Yp & Hnin Hnin

Yp & Hnin Hnin

Share

ပစည်းမှန် စျေးမှန် အာမခံ

Photos from Yp & Hnin Hnin's post 11/08/2021

ကြက်ဥခွံတွေကို ပြန်ပြီး အသုံးပြုနိင်တဲ့နည်း (၁၂) မျိုး

ကြက်ဥတွေ စျေးကြီးနေတဲ့ အချိန် မှာ ကြက် ဉအခွံကို လဲ တန်ဖိုး ရှိရှိ အသုံး ချတတ်စေဖို့

(၁) ခရမ်းချဉ်ပင်တွေကို သန်စွမ်းစေတယ်

ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်တွေကို ကြက်ဥခွံတွေက အကျိုးပြုပါတယ်။ကြက်ဥခွံတွေကို ခြေမွပြီးတော့ ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီးတွင်းတူးပြီး ထည့်လိုက်ရပါမယ်။

ကြက်ဥခွံဟာ ကယ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခရမ်းချဉ်သီးပင်တွေ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို ပေါပေါများများရရှိစေမှာဖြစ်ပါတယ်။

(၂) သန့်ရှင်းရေးမှာ အသုံးပြုနိုင်ပါတယ်

ကြက်ဥခွံကို အော်ဂဲနစ် သန့်ရှင်းရေးသမားလို့ ခေါ်ကြပါတယ်။ ကြက်ဥခွံဟာ မီးဖိုချောင်ထဲမှာရှိနေတဲ့ ကြေးညှော်တွေ၊ မှိုင်း တွေ၊ အိုးမဲတွေနဲ့ ဆီအညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းကတော့ ကြက်ဥခွံကိို အခြောက်လှန်းပြီး အမှုန့်ဖြစ်အောင် ကြိတ်ရပါမယ်။ ပြီးရင်တော့ မုန့်ဖတ်ဆိုဒါနဲ့ 1:3 ရောနှောပေးရမှာဖြစ်ပါတယ်။

ဥပမာ - ကြက်ဥခွံမှုန့် ၁ဇွန်းဆိိုရင် မုန့်ဖုတ်ဆိုဒါ ၃ ဇွန်းပါ။

ရောစပ်ပြီးတဲ့ အခါ ရေအနည်းငယ်ထည့်လိုက်ရင် သွားတိုက်ဆေးလို ဖြစ်လာမှာပါ။ ပြီးရင်တော့ ဒယ်အိုးတွေ၊ ခုံတွေပေါ်က အညစ်အကြေးတွေအပေါ် အစက်ချပြီးတော့ အဝတ်စနဲ့ ပွတ်တိုက်ပေးလိုက်တာနဲ့ သန့်စင်သွားမှာပါ။

(၃) ဘေစင်တွေနဲ့ ပိုက်တွေ ဆေးကြောနိုင်တယ်

အထက်ဖော်ပြပါ အမှုန့်ကို ဘေစင်တွေမှာ ပန်းကန်ဆေးပြီး၊ အသားငါးတွေ ဆေးကြောပြီးတဲ့အချိန်မှာ အမှုန့် တစ်ဇွန်းကို ရေဆင်းပေါက်ထဲ လောင်းချလိုက်ပါ။

ပြီးရင် အချိန်ခဏစောင့်ပြီးမှ ရေဖွင့်ချလိုက်ပါ။ ဒါဆို ဘေစင်နဲ့ ပိုက်ထဲက အကြွင်းအကျန်တွေကို ဆေးကြောတိုက်စားသလိုဖြစ်ပြီးတော့ သန့်စင်သွားပါလိမ့်မယ်။

(၄) ကော်ဖီအရသာကို မြှင့်တင်နိုင်တယ်

အရင်ဆုံးကြက်ဥခွံတွေကို သန့်ရှင်းအောင်လုပ်ရပါမယ်။ အခွံထဲမှာ အမြှေးပါးလေးတွေရှိရင် ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥအခွံကို အခြောက်ခံရပါမယ်။

ပြီးတော့ အမှုန့်ကြိတ်ပြီး ကော်ဖီဖျော်စက်ထဲကို ကော်ဖီမှုန့်နဲ့အတူ အနည်းငယ်ထည့်ပေးရမှာပါ။ တကယ်လို့ စက်နဲ့ မဖျော်ဘူးဆိုရင် ကော်ဖီစစ်ထဲထည့်ပြီး ကော်ဖီနှပ်ပြီးတဲ့အခါ ပြန်ဆယ်ယူလိုက်ပါ။

