mum and i

mum and i

Share

သက်ကြီးရွယ်အို ဘိုးဘွား၊မိဘတွေကို ပြုစုစောင့်ရှောက်နေကြသူတွေ တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုကျေနပ်ပါပြီ။

20/04/2026

နွေရာသီနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး
———————————————————————-

အခုလို ပူပြင်းလှတဲ့ နွေရာသီမှာ သက်ကြီးရွယ်အိုများကို အထူးပဲ ဂရုစိုက်ရမှာပါ။ အထူးသဖြင့် ရောဂါအခံရှိကြတဲ့သူများဆို ပိုပြီးတော့ အရေးကြီးလှပါတယ်။

လူကြီးတွေဟာ အသက်ရလာတာနဲ့အမျှ အစားရွေးလာသလို၊ အစားလည်း နည်းလာကြပါတယ်။ ဒါ့အပြင် ရေသောက်လည်း နည်းကြပါတယ်။

ဒါကြောင့်မို့ သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်နေကြရသူတွေအဖို့ မိမိတို့ရဲ့ ဘိုး၊ ဘွား၊ မိဘများကို ဒီကာလမှာ အရင်ကထက် ပိုပြီး စိတ်ရှည်သည်းခံကြရမှာပါ။

ခန္ဓာကိုယ် အပူချိန် မြင့်တက်ပြီး ရေဓာတ်ခန်းခြောက်လွယ်တာမို့ ရေဓာတ်ပြည့်ဝနေစေဖို့ အထူး ဂရုစိုက်ကြဖို့ လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် (၈)ခွက် သို့မဟုတ် ၂လီတာ တိုက်ပေးပါ။

ကျွန်တော်တို့လို လူလတ်ပိုင်းတွေတောင် ခုလို နွေရာသီမှာ အစားနည်းတာ၊ ပင်ပန်းလွယ်တတ်တာမို့ သက်ကြီးရွယ်အို ဘိုး၊ ဘွား၊ မိဘတွေ အစားစားချင်စိတ်နည်းလာတာ မဆန်းပါဘူး။ ရောဂါအခံတွေပေါ်မူတည်ပြီး ဆေးတွေတိုက်နေရတာမို့ အစာ အာဟာရကိုလည်း ဝင်အောင် ကျွေးဖို့လိုပါတယ်။

Supplements တွေ၊ အားဆေးတွေ ဘယ်လောက်ပဲတိုက်တိုက် မလုံလောက်ပါဘူး။ supplements တွေဆိုတာ အစာ အာဟာရနဲ့ အစားထိုးဖို့ မဟုတ်တာမို့ အစာအာဟာရကိုလည်း တတ်နိုင်သမျှ ကြိုးစားပြီး ကျွေးကြရမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဒီရက်တွေမှာ အမေ့ကို ထမင်းကျွေးရတာ သိပ်ကိုမောပါတယ်။ ထမင်း မစားချင်ဘူးဆိုပြီး အမြဲဂျီကျတတ်တဲ့ အမေ့ကို နည်းမျိုးစုံနဲ့ ချော့မော့ ကျွေးရတာပါ။

အသက်ကြီးလာတာနဲ့အမျှ cognitive function တွေ ကျဆင်းလာတာရယ်၊ လှူပ်ရှားမှုတွေ အားလုံးနှေးသွားတာရယ်တွေကြောင့် အရင်ကထက် အဆပေါင်းများစွာ သည်းခံ စိတ်ရှည်ရပါတယ်။

ထမင်းကျွေးချိန်ဆို အိမ်ရှိလူကုန် စိတ်ညစ်ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်ခေါ်ပြီး ဘေးမှာအတူထိုင်စား၊ ခွံ့ကျွေးတန်ကျွေးမှ အမေစားဝင်တာမို့ အချိန်တွေ အများကြီးပေးရတာပါ။

