Prife Myanmar

Prife Myanmar

Share

Believe prife
Believe yourself
Believe your Dreams
Believe your Business �

23/09/2026

စာလည်း ကြိုးစားမယ်…
မျက်စိလည်း ဂရုစိုက်မယ်.. 👓💙

စာတွေလေ့လာရတာများလို့ မျက်လုံးတွေ ညောင်းကိုက်နေပြီလား❓

စိတ်မပူပါနဲ့..
Prife Eye Essence နဲ့ ဆို ကြည်ရှင်းတဲ့ မျက်စိအလင်းနဲ့ စာတွေ ပိုဖတ်နိုင်ပြီပေါ့.. 👀✨

သင့်မျက်စိကို အကောင်းဆုံး ဂရုစိုက်ဖို့ Prife Eye Essence.. ✅

Study Hard 📚
See Clear 👓

20/09/2026

တကယ်တော့ ကျန်းမာတဲ့ဘဝဆိုတာ
အကြီးကြီးပြောင်းလဲဖို့ မလိုပါဘူး။ 🌿

နေ့စဉ်လုပ်နေကျ အလေ့အကျင့်လေးတွေကို ပိုကောင်းအောင် ပြောင်းလဲပေးရုံနဲ့ စတင်နိုင်ပါတယ်။ 💡

✅ အာဟာရမျှတစွာ စားသုံးပါ။
✅ ပုံမှန်လှုပ်ရှား၊ လေ့ကျင့်ခန်းလုပ်ပါ။
✅ ရေလုံလောက်စွာ သောက်ပါ။
✅ အိပ်ရေးဝဝ အနားယူပါ။
✅ စိတ်ဖိစီးမှုကို လျှော့ချပါ။
✅ အချိုနဲ့ ready made food တွေ ကို လျှော့စားပါ။
✅ ဆေးလိပ်ရှောင်ပြီး အရက်သောက်သုံးမှု လျှော့ချပါ။

ကိုယ်လုပ်နိုင်တဲ့ အလေ့အကျင့်တစ်ခုကနေ စပြီး နေ့တိုင်း တဖြည်းဖြည်း ဆက်လုပ်သွားခြင်းဖြင့် ပိုကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝဆီ ချီတက်ပါ။ 💙

Small Steps • Bigger Tomorrows ✨

15/09/2026

ခရီးသွားရင်
iTeraCare Device ပါရဲ့လား ❓

iTeraCare က ခရီးပန်းလို့ ညောင်းညာကိုက်ခဲမှုနဲ့ ပင်ပန်းမှုတွေကို သိသိသာသာ လျှော့ချပေးပါတယ်.. ✨

ဘယ်ခရီးသွားသွား
iTeraCare နဲ့ သွားတော့ ကျန်းမာလန်းဆန်းနေမှာ အသေအချာပဲပေါ့.. ။ ✅

09/09/2026

အထူးအဆင့်မြင့်တင်မှု (၅) ချက်နဲ့ ဆန်းသစ်မှုအပြည့် iTera-Classic Plus မကြာခင်လာမည်.. 🤩
Stay tuned.. 💥

07/09/2026

တကယ်ကျန်းမာချင်တယ်ဆို ဘယ်ကစရမလဲ ❓

အဖြေကတော့ ဆဲလ်ကျန်းမာရေးကနေ စရမှာပါ!

ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အခြေခံက ဆဲလ်လေးတွေ ပါ။ ဆဲလ်တွေကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ သူတို့လည်း အာဟာရလိုတယ်နော်!

