Mylife

Mylife

Share

လူမှု့ဘဝ ကျန်းမာမှ

27/06/2024

တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲသိလား???

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာ တိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေက အော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။

တကယ်တမ်းတော့ ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့ မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿသ နာတွေကသူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။ 👌👌👌

၁။ တစ်မိသားစုလုံးရဲ့ တာဝန်တွေ ပုံကျလာခြင်း

လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ အဖေတွေက အပြင်ထွက် အလုပ်လုပ်ရတဲ့အတွက် တာဝန်အကြီးဆုံး၊ အလုပ်အများဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ များသောအားဖြင့် ဖခင်တွေ တစ်နေ့တာလုပ်တဲ့ အလုပ်ဟာ သူတို့ကိုယ်ပိုင် တာဝန်ဖြစ်တဲ့ ရုံးအလုပ်တွေသာ ဖြစ်ပြီး မိခင်တွေကတော့ တစ်မိသားစုလုံးရဲ့ ဝေယျာဝစ္စ၊ တာဝန်ဝတ္တရား အကုန်လုံးကို ထမ်းပိုးထားရတာပါ။

၂။ ကူညီမယ့် မိသားစုဝင်များ မရှိခြင်း

တစ်ကမ္ဘာလုံးက အတွေးအခေါ် နိမ့်တဲ့သူတွေ ထင်ထားကြတာက ယောက်ျားဆိုတာ ငွေရှာဖို့၊ မိန်းမဆိုတာ အိမ်အလုပ်လုပ်ဖို့ ဆိုတဲ့အချက်ပဲ။ အဲ့အချက်တွေကို မွေးကတည်းက ကြီးလာတဲ့အထိ လူကြီးတွေကိုယ်တိုင် အမြဲပြောနေတတ်သလို ကလေးတွေကလည်း သူတို့ အနီးပတ်ဝန်းကျင်က လူကြီးတွေ လုပ်တဲ့ပုံစံအတိုင်း မှတ်ယူထားပြီး သူတို့ လူကြီးဖြစ်လာတော့လည်း ဒီလိုပဲ ပြန်လုပ်ကြတာပါ။

အဲ့တော့ တစ်ခုခုဆိုရင် မင်းက မိန်းမပဲ၊ အိမ်မှုကိစ္စတာဝန်တွေက မင်းတို့ကိစ္စပဲ၊ ငါတို့ ယောက်ျားတွေနဲ့ မဆိုင်ဘူးဆိုတာတွေ ဖြစ်လာတော့တာပါပဲ။ ကလေးတွေဆိုတာလည်း ကျောင်းကိစ္စတွေ၊ အပြင်ထွက်ကစားတာ၊ ရုပ်ရှင်ကြည့်တာနဲ့တင် သူတို့ တစ်နေ့တာက ကုန်သွားတတ်တော့ မိခင်တွေကို ကူညီရမှန်း မသိကြတော့ဘူးပေါ့။

၃။ စိတ်ပိုင်းဆိုင်ရာ အားပေးမှု၊ ဖေးမကူညီမှုများ မရရှိခြင်း

ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေတဲ့သူ တစ်ယောက် ဖြစ်နေပါစေ၊ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ မရှိဘူးဆိုရင် တစ်ချိန်ချိန်မှာ လဲပြိုကျမှာပါပဲ။ အဖေအများစုက ရုံးကနေ အိမ်ပြန်ရောက်လာရင် အဝတ်အစားလေးတွေ လျှော်မယ့်ပုံးထဲ အသင့်ထည့်၊ ရေလေးဝင်ချိုး၊ ပြင်ပေးထားတဲ့ ညစာလေး ဝင်စား၊ တီဗီကြည့်နဲ့ ပြီးသွားတာပဲလေ။ မိသားစုတာဝန်တွေ အကုန်ထမ်းပိုးထားရတဲ့ မိန်းမဖြစ်သူကို ချီးကျူးတာမျိုး၊ ကြင်နာယုယပေးတာမျိုးလည်း မရှိသလို ဒီလို လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာလည်း သူတို့ကိုယ်တိုင် သိထားတဲ့ပုံ မပေါ်ပါဘူး။

၄။ ကလေးတွေရဲ့ အလိုက်မသိမှု

တစ်ခါတလေ အိမ်အလုပ်တွေ အရမ်းရှုပ်နေတဲ့အချိန် ကလေးတွေက အော်ဟစ်နေတာ၊ ပစ္စည်းတွေ ကျကွဲပျက်စီးအောင် လုပ်တာ၊ အရုပ်တွေ ပြန့်ကျဲနေအောင် ဖွထားတာတွေ မြင်ရင် ဘယ်လောက်ပဲ ရိုးအေးတဲ့ မေမေ ဖြစ်နေပါစေ၊ ဒေါသက ထွက်လာတော့တာပေါ့။ အစပိုင်းမှာ မဖြစ်ရင်တောင် ကြာလာတာနဲ့အမျှ စိတ်မရှည်တော့ဘဲ အော်ဟစ်ရိုက်နှက်ပြီးတာပေါ့။ အမေဆိုတာလည်း လူတွေထဲက လူတစ်ယောက်ပဲလေ။