တစ်ခါတစ်လေ စိတ်မရှည်ဖြစ်ရတဲ့အခါမျိုးမှာ ဒီလိုမျိုးလေး တွေးမိပါတယ် . . .
“ကျွန်တော်တို့ ငယ်စဉ်က ဆော့ကစားနေလို့ ထမင်းကျွေးရခက်ခဲခဲ့တဲ့ အချိန်တွေ၊ နေမကောင်းလို့ ဂျီကျပြီး အစားမစားခဲ့တဲ့ အချိန်တွေမှာ အမေ ဘယ်လောက်များ ပင်ပန်းခဲ့မလဲ။”

ဒီလိုတွေးပြီးတော့ပဲ စိတ်ရှည်သည်းခံရပါတယ်။

ကျွန်တော့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းများထဲမှာလည်း သက်ကြီးရွယ်အို ဘိုး၊ ဘွား၊ မိဘတွေနဲ့ အတူ နေကြတာများ ရှိခဲ့ရင် အရင်ကထက် ခုလိုရာသီမှာ ပိုပြီးတော့ စိတ်ရှည်သည်းခံပြီး အစားဝင်အောင်၊ ရေသောက်အောင် ဂရိုစိုက်ပေးကြပါဦး။

#သက်ကြီးရွယ်အို
#ပြုစုစောင့်ရှောက်သူ
#သူနာပြုအကူ
#နွေရာသီ
#ဘုန်းသက္က

20/09/2025

မိတ်ဆွေတစ်ယောက်က သူ့အတွက် ပိုက်ဆံအိတ် လက်ဆောင်ဝယ်လာပေးလို့ ကျေနပ်နေသော အဲလိဇဘက်ချို 🥰

#အဲလိဇဘက်ချို

#ကျွန်တော်နဲ့အမေ

08/07/2025

လိုချင်တာဝယ်ဖို့၊ အပြင်ထွက်ချင်တယ်ဆိုပြီး ပူဆာနေသော အဲလိဇဘက်ချို။

အပြင်လိုက်မပို့ပေးမချင်း သားက အ​မေကို မချစ်တော့ဘူးလို့ ဂျီကျနေတာ။

လိုချင်တာ လိုက်ဝယ်ပေး၊ ဆံပင်ညှပ်ပြီးတော့လည်း ဆေးဆိုးချင်သေးတယ်ဆိုလို့ ဆိုးပေးရ။

လုပ်ချင်တာတွေ လုပ်ရပြီးတော့ စားချင်တာလိုက်ကျွေးရပြန်။

သွားချင်၊ လာချင်စိတ်လေးရှိတုန်း၊ သွားနိုင်၊ စားနိုင်တုန်းမှာ လုပ်ပေးခွင့်ရနေတဲ့ ကုသိုလ်ကံကို တန်ဖိုးထားရပါတယ်။

10/06/2025

အဲလိဇဘက်ချိုနှင့် စတီးချိုင့်ရှာပုံတော်
———————————————————

အမေ့ကို ညနေ ရေချိုးပေးခါနီး ပစ္စည်းတွေပျောက်လို့ဆိုပြီး ရစ်နေလေသည်။

အမေ။ ဇီးဘရား ၅ဆင့်ချိုင့်နဲ့ ၄ဆင့်ချိုင့် ပျောက်နေတယ်။

မိမိ။ ဒီမှာ ၅ဆင့်ချိုင့်၊ ရပြီ။

အမေ။ တူရော၊ တူပျောက်နေတယ်။

မိမိ။ တွေ့ပြီ။ ဒီ တူကို ပြောတာမလား။

အမေ။ ၄ဆင့်ချိုင့် ကျန်သေးတယ်။

နောက်ဆုံး အကုန်ရှာပေးပြီးသော်လည်း မကျေနပ်သေး။

ဤကား အဲလိဇဘက်ချို၏ တစ်နေ့တာ အပိုင်းအစများတည်း။

😁 😍 😜

#စတီးချိုင့်ရှာပုံတော်
#အဲလိဇဘက်ချို
#ကျွန်ေတော်နဲ့အမေ

Photos from mum and i 's post 14/03/2025

တကယ် ကျန်းမာတာ သေချာပြီလား ?
•••••••••••••••••••••••••••••••••••

ကျန်းမာခြင်း ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအားလုံး ပြည့်စုံကောင်းမွန်နေသော အခြေအနေဖြစ်သည်။

