Ly'si Myanmar

Ly'si Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ly'si Myanmar, Health/Beauty, No. 83, YayKyaw Road, Pazundaung, Yangon.

13/08/2026

🎉သြဂုတ် အာဟာရလ (Nutrition Month) မှာ ကျန်းမာရေးအတွက် အကောင်းဆုံးတွေကို ရွေးချယ်ကြစို့! 🥗✨
ချစ်ခင်ရတဲ့ Ly'si Myanmar Customer များခင်ဗျာ... 💙
သြဂုတ်လဟာဆိုရင် လူသားတိုင်းအတွက် အလွန်အရေးကြီးတဲ့ "အာဟာရလ" ပဲ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ တက်ကြွလန်းဆန်းပြီး ကျန်းမာပျော်ရွှင်နေဖို့ဆိုရင် မှန်ကန်မျှတတဲ့ အာဟာရကို ဖြည့်ဆည်းပေးဖို့က မရှိမဖြစ် လိုအပ်ပါတယ်နော်။ 💪
ဒီအာဟာရလလေးမှာ ကျန်းမာရေးနဲ့ပိုမိုညီညွတ်ဖို့အတွက် -
🥬 လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပါ။
💧 ရေများများသောက်ဖို့ မမေ့ပါနဲ့။
🏃‍♂️ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလေးတွေ မှန်မှန်လုပ်ပေးပါ။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ်စားသုံးတဲ့ အစားအစာတွေကနေ မှန်မှန်ကန်ကန် ရွေးချယ်စားသုံးဖို့ Ly'si Myanmar ကနေ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံ (Healthy Lifestyle) ကို တည်ဆောက်တဲ့နေရာမှာ Ly'si Myanmar က အမြဲတမ်း သင့်အနီးနားမှာ အဖော်မွန်ကောင်းအဖြစ် ရှိနေမှာပါ။ ✨
ဒီ သြဂုတ် အာဟာရလမှာ မိသားစုဝင်တွေအားလုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အထူးဂရုစိုက်စားသုံးရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ကြရအောင်!

04/08/2026

သန်စွမ်းတဲ့ အရိုးအဆစ်နဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် Ly'si Myanmar💪
ကလေးတို့ရဲ့ နေ့စဉ် ပြေးလွှားဆော့ကစားခြင်း၊ လှုပ်ရှားသွားလာခြင်းတွေအတွက် အဓိက အုတ်မြစ်ကတော့ "သန်စွမ်းတဲ့ အရိုးအဆစ်နဲ့ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှု" ဘဲဖြစ်ပါတယ်။ ရင်သွေးငယ်တွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ရေးကာလမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ဆိုတာ မိဘတိုင်းရဲ့ အဓိက ဂရုစိုက်ရမယ့် အပိုင်းလည်း ဖြစ်ပါတယ်။🦸‍♂️
Ly'si Myanmar က ဘယ်လို အထောက်အကူပြုပေးမလဲ?
❇️ဗီတာမင် ဒီ (Vitamin D): အရိုးများ ကြံ့ခိုင်သန်စွမ်းစေရန်အတွက် ခန္ဓာကိုယ်တွင်းသို့ ကယ်လ်ဆီယမ် (Calcium) စုပ်ယူမှုကို အဓိက အားဖြည့်ပေးပြီး ကလေးငယ်များ၏ အရိုးစုနှင့် သွားများကို ခိုင်မာစေရန် အထူး အထောက်အကူပြုပါသည်။
❇️အိုမီဂါ-၃ ဖတ္တီအက်ဆစ် (Omega-3 Fatty Acids - EPA & DHA): အရိုးအဆစ်များ လှုပ်ရှားရာတွင် နာကျင်မှုနှင့် ရောင်ရမ်းမှုများကို သက်သာစေပြီး အဆစ်အမြစ် ကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းပေးသည်။
❇️ဗီတာမင် အေ (Vitamin A): ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဆဲလ်များနှင့် တစ်ရှူးများ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးမှုကို အားဖြည့်ပေးပါသည်။
"သားသားမီးမီးတို့ရဲ့ တောက်ပတဲ့ အနာဂတ်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်နိုင်ဖို့ Ly'si Myanmar က အမြဲ အဖော်ပြုလျက်ရှိပါတယ်။"😍
ယနေ့ပဲ သင့်ရင်သွေးငယ်အတွက် အကောင်းဆုံး အာဟာရပြည့်ဝမှုကို ပေးအပ်လိုက်ပါ...👍

