Weight loss program

Weight loss program

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Weight loss program, Health/Beauty, Yangon.

21/05/2024

နှလုံးသွေးကြော ဘယ်နချောင်းရှိလဲ

နှလုံး ဟာ စက္ကန့်တိုင်း ခုန်နေရတဲ့ အတွက် နှလုံးက သွေးအလိုအပ်ဆုံးသော ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အချိန်ပြည့် သွေးရရှိနေမှ နှလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ယခုအခါ မိမိ နှလုံးတွင် ရှိသော နှလုံးသွေးကြောများ ဘယ်နချောင်းရှိလဲ၊ ဘယ်သွေးကြောက ဘယ်နှလုံး အစိတ်အပိုင်းကို သွေးပေးလဲ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

နှလုံးက အကြမ်းဖျင်းအား ဖြင့် ဘယ်လောက်ခုန်ခုန် ဘယ်တော့ မှ မပင်ပန်းသော ဘယ်တော့မှ မရပ်သော Special ကြွက်သား ဖြင့် တည်ဆောက်ထားပါတယ်။ ဒါ့ကြောင့် သာမန်ကြွက်သား များ ထက်ပို သွေးလို ပါတယ်။ နှလုံးကို အကြမ်းဖျင်း နှစ်ခြမ်း ခွဲပါတယ်။ ညာဘက် အခြမ်းနှင့် ဘယ်ဘက် အခြမ်းဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းက ညာ ဘက်ခြမ်း ထက်ပိုကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ ဘယ်ဘက်ခြမ်းသည် ခန္ဓာကိုယ် တစ်ခုလုံးကို သွေးဖြန့်ဝေ ပေးတဲ့ သွေးလွှတ်ခန်း ဖြစ်တဲ့ အတွက် ပိုကြီး ပါတယ်။

ဒါကြောင့် နှလုံး သွေးလွှတ်ကြောမကြီး ၃ ချောင်းရှိပါတယ်။ ညာဘက် အခြမ်းကို တစ်ချောင်း သွားပြီး၊ ဘယ်ဘက် နှလုံးအခြမ်းက ပိုကြီးတဲ့ အတွက် နှလုံးသွေးလွှတ်ကြော ၂ ချောင်း သွားပါတယ်။ ညာဘက် သွားတဲ့ နှလုံးသွေးလွှတ်ကြောကို Right Coronary Artery လို့ခေါ်ပါတယ်။ ဘယ်ဘက် နှလုံးခြမ်းကို သွားတဲ့ သွေးလွှတ်ကြောကို Left Coronary Artery လို့ ခေါ်ပါတယ်။ ဘယ်ဘက် နှလုံးခြမ်းကို သွားတဲ့ သွေးလွှတ်ကြောမှ ၂ ချောင်းပြန်ခွဲပါတယ်။ ဘယ်ဘက် နှလုံးသွေးလွှတ် ၂ ချောင်း အနက် တစ်ချောင်းက Left Anterior Descending Artery လို့ ခေါ်ပြီး နှလုံးဘယ်ဘက် အရှေ့ခြမ်းကို သွေးပေးပါတယ်။ တစ်ချောင်းက Circumflex Artery လို့ ခေါ်ပြီး နှလုံးနောက်ဘက် အခြမ်းကို သွေးပေးပါတယ်။ ဒီနှလုံးသွေးလွှတ်ကြောမကြီး တွေက မှ တစ်ဆင့် နှလုံးသွေးကြောငယ် အခွဲလေး တွေထက်ပြီး ခွဲပါတယ်။ ပုံမှာ အသေးစိတ်ဖော်ပြထားပါတယ်။ နှလုံးသွေးကြောများအနက် နှလုံးသွေးကြောကျဉ်း တဲ့ အခါ ဒီ နှလုံးသွေးလွှတ်ကြောမကြီး ၃ ချောင်း ထဲက ဖြစ်လျှင် လက္ခဏာ ပိုမိုခံစားရတတ်ပါတယ်။ အစွယ်အပွားက ဖြစ်လျှင်တော့ လက္ခဏာ သိပ်မခံစားရတတ်ပါဘူး။

Speical Whole Body Package သည် နှလုံးအတွက် ပြီး ပြည့်စုံအောင် စစ်ဆေးနိုင်သော ကျန်းမာရေး စစ်ဆေးခြင်း ဖြစ်ပါသည်။ အသေးစိတ်ကို Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များအား ဖတ်ရှုရုံဖြင့် သိရှိနိုင်ပါတယ်။

