့ကို
စိုက်ပျိုး၍ အသက်မွေးကြဟု ပေးတော်မူသဖြင့် စိုက်ပျိုးပြုစု၍ စားသောက်နေကြသည်။

ပလောင်တို့ စိုက်ပျိုးသော နီလဗီဇအရွက်အညွန့်ကို မင်းကြီးအား ဆက်သလာ၍ စားတော်ခေါ်ရာတွင် အိပ်၍မပျော် ရှိတော်မူသောကြောင့် ထိုသစ်ရွက်ကတုံးကို လက်ရုံးတင်လျက် လက်နှင့်ဖက်၍ စက်တော်ခေါ်သည်ကို အစပြု၍ နီလဗီဇရွက်ကို လက်ဖက် ဟုခေါ်ဝေါ်ကြသည် ဟူ၍ ဆိုပါသည်။

လက်ဖက်ပင်သည် အပင်ငယ်မျိုးဖြစ်၍အစဉ် စိမ်းလန်းလျက်ရှိ၏။ သဘာဝအလျောက် ပေါက်စေ
လျှင် လက်ဖက်ပင်သည် ပေ ၃၀ ခန့်ပင် မြင့်နိုင်သည်။ သို့သော် လက်ဖက်ခြံများတွင်မူ ထိုမျှလောက်
မြင့်အောင်မထားဘဲ လေးငါးပေလောက်သာ မြင့်ရန်အစဉ်ဖြတ်ပေးထားလေသည်။
ဤကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိ၏။

ပထမအချက်မှာ ပင်လုံး မကြီး အကိုင်းအခက်များစွာ မထွက်ပဲ အရွက်များကို များနိုင်သမျှများစေရန် ဖြစ်၏။ လက်ဖက်ပင်တွင် လက်ဖက်ရွက်သည်သာ အဖိုးတန်သော ပစ္စည်းဖြစ်သည်။

ဒုတိယအချက်မှာ လက်ဖက်ရွက်ခူးသူများသည်များသောအားဖြင့် မိန်းမ နှင့် ကလေးများသာဖြစ်
သည့်အတွက် အရွက်များခူးရာတွင် လက်လှမ်းမှီမှီနှင့် တစ်ပင်လုံးကို ခူးစေနိုင်ရန်ဖြစ်လေသည်။

လက်ဖက်စိုက်ပျိုးရာတွင် လက်ဖက်စေ့များကိုသင့်တော်သောမြေ၌ ဦးစွာပျိုးပေး၍ တစ်ပေလောက်ကြီးလာသော အခါမှ ခြံများသို့ ရွေ့ပြောင်းပြီးလျှင် တစ်ပင်နှင့်တစ်ပင်ကို ငါးပေခြောက်ပေခန့် ခွာ၍ စိုက်ရသည်။ များသောအားဖြင့် လက်ဖက်ပင်များကို တောင်စောင်းများတွင်လှေကားထစ်သဖွယ် အဆင့်ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြသည်။

လက်ဖက်ပင် သုံးနှစ်သားအရွယ်ခန့်ရောက်လျှင်အရွက် နှင့် အဖူး များကို ခူးနိုင်ပြီ။ သို့ရာတွင်
အကောင်းဆုံး လက်ဖက်ရွက်ကိုကား ဆယ်နှစ်ဆယ့်ငါးနှစ်ခန့် အရွယ်ရှိသော လက်ဖက်ပင်များ
မှသာ ရနိုင်သည်။ လက်ဖက်ပင်များကို မြင့်မတက်စေရန် နှင့် အရွက်များများထွက်စေရန် မကြာခဏ
ချိုင်၍ပေးရသည်။ ၂၅ နှစ်ခန့် အရွယ်ရောက်သောအခါ လက်ဖက်ပင်ကို မြေကြီးမှ ကပ်၍ ခုတ်လှဲပြီး
နောက် အသစ်တစ်ဖန် အမြစ်မှ ပြန်ပေါက်စေသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်နယ် မိုးမိတ်နယ် မိုင်းလုံနယ်များတွင် လက်ဖက်ပင်များစိုက်ပျိုးကြသည်။မိုးမိတ်နယ် နှင့် မိုင်းလုံနယ် တို့မှ ထွက်သောလက်ဖက်ခြောက် လက်ဖက်စို များကို အပြင်တောင် ဟု ခေါ်၍တောင်ပိုင်နယ် သို့မဟုတ် နမ့်ဆန် နှင့် မိုင်းငေါ့အပါအဝင် ဒေသများမှ ထွက်သော လက်ဖက်စိုလက်ဖက်ခြောက် တို့ကို အတွင်းတောင် ဟုခေါ်သည်။နမ့်ဆန် နှင့် မိုင်းငေါ့ နယ်တို့မှထွက်သောလက်ဖက်စို လက်ဖက်ခြောက် များမှာကောင်းလည်းကောင်း လူသုံးလည်းများ၏။
လက်ဖက် အများဆုံးထွက်၍ နယ်အကျယ်ဆုံးလည်း ဖြစ်သည်။