နေ့တိုင်း စားသောက်တဲ့အစားအစာကရတဲ့ အာဟာရဓာတ်တွေ၊ ရေဓာတ်၊ အောက်ဆီဂျင်နဲ့ ကောင်းမွန်တဲ့ နေထိုင်မှုပုံစံတွေက ဆဲလ်တွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာကို ပံ့ပိုးပေးပါတယ်။

ဒါကြောင့် ကျန်းမာရေးဂရုစိုက်တယ်ဆိုတာ
အပြင်ပန်းကိုပဲ ဂရုစိုက်တာ မဟုတ်ပါဘူး.. အဓိကက အတွင်းဆုံးက ဆဲလ်လေးတွေကိုပါ ဂရုစိုက်ဖို့လိုတယ်.. ✅

ဆဲလ်တွေကို လိုအပ်တဲ့ အာဟာရဖြည့်ပေးစားသုံးမယ်။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်မယ်။
ရေလုံလောက်အောင်သောက်မယ်။
အိပ်ရေးဝဝအိပ်မယ်။
ဒါဆို ကျန်းမာရေးကို တကယ် ဂရုစိုက်နေတာဖြစ်ပါပြီ။

တကယ်ထိရောက်တဲ့ ဆဲလ်အာဟာရအတွက်ကတော့ Cellfood Plus ရှိရင် စိတ်ချရပြီပေါ့..။ 😍

02/09/2026

မျက်နှာအသားအရေက မွဲခြောက်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်နေပြီလား? 😱

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက မျက်နှာမှာပဲ ဟုတ်ရဲ့လား? 🤔

မျက်နှာမှာ ဝက်ခြံခဏခဏထွက်တယ်…
မျက်နှာက ဖောင်းပြီး မလန်းဘူး…
အသားအရေက အရင်လိုမဟုတ်ဘဲ ခြောက်ပြီး ညိုညစ်လာတယ်…
Skincare တွေ သေချာသုံးနေပေမယ့်လည်း မထူးခြားသေးဘူး.. ☹️

ဒါဆိုရင်တော့
သင့် အူကျန်းမာရေးကိုပါ အလေးထားဂရုစိုက်ဖို့ အချိန်ရောက်နေပါပြီ။ 💡

အူလမ်းကြောင်းကျန်းမာရေးနဲ့ အသားအရေဟာ ဆက်နွယ်နေတဲ့အတွက် အပြင်ကလိမ်းရုံတင်မဟုတ်ဘဲ အတွင်းကနေပါ သန့်စင်ပြီး အာဟာရပေးဖို့ အရေးကြီးပါတယ်။

EnzyPrife မှာ
Digestive Enzyme တို့အပြင် ဝမ်းကျန်းမာရေးအကျိုးပြု Probiotic နဲ့ Prebiotic တို့ပါ ပါဝင်လို့ အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို နေ့စဉ်ပံ့ပိုးပေးပါတယ်။

အူလမ်းကြောင်းသန့်ရှင်းကျန်းမာမှ
သင့် မျက်နှာက ကြည်လင်ပြီး Glow လာမှာနော်.. ✨

အလှအပကို အပြင်ကနေ မစတင်ဘဲ
အတွင်းကနေ စတင်ဖို့ EnzyPrife ကို သောက်သုံးပါ။ 😍

EnzyPrife — Nourish Within.
Glow Beyond. 💥

31/08/2026

အခန်းတစ်ခန်းတည်း..
အပူချိန်လည်း အတူတူ..
ဒါပေမယ့် ဘာလို့ တစ်ယောက်တည်းက အရမ်းအေးနေရတာလဲ❓❓

ဒီလိုအခြေအနေမျိုး သင်လည်း ကြုံဖူးမှာပါ။

Air-con အပူချိန် ကို 24°C ထားတယ်။

တစ်ယောက်က “ အနေတော်ပဲ။”

လို့ ပြောနေချိန်မှာ

ဘေးကတစ်ယောက်ကတော့ အနွေးထည်ဝတ်ပြီး

“Air-con ပိတ်လို့ရမလား? အရမ်းအေးတယ်!”