Special Whole Body Package (၂ ယောက်စစ် ၃၀၀၀၀ Discount Promotion)
၁ ယောက်စစ် = 190,000 ကျပ်
၂ ယောက်စစ် = 350,000 ကျပ် (380,000 ကျပ်ကျသင့်မည့်အအစား ၂ ယောက်စစ် ၃၀၀၀၀ Discount Promotion ဖြင့် May လကုန်အထိ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။)

အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း
1.Chest X Ray (ရင်ဘတ်ဓာတ်မှန်)
နှလုံးနှင့် အဆုတ်သည် ဆက်စပ်နေသည့်အတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းအားဖြင့် နှလုံးကြီးမကြီး သေချာသိရှိနိုင်ပြီး နှလုံးကြောင့် အဆုတ်ထိ မထိပါသေချာအောင်သိနိုင်ပါတယ်။ နှလုံးအားနည်းသောကြောင့် အဆုတ်တွင် ရေပုံမပုံ၊ ရေစုမစုသိနိုင်ပါတယ်။ အဆုတ်နှင့် ပက်သက်၍ လည်း ဒဏ်ရာကျန်မကျန် အသေးစိတ်သိရှိနိုင်ပါတယ်။

ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း
2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်)

အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး)
3.Total Bilirubin
4.Alkaline Phosphatase
5.SGOT (AST)
6.SGPT (ALT)
နှလုံးနှင့် ပက်သက်၍ ပေးရသော ဆေးများသည် များသောအားဖြင့် အသည်းမှ တစ်ဆင့်ခြေဖျက်ရသည့်အတွက် အသည်း ကောင်းရန်အလွန်အရေးကြီးပါတယ်။ တစ်ချို့သော အဆီကျဆေးများသည် လည်း အသည်းကောင်းမှ သောက်သုံး၍ ရသော အဆီကျဆေးများလည်း ရှိပါတယ်။

သွေးတွင်း အဆီဓာတ် (၄ မျိုး)
7.Total Cholesterol
8.Triglycerides
9.HDL
10.LDL
သွေးတွင်း အဆီဓာတ်စစ်ဆေးခြင်း ၄ မျိုးသည် သွေးကြောအတွင်း အဆီများနေမများနေ တိတိကျကျ သိရှိနိုင်ပါသည်။ သွေးတွင်း အဆီများခြင်း နှလုံး သွေးကြောအတွင်း အဆီများစုံပုံပြီး သွေးကြောကျဉ်းဖြစ်စေ သော အဓိက အကြောင်း အရာဖြစ်ပါသည်။ သွေးတွင်း အဆီများပါက ဆေးသောက်ပြီး သွေးတွင်း အဆီကျဓာတ်အား ပုံမှန်ရောက်အောင် ထိန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး)
11.Creatinine
12.Urea
13.Sodium
14.Potassium
15.Chloride
16.Bicarbonate

နှလုံးနှင့် ကျောက်ကပ်သည် ဆက်စပ်နေသည့်အတွက် ကျောက်ကပ် မကောင်းပါကလည်း နှလုံးအားထိခိုက်စေပါတယ်။ ကျောက်ကပ်မှ ခန္ဓာကိုယ်အတွင်း ပိုလျှံနေသော ရေများအားကောင်းမွန်စာ မစွန့်ပစ်နိုင်ပါကလည်း နှလုံးအတွင်း သွေးပေါင်ချိန်မြင့်၍ နှလုံးအား အလုပ်ပို ပင်ပန်းစေပါသည်။ ကြာလာလျှင် ညှစ်အားကို လည်း ထိခိုက်စေတတ်ပါတယ်။

17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း)
သွေးတွင်း သကြားဓာတ်များလျှင်လည်း နှလုံး သွေးကြောအတွင်း ရှိသွေးအား ပို၍ ပစ်စေပြီး ထိခိုက်စေတတ်ပါသည်။

18.Uric Acid

19.Albumin(အသားဓာတ်စစ်ဆေးခြင်း)

20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း)

21.Urine RE(ဆီးစစ်ဆေးခြင်း)