ကြက်ဥခွံမှာ ကယ်ဆီယမ်ပါဝင်ပြီး အယ်ကာလီဆန်တာကြောင့် ကော်ဖီထဲမှာပါတဲ့ အချို့အက်စစ်ဓါတ်တွေကို ဖျက်ပေးပြီး ကော်ဖီရဲ့ အရသာကို ပြောင်းလဲသွားစေပါတယ်။

ပိုပြီးတော့ ပြင်းရှတဲ့ ကော်ဖီရနံ့နဲ့ အရသာကိုခံစားရမှာပါ။

(၅) ပုလင်းတွေကို တိုက်ချွတ်ဆေးကြောနိုင်တယ်

တစ်ခါတစ်လေပုလင်းတွေကို ရှည်လျားပြီး တိိုက်ချွတ်ရခက်ပါတယ်။ ပုလင်းတိုက်တဲ့အတံတွေကလဲ သိပ်ပြီး အသုံးမဝင်လှပါဘူး။

ဒါဆိိုရင်တော့ မပူပါနဲ့ ကြက်ဥအခွံကို ချိုးချေပြီး ပုလင်းထဲထည့်။ ပြီးရင် ဆပ်ပြာရည်ကို လောင်းထည့်ပြီး လှုပ်ခါပေးရင် ပုလင်းဖင်၊ အောက်ခြေမှာရှိတဲ့ အညစ်အကြေးတွေကို ပွတ်တိုက်သန့်စင်ပေးပါတယ်။

(၆) မျိုးစေ့ကနေ အပင်ဖေါက်နိုင်တယ်

တကယ်လို့ မျိုးစေ့တွေကို အပင်ဖေါက်ချင်တယ်ဆိုရင်တော့ ကြက်ဥခွံကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥခွံအခြမ်းထဲကို မြေဆွေးထည့်ပြီး အပင်ကို ပျိုးထားနိုင်ပါတယ်။

ကြက်ဥခွံမှာ ကယ်ဆီယမ်နဲ့ ဆီဒီယမ် အနည်းငယ် ပါဝင်တာကြောင့် အပင်တွေကို အားဖြည့်နိုင်သလို အပင်ကို ရွှေ့ပြောင်းစိုက်တော့မယ်ဆိုလဲ ကြက်ဥခွံကနေ ကိုင်ပြီး ဒီတိုင်းမြေကြီးထဲထည့်လိုက်ရုံပါပဲ။

ဘာလို့လဲဆိုတော့ကြက်ဥခွံဟာ အလွယ်တကူခြေဖျက်နိုင်တဲ့အပြင် အနီးအနားက မြေဆီလွှာကို ကယ်ဆီယမ် ဓါတ်ပေးတာမို့လို့ အကျိုးပြုတဲ့ နည်းလမ်းလေးပါ။

(၇) ပိိုမွှားတွေကို နှိမ်နင်းနိုင်တယ်

ပိုးကောင်တွေ၊ ခရုတွေ၊ ကျိုင်းကောင်တွေ မိမိ စိုက်ခင်းထဲရောက်လာပါကလဲ ကြက်ဥခွံတွေနဲ့ နှိမ်နင်းနိုင်ပါသေးတယ်။

ကြက်ဥခွံတွေ ကို အမှုန့်ကြိတ်ပြီး အပင်တွေ၊ အရွက်တွေနဲ့ ပိုးကောင်ရှိတဲ့နေရာတွေ၊ အပင်အမြစ်တွေကိုမှာ ပုံထားပေးလိုက်ရင် ပိုးမွှားတွေ နှိမ်နင်းနိုင်တယ်လို့ ဆိုပါတယ်။

(၈) ကြောင်တွေ ခွေးတွေ ရန်ကနေ ကာကွယ်နိိုင်တယ်

တစ်ခါတစ်ရံသင်မမွေးထားရင်တောင် အိမ်နားဝန်းကျင်က ကြောင်တွေ၊ ခွေးတွေက သင့်ခြံထဲကိုလာပြီး ဝင်ရှုပ်တတ်ကြပါလိမ့်မယ်။ အညစ်အကြေးစွန့်တာ ဒါမှမဟုတ် လာပြီးတူးဆွတာမျိုးတွေပါ။