လို့ ပြောနေတယ်။

အခန်းတစ်ခန်းတည်း..
အပူချိန်လည်း အတူတူ..
ဒါပေမယ့် ခံစားရပုံက လုံးဝမတူဘူး..။

ဘာကြောင့်လဲ❓

🌡️ သင့်ခန္ဓာကိုယ်မှာ ကိုယ်ပိုင်အပူချိန်ထိန်းညှိစနစ် ရှိပါတယ်။

ဦးနှောက်ထဲက Hypothalamus လို့ခေါ်တဲ့ အစိတ်အပိုင်းဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့ လိုအပ်တဲ့အခါ

အရေပြားအနီးက သွေးကြောတွေ ကျဉ်းသွားနိုင်ပါတယ်။

ဒါကြောင့် လက်နဲ့ခြေထောက်ဆီကို ရောက်ရှိတဲ့ နွေးထွေးတဲ့သွေးပမာဏ လျော့နည်းသွားနိုင်ပါတယ်။

ခန္ဓာကိုယ်က အပူကို ထုတ်လွှတ်ဖို့ လိုအပ်တဲ့အခါမှာတော့

သွေးကြောတွေ ကျယ်လာနိုင်ပြီး ချွေးထွက်မှုလည်း ပိုများလာနိုင်ပါတယ်။

ဒါပေမယ့် ပူတယ်၊ အေးတယ်ဆိုတဲ့ ခံစားချက် ကို အပူချိန်တစ်ခုတည်းကပဲ ဆုံးဖြတ်တာ မဟုတ်ပါဘူး။

အခြားအချက်များစွာလည်း သက်ရောက်နိုင်ပါတယ်။

🩸 သွေးလည်ပတ်မှု
🧠 အာရုံကြောစနစ် လုပ်ဆောင်မှု
⚡ ဇီဝဖြစ်စဉ်နှုန်း (Metabolic rate)
💪 ကြွက်သားပမာဏ
😴 အိပ်စက်မှု
🍽️ အစားအသောက်စားသုံးမှု
🧬 ဟော်မုန်းများ
👤 လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်သဘာဝ

ဒီအချက်က အရေးကြီးတဲ့ အရာတစ်ခုကို ပြောပြနေပါတယ်။

THERMOMETER က အခန်းရဲ့ အပူချိန်ကို တိုင်းတာပေးနိုင်ပါတယ်။

ဒါပေမယ့် အဲဒီအပူချိန်ကို သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်နေသလဲဆိုတာကိုတော့ မတိုင်းတာပေးနိုင်ပါဘူး။

☯️ TCM (တရုတ်တိုင်းရင်းဆေးပညာ) ကတော့ ဒီမေးခွန်းကို မတူညီတဲ့ ရှုထောင့်ကနေ ရာစုနှစ်များစွာ လေ့လာလာခဲ့ပါတယ်။

TCM မှာ လူတစ်ယောက်ဟာ
ပူခြင်းဘက်ကို ပိုအားသန်သလား

ဒါမှမဟုတ်
အေးခြင်းဘက်ကို ပိုအားသန်သလား
ဆိုတာကို သေချာလေ့လာပါတယ်။

ဒါပေမယ့် “အေးတယ်” ဆိုတာနဲ့ပဲ မရပ်ပါဘူး။

ဥပမာ

လူနှစ်ယောက်စလုံး “လက်တွေ အေးတယ်” လို့ ပြောတယ်ဆိုပါစို့။

👤 PERSON A
- လက်နဲ့ခြေထောက် အမြဲအေးတယ်
- အားအင်နည်းပြီး မောပန်းလွယ်တယ်
- မျက်နှာအရောင် ဖျော့တယ်
- ရေနွေး၊ အနွေးဓာတ်ရှိတဲ့ အဖျော်ယမကာတွေ ကြိုက်တယ်
- တစ်နေ့တာအများစုမှာ အေးနေတတ်တယ်။

👤 PERSON B
- လက်တွေအေးတယ်
- စိတ်ဖိစီးတဲ့အချိန်မှာ အဓိကဖြစ်တတ်တယ်
- ကိုယ်ရောစိတ်ပါ တင်းကျပ်နေသလို ခံစားရတယ်
- တခြားအချိန်တွေမှာတော့ ခန္ဓာကိုယ်အပူချိန် ပုံမှန်လို ခံစားရတယ်..။

