Dutiya II

Dutiya II

Share

Goodies Of All Scents! 100% Authentic Perfumes & Decants Shop In Myanmar!

16/06/2026

Uniquê Luxury Bevêrly Hills Exclusive

Review မရေးဖြစ်တာလည်း ကြာပြီ။ ဟိုမင်မင်ကတော့ ရေးပါတယ်၊ ကိုယ်ကပဲ မရေးဖြစ်တာ။ မရေးဖြစ်ဆို ရေးချင်လောက်အောင်အထိ ထိတဲ့ရေမွှေး လက်ထဲရောက်မလာတာလည်း ပါတာပေါ့။ ဒီကောင်လေးကိုတော့ ရောက်ရင်ရေးမယ် ကြံထားတယ်။ဘာလို့ဆို စစမ်းဖူးကတည်းက ဝယ်မယ်ဆိုပြီး တေးထားတဲ့ရေမွှေးတွေထဲက တခုမို့။ အဲ့တုန်းကဆို ဒီဘရန်းကို ဒီမှာ ဘယ်သူမှတောင် ကိုင်တာမတွေ့ဖူးသေးဘူး။ အသိအကိုကတော့ ၄ လုံးလောက်တောင် ဖြုတ်ပြီးနေတဲ့သကာလပေါ့။ သူပေးစမ်းတာတွေထဲကမှ ဒီကောင်လေးကို တန်းသဘောကျသွားတာ။ အဲ့ကတည်းက ဝယ်ဖို့တေးထားတာ တန်တာမတွေ့ဘူးပေါ့။ တန်တာရတော့လည်း ဝယ်ပြီးကတည်းကဆို လက်ထဲရောက်ဖို့ ၆ လလောက် ကြာသွားတယ်။ ဆိုတော့ Review မရေးဖြစ်တာ တော်တော်ကြာပြီဆိုတဲ့သဘောပဲ။

အခုတော့ ဒီကလူတွေ လက်ထဲမှာ ဒီဘရန်းကို တော်တော်များများ တွေ့လာရပါပြီ။ ဒါပေမယ့် ထင်သလောက် မများသေးဘူး။ ဒီကောင်လေးကိုလည်း ပြောတာ မတွေ့မိဘူး။ သူ့ House က တူရကီက။ Brand နာမည်က Uniquê Luxury... ရေမွှေးနာမည်က Bevêrly Hills Exclusive... တူရကီရေမွှေးတွေရဲ့ ထုံးစံအတိုင်း Concentration က Extrait de Parfum… ဒီတော့ Performance Issue မရှိဘူးဆိုတာ ခုကတည်းက ကြိုပြောထားလို့ ရတယ်။

အရင်တခါ စမ်းတုန်းကတော့ သူနဲ့တူတဲ့ရေမွှေးကို စဉ်းစားမရဘူး။ သဘောပဲကျတာ။ ဒီတခါ သေချာပြန်စမ်းမှပဲ သိလာရတယ်။ သူနဲ့ ခပ်ဆင်ဆင် တူသယောင်ရှိတာက ဒီကလူတွေ အသည်းစွဲ Naxôs… Naxôs က Honey + To***co အတွဲကိုမှ Lavender နိုင်းချင်းနဲ့ သွားတယ်။ Powdery ဖြစ်တယ်ပေါ့။ ဒီကောင်ကတော့ To***co + Honey အတွဲကိုမှ Citrus အဖွင့်နဲ့ကို Cardamom နဲ့ သွားတယ်။ Naxôs ထက်လည်း Fresh ဖြစ်တဲ့အဖွင့်နဲ့ လာပြီး တပြိုင်တည်းမှာလည်း Depth တခုရှိတယ်။ ပြောရရင် Naxôs ထက် ပိုသဘောကျတယ်။ ကိုယ်က Cardamom Fan ဖြစ်တာလည်း ပါမယ်။သူ့ Note Breakdown ထဲမှာတော့ Orange Blossom မပါပေမယ့် ကိုယ်ကတော့ ပါတယ်ထင်တယ်။