လည်ပင်း သိုင်းရွိုက် စစ်ဆေးခြင်း
22.TSH
23.Free T3
24.Free T4

လည်ပင်းဟော်မုန်းများနေပါက နှလုံး ခုန်မြန်စေပြီး နှလုံး ကို ပင်ပန်းစေသည့်အတွက် နောင်အချိန်ကျလျှင် နှလုံးကြွက်သား ညှစ်အားကျခြင်းများဖြစ်ပေါ်စေတတ်ပါတယ်။

အူမကြီးအလုံးအကျိတ်အတွက် ဝမ်းစစ်ဆေးခြင်း
25. FIT

နှလုံးအား အသေးစိတ်စစ်ဆေးခြင်း
26.ECG
27.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း)
28.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း
တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Package (၂ ယောက်စစ် ၃၀၀၀၀ Discount Promotion)
၁ ယောက်စစ် = 190,000 ကျပ်
၂ ယောက်စစ် = 350,000 ကျပ် (380,000 ကျပ်ကျသင့်မည့်အအစား ၂ ယောက်စစ် ၃၀၀၀၀ Discount Promotion ဖြင့် May လကုန်အထိ စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။)

နှလုံးအား အသေးစိတ်စစ်ဆေးလိုသော မိဘပြည်သူများအနေဖြင့် Special Whole Body တွင် နှလုံး အထူးကုသမားတော်နှင့် Echo ရိုက်ခြင်း ပါဝင်သည့်အတွက် အလွန်သင့်လျော် ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှု ဖြစ်ပါသည်။ ပြသနိုင်မယ့် အထူးကုသမားတော် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။

ပြသနိုင်သော နှလုံး အထူးကုသမားတော်များ

၁။ဒေါက်တာ ဒေါ်ထက်ထက်မင်း
M.B.,B.S (Ygn); M.Med.Sc (Int. Med);
MRCP (UK); FRCP (Edin), Dr.Med.Sc (Cardiology); FAsCC
Fellowship in Nuclear Cardiology and Cardiac CT
Consultant Cardiologist (Nuclear Cardiology and Cardiac CT)
နှလုံးဆေးကုသဆောင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ကြာသပတေး၊ သောကြာ ညနေ ၄ နာရီ။
စနေ၊တနင်္ဂနွေ နေ့လည် ၁၂ နာရီ။

၂။ဒေါက်တာ စိန်ခိုင်
M.B.,B.S (Ygn); M.Med.Sc (Int. Med);
MRCP (UK); Dr.Med.Sc (Cardiology); FAsCC
Fellowship in Electrophysiology (Singapore)
Consultant Cardiologist
နှလုံးဆေးကုသဆောင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၄ နာရီ။
စနေ၊တနင်္ဂနွေ နံနက် ၈ နာရီ။

Special Whole Body Checkup စစ်ဆေးချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်း အထူး Promotion (၄၀၀၀၀ Discount)

အစာအိမ်မှန်ပြောင်းနှင့် အူမကြီး မှန်ပြောင်း နှစ်ခုစလုံး ကြည့်ရှုသည့် မိဘပြည်သူများအတွက် May လကုန်အထိ ၄၀၀၀၀ ကျပ် Discount လျော့ပေးနေပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။ ပြသနိုင်သော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်နှင့် စျေးနှုန်းအသေးစိတ်ကို အောက်တွင် ဖတ်ရှုနိုင်ပါတယ်။

Family Doctor အထူးကုဆေးခန်းတွင် ပြသနိုင်သော အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုသမားတော်များမှာ

၁။ပါမောက္ခ ဒေါက်တာ မိုးမြင့်အောင်
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK), FRCP (Edin)
Dr.Med.Sc (Gastroenterology)
Professor Head of Gastroenterology
ပါမောက္ခ ဌာနမှူး
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
သဃန်းကျွန်းစံပြဆေးရုံကြီး
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ညနေ ၄း၃၀ နာရီ။
စနေနံနက် ၈ နာရီ။

၂။ တွဲဖက်ပါမောက္ခ ဒေါက်တာ ဆွေမွန်မြ
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK), FRCP (Edin)
Dr.Med.Sc (Gastroenterology)
Senior Consultant Gastroenterologist
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၄း၃၀ နာရီ။
စနေနေ့ နေ့လည် ၁၁ နာရီ။

