Her Beauty
အစစ်အမှန် authentic skincare & cosmetics များကို ဥရောပနိုင်ငံများနှင့် အင်ဒိုနီးရှားမှ official counters များမှတဆင့် ဝယ်ယူရောင်းချပါသည်။
14/08/2026
ခုန စျေးမှားတွက်မိလို့ 🥲
အလုံး တရာပါတာ 107,000 ပါ
ဒီ DHT Blocker အကြောင်း စတွေ့တာ Tik Tok မှာတကယ်အလုပ်ဖြစ် မဖြစ် တခြား vloggers review တွေလည်း လိုက်ကြည့်တာ recommend ကြလို့ (သူတို့ပြောတဲ့ brand ကတော့ စျေးကြီး) try ကြည့်လိုက် ပါမယ်ဆိုပြီး ပုံထဲက pumpkin seeds oil ကို စသောက်နေတာ ၂ပတ်ကျော် သုံးပတ်တော့ရှိနေပြီ။
အမ်မီကတော့ approved ပါ။ 🥹
အရင်ကလို ဆံပင်ကျွတ်တာ များမနေတော့ဘဲ လက်သည်းတွေပါ ပိုမာလာပြီး ကျန်းမာလာသလို ခံစားရပါတယ်။ အထူးသဖြင့် လက်သည်းကျိုးလွယ်တာလည်း မဖြစ်တဲ့အပြင် လက်သည်းလေးတွေကပါ ရဲလာတာ။
Pumpkin Seed Oil ကို သဘာဝ DHT Blocker တစ်မျိုးအဖြစ် လူသိများကြပြီး DHT (Dihydrotestosterone) ဆိုတဲ့ ဟော်မုန်းက ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောကြပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ရလဒ်ကွာခြားနိုင်ပေမယ့် ကကိုယ့်အတွက်တော့ တော်တော်အဆင်ပြေ။
ဒါလေးကတော့ မှာမယ်ဆိုရင်တော့ ရပါမယ်။ စောင့်တော့စောင့်ရမယ်။
03/08/2026
တိလေးတွေ မြောင်လေးတွေအတွက် Royal Caninရပါမယ်။
ဒီလ 20 ရက်နေ့ရန်ကုန်ရောက်ပြီး ဩဂုတ် 22-23 ရက်နေ့ deli နောက်ဆုံး အပ်ပေးပါမယ်။
Kg သိပ်မရှိလို့ 30 kg ထိပဲ မှာလို့ရပါမယ်ရှင့်
𝐑𝐨𝐲𝐚𝐥 𝐂𝐚𝐧𝐢𝐧 အစာခြောက်⭐️⭐️⭐️⭐️⭐️
Royal canin (400g) 40,000 ကျပ်
Royal canin 2kg အထုပ် 180,000 ကျပ်
Royal Canin 3kg အထုပ် 250,000 ကျပ် (dog only)
Royal canin 4kgအထုပ် 350,000 ကျပ်
ကြာချိန် 2 ပတ်
25/07/2026
Pillow talk original နဲ့ medium မှားဝယ်မိလို့ အသားဖြူသူရယ် အသားလတ်သူရယ်နဲ့ လိုက်တဲ့ CT ထဲက နမည်အကြီးဆုံးဖြစ်တဲ့ pillow talk original လေးရပါမယ်။ အကုန်လုံးကို 20-25% လျော့စျေးနဲ့ ရပါမယ်။
Cheek to Chic (blush)- 185,000 MMK (sold out)
Beauty light wand ( highlighter) - 165,000 MMK
Lip cheat ( lip liner) - 120,000 MMK
Push up lashes ( mascara)- 130,000 MMK
Pillow Talk lipstick- 135,000 MMK
Lip lustre ( lip gloss)- 110,000 MMK
Charlotte Tilbury authentic စစ်စစ် date fresh ကို တသိန်းကျော်လေးနဲ့ရမှာပါ။
အတုအပ လုံးဝမရောင်းပါ။
Official counter/ official websiteကပဲ ဝယ်ပါတယ်။
Sept ပထမအပတ်လောက် ရန်ကုန်ရောက်ပါမယ်။
16/07/2026
Cotton vs. Polyester – ဘယ်အထည်သားကို ရွေးသင့်လဲ? 👕
အဝတ်အစားဝယ်တဲ့အခါ လူတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းကတော့ Cotton နဲ့ Polyester ဘယ်ဟာက ပိုကောင်းလဲ?