နောက်ပိုင်းတော့ သူ့ရဲ့ Main Note တွေထဲက တခုဖြစ်တဲ့ Tonka ဝင်လာတယ်။ Floral ပါးပါးလေး မဆိုစလောက် ဖြစ်မယ်။ Sandalwood ပါးပါး ရမယ်။ Sandalwood က Musk Therapy က အထာနဲ့ဆင်တယ်။ အသိသာဆုံးကတော့ Soapy Iris ပေါ့။ ဆိုရရင် Pradâ L'Homme အထာပေါ့။ ဒီတော့ Naxôs အဖွင့်ကိုမှ နောက်ပိုင်းမှာ Pradâ L'Homme ပုံစံပါတဲ့ Soapy To***co Honey ရေမွှေးလို့ ဆိုနိုင်တယ်။

ဒီရေမွှေးကို ဘယ်လိုလူတွေ ကြိုက်နိုင်လဲဆိုတော့ Naxôs, African Leather, Ani, Rhinoceros စတဲ့ ရေမွှေးတွေ ကြိုက်ရင် ကြိုက်နိုင်တယ်။ Heavy အနံ့ဖြစ်တဲ့ To***co + Honey ကိုမှ Sweet Soapy & Woody ဆန်ဆန်ကြိုက်ရင် Try ကြည့်သင့်တယ်။ Performance ကိုတော့ ထပ်ပြီးအမွှန်းတင်ရရင် Unboxing လုပ်ပြီး တချက်လောက်ဖြန်းထားတာကို အခန်းထဲဝင်တိုင်း ရနေတယ်ဆိုတာပါပဲ။ Heavy & Strong ဖြစ်တာကို ကြိုက်တဲ့သူတွေမှပဲ ဒီရေမွှေးနဲ့ ကီးကိုက်ပါမယ်။

ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်တခါ Review ရေးရလောက်အောင်ထိ သဘောကျတဲ့ရေမွှေးရှိရင် ထပ်တွေ့ကြတာပေါ့ 😁

အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ ပျော်ရွှင်ကြပါစေ ❤️

15/06/2026

တို့သွားမယ် ဟောလိဝုဒ်ပေါ့ 🥳🧑🏻‍🩰

ဒီနေ့တော့ UL ရဲ့ Bev£rly Hills Exclusive အတူတူ Unbox ကြမယ်။

နက်ဖြန် Review အရှည်လာမယ် 😉

13/06/2026

ကြုံဖူးကြလားတော့ မသိဘူး နာမည်မကြားခင် တကယ်ကိုယ်တိုင် အနံ့ကိုကြိုက်တယ်။ နာမည်ကြားမှ Influenced ခံရပြီး ဪ အဲ့ဒါကြီး ငါမကြိုက်ပါဘူးလို့ပြောင်းပြောတာ 😆

ဒီကောင်လေးကလည်း မကြိုက်သလိုလိုနဲ့ အကြိုက်ခံနေရတဲ့ Classic လေး။ 2012 ကဆိုတော့ Green Apple ခေတ်ဦးထဲပါတာပေါ့။Performance လည်းမလျော့တာမို့ အခုထိ သျှမ်းသျှမ်းတောက်ဆဲပါ။ အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ပျော်မွေ့ကြပါစေ 🥳

10/06/2026

GFS ဆိုအကြိုက်ဆုံး ထဲက တခုပဲ 🥳🥳

မြန်မာပြည် ရာသီဥတုနဲ့လိုက်တယ်၊ အနံ့တာရှည်ခံတယ်၊ Scent Quality သိပ်ကောင်းတယ်။ 💯💯

ဒါကြောင့် ပြန်လာဝယ်ရင် မီလီအကြီးတွေပဲ ဖြုတ်ကြတာ 😁 တချို့ အကိုတွေဆို တခြား Freshie တွေတောင် မတိုးတော့တဲ့အထိပဲ 😎😎 30ml အမှာလေးပါ

29/05/2026

ဒီနေ့တော့ Guerl@in ရဲ့ Peche Mirage အကြောင်းပြောကြမယ်။ သူက 'Call Me By Your Name' ဇာတ်ကားကို ရေမွှေးဗားရှင်းလို့ ခေါ်ချင်ပါတယ် 🧡🧡🧡