ရောဂါမရှိရုံ၊ နေထိုင်မကောင်း မဖြစ်ရုံမျှနှင့် ပြီးပြည့်စုံစွာ ကျန်းမာနေသည်ဟု မယူဆနိုင်ပါ။

ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ ပြဌာန်းထားချက်အရ ကျန်းမာခြင်းဟူသည် ရောဂါဘယများ ကင်းဝေးရုံသာမက ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပြီး စိတ်ဓာတ်ကြံ့ခိုင်မှု၊ လူမှုပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် နေထိုင်နိုင်ခြင်းတို့ပါဝင်သည်။

ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းနေစေရန် ကိုယ်လက်၊ လှုပ်ရှား၊ အားကစား တစ်မျိုးမျိုး (လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂလေ့ကျင့်ခန်း… စသဖြင့်) ကို နေ့စဉ် အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်သင့်သည်။

အားကစားခန်းမ (Gym) သို့ သွားရောက်ရန် အချိန်မရှိပါက နေ့စဉ် ခြေလှမ်း ၅၀၀၀ မှ ၁၀၀၀၀ အထိ လျှောက်ခြင်းဖြင့် စတင်နိုင်ပါသည်။

အသက်အရွယ်ကြီးရင့်သူ အဘိုး၊ အဘွားများ အနေနှင့်လည်း နေ့စဉ် ပေါ့ပါးသော ကိုယ်လက်၊ လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ပို၍ကျန်းမာစေသည်။

ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို သင့်တင့်မျှတစွာ နေ့စဉ် စားသောက်ရန်လည်း လိုအပ်လှသည်။

စိတ်ပိုင်းဆိုင်ရာ လန်းဆန်း ရွှင်လန်းစေရန် နေ့စဉ် (ညစဉ်) သတိပဌာန် တရားအားထုတ်သင့်သည်။

အနည်းဆုံး ၅မိနစ်မှစ၍ ၁၅မိနစ်၊ နာရီဝက်၊ တစ်နာရီ စသဖြင့် မိမိ နိုင်သရွေ့ တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေကာ နေ့စဉ် လုပ်ငန်းခွင်မှာတင်မက မိသားစုဘဝမှာပါ တက်ကြွပျော်ရွှင်လာစေသည်။

အိမ်တွင် သက်ကြီးရွယ်အို ဘိုးဘွားမိဘများ ရှိပါက ပစ်ပယ်မထားပဲ အနားတွင် နေထိုင်ပြီး စကားပြောပေးခြင်းဖြင့် သက်ကြီးရွယ်အို စိတ်ပိုင်းဆိုင်ရာကို ပို၍ လုံခြုံ နွေးထွေးစေသည်။

ကိုယ်ရော၊ စိတ်ပါ ကျန်းမာ ရွှင်လန်းပါမှ လူမှုဆက်ဆံရေးများလည်း ပိုမို တိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။

ကမ္ဘာရှိ လူသားများအားလုံး ပြီးပြည့်စုံသော ကျန်းမာခြင်းကို ပိုင်ဆိုင်ရရှိကြပါစေ။

✍️ Dr MOE



#ကျွန်တော်နဲ့အမေ

26/12/2024

ညက အိပ်မက်ထဲမှာ စာမေးပွဲကျလို့ ငိုလိုက်ရတာတဲ့။ 😁

ဘာစာမေးပွဲလည်းတော့ မမှတ်မိတော့ဘူးတဲ့။ 😜

အမေနဲ့ နေရတာ တစ်ရက်မှ မပျင်းရဘူး။ 😍


#ကျွန်တော်နဲ့အမေ
#ဒေါ်ခင်မာချို

25/12/2024

မေမေ့အတွက် အိမ်တွင်းစီး ဖိနပ် Uniqlo Room Shoes လေးတွေကို ဂျပန်ကနေ တကူးတက သယ်လာပေးတဲ့ မီးမီးကို ကျေးဇူးအများကြီးတင်ပါတယ်။