လက်ဖက်ပင်ရွက်နုသစ်ချိန်မှာ နှစ်စဉ် တန်ခူးလဆန်းစ အခါ၌ဖြစ်စေ သင်္ကြန်ရက်မတိုင်မီ၌ ဖြစ်
စေ အနည်းကကျဉ်းသာနု၍ သင်္ကြန်မိုးရွာပြီးနောက် အပင်တိုင်း၌ ဝေဝေဆာအောင် ရွက်နုများ ထလာလေသည်။

လက်ဖက်ရွက်နုများ ခူးပြီးသော်

🌿လက်ဖက်ရည်အဖန်ခြောက်
🌿လက်ဖက်ရည်အချို ခြောက်
🌿လက်ဖက်အစို
🌿လက်ဖက်အဆီ

စသည်ဖြင့် လေးမျိုးခွဲခြား၍ လိုအပ်ရာ ပြုလုပ်
သုံးစွဲကြပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂(ဝေါဟာရလီနတ္ထဒီပနီ)
Crd

16/04/2025

နှစ်သစ် ဆုတောင်း
🙏🙏🙏🙏🙏🙏🙏

နှစ်သစ် အခါသမယမှာ
ပိုပြီးကောင်းလာစေချင်ရင်

ပိုပြီး သဒ်ဓါတရားတှေ
ကောင်းလာအောင်

ပိုပြီး ကိုယ်ကျင့်တရားတွေ
လုံခြုံလာအောင်

ပိုပြီး စွန့်လွှတ်မှုတွေ
ခိုင်မာလာအောင်

ပိုပြီး အသိဉာဏ် ကြွယ်ဝလာအောင်
လုပ်ဖို့ လိုပါတယ်

အဲဒီ အကြောင်းတရားတွေ
ပြည့်စုံမှသာလျှင်

မိမိတို့ရဲ့ မျှော်လင့်ချက်နဲ့
ချမ်းသာသုခတွေ

မင်္ဂလာအပေါင်းနဲ့
ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းတွေ
တောင်းဆိုမှုတွေဟာ

တစ်လုံးတစ်ဝကြီး
ဖြစ်လာမှာပါ

( ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )

13/04/2025

ရိုးရာသင်္ကြန်မှာ အတာကြိုအိုးနှင့်ကြိုဆိုသော မြန်မာတို့အတွက်မျှဝေခြင်း
ရှေးယခင်က အတာအိုးထိုးနည်း ------------------
မသိကြတော့တာရယ် ၊ စျေးမှာရောင်းတာကို လွယ်လွယ်ကူကူပဲ ဝယ်ပြီး သုံးခဲ့ကြတာတွေရယ်ကြောင့် ဒီနည်းလမ်းက ပျောက်ကွယ် လုနီးပါ ဖြစ်နေပါပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် တစ်ချို့နှစ် အနည်းငယ်လောက်ပဲ (အရေးကြီးသည်ထင်တဲ့ နှစ်လောက်သာ) အသုံးပြုတာပါ။