အရင်ဆုံးပြောချင်တာကတော့ 🍑 တွေဟာ ရေမွှေးမှာ ဘယ်တော့မှ တိုက်ရိုက်၊ တည့်ကူး Fruity Clone မဟုတ်ပါဘူး။ သိမ်မွေ့တဲ့ကွဲပြားချက်လေးတွေနဲ့ လာပါတယ်။ Peach Essential Oil ဆိုတာလည်း Perfumery မှာ မရှိပါဘူး။ အသီးရဲ့ သဘောသဘာဝအရ Extraction Method တွေနဲ့ အလုပ်မဖြစ်ပါဘူး။ ၁၉ ရာစုနှောင်းပိုင်းမှာ စတွေ့ခဲ့တဲ့ Aldehyde C-14 ဆိုတဲ့ Molecule ကြောင့်သာ 🍑 ရေမွှေးတွေ ရှိနေတာပါ။ နာမည်ကပဲ Aldehyde နော်၊ တကယ်က Gamma - undecalactone ပါ။ နောက်မှ သူဖြစ်ပေါ်လာပုံနဲ့ Peach ရဲ့ Palette တွေအကြောင်း သီးသန့်ရေးပါဦးမယ်။ (၁၉၁၉) ခုနစ်က ထွက်ခဲ့တဲ့ Guerlain ရဲ့ Mitsouko ကတော့ 🍑 Perfume လို့ပြောလိုက်ရင် ရှေ့ဆောင်လမ်းပြ ဒိတ်ဒိတ်ကြဲပေါ့။ အဲ့မှာရတာတော့ Mossy ဖြစ်ဖြစ် Peach ကို Spice ပါးပါးနဲ့ Shadow ကျကျ သွားထားတာမျိုးပါ။

ဒီမှာ နာမည်ကိုက Peche Mirage — မက်မွန်သီးရဲ့ ပုံရိပ်ရောင်လို့ ချောအောင် ဘာသာပြန်ချင်ပါတယ်။ အသီးတည့်တည့်ပဲလို့ မျှော်လင့်ထားရင် ဆောရီးပါ။
ဒီမှာ ရမှာ မဟုတ်ပါဘူး။ ဆိုတော့ CMBYN နဲ့ ဘာလို့တူတယ်လို့ပြောတာလဲဆို သူ့မှာရတဲ့ 🍑 က အသီးတိုက်ရိုက်ထက် နွေဦးလေ ပူနွေးနွေး ဖြတ်တိုက်လာတဲ့အထဲ ပါလာတဲ့ အားရပါးရမှည့်နေတဲ့ မက်မွန်သီးရနံ့လို့ ခံစားရလို့ပဲ။ ဇာတ်လမ်းတည်ထားတဲ့ အီတလီနွေဦးလိုပေါ့။

ဒါကို ခံစားဖူးဖို့ အီတလီ ရောက်စရာမလိုပါဘူး။ အပင်ရှိတဲ့အမျိုးတွေရဲ့ ခြံလောက် ရောက်ဖူးရင်ကို နီးစပ်ပြီ။ မြန်မာမက်မွန်တွေက Floral ပိုယိမ်းပါတယ်။ ဒီထဲက မက်မွန်ကတော့ Fruity ပိုသိသာတယ်။ ရွှင်နေအောင်ချိုတာတော့ မဟုတ်၊ အဝေးချိုဆိုသည့်တိုင်အောင် Fruity Palette ကတော့ ပိုသိသာဆဲပါ။ Blackcurrant ရဲ့ အထောက်အပံ့တွေပါပဲ။

ပြန်ကောက်ရရင် အဲ့ဒီလိုခြံကျယ်ကြီးထဲ မက်မွန်ပင်တွေနဲ့၊ မက်မွန်သီးတွေမှည့်ချိန် နွေဦးမှာ အပင်အောက် အေးဆေးနေရင်း ရမယ့် သွယ်ဝိုက်သော မက်မွန်ရနံ့ရယ်ပါ။ မက်မွန်နံ့နဲ့ တခြား Note တွေကြား အကွာအဝေးတခု ရှိမယ်၊ ချက်ချင်းဖမ်းဆုပ်လို့မရနိုင်တဲ့ ရောထွေးနေတဲ့ လေနွေးနွေး ပါတယ်။ အိမ်ရဲ့ စာကြည့်ခန်းထဲက တမြည့်မြည့်ရတဲ့ Leather စာအုပ်အဖုံးရဲ့ အဟောင်းနံ့လေး ပါမယ်။ အပြစ်ကင်းစင်မှုနဲ့ အသားချင်းထိကပ်အောင် ရင်းနှီးမှုကြား အလွှာပါးပါးပဲခြားတယ်လို့ ခံစားရစေတဲ့ ရေမွှေးပါ။ ရှိမှန်းတော့ သိတယ်၊ ဒါပေမယ့် ရိပ်ခနဲပဲဆိုတာမျိုးပေါ့။ Dry Down က ပိုပြီးကဗျာဆန်တယ်။ Powdery ပါးပါးနဲ့ Velvety Peach ကို ရမှာပါ။

