Sweet Lady

Sweet Lady

Share

29/03/2022

CK IN2U her လေးပါ For Lady Only ပါ🥰😘
မိန်းကလေးအများစုကြိုက်နှစ်သက်တဲ့ရနံ့လေးပါနော်

Bottle design ရှယ်မိုက် ..

At least 6-8 hours long lasting(100ml)

Update Price-75000 MMK

29/03/2022

CK IN2U him လေးကတော့ " Man only "ပါနော် 

Arimatic Fougereအမျိုးအစားပါ ..

CK Bottle design က အလန်းပါ..

ရနံ့ကတော့ အမျိုးသားတွေအသည်းစွဲ long lasting ..

Price-75000 MMK

Photos from Gyusoo Skincare & Cosmetic's post 23/03/2022

DiorSnow White Reveal Gentle Purifying Foam
50 ml
Brightening cleansing foam for face..

price - 35000 kyat ..

In Stock ပါရှင်..

အမဲစက် တင်းတိတ် နေလောင်ဒဏ်ကြောင့်
အသားအရည် မကြည်လင်ပဲ ညစ်နေတဲ့သူတွေ အသုံးပြုပေးသင့်တဲ့ အရမ်းအရမ်းကောင်းတဲ့
မျက်နာသစ်ဆေးလေးပါ..🥰

အသားအရည်ကို အတွင်းပိုင်းအထိ သိသိသာသာသန့်စင်ပေးနိုင်သော
အသုံးပြုပြီး ဖြူစင်ဝင်းပကြည်လင်လာစေမည့် မျက်နှာသစ်လေးပါ...🥰😘

အားပေးတဲ့သူတွေကို အရမ်းချစ်ပါရှင် .. 🥰

Direct from SG

Photos from Gyusoo Skincare & Cosmetic's post 23/03/2022

ချစ်ခင်စွာနဲ့ ဝယ်ယူအားပေးကြပါအုံးရှင်..

ကျမက ပစ္စည်းအစစ်နဲ့ အသစ်သာရောင်းမယ့် အချောအလှလေးပါရှင် 😉😎🥰

YSL Rouge Volupte Shine

Instock- 38500 (Full Size)

Color-4 Rouge

Instock ပါရှင်..😘

Lip balm formula ဆိုတော့
နှုတ်ခမ်းသားအတွက် အရမ်း အရမ်းကောင်းပြီး
ဆိုးလိုက်တာနဲ့ စိုစိုအိအိလေးပါ..ဇမ်းမိုက်နော်..

နှုတ်ခမ်းသားညိုတာ ၊ကွဲတာ ခြောက်တာ မျိုး မဖြစ်စေပါဘူး

Oil texture ဆိုတော့ နှုတ်ခမ်းသာပေါ်မှာ ပေါ့ပါးပြီး Luxury Packaging အမိုက်စားလေးနဲ့
ရနံ့ကလည်း သင်းသင်းမွှေးမွှေးလေး ပါရှင့်🥰

နောက်ထပ်လာအုံးမယ်နော် အများကြီး 🥰🥰

Photos from Gyusoo Skincare & Cosmetic's post 17/03/2022

တခါဆိုးကြည့်ဖူးရုံနဲ့ အသည်းစွဲသွားစေမယ့်

YSL lip stick လေးတွေပါ ..

Mini ကိုမှ -25000 kyat ပါ ...

အရည်အသွေး Quality ကိုအာမခံပါတယ်ရှင်...

❤️❤️♥️

Photos from Gyusoo Skincare & Cosmetic's post 25/11/2020

ချစ်သော customer တို့ရေ
အရည်အသွေးမြင့် ပြင်သစ် skin care ( Yonka brand )
လေး ၃ set ရပါမယ်နော်..

အသားအရေကို ရေဓါတ်တာရှည် ပြည့်ဝစွာ
အတွင်းပိုင်းထိ အားဖြည့်ပေးသော series လေးပါရှင်.

အသားရောင်မညီခြင်း ညစ်ခြင်း
အသားအရေပျော့၍ ပါးလွှာသော
ထိခိုက်လွယ်သော အရေပြားတွေအတွက်သင့်တော်ပါတယ်.

ခြောက်သွေ့ ညိုညစ်သော အသားအရေကို
ကြည်လင်ဝင်းပစေပြီ.
အသားအရေရဲ့အတွင်းပိုင်းထိ ထိရောက်စွာ
ပြုပြင်ပေးသော အရည်အသွေးမြင့် ပြင်သစ်ပစ္စည်းလေးပါ..

skin ကို စေးကပ်ခြင်း လုံးဝမရှိပဲ
ပေါ့ပါး တင်းရင်းကြည်လင်စေပြီ
ဖြူစင် နူးညံ့ဝင်းပစေပါတယ်..