29/07/2026

🪷 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🪷
ယနေ့ကျရောက်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို စတင်ဟောကြားတော်မူခဲ့တဲ့ ဝါဆိုလပြည့်နေ့ထူးနေ့မြတ်လေးမှာ ခုနစ်ရက်သားသမီးအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများ အားလုံးပြည့်ဝကြပါ‌စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏
#ဝါဆိုလပြည့်နေ့

23/07/2026

နှလုံးသားလေး ကျန်းမာရေးအတွက် Ly'si နဲ့အတူ ဂရုစိုက်ကြစို့ ❤️
နေ့စဉ်ဘဝမှာ မနားတမ်း အလုပ်လုပ်ပေးနေတဲ့ ကိုယ့်ရဲ့အဖိုးတန် နှလုံးသားလေးကို သေချာဂရုစိုက်ဖို့ မေ့နေတတ်ကြလား? 🤔
အစားအသောက်အနေအထိုင် မမှန်တာတွေ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေက နှလုံးကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေနိုင်ပါတယ်။ ချစ်ရတဲ့ မိသားစုနဲ့အတူ အချိန်ကြာကြာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အဓိကအင်ဂျင်ဖြစ်တဲ့ "နှလုံးသားလေး" ကျန်းမာနေဖို့က အရေးအကြီးဆုံးပါပဲ။ 💯
ဒါကြောင့် သင့်နှလုံးသားလေးကို နေ့စဉ် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ Ly'si က အသင့်ရှိနေပါတယ်။
Ly'si ဟာဆိုရင်... 👇
🩸 သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ကောင်းမွန်စေခြင်း
🛡 မကောင်းတဲ့ ကိုလက်စထရော (Cholesterol) တွေကို လျှော့ချပေးပြီး နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
✨ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း
🌿 နေ့စဉ်ဘဝမှာ ပိုမိုလန်းဆန်း တက်ကြွနေစေရန် ခွန်အားဖြည့်ပေးခြင်း
ကိုယ်တိုင်ပဲ သောက်သုံးမလား၊ ကိုယ်ချစ်ရတဲ့ မိဘဘိုးဘွားတွေအတွက်ပဲ လက်ဆောင်ပေးမလား... Ly'si က အကောင်းဆုံးသော ကျန်းမာရေးလက်ဆောင်လေး ဖြစ်မှာ အသေအချာပါပဲ။ 🎁
"နှလုံးသားလေး ကျန်းမာရေးအတွက် ယနေ့ပဲ Ly'si ကို ရွေးချယ်လိုက်ပါ။"🥰