ဒီနှစ်ကတော့ အားလုံးအတွက် အရေးကြီးတဲ့ နှစ်လို့ထင်တာကြောင့်မလို့ ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တာက အတာအိုး၊
📌ခရေညွန့် (ခရေလုံးဝမရနိုင်ခဲ့ရင်မာလကာကိုသုံးပါ)၊
📌ကံ့ကော်ညွန့် ၊မြေဇာ၊
📌သီဟိုဠ် (သီဟိုဠ် လုံးဝမရနိုင်ခဲ့ရင် သရက်ကိုသုံးပါ)
📌သပြေ (ဖြစ်နိုင်ရငိ အာစီယံ သပြေမသုံးသင့်ပါ)
📌ထန်း ( ထန်းလုံးဝမရနိုင်ရင် ဒန်းကို သုံးပါ)
📌အုန်းညွန့် (အုန်းညွန့်လုံးဝ မရနိုင်ရင်သြဇာကို သုံးပါ)
ထီး ၁လက်၊ တံခွန်၊ ကုက္ကား၊ ကြက်လျှာ၊ ယပ် တစ်လက်စီ။( ၃လက်သုံး ချင်ပါက ဝါ စိမ်း နီ သုံးပါ)
မွှေးသောရနံရှိသောပန်း (ပန်းရှာရမလွယ်ရင် နံ့သာရေသုံးပါ)

အိမ်ထောင်ဦးစီး (အိမ်ထောင်ဦးစီးမရှိတော့ရင် ၊အိမ်မှာနေတဲ့ အသက်အကြီးဆုံးသူ အလုပ်မှာဆိုရင် ရာထူးအြကီးဆုံးသူ )သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားမီးရဲ့ အရပ်နှင့် တိုင်းပြီး အပ်ချည် ၉ပင်ဖြတ်ထားပါ။
အဲ့အပ်ချည်ကို ထီးရိုးမှာ ပတ်ပြီးချည်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အညွန့်တွေရဲ့ အလယ်မှာ ထီးကို စိုက်ပြီး အတာအိုးထဲထည့်ပါ။ နံ့သာရည်ပတ်ဖြန်းပါ။
အညွန့်တွေရဲ့ဘေးကနေ တံခွန် ကုက္ကား ယပ် ကြက်လျှာများကို ဝန်းရံပြီးထည့်ပါ။
သတိထားရမည်မှာ အညွန့်များ ၊တံခွန် ၊ကုက္ကားများသည် ထီးထက် ပိုမရှည်သင့်ပါ။

ပြီးရင် အိမ်ထောင်ဦးစီး သို့မဟုတ် ဗုဒ္ဓဟူး ၊ရာဟု သားသမီး၏ ချည်သားအင်္ကျီကို ကရွတ်ခွေခွေပြီး အဲ့ အပေါ်ကနေ အတာအိုးကို တင်ပြီး အတာကြိုလို့ ရပါပြီ။
အတာအိုးကို တာဝန်ယူဆောင်ရွက်မယ့်သူက
ရှစ်ပါးသီလခံယူပြီး ၃၁ဘုံသား အပေါင်းကို မေတ္တာပို့သပေးပါ။ ( တစ်နေကုန် ရှစ်ပါးသီလထိန်းဖို့ ခက်ရင် အားလုံးပြီးတာနဲ့ ၅ပါးသီလ ပြန်ခံယူပါ ☺️)

#ယုံကြည်သူများအတွက်သာမျှဝေခြင်းဖြစ်ပါသည်🙂
#မေတ္တာဖြင့်မျှဝေသူ

Photos from ZM Online Shop's post 29/03/2025

ငလျင်ဘေးအန္တရာယ် ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ

Photo: NUG
#ငလျင်ဘေးအန္တရာယ်

Telephone

Website

Address


အမှတ် ၁၈၊ မင်းလမ်း၊ ဗဟန်းမြို့နယ်, ရန်ကုန်မြို့
Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Alerts

Be the first to know and let us send you an email when ZM Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.