လက္ခဏာက အတူတူ “လက်အေးတယ်”။

ဒါပေမယ့် နောက်ကွယ်မှာရှိတဲ့ pattern တွေကတော့ လုံးဝကွဲပြားနိုင်ပါတယ်။

TCM အမြင်အရ pattern တစ်ခုလုံးပေါ် မူတည်ပြီး Yang, Qi, Blood နဲ့ Qi လည်ပတ်မှု စတဲ့ သဘောတရားတွေကို ထည့်သွင်းလေ့လာနိုင်ပါတယ်။

ဒါကြောင့် လက္ခဏာတစ်ခုတည်းကို ကြည့်ရုံနဲ့ အဖြေတစ်ခုလုံးကို မသိနိုင်ပါဘူး။

“လက်အေးတယ်” ဆိုတာက အကြောင်းအရာတစ်ခုလုံး မဟုတ်ပါဘူး။

အလားတူပဲ

“အမြဲမောနေတယ်…”

“ဗိုက်ဖောတယ်…”

“အိပ်မပျော်ဘူး…”

ဆိုတာတွေကလည်း အချက်အလက်တစ်ခုလုံး မဟုတ်ပါဘူး။

စိတ်ဝင်စားစရာအချက်တွေက လက္ခဏာနဲ့ အချက်ပြမှုမျိုးစုံကို အတူတကွ ဆက်စပ်ကြည့်တဲ့အခါ ပိုပြီး ပေါ်လာတတ်ပါတယ်။

🔵 ဒီနေရာမှာ MAGNOSEEK က နောက်ထပ် ရှုထောင့်တစ်ခုကို ထည့်သွင်းပေးပါတယ်။

သင်မသက်မသာ ခံစားနေရတဲ့ နေရာတစ်ခုတည်းကိုသာ အာရုံစိုက်မယ့်အစား MagnoSeek ကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ နေရာတွေနဲ့ စနစ်တွေမှာရှိတဲ့ frequency-related wellness patterns တွေကို ပိုမိုကျယ်ပြန့်စွာ လေ့လာနိုင်ပါတယ်။

🔍 SCAN — ပိုကျယ်ပြန့်တဲ့ပုံရိပ်ကို လေ့လာပါ။

🧩 DISCOVER — ဟန်ချက်မညီမှု pattern တွေနဲ့ ဖြစ်နိုင်တဲ့ ဆက်စပ်မှုတွေကို ရှာဖွေပါ။

〰️ RESTORE — ဆဲလ်စွမ်းအင် ဟန်ချက်ညီမှုနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ပေါင်းစပ်ညှိနှိုင်းမှုကို အသုံးပြုပါ။

📈 TRACK — အချိန်နဲ့အမျှ အဲဒီ pattern တွေ ဘယ်လိုပြောင်းလဲလာသလဲ စောင့်ကြည့်ပါ။

ဒီည စမ်းကြည့်ပါ။

မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အခန်းတစ်ခန်းတည်းမှာ ထိုင်နေတဲ့အချိန်

“ဘယ်သူ အေးနေလဲ?”

လို့ မေးကြည့်ပါ။

အဖြေကြောင့် သင် အံ့ဩသွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့
ပတ်ဝန်းကျင်က အတူတူဖြစ်နိုင်တယ်…

ဒါပေမယ့် လူတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် တုံ့ပြန်ပုံကတော့ မတူနိုင်ပါဘူး။

ပြီးတော့…
အဲဒီကွာခြားချက်ကပဲ စိတ်ဝင်စားစရာ မေးခွန်းတွေရဲ့ အစ ဖြစ်လာပါတယ်။

MagnoSeek က
သင့်ခန္ဓာကိုယ်ရဲ့ ဖုံးကွယ်နေတဲ့ ဘာသာစကားကို ရှာဖွေဖော်ထုတ်ဖို့ အသင့်ရှိနေပါတယ်။