၅။ မိခင်တွေအတွက် ပိတ်ရက်၊ နားရက်မရှိခြင်း

ဒီအချက်က အရမ်းရိုးရှင်းပေးမယ့် တော်တော်များများ မေ့ထားပစ်တဲ့ ကိစ္စပါ။ ရုံးအလုပ်လုပ်နေတဲ့ အဖေတွေမှာ ရုံးပိတ်ရက်ရှိတယ်၊ သားသမီးတွေမှာ ကျောင်းပိတ်ရက်၊ ကျူရှင်ပိတ်ရက်ဆိုတာ ရှိတယ်။ အစိုးရရုံးပိတ်ရက်တွေ ရှိတယ်။ အမေတွေမှာ နားရတဲ့ ရက်ဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ အစိုးရက ပိတ်တဲ့နေ့တွေ ပြဌာန်းထားပါစေ၊ အမေတွေအတွက် ပိတ်ရက်မရှိပါဘူး။ နေ့တိုင်းက သူတို့ အလုပ်လုပ်ရမယ့် တာဝန်ပါ။ ဘာလို့လဲဆိုရင် သူတို့ အလုပ်မလုပ်ဘဲ နေလိုက်ရင်လည်း အိမ်တစ်ခုလုံး ဗြောင်းဆန်သွားလိမ့်ဆိုတာ သူတို့သိထားကြလို့ပါပဲ။ 😢😢😢

၆။ စိတ်နဲ့ ခန္ဓာ ကျဆင်းလာခြင်း

အသက်တွေ တဖြည်းဖြည်း ကြီးလာတယ်။ နေ့တိုင်း အလုပ်လုပ်ရတယ်။ စိတ်ဆင်းရဲရတယ်။ မိသားစုဘဝက ကိုယ်တစ်ချိန်က ပုံဖော်ထားခဲ့သလို အရမ်းကြီး ပျော်စရာကောင်းနေတာမျိုး မဟုတ်ဘူး။ ခင်ပွန်းယောက်ျားနဲ့ သားသမီးဖြစ်သူကို အမြဲငဲ့ကွက်ပြီး ဦးစားပေးရတယ်။ စိတ်မပျော်တော့ အစားမဝင်၊ အစားမဝင်တော့ ကျန်းမာရေးက ချူချာ၊ ကျန်းမာရေး မကောင်းတော့ လူက စိတ်ပိုညစ်၊ အဲ့လိုနဲ့ပဲ မပြီးဆုံးတဲ့ ဘဝသံသရာ တစ်ခု ဖြစ်လာတော့တာပါပဲ။

ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ။

အဓိကကတော့ မိသားစုတာဝန်လို့ ဆိုတဲ့အတိုင်း မိခင်တစ်ဦးတည်းမှာသာ တာဝန်ရှိတာမဟုတ်ဘဲ တစ်မိသားစုလုံး ဝိုင်းဝန်းတာဝန်ယူဖို့ လိုပါတယ်။ လူဆိုတာက ကိုယ်လုပ်ရမှ၊ ကိုယ်ခံစားရမှ နားလည်တတ်ကြတာပါ။ ဒီလို နားလည်ပေးနိုင်တော့မှပဲ အမေတစ်ယောက်ဖြစ်ရတာ ဘယ်လောက် ပင်ပန်းစိတ်ဒုက္ခရောက်နိုင်လဲဆိုတာ သတိထားမိမှာပါ။

အဲ့ဒီအတွက် အိမ်မှာ ဖြစ်ပျက်နေတဲ့ အလုပ်တာဝန်တွေ အကုန် ကိုယ့်ဘက်က နိုင်သလောက် ကူညီပါ။ မကူညီပေးနိုင်ရင်တောင် စိတ်ညစ်စေလောက်တဲ့ အပြုအမူတွေ သိပ်မလုပ်ပါနဲ့။ ဇနီးဖြစ်သူကို အမြဲကြင်ကြင်နာနာ ဆက်ဆံပါ။ စိတ်ခွန်အားတိုးစေမယ့် ချီးကျူးးစကားတွေ များများပြောပေးပါ။ ကလေးတွေအနေနဲ့လည်း မိခင်ဖြစ်သူကိုသေချာဂရုစိုက်ပါ။ 👨‍👩‍👧‍👦👨‍👩‍👧‍👦

CRD............ Hello ဆရာဝန်

05/04/2024

ဆေးမသောက်ခင် 4.10.2023

ပိုးကောင်ရေ 906000
HBe ag Negative
HBe ab Positive
USG result. Chronic Hepatitis

05/11/2023

ကျမဘဝရဲ့ကျန်းမာရေးအစ ဘီပိုးသေဆေးသောက်နေရပါတယ်

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Mylife posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.