De De

De De

Share

https://www.tiktok.com/@dede48160?_t=8p0PsYKebuZ&_r=1


https://m.me/DDlay1357

မြန်မာ ထိုင်း အိမ်ရောက်ငွေချေရ😍

14/08/2026

မင်မင် စျေးရောင်းpostတွေ မတင်ဖြစ်တာတောင် အမြဲတမ်းအားပေးကြလို့ ကျေးဇူးပါ ကာကာလေးတို့ရေ🥰

14/08/2026

မင်္ဂလာရှိတဲ့နေ့သစ်လေးဖြစ်ကြပါစေ🥰

အဝါရောင်က ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်တဲ့💛

13/08/2026

ဒုက္ခတွေကြားထဲက ကြည်နူးစရာ မြင်ကွင်းလေး🥺💛

10/08/2026

ကလေးရိုးရိုးမွေရထားလို့ လေတွေထွက်တာပဲဖြစ်ဖြစ်

အနံ့ဆိုးထွက်ပြီး ကျယ်နေတာဖြစ်ဖြစ်✅

အိမ်ဦးနတ်ကြီးထားသွားမှာစိုးရင်✅

Vcare Serumလေးသာ လိမ်းပေး🫣

ရလဒ်က ရှယ်ပဲ👏

29/07/2026

ဗုဒ္ဓဘာသာဝင်အစစ်ဆိုရင်

တခြားနေ့ထူးနေ့မြတ်တွေအကြောင်းမသိရင်တောင်

ဝါဆို လပြည့်နေ့အကြောင်းတော့ သိသင့်ပါတယ်ရှင်

Video crd ပါ🙏

29/07/2026

ဂုဏ်တော်ကိုးပါးပုတီး စိပ်နည်း ရက်ပေါင်း၉၀ အဓိဌာန်။

ဂုဏ်တော်ကိုးပါး ပုတီးစိပ်ခြင်းဟာ အလွန်ဘုန်းကံ တိုးစေပါတယ်🌿

မိမိမှာ ရှိတဲ့ အကျပ်အတည်း အခက်အခဲတွေ ပြေလည်စေတဲ့အထိလည်း တန်ခိုးကြီးမားတဲ့အတွက် ၅ပါးသီလ ဆောက်တည်ထိန်းသိမ်းပြီး စိပ်ပါ။ စိပ်တဲ့လူတိုင်းကို ကောင်းသောကံသို့ ကူးပြောင်းစေပါတယ်။စိတ်တွေ သိသိသာသာ ငြိမ်းအေးလာပါမယ်။

🪷ဂုဏ်တော် ကိုးပါး ပုတီးစိပ်ခြင်းအကျိုး🪷

📿 ဘုန်းကံ တိုးလာခြင်း

🪷ဘေးအန္တရာယ်မှ လွတ်မြောက်ခြင်း
ကျရောက်လာခါနီး စိတ်က အလိုလိုသိနေခြင်း

📿အရှက်တကွဲအရေးတွေမှ လွတ်မြောက်ခြင်း

🪷စီးပွါးလာဘ်လာဘ ၊ရာထူး တိုးတက်ခြင်း

📿စိတ်အစဉ်အေးချမ်းပြီး မေတ္တာစိတ်အားကောင်းခြင်း

🪷အကျပ်အတည်းတွေမှ ကူကယ်ရာပေါ်လာခြင်း

📿မိမိအပေါ် မကောင်းသူတွေနဲ့ အလိုလိုဝေးကွာသွားခြင်း

🪷လက်ခံနိုင်မှု စွမ်းရည်မြင့်လာပြီး စိတ်တည်ငြိမ်မှုသမာဓိ ကိုရရှိခြင်း။

🌿 July ၂၉ ရက်နေ့မှာ စစိပ်မှာမို့ အစနေ့မှာစစိပ်ပါမယ်ရှင်။ နေ့စဉ် အာစိဏ္ဏကံ ကုသိုလ်အဖြစ် ဘုရားသောက်ရေချမ်း/ ဆွမ်း/ ပန်း ကပ်လှူပါ။ မကောင်းသောစိတ် မကောင်းသောအကြံကိုရအောင် ပယ်ဖျက်ပါ။ ကောင်းမှုတခု နေ့စဉ် ပြုပါ။ မူးယစ်သူရာတွေ ရှောင်ရပါ။ ငါးပါးသီလ စောင့်ထိန်းဆောက်တည်ပါ။

🍀Day -1

၁။ အရဟံ ( 10 ပတ်)

အာရုံပြုရန်အနက်

လောဘ၊ဒေါသ၊မောဟ အစရှိသည့် ကိလေသာတို့ ကင်းစင်တော်မူအပ်သောမြတ်စွာဘုရားအား ရိုသေစွာရှိခိုးပါ၏ဘုရား။

🍀Day -2

၂။ သမ္မာသမ္ဗုဒ္ဓေါ ( ၁၀ ပတ်)

အာရုံပြုရန်အနက်

တရားဟူသမျှကို ဆရာမကူပဲ ကိုယ်တိုင်သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day -3

၃။ ဝိဇ္ဇာစရဏသမ္ပန္နော (10 ပတ်)

