SLY online shopping
Comestic & onlinestore
07/12/2021
ထမင်းရောင်းရင် အိမ်ကထမင်းဖိုး သက်သာမယ်...
အသားငါးရောင်းရင် အိမ်ကဟင်းဖိုးသက်သာမယ်...
သစ်သီးဝလံရောင်းရင် သရေ စာဖိုး သက်သာမယ်...
ကုန်စုံဆိုင်ဖွင့်ရင် မီးဖိုချောင်စားရိတ်သက်သာမယ်..
အထည်ရောင်းရင် ကိုယ်ဝယ်ဝတ်မဲ့အထည်ဖိုး သက်သာမယ်...
အလှကုန်ပစ္စည်းရောင်းရင် ကိုယ်ဝယ်သုံးတဲ့ အလှကုနျှပစ်စညျးဖိုး သက်သာမယ်...
အရာရာတိုင်းမှာတန်ပြန်အကျိုးသက်ရောက်မှု့ဆိုတာရှိတယ်...
ကိုယ် တခုခုကိုအလေးနက်ထားပီးပေးဆပ်လိုက်ရရင် ပြန်ရရှိတဲ့အကျိုးမြတ်တွေကများတယ်...
ကိုယ်တွေ OS လုပ်တဲ့သူတွေအနေနဲ့ ပြောရရင် ပစ္စည်းရောင်းတယ် ပိုက်ဆံရရတယ် ပီးတော့ကိုယ်သုံးဖို့ပစ္စည်းအတွက်လဲ ငွေမကုန်ရဘူး...
အရာရာတိုင်းမှာ အခက်ခဲဆိုတာလည်းရှိစမြဲပဲ...
ကိုယ်ငွေလိုချင်တယ် သူများလိုသုံးစွဲချင်တယ် ပစ္စည်းတွေကိုဝယ်စရာမလိုပဲ သုံးချင်တယ်ဆိုရင်တော့
စျေးရောင်းဖို့မရှက်ပါနဲ့
(ကိုယ်ဒုက္ခရောက်ရင် ဘယ်သူမှထမင်းလာမကျွေးဘူး)
အလုပ်တခုထဲပေါ်မှာလည်းမရပ်တည်ပါနဲ့ ဒုတိယဝင်ငွေဆိုတာ ဖန်တီးပါ လုပ်ဆောင်ပါ
အချိန်ကိုအကျိုးရှိစွာအသုံးချပါ...
Crd
07/12/2021
ဆောင်းညအေးအေးကိုအနွေးဓာတ်ပေးမယ့်creamလေး😍
သနပ်ခါးမှသနပ်ခါးပါဆိုတဲ့
မမများညီမလေးများပါ
စနိုးအစားcreamလေးသုံးနေကြပြီ
သနပ်ခါးတစ်နေကုန်ခံလို့တဲ့😊
ရေဓာတ်ဖြည့်moistureလေးမို့
အရေးအကြောင်းကင်းပြီးတင်းတိပ်ဖြစ်ခြင်းမှလဲ
ကာကွယ်ပေးနိုင်ပါတယ်နော်😍😘
Cd
Repair Cream 28000ks
Instock
04/12/2021
လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၁)
လိမ္မော်သီးဖြစ်စေ၊ ကမ္ဗလာသီးဖြစ်စေ ပုံမှန်စားသုံးပါက သို့မဟုတ် အရည်ညှစ်ပြီး ဖျော်ရည်အဖြစ် သောက်ပါက အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
သွေးတိုးရောဂါကို သက်သာစေခြင်း
-------------------------------------------
လိမ္မော်သီးတွင် ဆိုဒီယမ် လုံးဝနီးပါးမပါဝင်ဘဲ ပိုတက်စီယမ်ပါဝင်မှု များသဖြင့် သွေးတိုးရောဂါသည်များအတွက် အထူးအကျိုးရှိပါသည်။ ပိုတက်စီယမ် ပါဝင်သော သဘာဝသစ်သီးများသည် သွေးတွင်းရှိ ပိုလျှံနေသော ဆိုဒီယမ်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးသဖြင့် ဖောရောင်ခြင်းများကို လျော့နည်းစေပါသည်။ သွေးထုထည်ပမာဏ (Blood volume) ကို လျော့နည်းစေသဖြင့် သွေးဖိအားကို ကျစေပါသည်။ ထို့အပြင် နှလုံးကြွက်သားနှင့် သွေးလွှတ်ကြောရှိ ကြွက်သားများ ကျန်းမာရေးနှင့် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရေးအတွက် အကျိုးရှိပါသည်။ တခြားပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များကလည်း အထောက်အကူပြုပါသည်။
သွားဖုံးနှင့် သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
-------------------------------------------------------------
လိမ္မော်သီးတွင် ပါဝင်သော ဗီတာမင် စီ သည် သွားဖုံးနှင့် သွားကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။ သွားဖုံး သွေးထွက်တတ်သူများ၊ သွားမခိုင်သူများ၊ သွားပိုးစားသူများ လိမ္မော်သီးစားခြင်းဖြင့် သက်သာစေပါသည်။
မလိုအပ်သောအဆီများ လျှော့ချပေးခြင်း
----------------------------------------------
