Lab:Equilibrium
Innovation with Trustworthy
20/09/2026
ဒီနေ့ Sunscreen လိမ်းဖို့ မေ့နေပြီလား? ☀️🧴
မိန်းကလေးတိုင်းရဲ့ အသားအရေ လှပကျန်းမာဖို့အတွက် "Sunscreen" က မရှိမဖြစ်ပါပဲနော်။ အိမ်ထဲမှာပဲနေနေ၊ အပြင်ပဲထွက်ထွက် ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်ကတော့ အမြဲရှိနေတာမို့ လိမ်းဖို့မမေ့နဲ့နော်။
နေပူထဲမှာပဲဖြစ်ဖြစ်၊ ဖုန်း၊ ကွန်ပျူတာ screen ကြောင့်ဖြစ်တဲ့ အလင်းရောင်တွေကြောင့်ဖြစ်ဖြစ် အသားအရေ မညစ်သွားအောင်၊ အရေးအကြောင်းတွေ မထွက်လာအောင် Sunscreen လေးက အကောင်းဆုံး ကာကွယ်ပေးမှာပါ။ 🛡️✨
ကဲ... အခုပဲ Sunscreen လေး ပုတ်လိမ်းပြီး ကိုယ့်ရဲ့ အသားအရေလေးကို ဂရုစိုက်လိုက်ရအောင်! 😉
ဒီနေ့ရော Sunscreen လိမ်းပြီးပြီလား? Comment မှာ ပြောပြပေးသွားပါဦးနော်။ 👇🥰
19/09/2026
ဝက်ခြံတွေကြောင့် စိတ်ညစ်နေရလား? 😟
Tea Tree Oil က သင့်အတွက် အဖြေဖြစ်နိုင်ပါတယ်! ✨
မိန်းကလေးတွေ၊ ယောကျာ်းလေးတွေ တော်တော်များများ ကြုံတွေ့နေရတဲ့ ဝက်ခြံပြဿနာအတွက် သဘာဝအတိုင်း ထိရောက်မှုရှိတဲ့ Tea Tree Oil အကြောင်းလေး ပြောပြပေးချင်ပါတယ်။ 🌿
Tea Tree Oil ရဲ့ အားသာချက်တွေကတော့ -
✅ ဝက်ခြံပိုးမွှားတွေကို သဘာဝအတိုင်း သတ်ပေးနိုင်တယ်။
✅ ဝက်ခြံကြောင့် ဖြစ်တဲ့ အရောင်ရမ်းခြင်းနဲ့ နီရဲခြင်းတွေကို သက်သာစေတယ်။
✅ အဆီပြန်တဲ့အသားအရေအတွက် အဆီဓာတ်ကို ထိန်းညှိပေးတယ်။
⚠️ ဒါပေမယ့်- Tea Tree Oilက တိုက်ရိုက်လိမ်းရင် အသားအရေနဲ့ မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Carrier oil (ဥပမာ - jojoba oil သို့မဟုတ် coconut oil) နဲ့ ရောပြီးမှ သုံးဖို့ ဒါမှမဟုတ် ဝက်ခြံပေါက်တဲ့နေရာလေးကိုပဲ ဂွမ်းတံလေးနဲ့တို့ပြီး သုံးဖို့ အကြံပြုလိုပါတယ်ရှင့်။
Skincare routine ထဲမှာ Tea Tree Oil ကို ထည့်သုံးဖူးလား? အဆင်ပြေလားဆိုတာ Comment မှာ ပြောပြပေးသွားဦးနော်။ 👇😊
18/09/2026
Body Serum ကို Lotion နဲ့ ရောလိမ်းရင် ရမလား? 🤔✨
အသားအရေ ထိန်းသိမ်းတဲ့အခါ မကြာခဏ အမေးများတဲ့ မေးခွန်းလေးပါ။ အဖြေကတော့ နှစ်မျိုးရှိပါတယ်နော် 👇