ဘယ်လောက်ကောင်းတဲ့ ဈေးကြီးတဲ့ မိတ်ကပ်တွေလိမ်းပါစေ.
အောက်ခံ skin လေးလှမှနော်..
skin လေးလှရင် ဘာလေးလိမ်းလိမ်း ကြည်ကြည်လင်လင်လေးဖြစ်စေတယ်..

ဒါကြောင့် skin care က အသားအရေအတွက်အရေးကြီးဆုံးပါနော်..

ဝယ်ယူအားပေးကြပါအုံးလို့ 🥰🥰🥰🥰

price -1 set - 90900 kyat

အရင်ဆုံးဝယ်ရင် တော်တော်လျော့ပေးပါ့မယ်..

သုံးမျိုးပါဝင်ပါတယ်.

hydra n1 cram -50 ml - မျက်နှာကိုနေ့ရော ညပါလိမ်းပေးပါ

hydra mask - 15 ml တစ်ပါတ် တစ်ခါပေါင်တင်ပါ
၂ ခါ ၃ ခါစာပဲရပါ့မယ်နော် ဆိုဒ်သေးလို့.

toner - 10 ml မနက် ည မျက်နှာသစ်ပြီးလိမ်းပါ.
ချွေးပေါက်တွေကို ကျဉ်းပြီး အစိုဓါတ်အပြည့်ရစေပါတယ်..

☎️ 09696574208
☎️ 09974020546 ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ...

14/11/2020

GIFFARINE HYA ANTI-AGING 🌸

ခန္ဓာကိုယ်အသားအရေနှင့်အရေးအကြောင်းများအတွက် အထူးကောင်းမွန်သည့် စောင့်ရှောက်ခြင်း

🌸 HYA Anti-Aging Shower Gel

ခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပေါ်တတ်သောအရေးအကြောင်းများကို
အထူးလျှော့ချပေးသည့် ရေချိုးဆပ်ပြာဂျယ်လ်သည်
လန်းဆန်းလတ်ဆတ်သည့်ရနံ့ဖြင့်နူးညံ့မှုနှင့်အတူ
အသားအရေအစိုဓာတ်ကိုထိန်းသိမ်းပေးပြီး
စိုပြေတောက်ပဝင်းလက်သည့် အသားအရေကိုပိုင်ဆိုင်စေခြင်း။

ရေချိုးဆပ်ပြာဂျယ်လ်အသုံးပြုပြီးနောက်
ခြောက်သွေ့ခြင်းမရှိဘဲ အစိုဓာတ်ကိုကြာရှည်စွာထိန်းပေးခြင်း။

အသားအရေအမျိုးအစားအားလုံးနှင့်သင့်တော်ပြီး အသားအရေစိုပြေ နူးညံ့စေပါသည် ❤️

🌸 HYA Anti-Aging Body Lotion

အသားအရေပေါ်တွင်ဖြစ်ပေါ်တတ်သော အရေးအကြောင်းများကို
အထူးလျှော့ချပေးခြင်း နှင့် နုပျိုစိုပြေ လှပတင်းရင်းသော
အသားအရေကို ပိုင်ဆိုင်စေခြင်း။
စေးကပ်ခြင်းမရှိဘဲတနေ့တာလုံး မွှေးပျံ့သင်းကြိုင်လန်းဆန်းစေခြင်း
အသားအရေကို ဝင်းပကြည်လင် ဖြူဝင်းစေပါသည်||

သုံးဖူးသူတိုင်း အထူးကြိုက်နှစ်သက်ကြသော အရည်အသွေးမြင့်
အာမခံ ပစ္စည်းဖြစ်ပါတယ်..❤️🥰

Hya shower gel
price - 250 ml - 12000 kyat

Hya body lotion
price -250 ml - 12500 kyat

မှာယူချင်ရင်ဖြင့် ဖုန်း - 09696574208 ကိုဆက်သွယ်မှာယူနိုင်သလို Msg နှင့် comment မှလည်းမှာယူနိုင်ပါတယ်ရှင့်..