အာရုံပြုရန်အနက်

အသိဉာဏ်နဲ့ အကျင့်စရဏတို့ဖြင့် ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day -4

၄။ သုဂတော ( 10 ပတ်)

အာရုံပြုရန်အနက်

ကောင်းသောစကား မှန်ကန်၍ အကျိုးရှိသောစကားကိုသာ ဆိုတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရားအား ရ်ိုသေစွာရှိခိုးပါ၏ဘုရား။

🍀Day -5

လောကဝိဒူ ( 10 ပတ်)

အာရုံပြုရန်အနက်

လောကသုံးပါးက်ို အကုန်စင် သိမြင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day - 6

၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ ( 10 ပတ်)

အာရုံပြုရန်အနက်

မယဉ်ကျေးသော လူ၊နတ်၊ဗြဟ္မာတို့ကို ယဉ်ကျေးအောင် ဆုံးမရာတွင် အတုမရှိအောင်မြင်တော်မူသော မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day -7

၇။ သတ္ထာဒေဝမနုဿာနံ ( 10 ပတ်)

အာရုံပြုရန်အနက်

လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါတို့၏ ဆရာ ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day -8

၈။ ဗုဒ္ဓေါ ( 10 ပတ်)

အာရုံပြုရန်အနက်

သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် သိမြင်တော်မူ၍ ဟောကြားပေးတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day - 9

၉။ ဘဂဝါ ( 10 ပတ်)

အာရုံပြုရန်အနက်

ဘုန်းတော် ၆ ပါးနဲ့ ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပါ၏ဘုရား။

🍀Day -10 ပြန်ရောက်လာရင်

အရဟံ (၁၀ ပတ်) မှ ပြန်စ ရပါမည်။

🍀Day -11

သမ္မာသမ္မာသမ္ဗုဒ္ဓေါ ( ၁၀) ပတ် စသဖြင့် ယခင်အတိုင်း အစဉ်လိုက် ပြန်ကျော့ပါ။

ဒီအတိုင်းစိပ်သွားလျှင် ရက်၉၀ အပြည့်မှာ
ဘဂဝါနဲ့ ပြီးမြောက်အောင်မြင်သွားပါလိမ့်မယ်။
ကျွန်မ မိုင်ဒေးမှာလည်း နေ့စဉ် တင်ပေးပါမယ်။

✅သတိပြုရန်

နူတ်က ဂါထာကိုရွတ်စိပ်ရင်း အနက်အဓိပ္ပါယ်ကို အာရုံပြုပူဇော်မှ စိပ်နည်း မှန်ပါတယ်။ ပထမ အစ ခက်သလိုရှိလည်းရအောင် သတိကပ်ပြီး အာရုံပြု ပူဇော်ပါ။

အားလုံး စိတ်အေးချမ်းစွာ ကျန်းမာ ကိုယ်ချမ်းသာ ရှိကြပါစေ။ အကျပ်အတည်းတွေမှ လွတ်မြောက်ကျော်လွှားနိုင်ကြပါစေ။ 🙏🏻🙏🏻🙏🏻.

မြလွှမ်းမိုးဆွေ

28/07/2026

🙏မနက်ဖြန် 29.7.2026 (ဝါဆိုလပြည့်နေ့) 🌕 အတွက်

"ဆန် ဆီ ဆေး ဆား"
အလှူနဲ့ တူတူကုသိုလ်ယူကြရအောင် ..

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း

☘️လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

☘️လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

☘️လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။
ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

☘️ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

☘️မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

☘️လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

🙏🙏🙏

#မေတ္တာဖြင့်မျှဝေလိုက်ပါတယ်ရှင့်🙏
#ဝါဆိုလပြည့်

26/07/2026

ဒီpageလေးရဲ့ မင်မင်ပါရှင်🥰

ပေါ်လိုက် ပျောက်လိုက် ခဏ ခဏ လုပ်နေလို့ မေ့သွားကြရောပေါ့😁

ဒီနေ့ကစ Pageလေးကို ပုံမှန်လေးပြန်runတော့မှာမို့ မင်မင့်ကို မှတ်ထားပေးကြပါအုံး🫶🏽

🎁ဝန်းရံတဲ့သူလေးတွေကိုပေးဖို့ရှိပါတယ်ရှင်🙈

26/07/2026

အသုပ်စုံဆို ချဉ်ချဉ်ငံငံစပ်စပ်လေးသုပ်စားရတာ

အရမ်းကြိုက်😍

26/07/2026

တစ်နေ့တာကို အကောင်းမြင်စိတ်လေးနဲ့စတယ်💛

စိတ်ချမ်းသာအောင်နေတယ်

ကိုယ်ကျန်းမာအောင် ဂရုစိုက်တယ်

ငွေမရှိရင်မျက်နှာငယ်ရတဲ့ခေတ်မို့

ကိုယ်သုံးချင်တဲ့အချိန်တိုင်းစိတ်ကြိုက်သုံးနိုင်အောင် ငွေကို ကြိုးစားရှာတယ်

ဒီလောက်ပါပဲ💛

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
YANGON