01/07/2026

✨ "မိမိကိုယ်ကို ချစ်ပါ၊ Ly'si နေ့စဉ်သောက်ပါ" ✨
နေ့စဉ်ဘဝရဲ့ မအားလပ်တဲ့ လုပ်ငန်းဆောင်တာတွေ၊ စိတ်ဖိစီးမှုတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ တကယ့်တော့ မိမိကိုယ်ကို ချစ်ခြင်း (Self-care) ဆိုတာ ကျန်းမာရေးကို ဂရုစိုက်ခြင်းကနေ စတင်တာပါ။
ခန္ဓာကိုယ်အတွက် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝနေစေဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ Ly'si ကို နေ့စဉ်သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။
🔹 Ly'si ကို ဘာကြောင့် နေ့စဉ်သောက်သုံးသင့်တာလဲ?💁🏻‍♀️🐬
✅ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း - ရောဂါဝေဒနာတွေကို ခုခံကာကွယ်ပေးပြီး ဖျားနာခြင်းကင်းဝေးစေပါတယ်။💪
✅ဦးနှောက်နှင့် အာရုံကြောကို ထောက်ပံ့ပေးခြင်း - မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေပါတယ်။🧠
✅နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးခြင်း - သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။🫀
✅တစ်နေ့တာလုံး လန်းဆန်းစေခြင်း - ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး တက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ ခွန်အားပေးပါတယ်။🦸‍♂️✨
ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တဲ့သူတိုင်း ကျန်းမာရေးကို အလေးထားကြပါတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ် (Daily Routine) ထဲမှာ Ly'si ကို ထည့်သွင်းပြီး မိမိကိုယ်ကို အကောင်းဆုံး ဂရုစိုက်လိုက်ပါ။🙆‍♀️🤍

16/06/2026

အားကစားသမားတွေ ငါးကြီးဆီ (Fish Oil) သောက်သုံးသင့်လား? 🏃‍♂️🏋️‍♀️
အားကစားလုပ်ရတာ ဝါသနာပါသူတွေ၊ Gym ဆော့သူတွေနဲ့ Professional အားကစားသမားတွေအနေနဲ့ ခန္ဓာကိုယ်အမောခံနိုင်ဖို့၊ ကြွက်သားထုတက်ဖို့နဲ့ စွမ်းဆောင်ရည်ကောင်းဖို့အတွက် သေချာပြင်ဆင်ကြရပါတယ်။ ဒီနေရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဖြည့်စွက်စာတစ်ခုကတော့ ငါးကြီးဆီ (Fish Oil) ပဲ ဖြစ်ပါတယ်။
ဒါဆို အားကစားသမားတွေအတွက် ငါးကြီးဆီက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇
ကြွက်သားနာကျင်မှုကို လျော့ကျစေခြင်း (Reduced Muscle Soreness)🏃‍♂️🏋️‍♀️
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ ကြွက်သားတွေ ရောင်ရမ်းနာကျင်တာ (DOMS) ဖြစ်တတ်ပါတယ်။ ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 (EPA & DHA) က ကြွက်သားရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေပြီး ပုံမှန်အခြေအနေကို မြန်မြန်ပြန်ရောက်အောင် ကူညီပေးပါတယ်။
အဆစ်အမြစ်တွေကို ကာကွယ်ပေးခြင်း (Joint Health)🏃‍♂️🏋️‍♀️
အလေးမတာ၊ ပြေးတာတွေဟာ အဆစ်အမြစ်တွေပေါ် ဝန်ပိစေပါတယ်။ Omega-3 က အဆစ်အမြစ်တွေ သန်မာစေပြီး ပွတ်တိုက်မှုကို လျော့ချပေးတဲ့အတွက် ဒဏ်ရာရရှိမှုကနေ ကာကွယ်ပေးပါတယ်။
နှလုံးနှင့် အဆုတ် လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း (Cardiovascular Support)🫀🫁
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးပြီး အောက်ဆီဂျင်စီးဆင်းမှုကို ကောင်းမွန်စေလို့ အမောခံနိုင်ရည် (Endurance) ကို သိသိသာသာ တိုးတက်လာစေပါတယ်။
ကြွက်သားတက်စေခြင်း (Muscle Growth)🏃‍♂️🏋️‍♀️
ငါးကြီးဆီက ခန္ဓာကိုယ်ရဲ့ Metabolism (ဇီဝကမ္မဖြစ်စဉ်) ကို မြှင့်တင်ပေးပြီး အဆီပိုတွေကို လောင်ကျွမ်းရလွယ်ကူစေသလို၊ ကြွက်သားတည်ဆောက်မှုကိုလည်း အထောက်အကူပြုပါတယ်။
အိုက်စလန်နိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ နည်းပညာတွေနဲ့ သန့်စင်ထုတ်လုပ်ထားတဲ့ Ly'si ငါးကြီးဆီဟာ Omega-3 အဆီအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အားကစားသမားတွေရဲ့ နေ့စဉ်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ပါတယ်။🐬
ခန္ဓာကိုယ်စွမ်းဆောင်ရည်ကို အမြင့်ဆုံးအထိ မြှင့်တင်ပြီး ပန်းတိုင်တွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ Ly'si Myanmar က အမြဲအနားမှာ ရှိနေပါတယ်!💪✨

27/05/2026

ငါးကြီးဆီကို ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးဖြစ်မလဲ? ⏰🐬
Ly'si ချစ်သူတို့ရေ... ငါးကြီးဆီ သောက်တော့မယ်ဆိုရင် "မနက်သောက်ရမလား၊ ညသောက်ရမလား၊ အစားစားပြီးချိန်လား၊ မစားခင်လား" ဆိုတဲ့မေးခွန်းတွေမေးဖူးလား🐬
တကယ်တော့ ငါးကြီးဆီမှာပါဝင်တဲ့ Omega-3 ဆိုတာ "အဆီ" ထဲမှာ ပျော်ဝင်တဲ့ အာဟာရဓာတ် (Fat-soluble nutrient) ဖြစ်လို့... အဓိက အကျဆုံး အချိန်ကတော့ "အစာစားပြီးချိန်သောက်ပေးဖို့ပါပဲ။
ဘာလို့ အစာနဲ့ တွဲသောက်သင့်တာလဲ?🤔
ဗိုက်ထဲမှာ တခြားအစားအစာတွေ (အထူးသဖြင့် အဆီဓာတ်အနည်းငယ်ပါတဲ့ အစားအစာ) ရှိနေမှ Ly'si ရဲ့အာဟာရကို ခန္ဓာကိုယ်က၁၀၀% အပြည့်ရနေမှာပါ။ ဗိုက်ထဲမှာ အစာရှိနေတဲ့အတွက် ငါးကြီးဆီသောက်ပြီး လေချဉ်တက်တာ၊ ရင်ပြည့်တာမျိုး လုံးဝမဖြစ်တော့ပါဘူး။မနက်စာ စားလေ့ရှိသူဆို - မနက်စာစားပြီးတာနဲ့ သောက်လိုက်ပါ ၊ တစ်နေ့တာလုံး ဉာဏ်ရည်ထက်မြက်ပြီး လန်းဆန်းနေစေပါတယ်။🧠
မနက်၊ နေ့လယ်၊ ည ဘယ်အချိန်ပဲဖြစ်ဖြစ် အစားအစာတစ်ခုခု စားပြီးတာနဲ့ Ly'si ငါးကြီးဆီကို တွဲဖက်သောက်သုံးပေးပါ။💙❓
အိုက်စလန်နိုင်ငံထုတ် အဆင့်မြင့် Lysi ငါးကြီးဆီကို နေ့တိုင်း အစာစားပြီးတိုင်း ပုံမှန်သောက်ဖို့ မမေ့နဲ့နော်။ 🇮🇸✨🐬

18/05/2026
01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ 👷‍♂️👷‍♀️✨

#အလုပ်သမားနေ့

11/04/2026

🙏💦"မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အခါသမယမှာ မိဘပြည်သူများအားလုံး ဘေးဘယာကင်းစင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Ly'si Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။"🙏💦

#မြန်မာ့ရိုးရာအတာသင်္ကြန်

Category

Telephone

Website

Address


No. 83, YayKyaw Road, Pazundaung
Yangon
YANGON

Alerts

Be the first to know and let us send you an email when Ly'si Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.