14/11/2020

ချစ်သော ကျန်းမာရေးနှင့်အလှအပ ကြိုက်သူများရှင့်

အသားအရည်နဲ့ပါတ်သတ်နဲ့ skin care တွေ
ကျားမ မရွှေးဝယ်ယူအသုံးပြုနိုင်ဖို့
ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်း စိတ်ချရသော
ပစ္စည်းတွေကို စတင်ရောင်းပေးမှာ ဖြစ်ပါတယ်.

color cosmetic တွေကိုပါ ရောင်းမှာဖြစ်လို့ အမြန်ဆုံး
page လေးကို Like & share လုပ်ပေးကြပါလို့

သူငယ်ချင်းတွေကိုလည်း invite လုပ်ပေးပါရှင့်

နေ့တိုင်းတင်ပေးမယ့် စိတ်ဝင်စားဖွယ် ပစ္စည်းကောင်း
အရည်အသွေးကောင်းလေးတွေကို စောင့်ကြည့်ပေးကြပါအုံးရှင့် ..

14/11/2020

နည်းစနစ်တကျ အသားအရေ ထိန်းသိမ်းနည်း

ဒီနေ့ခေတ်မှာ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း(skin care)တွေ အစုံအလင် ထွက်ပေါ်လာပါတယ်။

Skin Care ကုမ္ပဏီတွေ အပြိုင်အဆိုင် ပေါ်လာသလို ပစ္စည်း အခေါ်အဝေါ်တွေကလည်း မနည်းလှပါ။

serum , essence , ampoule , facial foam , body scrub , lotion , toner , moisturizer , sun screen , make up, foundation စသည်ဖြင့် နာမည် မျိုးစုံနဲ့ ထွက်လာတယ်။

ဒီလို ခေတ်နဲ့အပြိုင် ထွက်လာတဲ့ အလှအပပစ္စည်းတွေ အသုံးပြုတဲ့အခါ
ကိုယ့်ဖက်က သေချာနားလည်ဖို့လိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ထွက်လာတဲ့ skin care
ပစ္စည်းတန်ဖ်ိုးတွေက မသေးလို့ဖြစ်ပါတယ်။

skin care ဥပဒေသအရ စျေးအကြီးဆုံးပစ္စည်းတိုင်း
ကိုယ်နဲ့ကိုက်ညီချင်မှ ကိုက်ညီမယ်၊
တချို့ ပိုဆိုးလာတာမျိုးတောင် ရှိတယ်။

ကောင်းကောင်း အသုံးမပြုတတ်ရင် အာနိသင်လည်း နည်းသွားတတ်သေးတယ်။
ကိုယ်က ဘယ်ပစ္စည်းနဲ့ ကိုက်ညီသလဲ၊ ဘာအတွက် သုံးချင်တာလဲ၊
ဘယ်ပစ္စည်းက ကိုယ့်အတွက် အသုံးဝင်နိုင်မလဲ ဆိုတာ သေချာနားလည်ဖို့လိုပါတယ်။

ကိုယ့်အရေပြားကိုယ်သေချာ နားမလည်၊ သူများကောင်းတယ် ဆိုတိုင်း လိုက်သုံးနေတာလည်း သိပ်မှားတယ်။
အဲလိုမဖြစ်အောင် skin care တွေအကြောင်း အသေးစိတ်နားလည်နေဖို့ လိုပါတယ်။

ဒီနေ့ skin care တွေမှာ အခြေခံအကျဆုံးဖြစ်တဲ့ အသုံးပြုပုံ အဆင့်ဆင့်ကို အရင်ဆုံး ဖော်ပြပါမယ်။
နောက်ရက်တွေကျမှသာ skin care တခုချင်းစီရဲ့ နာမည်၊ အသုံးဝင်ပုံ၊
အာနိသင်နဲ့ အရေပြားအလိုက် ရွေးချယ်အသုံးပြုပုံတွေက်ု အသေးစိတ် ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

နေ့စဉ် နည်းနည်းစီ တင်ပေးမယ့် အဆိုပါ ဆောင်းပါးတွေကို နားလည်သဘောပေါက်လာတာနဲ့အမျှ သိပ်မကြာခင် အလှအပရေးရာ ပစ္စည်းတွေကို ကောင်းကောင်း ရွေးချယ်အသုံးပြုတတ်သွားပါလိမ့်မယ်။

မျက်နှာလိမ်းဆေး သုံးစွဲပုံ အဆင့်ဆင့်
(၁) မျက်နှာသစ်ဆပ်ပြာအရင် သုံးပါ။
(၂) Toner တခုခု ဆက်လိမ်းပါ။ သန့်စင်တဲ့ ဂွမ်းစနဲ့ လိမ်းရပါတယ်။
(၃) ပြီးရင် အပေါ်က serums (သိုု့) gels တခုခုထပ်သုံးပါ။
(၄) အစိုဓာတ်ထိန်း moisturizer ဆက်သုံးနိုင်ပါတယ်။ (အများစုက နို့နှစ်ရည်ဖြစ်တယ်)
(၅) ပြီးရင် နေလောင်ကာလိမ်းဆေး sunscreen ဆက်သုံးချင် သုံးပါ။
(၆) နောက်ဆုံးရောက်မှသာ makeup primer (သို့) foundation တခုခုသုံးရပါတယ်။