✅ အချိန်ကုန် သက်သာချင်တယ်၊ အဆင်ပြေပြေလေးပဲ ဖြစ်ချင်တယ်ဆိုရင်တော့ Body Serum နဲ့ Lotion ကို ရောပြီး တွဲလိမ်းလိုက်လို့ ရပါတယ်ရှင့်။ အချိန်လည်း သက်သာသလို အသားအရေကိုလည်း အစိုဓာတ် ပြည့်ဝစေပါတယ်။
✨ ဒါပေမဲ့... အသားအရေကို ပိုပြီး ထိရောက်မှုရှိစေချင်တယ်၊ အာနိသင်တွေကို အပြည့်ဝဆုံး ရချင်တယ်ဆိုရင်တော့ “Serum အရင်လိမ်းပြီးမှ၊ ခြောက်သွားတဲ့အချိန်ကျမှ Lotion ကို ထပ်လိမ်းပေးတာ” က အကောင်းဆုံးပါပဲ။
ဒီလိုဆိုရင် Serum ထဲက အာဟာရဓာတ်တွေက အသားထဲကို ပိုပြီး စိမ့်ဝင်စုပ်ယူနိုင်တာမို့ အသားအရေ ကြည်လင်ဝင်းပဖို့အတွက် ပိုပြီး ထိရောက်မှု ရှိစေမှာပါနော်။ 💖
မိမိတို့ အဆင်ပြေမယ့် နည်းလမ်းလေးအတိုင်း ရွေးချယ်ပြီး လိမ်းပေးလို့ ရပါတယ်ရှင့်။ အားလုံးပဲ အသားအရေလေးတွေ ကြည်လင်လှပကြပါစေ! 🥰🧴
16/09/2026
"သုံးရတာ ကောင်းတယ်၊ အသားအရေလည်း ကြည်လာတယ်" ဆိုတဲ့ Customer လေးရဲ့ Feedback လေးကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်ရှင့် 🥰✨
Lab:Equilibrium ရဲ့ Resurfacing Body-Serum လေးကတော့ အသားအရေကို ကြည်လင်လာစေဖို့နဲ့ နူးညံ့ပျော့ပျောင်းလာစေဖို့အတွက် အကောင်းဆုံးအဖော်မွန်ပါပဲ။ သုံးဖူးသူတိုင်း အကြိုက်တွေ့နေကြတဲ့ ဒီ Body-Serum လေးကို ကိုယ်တိုင်စမ်းသုံးကြည့်ဖို့ စဉ်းစားနေပြီလား? 😉
အသားအရေလေး ကြည်ကြည်လင်လင်နဲ့ လှပနေဖို့ Lab:Equilibrium နဲ့အတူ အလှတရားတွေကို ပိုင်ဆိုင်လိုက်ရအောင်နော်! 💖
အသေးစိတ်သိရှိလိုပါက Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်ရှင့်။ 👇
15/09/2026
Resurfacing Body Serum လေးကို သုံးမယ်ဆိုရင်
"ညဘက်မှာပဲ" လိမ်းပေးဖို့ အထူးသတိပြုရမှာနော်။ 🌙
ဘာလို့လဲဆိုတော့ သူက 3% Glycolic Acid နဲ့ Lactic Acid တို့ ပါဝင်တာမို့လို့ အသားအရေကို ဆဲလ်အသေတွေ ဖယ်ရှားပေးပြီး (Exfoliation) ဖြစ်စေလို့ပါ။ အဲဒီလို အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် မနက်ဘက်လိမ်းပြီး အပြင်သွားမယ်ဆိုရင် နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ အရေပြားကို နေလောင်လွယ်စေနိုင်ပါတယ်။ ☀️🚫