လိမ္မော်သီးစားပါက အရည်ရော အဖတ်ပါစားခြင်းသည် အရည်ချည်းသက်သက် သောက်ခြင်းထက် ပို၍အဆာခံစေပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများသည် ကယ်လိုရီဓာတ်များသည့် ဆန်ဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ထမင်း၊ မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ)၊ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ပေါင်မုန့်၊ ဂျုံခေါက်ဆွဲ၊ ကိတ်မုန့်) အစား လိမ္မော်သီးကဲ့သို့ အရည်ရွှမ်းသည့် သစ်သီးများစားပါက ကယ်လိုရီနည်းနည်းနှင့် အဆာခံစေသဖြင့် ခန္ဓာကိုယ်အလေးချိန် တဖြည်းဖြည်း လျော့ကျလာပါမည်။ ပါဝင်သော ဗီတာမင် စီ နှင့် အခြားသတ္တုဓာတ်များကလည်း အဆီဓာတ်များ ပိုမလာစေရန် လုပ်ဆောင်ပေးသဖြင့် သွေးတွင်းရှိ မကောင်းသည့် အဆီများကို လျှော့ချပေးပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
https://t.me/famepharmaceuticals
https://t.me/famepharma
15/11/2021
မဖြစ်မနေလုပ်ကို လုပ်ရမယ့် skincare step (၅)မျိုး
(1) Micellar Water
makeup မလိမ်းလို့ ဖျက်စရာမလိုဘူး ဒါသုံးစရာမလိုဘူး မျက်နှာသစ်ဆေးနဲ့ပဲ သစ်လို့ရတယ်ဆိုတာ မဟုတ်ဘူးနော်။Makeup မလိမ်းလည်း သုံးရပါမယ် ဘာလို့လဲဆိုရင် တစ်နေကုန် မျက်နှာကို ကပ်ခဲ့တဲ့ အမှုန်အမွှားတွေ ၊ဖုန် ၊အညစ်အကြေးတွေကို သန့်ရှင်းပေးဖို့အတွက် Deep Cleansing is a mustပါ။ညတိုင်း မျက်နှာမသစ်ခင် Micellar Water ကို Cotton Pad လေးနဲ့ သုံးပေးပါ။ဒါမှ ဝက်ခြံ ၊အဆီဖု မထွက်ဘဲ မျက်နှာလေး ကြည်နေမှာပါရှင်။
(2)Toner
Skincare step တွေထဲမှာ လုံးဝမကျော်သင့်တဲ့ အရေးအကြီးဆုံးက Tonerပါ။မျက်နှာသစ်ဆေးက ကိုယ့်မျက်နှာမှာကပ်နေတဲ့ အညစ်အကြေးတွေကို 100 percent မဖယ်ရှားပေးနိုင်ပါဘူး။တိုနာသုံးပေးခြင်းအားဖြင့် ကျန်ခဲ့တဲ့အညစ်အကြေးတွေကို ဆက်ပြီး ဖယ်ရှားပေးပါတယ်။မျက်နှာသစ်ပြီးပြီးခြင်း တိုနာလေးတန်း သုံးပေးဖို့ မမေ့ပါနဲ့နော်။
(3) Suncream
နေပူထဲမထွက်ဘူး အိမ်ထဲမှာပဲနေတာ ဒါကြောင့်မသုံးဘူးဆ်ိုတာလည်း မလုပ်ရဘူးနော်။နေပူထဲမထွက်လည်း အိမ်ထဲမှာ အပူရှိန်ရှိပါတယ် ။အဲဒီအပြင် ကိုယ်သုံးနေတဲ့ ဖုန်းက အလင်းရောင်းကလည်း ကိုယ့်အသားအရည်ကိုရေရှည်မှာ ပျက်စီးစေပါတယ်။Suncream မသုံးတာက အသက်အရွယ်အလိုက် အိုမင်းရင့်ရော်မှုကို ပိုတိုးစေပြီး တင်းတိပ်ဖြစ်စေပါတယ်။Suncream လေး နေ့တိုင်း သုံးကို သုံးရပါမယ်ရှင်။
(4) Eye Cream
ညအိပ်ခါနီးတိုင်း ဘာမှလုပ်ဖို့အချ်ိန်မရှိဘူးဆိုရင်တောင် Eyecream တော့ လိမ်းပေးပါ။လူတစ်ယောက်ရဲ့ အ်ိုမင်းရင့်ရော်မှုကို အရင်ဆုံး ပြသတာက မျက်လုံးအောက်က အရေပြားပါ။ဘယ်လောက်အသားအရည်ကောင်းပါစေ မျက်လုံးအောက်က မှာ wrinkle တွေဖြစ်နေမယ် မျက်အိတ်တွေတွဲနေမယ် မျက်ကွင်းညိုနေမယ်ဆ်ို အလှဖျက်တယ်လေနော်။၂၀ ကျော်လာပြီဆိုတာနဲ့ eye cream လိုကိုလိုလာပါပြီ။
(5) Mask
တစ်ပတ်တစ်ခါတော့ မျက်နှာကိုMask ကပ်ပေးပါ။အသားအရည်ကို အမြန်ဆုံး Healလုပ်နိုင်တဲ့အရာတွေထဲမှာ Mask က ထိပ်ဆုံးမှာပါ ပါတယ်။တစ်ပတ်တစ်ခါ Mask ကပ်ဖို့ လုံးဝမပျင်းသင့်ပါဘူးနော်။Makeup တွေဘယ်လောက်လိမ်းလိမ်း အောက်ခံ အရေပြားမကောင်းရင် မလှဘူးမဟုတ်လား။၁၅မိနစ်လောက်တော့ အသားအရည်အတွက် အချိန်ပေးသင့်တယ်နော်။
ပိုပိုလှကြစေဖို့...
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 13:00 - 21:00 |
Alerts
Be the first to know and let us send you an email when SLY online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