(skin care တွေကို အထက်ပါအတိုင်း အစီစဉ်တကျ သုံးပါ။
ယေဘုယျအားဖြင့် အရည်ကြည်တွေကို အရင်သုံးပြီး
အရည်ပျစ်တာတွေကို နောက်ဆုံးမှ လိမ်းရမယ်လို့ မှတ်ထားသင့်တယ်

ညပိုင်းအသုံးပြုနည်း

ညဖက် အရေပြားလိမ်းဆေး သုံးတဲ့အခါ နံပါတ်(၄)ထိ အစဉ်တိုင်းသုံးနိုင်တယ်။
ဒါပေမယ့် sunscreen နဲ့ makeup မျိုး လုံးဝမသုံးသင့်ပါ။ အဆိုပါပစ္စည်းတွေက အဆီဂလင်း၊ချွေးဂလင်းတွေကို ပိတ်ဆို့စေတယ်။
အဆီပြန်စေပြီး ဝက်ခြံကို ဖြစ်စေတယ်။
အကယ်၍ ညပိုင်း bleaching creams(အရောင်ချွတ်ခရင်မ်)
တခုခုလိမ်းချင်ရင် မအိပ်ခင် တနာရီလိုမှာ ကြိုလိမ်းထားဖို့ လိုပါတယ်။
ဒါမှသာ မျက်လုံးထဲ မရောက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

သတိပြုစရာ အချက်များ

(၁) တိုနာသုံးတဲ့အခါ ခြောက်သွေ့အောင်အရင် ထားပြီးမှ တခြားလိမ်းဆေးတွေဆက်သုံးပါ။
(၂) ညဖက်လိမ်းတဲ့အခါ moisturizer ကို နောက်ဆုံးမှလိမ်းရပါတယ်။
အဲဒီပေါ်မှာ ဘာမှ ထပ်မလိမ်းပါနဲ့။
(ဂျပန်လူမျိုးတွေကတော့ face mask ထပ်အုပ်တာမျိုးရှိပါတယ်)
(၃) မျက်နှာသစ်ဆပ်ပြာတွေကြောင့် အရေပြားရဲလာရင် အပေါ်မှာ ဘာမှမသုံးပဲ ခဏစောင့်ပါ။
ရဲတာ သက်သာမှ skin care တွေ ဆက်သုံးသင့်တယ်။

လိမ်းဆေး ရွေးချယ်နည်း

• skin care တွေ သုံးတဲ့အခါ အဆီပြန်တဲ့အသားအရေမှာ ရေဓာတ်အခြေခံပစ္စည်းတွေသာ ရွေးချယ်သုံးစွဲသင့်တယ်။
cream type တွေ မသုံးသင့်ပါ။
အထူးသဖြင့် နွေရာသီလိုမျိုးမှာပါ။မျက်နှာ အဆီပြန်တာ၊ဝက်ခြံထွက်တာ ပိုဖြစ်နိုင်တယ်။

• ခြောက်သွေ့တဲ့အသားရေအတွက် moisturizer နဲ့ serum လိုပစ္စည်းမျိုး သုံးသင့်ပါတယ်
cream typeပုံစံသုံးနိုင်တယ်။

• အရေပြားခြောက်သွေ့သူဖြစ်ဖြစ်၊ အဆီပြန်သူဖြစ်ဖြစ် moisturizer တမျိုးမျိုး သုံးဖို့ လိုပါတယ်။

moisturizerက ပြင်ပလေထုနဲ့ အရေပြားကြားအလွှာတခုအဖြစ်ကြားခံပေးလိမ့်မယ်။
ဒါမှသာ အစိုဓာတ်ကြောင့် မျက်နှာက အမြဲ ကြည်လင်သန့်စင်နေမှာ ဖြစ်ပါတယ်။

(မနက်ပိုင်း)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

(ညပိုင်း)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပြစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

အသားအရေအတွက်သောက်ဆေးတွေဖြစ်တဲ့ ဗီတာမင်အီး၊
ဗီတာမင် စီ၊ အသားဖြူဆေး၊ ကိုလာဂျင် စတာတွေကို ညပိုင်းမှ သောက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၈.၈.၂၀

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Bo Min Yaung Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00