ဒါကြောင့် အသားအရေလေး လှပဖို့အတွက် -
✅ ညဘက်မှာပဲ သုံးပေးပါ။
✅ မနက်ဘက်ဆိုရင်တော့ ရေဓာတ်ပြည့်ဝတဲ့ Lotion သို့မဟုတ် Sunscreen ကိုသာ သုံးပေးပါ။
မှန်ကန်တဲ့နည်းလမ်းနဲ့ သုံးစွဲမှပဲ ကိုယ့်အသားအရေလေးက
ပိုပြီးကြည်လင်တောက်ပလာမှာနော်။
အားလုံးပဲ လှပကြပါစေရှင်။ 💖🧴
13/09/2026
ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လှပတဲ့အသားအရေကို ပိုင်ဆိုင်ချင်တဲ့ မိန်းကလေးတိုင်းအတွက် "Detox Water" လေးတွေ လုပ်သောက်ဖို့ အကြံပြုပါရစေရှင့်။ 🌸✨
Detox Water ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်လာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးတာပါ။ ပြုလုပ်ရတာလည်း အရမ်းလွယ်ကူပြီး အရသာလည်း ရှိတာမို့လို့ တစ်နေ့တာလုံး လန်းဆန်းနေမှာ အသေအချာပါပဲ။ 😍
ပြုလုပ်ပုံအဆင့်ဆင့် 🍋🍓
၁။ ကိုယ်ကြိုက်နှစ်သက်တဲ့ သစ်သီးအနည်းငယ် (သံပုရာသီး၊ စတော်ဘယ်ရီ၊ သခွားသီး၊ ပူစီနံရွက် စသည်တို့) ကို ရေဆေးပြီး လှီးဖြတ်ထားပါ။
၂။ ဖန်ပုလင်းထဲကို သစ်သီးတွေ ထည့်ပြီး ရေအေး (သို့မဟုတ်) ရေခဲရေ ထည့်လိုက်ပါ။
၃။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ (၁) နာရီကနေ (၂) နာရီလောက် စိမ်ထားပေးပါ။
၄။ အဲဒီနောက်မှာတော့ လန်းဆန်းပြီး အရသာရှိတဲ့ Detox Water လေးကို တစ်နေကုန် ပုံမှန်လေး သောက်ပေးရုံပါပဲ။
နေ့တိုင်း ပုံမှန်သောက်ပေးရင် ဝမ်းချုပ်တာ သက်သာပြီး အသားအရေလေး စိုပြည်လာတာကို သိသိသာသာ ခံစားရမှာပါ။ 💖
မိန်းကလေးတို့ရေ.. ဒီနေ့ပဲ ကိုယ်ကြိုက်တဲ့ အသီးလေးတွေနဲ့ Detox Water လေး လုပ်သောက်ကြည့်ကြရအောင်နော်။ လုပ်နည်းလေးတွေကိုလည်း သူငယ်ချင်းတွေကို Share ပေးလိုက်ဦးနော်။ ✨🍹
12/09/2026
ဒီနေ့အတွက် ရေအလုံအလောက် သောက်ဖြစ်ကြရဲ့လားရှင်။ ✨💦
မင်္ဂလာပါ ချစ်ရတဲ့ မိန်းကလေးတို့ရေ... 😊
အလုပ်တွေရှုပ်၊ အာရုံတွေနောက်နေရင်းနဲ့ ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ "ရေ" သောက်ဖို့ မေ့နေကြပြီလားဟင်?