29/08/2026

အစာ စားပြီးတိုင်း ဗိုက်လေးနေလို့ စိတ်ညစ်နေလား❓

အစာနည်းနည်းစားလည်း ဗိုက်ပူနေလို့ အလိုမကျဖြစ်နေလား❓

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အစာချေစနစ်အားနည်းလျော့ကျလာလို့ ခံစားရတဲ့ အစာမကြေခြင်း ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းနဲ့ အူလမ်းကြောင်းအတွင်း အညစ်အကြေးကပ်ညှိမှုများလို့ ဗိုက်ပူခြင်းတို့အတွက် EnzyPrife နဲ့ အလွယ်တကူ ဖြေရှင်းလိုက်ပါ။

EnzyPrife မှာ
✅ အစာကြေစေသော အစွမ်းထက် Digestive Enzymes
✅ ဝမ်းကျန်းမာစေသော Probiotics & Vitamin C
✅ ဝမ်းတွင်း အကျိုးပြုဘက်တီးရီးယားကို စောင့်ရှောက်ပေးသော Prebiotics
✅ ဝမ်းမှန်ပြီး အူလမ်းကြောင်းသန့်ရှင်းပေးသော မက်မွန်သီးနဲ့ မာလကာသီးတို့ရဲ့ သဘာဝအမျှဉ်ဓာတ် တို့ပေါင်းစပ်ပါဝင်ထားပြီး တစ်ခါသောက်အထုပ်ပုံစံလေးနဲ့ သယ်ဆောင်ရလည်း လွယ်ကူပါတယ်။

နေ့စဉ်စားသောက်မှုပုံစံနဲ့အတူ အစာချေစနစ်ကို ဂရုစိုက်ချင်သူတွေအတွက် EnzyPrife က မရှိမဖြစ်ပါပဲ။ 💡

EnzyPrife နဲ့ဆို ဝမ်းတစ်လုံးကောင်း ခေါင်းမခဲရတော့လို့ ကျန်းမာဖျတ်လတ်တဲ့ ခန္ဓာကိုယ်နဲ့အတူ နေ့စဉ် ပေါ့ပါးလန်းဆန်းနေမှာ အသေအချာပဲပေါ့..။ 🏃🏻‍♀️🦋

23/08/2026

ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ဂရုစိုက်ပေးဖို့လည်း အရေးကြီးပါတယ်။ 💡

CELLFOOD PLUS မှာ သမုဒ္ဒရာရေနက်ပိုင်းမှ သန့်ရှင်းသောရေအရင်းအမြစ်နဲ့ ပင်လယ်ရေမှော်ပါဝင်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်များစွာ ပေါင်းစပ်ပါဝင်ပါတယ်။ ☀️

ဆဲလ်အတွက် အာဟာရဓာတ်များ အထူးဖြည့်တင်းပေးပြီး ဆဲလ်အတွင်းထိ အောက်ဆီဂျင်ရရှိစေတဲ့အထိ ပံ့ပိုးပေးပါတယ်။ နေ့စဉ် ကျန်းမာကြံ့ခိုင်မှုအတွက် ကိုယ်ခံအားနဲ့ စွမ်းအင်တိုးစေရန် ပံ့ပိုးပေးပါတယ်။ ⚡️

သင့်ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို
နေ့စဉ်ဂရုစိုက်မှုကနေ
ပိုလန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လိုက်ပါ။ 🌿

ကျန်းမာဖျတ်လတ် CELLFOOD PLUS.. 🏃‍♂️🏃🏻‍♀️

Photos from Prife Myanmar's post 21/08/2026

August (၁၆) ရက်နေ့က တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းပေါ်ရှိ Prife Myanmar Office မှာ ကျင်းပပြုလုပ်ခဲ့သော ထုတ်ကုန်သစ် EnzyPrife မိတ်ဆက်ပွဲပုံရိပ်များအား မှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ယူစွာ ပြန်လည်မျှဝေပေးလိုက်ရပါသည်။

Category

Telephone

Address


No. 317B, 9 Ward, Thitsar Road, South Okkalapa Township
Yangon
11181

Opening Hours

Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Prife Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.