၃။ဒေါက်တာ မြသက်နွယ်
M.B.,B.S., M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
Consultant Gastroenterologist
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဗုဒ္ဓဟူး၊ ကြာသပတေး ညနေ ၄ နာရီ။

၄။ဒေါက်တာ သီတာစိုး
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေးနေ့ ညနေ ၄ နာရီ။

၅။ဒေါက်တာလင်းထက်ဦး
M.B.,B.S., M.Med.Sc (Internal Medicine), MRCP (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာနေ့ မှ သောကြာနေ့ အထိ ညနေ ၅ နာရီ။

၆။ဒေါက်တာသန်းသန်းအေး
M.B.,B.S., M.Med.Sc (Internal Medicine)
M.R.C.P (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အင်္ဂါ၊ ကြာသပတေး ညနေ ၇ နာရီ။
On Call

၇။ဒေါက်တာစုစုလှိုင်
M.B.,B.S., M.Med.Sc (Internal Medicine),MRCP (UK)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
နေ့စဉ် On Call

၈။ဒေါက်တာ ဥမ္မာညွန့်တင်
M.B.,B.S., M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅ နာရီ။

၉။ဒေါက်တာ နန်းခင်ဖုန်းတင့်
M.B.,B.S., M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
M.R.C.P (UK)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
On Call

၁၀။ဒေါက်တာ ဇေယျာလွင်
M.B.,B.S., M.Med.Sc (Internal Medicine)
Dr.Med.Sc (Gastroenterology)
အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
Mon,Wed,Thurs,Sat,Sun

အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
အစာအိမ်အတွက် ဖြစ်စေ၊ အူမကြီး အတွက်ဖြစ်စေ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရမည့် လူနာများအတွက်လည်း Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

Family Doctor Specialist Clinic တွင် အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်ရှုရာတွင် ကသိကအောင့် ဖြစ်မှာ ကြောက်သော မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားမှာ ကြည့်သကဲ့သို့ အိပ်ဆေးဖြင့် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အစာအိမ်မှန်ပြောင်း (Gastroscopy) အတွက် Upper Gastroscopy 180,000 ကျပ် ကျသင့်မည်ဖြစ်ပြီး အူမကြီးမှန်ပြောင်း (Colonoscopy) အတွက် Lower Colonoscopy 300,000 ကျပ် ကျသင့်မည်ဖြစ်ပါသည်။ အစာအိမ်မှန်ပြောင်းနှင့် အူမကြီး မှန်ပြောင်း နှစ်ခုစလုံး ကြည့်ရှုသည့် မိဘပြည်သူများအတွက် May လကုန်အထိ ၄၀၀၀၀ ကျပ် Discount လျော့ပေးနေပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။ ကြည့်ရှုသော အစာအိမ်အူလမ်းကြောင်းအထူးကုသမားတော် အပေါ်မူတည်၍ စျေးနှုန်း အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။

မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် အိပ်ဆေးဖြင့် မနာမကျင်ကြည့်ရှု လိုပါက မေ့ဆေးကျွမ်းကျင် ဆရာဝန်ကြီးနှင့် ဆေးဖိုး ထပ်မံကုန်ကျမည်ဖြစ်ပါသည်။

Family Doctor အထူးကုဆေးခန်းတွင် အသုံးပြုသော အစာအိမ် မှန်ပြောင်းမှာ ဂျပန်နိုင်ငံ Fuji Film မှ ထုတ်လုပ်သော မကြာသေးမီကထွက်ရှိထားသော နောက်ဆုံးပေါ် အစာအိမ်မှန်ပြောင်း ဖြစ်သည့် ELUXEO 700 series အား အသုံးပြုထားသည့် အတွက် လူနာများအတွက် မှန်ပြောင်းကြည့်ရှုရာ တွင် အလွန်ပျော့ပြောင်း နူးညံ့သည့် အတွက် နာကျင်မှုမရှိခြင်း၊ မှန်ပြောင်း တွင် ရှိသော Camera သည် နောက်ဆုံးပေါ် ဖြစ်သည့် အတွက် ရုပ်ထွက်အလွန်ကောင်းပြီး အစာအိမ်အတွင်း အား အလွန် ရှင်းလင်းပြတ်သားစွာ မြင်ရသည့်အတွက် ရောဂါအား တိတိကျကျရှာဖွေနိုင်ခြင်း စသည့် အားသာချက်များ ရှိပါသည်။

