TZ Perfect Body & Beauty World
ဘေးအန္တရာယ်ကင်းကင်းနဲ့အဆီကျသွယ်လျလှပလိုသူတိုင်းအတွက် နည်းလမ်းကောင်းများမျှဝေပေးလျက်ရှိပါတယ်ရှင့်💃🕴️
🪷🙏🏻🪷ယနေ့မင်္ဂလာရှိသော အင်္ဂါနေ့နံနက်ခင်းလေးမှာ
⚛️အင်္ဂါသားသမီးများနှင့်တကွ ၇ရက်သားသမီးအပေါင်းတို့သည်
🙏🏻ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါး၏ဂုဏ်ကျေးဇူးတို့ကြောင့်
🍀ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ
🍀စိတ်ဆင်းရဲခြင်းကင်းကြပါစေ
😇ကိုယ်ဝန်ကိုယ်တာ ကိုယ်ခန္ဓာ ကောင်းမွန်စွာစောင့်ရှောက်နိုင်ကြပါစေ
✨အလိုရှိရာဆန္ဒများ ပြီးမြောက်အောင်မြင်ကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့ မင်္ဂလာရှိသောတနင်္လာနေ့နံနက်ခင်းလေးမှာ
😌ကျွန်ုပ်နှင့်တကွ ၈နေနံ ၇ရက်သားသမီးအပေါင်းတို့သည်
🍀စိတ်သွားတိုင်း ကိုယ်ပါ
ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လုပ်တိုင်းဖြစ်ကြပါစေ🍀
😇ကိလေသာအပူမီးများ ငြိမ်းအေးကြပါစေ🙏🏻
✨သူယုတ်မာနှင့်ဝေး၍သူတော်
ကောင်းတို့နှင့်သာ ဆုံတွေ့နိုင်ကြပါစေ 🙏🏻
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🪷🙏🏻🪷ယနေ့မင်္ဂလာရှိသော တနင်္ဂနွေနေ့နံနက်ခင်းလေးမှာ
⚛️အောက်အရပ် အထက်အရပ်နှင့်
🔰အရပ်၈မျက်နှာ မှာတည်ရှိကြကုန်သော အပ္ပါယ်ဘုံသား လူ၊နတ်၊ဗြဟ္မာ ဝေနေယျသတ္တဝါ အပေါင်းတို့သည်
🔱ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
🍀ဒေါသခပ်သိမ်းကင်းငြိမ်းကြပါစေ
🔱ဒုက္ခခပ်သိမ်းကင်းငြိမ်းကြပါစေ
🍀နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော စနေနေ့နံနက်ခင်းလေးမှာ
⚛️၈နေနံ ၇ရက်သားသမီးသတ္တဝါ အပေါင်းတို့သည်
🙏🏻သာမညဆရာဘုရားကြီးချီးမြင့်တော်မူသော စက်ကြီး၁၃ပါးဂါထာတော်ကိုရွတ်ဖတ်ပူဇော်ရသော ကုသိုလ်ကောင်းမှုတို့ကြောင့်
🔱ဘေးဘယာတွေဝေးကွာကြပါစေ
💫ကောင်းသောလိုအင်ဆန္ဒဟူသမျှပြီးမြောက်ကြပါစေ
😌သူတော်ကောင်းတရားနှင့်အညီနေနိုင်၊သွားနိုင်၊စားနိုင်၊အိပ်နိုင်ကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော သောကြာနေ့နံနက်ခင်းလေးမှာ
၁။လုံးစုံများစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ဝေးနေ၊နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝဇာတ်ဆုံး၊မဆုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် ၊တို၊ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး၊ ငယ်၊အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ၊ကြုံ၊အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
(အပ်ပမာဒနေ သမ်ပာဒထေ)
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော ကြာသပတေးနေ့နံနက်ခင်းလေးမှာ
🌏စကြဝဋ္ဌာ သိုက်တသောင်းတွင်ကျင်လည်ကျက်စားနေကြကုန်သော သုခိတ ဒုက္ခိတ ဝေနေယျ သတ္တဝါ အပေါင်းနှင့် လူ၊နတ်၊ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည်
🙏🏻စိတ်၏ဆင်းရဲခြင်း၊ကိုယ်၏ဆင်းရဲခြင်းကင်းကြပါစေ
🔱ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
💫 သောကခပ်သိမ်းကင်းငြိမ်းကြပါစေ
✨ဒုက္ခခပ်သိမ်းကင်းငြိမ်းကြပါစေ
🍃နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော ဗုဒ္ဓဟူးနေ့နံနက်ခင်းလေးမှာ
⚛️အနန္တစကြဝဋ္ဌာကြီးမှာ ကျင်လည်ကျက်စားနေကြကုန်သော အနန္တနတ်ဗြဟ္မာ အနန္တသတ္တဝါ ဟူသမျှတို့သည်
🍀ကိုယ်ဆင်းရဲခြင်းလည်းကင်းပါစေ
🍀စိတ်ဆင်းရဲခြင်းလည်းကင်းပါစေ
🍀ဆင်းရဲဒုက္ခရောက်ရခြင်းလည်းကင်းပါစေ
🍀ဘေးရန်ခပ်သိမ်းကင်းပါစေ
🍀သောကခပ်သိမ်းကင်းပါစေ
🍀နှလုံးစိတ်ဝမ်းအေးချမ်းသာယာကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော အင်္ဂါနေ့နံနက်ခင်းလေးမှာ
🌏ဤကမ္ဘာမြေကြီးပေါ်မီတင်းနေထိုင်ကြကုန်သော အနန္တ သတ္တဝါ အပေါင်းတို့သည်
🔱ဘေးအန္တရာယ် ရန်အစွယ်စွယ်တို့မှကင်းလွတ်ငြိမ်းကြပါစေ
💫စိတ်သွားတိုင်း ကိုယ်ပါ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🪷🙏🏻🪷မင်္ဂလာရှိသော တနင်္လာနေ့နံနက်ခင်းလေးမှာ
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏ ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။
ထို (၁၁) ပါးသောဘေးဆိုးတို့မှ ကမ္ဘာသူကမ္ဘာသား သတ္တဝါ အားလုံးတို့ နှင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးတို့သည်
ကင်းလွတ်ဝေးကြပါစေလို့
အထူးဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ဘုရား
🙏🏻🪷🪷🪷🙏🏻
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
🙏🏻🪷🙏🏻ယနေ့မင်္ဂလာရှိသော တနင်္ဂနွေနေ့နံနက်ခင်းလေးမှာ
⚛️တနင်္ဂနွေ သားသမီးအပေါင်းတို့သည်
🍂အောင်အတိတ် အောင်နိမိတ် အောင်ဓာတ်တွေနှင့် ပြည့်စုံကြပါစေ
✨လုပ်ကိုင်ကြံစည်ဟူသမျှ အထမြောက်အောင်မြင်ကြပါစေ
📿🧘🏻♀️ဒိဝါတပတိ ဂါထာတော်မြတ်ကိုရွတ်ဖတ်ရခြင်းကုသိုလ်ကြောင့် ရွှေ၊ငွေ၊ဥစ္စာ လာဘ်လာဘများတိုးပွားကြပါစေ💎🪙
⚠️ #မနက်ခင်းဆုတောင်းစကား #မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Nawarat
Yangon