Room shoes ဆိုရင် သူစီးနေကျ ဖိနပ်မှ မေမေ့အတွက် အဆင်ပြေတာပါ။ အိမ်ထဲမှာပဲ အနေများတဲ့ မေမေ့အတွက် Room shoes လေးတွေက မရှိမဖြစ်ပါ။

တချို့ကလည်း ကြီးကျယ်တယ် ထင်ကြပါတယ်။

တကယ်က မေမေက ဘာ brand ဆိုတာလည်း သေချာ သိတာ မဟုတ်ပါဘူး။ ကျွန်တော်ဝယ်ပေးတာကိုပဲ စီးတာပါ။

ဒါပေမယ့် ကျွန်တော်က မေမေ့အတွက်ဆို အမြဲတမ်း ပထမ ဦးစားပေးမို့ အဆင်ပြေဆုံး ဖြစ်မယ်ထင်တာကို ရွေးဝယ်ပေးလေ့ရှိတာကြောင့်ပါ။

အိမ်တွင်းစီး ဖိနပ်လေးပဲ ဆိုပေမယ့် မတူပါဘူး။ များသောအားဖြင့် room shoes တွေက ပါးပြီး မခိုင်ပါဘူး။ grip လည်း မကောင်းတာမို့ အမေတို့လို သက်ကြီးရွယ်အိုတွေအတွက် ချော်လဲမှာစိုးရပါတယ်။

ကိုယ်တိုင် နိုင်ငံခြား မရောက်တာ ကြာပြီမို့ Tokyo ကနေ Uniqlo room shoes လေးတွေ ဝယ်လာပြီး လက်ဆောင်ပေးလို့ ကျေးဇူးအထူးတင်ရပါတယ်။

မေမေလည်း အိမ်က ဖိနပ်တွေ ဟောင်းနေပြီမို့ အသစ်ရတာနဲ့ ချက်ခြင်း ထုတ်စီးတော့တာပါ။

စီးလို့ကောင်းတယ်၊ နွေးပြီး အိနေတာပဲ ဆိုလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။


#ကျွန်တော်နဲ့အမေ

Photos from mum and i 's post 31/10/2024

အဲလ်ဇဘက်ချို TV ကြည့်နေတုန်း Pedicure လုပ်ပေး 😁 💅 😁


#ကျွန်တော်နဲ့အမေ
#ဒေါ်ခင်မာချို #အဲလိဇဘက်ချို

10/09/2024

အဲလိဇဘက်ချို ပူဆာထားတဲ့ ဝက်သား မျှစ်ချဉ်ဟင်း နောက်နေ့မှာ စျေးထဲ ချက်ချင်းသွားဝယ်ပြီး ချက်ကျွေးလိုက်ပါပြီ။ 😍

ဒီတစ်ခါတော့ စားလို့ကောင်းတယ်၊ ဘာမှ မလိုဘူး ပြောလို့ ဝမ်းသာပီတိဖြစ်ရလေတယ်ပေါ့။ 😁


#ကျွန်တော်နဲ့အမေ
#ဒေါ်ခင်မာချို
#အဲလိဇဘက်ချို

09/09/2024

“စားချင်တာတွေကို ဆန္ဒဖော်ထုတ်လာတဲ့ အဲလိဇဘက် ချို”
•••••••••••••••••••••••••••••••••••••••••••••••••••••

ဘာစားချင်လဲ မေးလို့ သေချာ စဉ်းစားပြီး ဖြေလိုက်တဲ့ ဒေါ်ခင်မာချို။ 😁

မျှစ်ချဉ်နဲ့ ဝက်သားဟင်း၊ ဝက်နံရိုး နဲ့ ကြံမဆိုင် တဲ့။ 🤩

နောက်ရက်ကျ ချက်ကျွေးပါ့မယ်ခင်ဗျာ။ 🥰


#ကျွန်တော်နဲ့အမေ
#ဒေါ်ခင်မာချို
#အဲလိဇဘက်ချို

Category

Telephone

Website

Address


Yangon
11211

Opening Hours

Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Alerts

Be the first to know and let us send you an email when mum and i posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.