ဒါတွေကို ကာကွယ်ဖို့အတွက် ကြက်ဥခွံတွေကို မကြေတကျေ ချေပြီး အိမ်ခြံဝန်းထဲက မြေကြီးတွေနဲ့ ရောပေးထားလိုက်ရင်တော့ ခွေးတွေ ကြောင်တွေ သိပ်လာတော့မှာမဟုတ်ပါဘူး။ သူတို့ ဟာ အဲဒီကြက်ဥခွံ အနံ့လို ကယ်ဆီယမ်များတဲ့ မြေဖြူတို့ ထုံးတို့လို အနံ့တွေကို မကြိုက်နှစ်သက်တာကြောင့်ဖြစ်ပါတယ်။

(၉) မျက်နှာပေါင်းတင် ချေးချွတ်နိုင်တယ်

ကြက်ဥခွံမှာ Microbead သန့်စင်ဆေးတွေလိုမျိုး ထူးခြားတဲ့ ချေးချွတ်အစွမ်းရှိပါတယ်။

ဒါပေမယ့် Obamacare အရ Microbead တွေဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် ၂၀၁၇ ဇူလိုင်လကနေ စပြီး အသုံးပြုလို့မရတော့ပါဘူး၊ ဒါပေမယ့် မပူပါနဲ့ ကြက်ဥခွံတွေရှိပါတယ်။

ကြက်ဥခွံတွေကို ပျားရည်၊နနွင်း၊ဒိန်ချဉ် အစရှိတဲ့ မျက်နှာပေါင်းတင်တဲ့ ပစ္စည်းတွေနဲ့ တွဲဖက်ပြီး မျက်နှာပေါင်းတင်ရင် ပိုမိုအစွမ်းထူးနိုင်ပါတယ်။

(၁၀) ငှက်တွေ အစာကျွေးနိုင်ပါတယ်

ငှက်တွေကိို ကြက်ဥခွံကို ငှက်စာတွေနဲ့ ရောကျွေးရင် ငှက်တွေရဲ့ ကယ်ဆီယမ်လိုအပ်ချက်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒီအချက်ကတော့ ကြက်တွေနဲ့ ဘဲတွေကို ဥစားတိရစာ္ဆန်တွေမှာ အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ ကြက်တွေဟာ ကြက်ဥခွံတွေ ပြန်မစားတဲ့ အတွက်ကြောင့်ပါ။

(၁၁) အစွန်းအထင်းတွေ ချွတ်ပေးနိုင်ပါတယ်

ကော်ဖီနဲ့ လက်ဖက်ရည်တွေကို အကြာကြီးအသုံးပြုခဲ့တဲ့ ခွက်တွေမှာ အောက်မှာ အညိုရောင်အစွန်းတွေ ဖြစ်နေတတ်ပါတယ်။

မပူပါနဲ့ ကြက်ဥခွံကို ခြေမွှပြီး ခွက်ထဲကို ရေအနည်းငယ်ထည့် ကြက်ဥထည့်ပြီး တစ်ညထားရမှာပါ။

မနက်ကျရင် ခွက်တွေကို တိုက်ချွတ်လိုက်တဲ့ အခါမှာတော့ ထိုအစွန်းအထင်းတွေ ယူပြစ်သလို ပျောက်သွားတာ မြင်တွေ့ရမှာပါ။

(၁၂) စားလို့ရတယ်

ဒီနည်းလမ်းကတော့ သိပ်မလုပ်သင့်ပါဘူး။ ပညာရှင်တွေကတော့ ကြက်ဥခွံတွေကို စားပေးရင် ကယ်ဆီယမ်အားဖြည့်ဆေးတွေ သောက်စရာမလိုဘူးဆိုပေမယ့် ကြက်ဥခွံ ကျလိကျလိကို ဘယ်စားနိုင်မှာလဲ။

နောက်ပြီး ကြက်ဥခွံကို သေချာမဆေးကြောခဲ့ရင် ကြက်ရဲ့မစင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေပါ ကူးစက်နိုင်တဲ့အတွက် ကြက်ဥကြော်ထဲက ကြက်ဥခွံ အပိုင်းလေးတွေကို စားတာ ဘာမှ မဖြစ်ပေမယ့် ဒီတိုင်းတော့ မစားသင့်ဘူး ထင်ပါတယ်။
Credit

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Yp & Hnin Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.