🌿 Cotton (ချည်သား)
✅ နူးညံ့ပြီး ဝတ်ရတာသက်တောင့်သက်သာ
✅ လေဝင်လေထွက်ကောင်း
✅ ချွေးစုပ်အားကောင်း
✅ အသားအရေထိခိုက်မှုနည်း
⚡ Polyester
✅ အကြမ်းခံပြီး အသုံးခံ
✅ အရေးမကျလွယ်
✅ ခြောက်လွယ်
✅ အရောင်မလွယ်ပျောက်
အမ်မီရဲ့ ကိုယ်ပိုင်အကြိုက်ကတော့ Cotton ပါ။ 😊
အဓိကအကြောင်းရင်းကတော့ Cotton က လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်အားကောင်းတာကြောင့် ဝတ်ရတာ ပိုသက်တောင့်သက်သာ ဖြစ်ပါတယ်။ ဒါ့အပြင် အပူကို ကာကွယ်ထိန်းပေးနိုင်တဲ့ (heat insulation) သဘာဝဂုဏ်သတ္တိ ရှိတာကြောင့် ပူတဲ့အချိန်မှာလည်း အပူကို သက်သာစေပြီး၊ အေးတဲ့အချိန်မှာလည်း ခန္ဓာကိုယ်အပူကို ထိန်းသိမ်းပေးနိုင်ပါတယ်။
Polyester ကတော့ အကြမ်းခံပြီး ထိန်းသိမ်းရလွယ်တာကြောင့် အားကစားအဝတ်အစား၊ ခရီးသွားတဲ့အခါ၊ ဒါမှမဟုတ် နေ့စဉ်လျှော်ဖွတ်ရတဲ့အဝတ်တွေအတွက် သင့်တော်ပါတယ်။
ကိုယ် ကရော Cotton Team လား? Polyester Team လား?
16/07/2026
ပုံမှန် 100 ml oil ကို 51 euroပေးရတာမှာ အခု oil + hand wash နှစ်ခုမှ 51 euro နဲ့ပဲ
16/07/2026
CT ထဲက နမည်အကြီးဆုံးဖြစ်တဲ့ pillow talk color လေး ရပါမယ်။ Charlotte Tilbury brush, lip combo နဲ့ mascara လေး website price အတိုင်း တချောင်းစီရပါမယ်။ Cargo fees ထပ်မပေါင်းထားပဲ ယူရိုမို့လို့ AYA bank rate အတိုင်း 5000 နဲ့ပါ။ အကုန်လုံး တတွဲတည်းယူမယ်ဆို ၉ သိန်း ပါ။ Sept ပထမအပတ်လောက် ရန်ကုန်ရောက်ပါမယ်။
08/07/2026
Charlotte Tilbury lip combo နဲ့ mascara လေး website price အတိုင်း တချောင်းစီရပါမယ်။ ဒါက ရန်ကုန်အရောက်ဆို ၂သိန်းကျော်ရှိပါတယ်။ ယူရိုမို့လို့ AYA bank rate အတိုင်း 5000 နဲ့ပါ။ အကုန်လုံး တတွဲတည်းယူမယ်ဆို ၄သိန်းခွဲပါ။ Sept ပထမအပတ်လောက် ရန်ကုန်ရောက်ပါမယ်။
03/07/2026
Lip balm နဲ့ nail balm ချစ်စရာလေး သော့ချိတ်လေးလိုပဲ
ghdက မှာထားတဲ့ hot brush set လေးရ 🥹
သူ့ရဲ့ hot brush ထည့်တဲ့
အပူခံ သားရေအိတ်က အရောင်စိုပြီး
ထသွားထလာ accessory အနေနဲ့တောင် ကိုင်လို့ရ
16/06/2026
အမှန်ဆို စိန်ထက် ရွှေစုတာကို အားပေးတယ်။ ဒါပေမယ့် ကိုယ့် engagement ring တုန်းကတော့ စိန် ပဲလိုချင်ခဲ့တယ်။ အမှန်ကြိုက်တာက Sapphire ဒါပေမယ့် နီလာက နေ့စဉ်ဝတ်ဖို့ မမာတော့ စိန်ပဲစဉ်းစားမိသွားတာ။ ချမ်းသာတဲ့သူတွေတော့မသိပေမယ့် ကိုယ်တွေလို လူလတ်တန်းစားကတော့ ရွှေစုတာပိုပြီး လက်တွေ့ကျတယ်။ ဒါပေမယ့် မင်္ဂလာဆောင်မယ့်နေ့အတွက်တော့ gems stone တခုခုကို တဆက်စာလောက်တော့ ဝယ်စေချင်တယ်။ ဘာလို့လဲဆို ဒါတွေက အမှတ်တရဖြစ်တဲ့အတွက် ပြန်ရောင်းမှာမဟုတ်သလို ကလေးရှိလာရင် ကိုယ့်ကလေးအတွက် ဒီတဆက်စာကို လက်ဆင့်ကမ်း မိဘအမွေအဖြစ် ပေးလိုက်လို့ရတယ်။ ရသမျှ ရွှေစု၊ ဒါပေမယ့် မိဘအမွေအဖြစ် လက်ဆင့်ကမ်းချင်တဲ့ ရတနာဆက်လေးတွေတော့ ရှိသင့်တယ်ထင်တယ်။
Category
Telephone
Website
Address
May Inya Resience
Yangon
11161
Alerts
Be the first to know and let us send you an email when Her Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