ရေများများသောက်ပေးတာက -
✅ အသားအရေကို စိုပြေကြည်လင်စေတယ်
✅ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
✅ စိတ်ကိုလန်းဆန်းစေပြီး အလုပ်လုပ်ရတာ ပိုသွက်လက်စေတယ်
ဒီတော့ အခုပဲ ရေတစ်ခွက်လောက်
အရင်ဦးဆုံး သောက်လိုက်ကြရအောင်နော်။ 🥤💖
ကိုယ်ချစ်တဲ့သူတွေကိုလည်း ဒီပို့စ်လေးကို Shareပြီး
ရေများများသောက်ဖို့ သတိပေးလိုက်ကြပါဦး။ 😉
10/09/2026
သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုက ကျွန်မတို့အတွက်
အကြီးမားဆုံး အားဆေးပါပဲရှင်။ 🥰✨
ဒီတစ်ခါတော့ Lab:Equilibrium ရဲ့ Body Serum လေးကို အသုံးပြုပြီးတဲ့နောက် အသည်းစွဲသွားတဲ့ Customer လေးရဲ့ Feedback လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။
သူမက Body Serum လေးကို သုံးလိုက်တဲ့အခါ အသားအရေလေးက နူးညံ့ပြီး Smooth ဖြစ်သွားတာကို အရမ်းသဘောကျနေတာပါတဲ့။ နောက်ပြီးတော့ Serum လေးရဲ့ အာနိသင်ကို သဘောကျလို့ Mist လေးကိုပါ ထပ်မံစမ်းသပ်အသုံးပြုကြည့်ဖို့ စိတ်ကူးရှိနေတာ အရမ်းကို ဝမ်းသာရပါတယ်။ 💖
အသားအရေလေးကို ပျော့ပျောင်းနူးညံ့ပြီး ကျန်းမာစေဖို့ Lab:Equilibrium Body Serum လေးကို အခုပဲ စမ်းသုံးကြည့်လိုက်ရအောင်လား? 😊
08/09/2026
"Resurfacing လေး သုံးရတာ အဆင်ပြေရဲ့လားရှင့်?" လို့ မေးမြန်းတဲ့အခါမှာတော့...
"ပြေပါတယ်နော်၊ ခြေဖမိုးမဲနေတာလေးတွေ သက်သာလာတယ်" ဆိုပြီး Feedback လေး ပေးလာတာပါ။ 🥰
ခန္ဓာကိုယ်အသားအရေ ညိုမဲနေတာ၊ ကြမ်းတမ်းနေတာတွေအတွက် အဆင်ပြေစေမယ့် Resurfacing Body Serum လေးနဲ့ဆိုရင်တော့ ကိုယ့်အသားအရေလေးကို ပြန်လည်စိုပြေ ကြည်လင်လာဖို့ စိတ်ချယုံကြည်စွာ အားကိုးနိုင်ပါတယ်နော်။ 🤍
မိမိကိုယ်ကို ပိုပြီး ယုံကြည်မှုရှိတဲ့ အသားအရေပိုင်ရှင်လေး ဖြစ်လာဖို့အတွက် အခုပဲ စမ်းသုံးကြည့်လိုက်ပါနော်။ 💕
07/09/2026
ခြေထောက်လေးတွေ ဖွေးဥပြီး ချောမွတ်နေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်လေးတစ်ခုပါပဲနော်... ✨💃
အသားအရေ မညီညာတာ၊ ညိုမဲတာတွေကြောင့် စိတ်ညစ်နေတဲ့သူတွေအတွက် Resurfacing Body-Serum လေးရှိတယ်နော်။
ဘာလို့ ဒီ Serum လေးကို သုံးသင့်တာလဲဆိုတော့...
✅ Glycolic Acid နဲ့ Lactic Acid တို့ ပါဝင်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ခြေထောက်လေးတွေကို ဖြူဖွေးသန့်စင်လာစေတယ်။
✅ အသားအရေကို ပိုမိုချောမွတ်ပြီး ကြည်လင်လာစေဖို့ ကူညီပေးတယ်။
✅ အိမ်မှာတင် ပုံမှန်လေး လိမ်းပေးရုံနဲ့ Spa သွားစရာမလိုဘဲ အသားအရေကို ပြုပြင်ပေးနိုင်ပါတယ်။
ဒီလိုကောင်းတဲ့ Quality နဲ့ဆို တန်ချက်ပဲနော်!
💸 ဈေးနှုန်းလေးကလည်း 21,000 ကျပ် တည်းနဲ့မို့
ကိုယ့်အတွက်ပဲဝယ်မလား၊
သူငယ်ချင်းတွေကို လက်ဆောင်ပဲပေးမလား၊
သုံးပျော်တယ်နော့်။
ခြေထောက်လေးတွေ လှလှပပလေးနဲ့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းဖို့ Lab:Equilibrium ကို ရွေးချယ်လိုက်ပါ။ 💖👣
Category
Website
Address
Yangon