အစာအိမ် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုရန်အတွက် ကြည့်ရှုလိုသော အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ဖြင့် ကြိုတင် Booking ယူပြီး Family Doctor အထူးကုဆေးခန်းတွင် တစ်ရက်ကြိုတင်ပြသရန် လိုအပ်ပါသည်။ လူနာ၏ အခြေအနေ အပေါ်မူတည်ပြီး ပြင်ဆင်သင့်သည့် အရာများအား (ဥပမာ အူမကြီး မှန်ပြောင်းကြည့်ရာတွင် Bowel Preparation ဝမ်းနုတ်ပြီး ဝမ်းရှင်းအောင်ပြုလုပ်ခြင်း) စသည့် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့နောက် အထူးကုသမားတော်ကြီးမှ ပေးသည့် အစာအိမ်မှန်ပြောင်း ကြည့်ရှုရမည့် ရက်ချိန်းအတိုင်း Family Doctor အထူးကုဆေးခန်းတွင် မှန်ပြောင်းကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

အစာအိမ် နှင့် အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်း အထူးကုသမားတော်များနှင့် ပြသလိုသော မိဘပြည်သူများအနေဖြင့် Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-662809090, 09-447164575 သို့ ကြိုတင် Booking ယူနိုင်ပြီဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
Family Doctor အထူးကုဆေးခန်း လိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့၊ အလုံမြို့နယ်ဖြစ်ပါသည်။

OSA အတွက် ဈေးနှုန်း အထူးချိုသာသော Sleep Study Package (40000 ကျပ်)

၁။ Sleep Study Test စစ်ဆေးခြင်း
၂။အဖြေထုတ်ပြီး အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော် ဆရာရဲသူဟန်နှင့် ပြသခြင်း
၃။ဆေးခန်းဝန်ဆောင်ခ တို့ပါဝင်ပြီးဖြစ်ပါတယ်။

Special Whole Body Package ပြုလုပ်သော မိဘပြည်သူများအတွက် အထူး Promotion

Special Whole Body Package တွင် ထည့်သွင်း ပြုလုပ်လိုပါက Sleep Study အား ပိုမိုသက်သာသော ဈေးနှုန်းဖြင့် 20000 ကျပ် ထပ်မံပေးရုံဖြင့် ထည့်သွင်း ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Sleep Study ပြုလုပ်လိုပါက Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် 09-447164575, 09-954405404, 01-2314146 သို့ ဖုန်းဆက် Booking ယူပြီး Sleep Study အား ငွေကျပ် 40000 ဖြင့် ဈေးနှုန်းသက်သာစွာ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Auto CPAP တပ်၍ ကုသရန် လိုအပ်သော မိဘပြည်သူများအနေဖြင့် လည်း Auto CPAP စက်အား Family Doctor အထူးကုဆေးခန်းတွင် ဈေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ Auto CPAP စက်များတွင်လည်း လူနာများ အသက်ရှူရာတွင် အာမခြောက်စေရန် Humidifier ပါဝင်ပြီးသား ဖြစ်သည့်အတွက် အသက်ရှူရာတွင် အလွန်သက်တောင့် သက်သာရှိစေပါသည်။ Warranty မှာ one year ဖြစ်ပါသည်။ Family Doctor အထူးကုဆေးခန်းတွင် အသေးစိတ်လာရောက် ကြည့်ရှု ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

Family Doctor အထူးကု ဆေးခန်းလိပ်စာမှာ အမှတ် SA-9, ကမ်းနားလမ်းမ၊ ဆင်မင်းဈေးရှေ့၊ CB Bank ဘေး၊ အလုံမြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

08/05/2024
07/05/2024

စိတ်ညစ်နေလားသူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။

တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မျိုသိပ် လိုက်ပါ...

တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။

မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..ငါ့ကိုပြောပြနော်...

သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။

ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။

အဲ့ဒီ အခါမှာ မင်း..
တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..

တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....

တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....

တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...

တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....

တချို့ခံစားချက်တွေက
တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...

မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....

မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....

မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ

ပြောပြရင်တော့ နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...

သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...

ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...

ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား

စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကား အဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ..

တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....

နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...

ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလားမြောက်လာမှာ မဟုတ်ဘူး..

စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ
ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......

01/04/2024
22/03/2024
22/03/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon