Thel Po's Handmade
Handmade products made together by the young lady with differently abled and her mom.
16/11/2025
Fb ကကြော်ငြာမတင်တာကြာလို့သတိခဏခဏပေးနေလို့ တင်လိုက်ပါပြီနော်
ကျမရဲ့တစ်ပိုင်တစ်နိုင် အလုပ်လေးမို့ဖောက်သည်တွေနဲ့ဘဲကုန်နေတာမို့ပါ..
ဒီတစ်ခေါက်ကထောပတ်သီးရာသီမို့ ထောပတ်သီးလဲပါပါတယ် ဆံသားအတွက်ကောင်းတာတွေဘဲထည့်ထားတာမို့လျှော်ပြီးတာနဲ့ ခံစားချက်ကောင်းလေးရမှာပါ
ဆံသားတွေသန်မာလာမယ် ဗောက်ပျောက်မယ် ဆံပင်ကျွတ်သက်သာမယ်
သဘာဝအသီးအရွက်တွေကို ဘဲသုံးပါတယ်
ဓာတုနဲတဲ့ base soap ဂျယ်ကိုရန်ကုန်မှာဝယ်မရလို့ မော်လမြိုင်ကနေတောင်မှာယူရပါတယ် စျေးတွေတက်ပေမဲ့ ကျမ မတက်သေးပါဘူး သင့်တင့်နှုန်းနဲ့ဘဲရောင်းပေးလျှက်ပါရှင်...
500ml =6000 k
03/08/2023
သဘာဝ နဲ့ ဆံသားလေးတွေကျန်းမာမှာ
ဆေးဖက်ဝင် သဘာဝအသီးအရွက်တွေနှင့်ပြုလုပ်ထားတဲ့အတွက် ဆံသားနှင့် ဦးရေပြားအတွက်ထိရောက်သောကောင်းကျိုးတွေရရှိလို့ ထုတ်တိုင်းကုန်တဲ့ shampoo ပါရှင့် . ...
ဆံပင်မကျွတ်ဗောက်ပျောက်တဲ့အပြင် ခေါင်းလျှော်တဲ့ခါအမြှုပ်လေးတွေယူပြီးခန္ဓာကိုယ်ပေါ်ပွတ်လိုက်ရင်တောင် ယားဖုလေးတွေပျောက်လို့တဲ့
ပျော့ဆေးမပါ အခြားဓာတုဆေးတွေမပါလို့ ခေါင်းလျှော်ပြီးစ မှာဆံသားမပျော့ပေမဲ့ နာရီပိုင်းအတွင်း ဆံသားတွေပျော့လာပါလိမ့်မယ်နော်...
shampoo ဗူးကိုအသုံးပြုခါနီးလှုပ်ပေးပါနော်...
#ဆံသားတွေခြောက်မှခေါင်းဖီးပါ
500 ml = 6000 k
23/09/2022
သီတင်းကျွတ် ၊ တန်ဆောင်တိုင်အခါသမယမှာ တစ်ညလုံးအထွန်းခံတဲ့ ဖယောင်းခွက်လေးတွေသုံးမယ်ဆို သတိယလိုက်ပါနော်..
ဖယောင်းဖန်ခွက်လေးတွေကို ဆေးကြောသန့်စင်ပြီး ပြန်လည်သုံးပြုလို့လဲရပါတယ်နော်..
*ဖယောင်းကုန်သွားတဲ့ခွက်လေးထဲရေနွေးနွေးလေးထည့်ပြီး ရေသွန် တစ်ရူးလေးနဲ့သုပ်လိုက်ရင် ခွက်သစ်လေးနဲ့ ဘုရားရေသပ္ပါယ်မလား ..ဝိုင်ထည့်သောက်မလား..ပြန်လည်အသုံးပြုလို့ရပါတယ်နော်..😉
တခွက်ကို -၁၀၀၀ ကျပ်ပါ
၁၀ ခွက်ယူရင် - ၈၀၀၀ ကျပ်ပါ
23/07/2022
အော်ဒါမှာတဲ့ အာလူး၊နနွင်း ၊ ပျားရည်ဆပ်ပြာပါရှင့် 🥔🐝
🥔အာလူး နနွင်း ၂ ခဲ ၊ အာလူးပင်စိမ်း ၂ ခဲ ၊ ကျောက်ချဥ် ၄ ခဲ နဲ့ အသေးခဲ အနည်းငယ် ရပါမည်။
base soap ဆပ်ပြာကုန်ကြမ်းတွေပစ္စည်းတွေပြတ်နေလို့ ဝယ်မရပါသဖြင့် သဘာဝဆပ်ပြာခဲအော်ဒါခေတ္တရပ်ထားပါတယ်..
Herbal shampoo နှင့် သဘာဝဆပ်ပြာဆီ ဘဲလောလောဆယ်ရပါမယ်နော်..
base soap ပစ္စည်းပြန်ရရင်ပြောပါ့မယ်...အားပေးမှုတွက်ကျေးဇူးပါ..
17/07/2022
🫒ဒီနေ့ ကျမရဲ့ customer တစ်ယောက်က ခေါင်းလျှော်ရည် အမှာပို့ရင်း ကျမရဲ့ခေါင်းလျှော်ရည်က တစ်နှစ်ကြာတာတောင်သုံးလို့ကောင်းနေဆဲလို့ပြောတော့ ဝမ်းသာပါတယ်..
🍋ကျမ ပစ္စည်းကိုအချို့က တနှစ်စာကိုဝယ်သွားကြပါတယ်...
🥔ပါဝင်ပစ္စည်းများကို အထားခံအောင်စီမံပြုလုပ်ပြီးမှထည့်တာဖြစ်လို့ ဓါတုကင်းပေမဲ့ တစ်နှစ်ကျော်လဲ ကွာလတီမကျဘဲသုံးလို့ကောင်းနေဆဲပါ..
🥑ယခု shampoo powder ပစ္စည်းသစ်လေးကိုမိတ်ဆက်ထားချင်ပါတယ်..
သူက အရည်လိုဘဲ အာနိသင်အပြည့်ပါ ပါတယ်..အမှုန့်အနဲငယ်နဲ့ အမြှုပ်အားကောင်းပါတယ်..ခရီးတွေသွားတဲ့ခါသယ်ရတာအဆင်ပြေမဲ့ပစ္စည်းလေးပါ..
စမ်းထုတ်နေဆဲမို့ မိုးရာသီကုန်လောက်မှရပါမယ်...
🥥ကပ်ဘေးအမျိုးမျိုးကြောင့် စျေးနှုန်းကိုလဲအများကြီးမတင်ထားပါဘူး...
base soap အကောင်းတွေဘဲသုံးထားပါတယ်..အမြဲတမ်းအားပေးသူများ ကိုလဲကျေးဇူးတင်ပါတယ်.. 🌿🍂
10/04/2022
Shampoo ထုတ်ကုန်အသစ်လေးကို
သုံးစွဲပြီးရလာဒ်အဖြေ comments လေး တွေကြောင့် ကြော်ငြာပါမယ်နော်..
ဦးရေပြား နဲ့ အရေပြားကိုမထိခိုက်စေတဲ့ base soap အကောင်းစားလေးနဲ့ ဆံသား ကိုအကျိုးပြုမည့် သဘာဝအသီးအရွက် အဆီအနှစ်များနဲ့ပြုလုပ်ထားတဲ့
100% သဘာဝ shampoo လေးပါနော်
ခေါင်းနေ့တိုင်းလျှော်လဲဆံပင်မကျွတ်
ဗောက်မထ ဗောက်ပျောက်ပြီး ဆံပင်နှစ်ခွလဲ မဖြစ်တော့ပါဘူး ..ခေါင်းလျှော်ပြီး
ချက်ချင်းမဖီးပါနဲ့ ဆံပင်တွေခြောက်ပြီး
ခဏကြာဆံသားအဆီတက်လာတဲ့အခါမှဖီးရင် ပျော့ပြောင်းနေတဲ့ ဆံသားလေးဖြစ်နေမှာပါနော်..👩
သဘာဝ ဓါတုလွတ်မို့ ပျော့ဆေးလဲမပါ
ပေမဲ့ ပါဝင်တဲ့ အဆီအနှစ်တွေကြောင့်
ဆံသားလေးပျော့ပြောင်းနေမှာ
ပါ..
ပုံမှန်သုံးစွဲမှရလာဒ်ကောင်းတွေရမှာပါ
နော်..ကောင်းသထက်ကောင်းအောင်
အမြဲရှာဖွေကြိုးစားနေပါတယ်ရှင့်
ပူံမှန်အားပေးသူတွေ တဆင့်စကားနဲ့အား
ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ် 🙇♀️
500 ml = 6000 k
250 ml = 3000 k
***************************
ခုလိုနွေရာသီပူပြင်းချိန် အပူဖု မ်ိတ်ယားဖု တွေ အရေပြားယားတတ်သူ ချွေးနံ ပြင်းလို့စိတ်ညစ်နေသူတွေတွက်
သဘာဝ ပင်စိမ်း ကျောက်ချည်ဆပ်ပြာ
လေးက အကောင်းဆုံးပါနော်..
110 g = 3000 k
**************************
● မှာယူလိုသူများတွက်
📱📞- 09 792 254 629
ပုံအသစ်မရိုက်ရသေးလို့အဟောင်းပုံ
ဘဲသုံးထားပါတယ် 😁
10/11/2021
မဂ်လာပါရှင့်
သဘာဝဆပ်ပြာများကိုမှာယူသုံးစွဲကြသော
customer များ- အောက်ပါ ဓါတုလွတ် သဘာဝ
အသီးအရွက်များမှမိမိကြိုက်နှစ်သက်ရာ အမျိုးအစား
ဖြင့်လည်း မှာယူနိုင်ပါတယ်ရှင့် 😊
အသုံးပြုသည့်အခါ - အပေါက်ပါတဲ့ ဆပ်ပြာခွက်လေး
သုံးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားပါနော် 🧼
base soap နှင့် အသီး အရွက်အရည် အနှစ်များဖြင့်သာ
ပြုလုပ်ထားတာမို့ ပုံမှန်သုံးစွဲ ပါက လှပတဲ့အသားအရေ
လေး ပိုင်ဆိုင်လာမှာပါနော် 🤷♀️
🥑🍊🥜🥔🥛☕🫒🌿🌱🌾🐝
-ကော်ဖီ ၊ ပျားရည် ၊ ကျောက်ချည် ၊ သံပူရာလိမ္မော်
အာလူး ၊ ရုံးပတေသီး ၊ ရှားစောင်း ၊ ထောပတ်သီး
မန်ကျည်းသီး
- ပင်စိမ်း ၊တမာ ၊ စပါးလင် ၊ သဘော်ရွက် ၊ကင်းပုံရွက်
- နနွင်း ၊ သစ်ဂျပိုးခေါက်မှုန့် ၊ ဆန်မှုန့်
📞 09 792 254 629
05/11/2021
တစ်လကြာ လူ ၆ ဦးနဲ့စမ်းသပ်ထားတဲ့
ကျောက်ချည် ဆပ်ပြာ နဲ့ ရုံးပတေသီး ဆပ်ပြာလေးပါ
ကျောက်ချည် ဆပ်ပြာ 🧼
ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ ...
-မျက်နှာမှာရှိတဲ့ အမဲစက် တင်းတိတ်တွေ ပါးလာတယ်
-ဝက်ခြံ နဲ့ အဆီဖုတွေ ပျောက်တယ်
-ဂုတ်မဲ ဂျိုင်းမဲ ဒူးမဲ တာတွေ ဖြူလာပြီး ဂျေးပါပြောင်
ပါတယ်
-အသားအရေ ဖြူဝင်းလာပြီး ခန္တာကိုယ်ကချွေးနံ
တွေပါလျော့ပါးလာလို့ သုံးကြည့်စေချင်ပါတယ်
-ကျောက်ချည်ကြောင့် အရေပြားမထိခိုက်အောင်
အရေပြားအတွက် အထူးကောင်းမွန်တဲ့ ထောပတ်သီး
ပေါင်းစပ်ပြုလုပ်ထားလို့ အရေပြားလေးဖြူပြီးချော
မွေ့နေပါတယ်နော် 🥑
ရုံးပတေသီး ဆပ်ပြာ 🧼
- ရုံးပတေသီး မှထွက်ရှိတဲ့ အချွဲရည် နှင့် နနွင်းစစ်စစ်
ဖြင့်ပြုလုပ်ထားပါတယ်
-ရုံးပတေသီးဟာ ခြောက်သွေ့တဲ့အသားအရေအတွက်
ရေဓါတ်ကိုထိမ်းသိမ်းပေးပြီး ၊ အရေပြားတွန့်တာတွေ
မျက်နှာအမ်းနေတာတွေကို လျော့ပါးသက်သာစေပါတယ်
-နနွင်းကတော့အသားအရေလှပခြင်းအတွက် အထူး
ကောင်းမွန်ကြောင်း လူတိုင်းအသိမို့ ရုံးပတေသီး နဲ့
နနွင်း နဲ့ ပေါင်းစပ် ပေးလိုက်တာပါ
တစ်လလောက်စွဲသုံးကြည့်ရင် သိသာလာပါလိမ့်မယ်
အတုံးသေး - 1200 K
အကြီး - 2200 K
28/09/2021
ကုန်ကြမ်းစျေးများ တက်နေသည့်အတွက် သဘာဝဆပ်ပြာခဲ အရောင်းရပ်ထားပါတယ်ရှင့်..
သဘာဝခေါင်းလျှော်ရည် ဗူး ၃၀ စာသာရောင်းရန်
ရှိပါတော့တယ်..
500 ml = 4000 k
Category
Contact the business
Telephone
Website
Address
18/24, U Kyaw Dun Zan Street, Kyee Myin Dine Township
Yangon
11101
Alerts
Be the first to know and let us send you an email when Thel Po's Handmade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