နွေနဲ့တော့ သူ့ကို ပိုပြီးဆက်စပ်မိတယ်။ အေးတဲ့ရာသီမှာတော့ မဆွတ်ကြည့်ရသေးတော့ မပြောတတ်သေးဘူးပေါ့။ လာမယ့်ရာသီမှာပဲ စမ်းကြည့်ရမှာပဲ။

Casual လီနင်ရှပ်နဲ့ ဘောင်းဘီတိုနဲ့ ခရီးတွေထွက်တဲ့အခါ Peche Mirage ကိုပါ ခေါ်သွားကြည့်ပါ။ တခုခုတော့ ခံစားရမှာပါ။ သာယာစရာလေးပေမယ့် မရေရာခြင်းတွေများတဲ့အခါ Peche Mirage နဲ့ ငြိမ်ငြိမ်လေး အဖြေရှာကြည့်ပါ။ ကိုယ့်အာရုံအတွက် ဘာလေးက ဖမ်းဆုပ်လို့ရလဲ တွေ့လာမှာပါ။ ရှင်းလင်းတယ်၊ အရာရာသေချာမြင်ရတယ်ဆိုတဲ့ ရာသီမှာ နီးခြင်းဝေးခြင်း ပညတ်များကို ပုလင်းထဲထည့်ပေးလိုက်ပါတယ်။

အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ပျော်မွေ့ကြပါစေရှင် 🧡

Photos from Dutiya II's post 28/05/2026

FN ကို မကြိုက်တဲ့သူ မတွေ့ဘူးသေးဘူး။ ဒါဟာကိုယ်ကြိုက်လို့ အကုန်ကြိုက်ရမယ် သိမ်းကျုံးပြောတာမဟုတ်ပါဘူး။ အများစုသော နှာခေါင်းမှာ မရိုင်းတဲ့၊ ဘယ်လောက် crowd pleasing power ရှိတဲ့ ရေမွှေးလဲဆိုတာ သိစေချင်ရုံ သက်သက်ပါ။ အားလုံးပဲ နှစ်သက်ရာရနံ့နဲ့ပျော်မွေ့ကြပါစေရှင် 🧿🪬

#ရေမွှေးအကြောင်း

Photos from Dutiya II's post 25/05/2026

Latest Collection

25/05/2026

Unboxing Queening for Kings & Queens 👸 🤴

Fluffy Vanilla လေးနဲ့ တော်သင့်ရုံ Spice လေးနဲ့ Business လည်းရ၊ Casual လည်းအထာကျတာလေး။ Unisex ရပါတယ်။

Vanilla ရေမွှေးတွေ တပုံချည်းပဲ သူ့ကိုဘာလို့ရွေးရမှာလဲ? သူ့Vanilla ကချစ်ဖို့ကောင်းပြီး မွမွရွရွလေးမို့လို့။ Vanilla ဆိုလေးပင်တယ်၊ အီတယ်ဆိုတဲ့ အမြင်ကို မေ့ထားလို့ရတာလေး 💕

22/05/2026

YS|_ ရယ်လို့ဆိုလိုက်ရင် သိကြတာ Y EDP က ထိပ်ဆုံးပါပဲ။ အခုထိ စွဲစွဲလန်းလန်း ကြိုက်မိဆဲ Classy Gentleman အနံ့ တခုပါ။ Apple Note ကိုသိသိသာသာ ပွဲထုတ်ပေးနိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ Signature Scent အမှန်အကန်လေးမို့ အချက်ရေ ကစားရုံနဲ့ နွေ၊မိုး၊ဆောင်း သင့်တော်တာလေးကို ရပါပြီနော် 🤍

19/05/2026

Winter Pal@ce by Mem0 unboxing 📦
Mem0 ကအပိုင်ဆုံးကိုပြောရရင် Citrus နဲ့ Leather ပဲ။

ဒီကောင်လေးက love at first sniff လို့ပြောလို့ရတယ်။ Citrus လှလှနဲ့ဖွင့်ပြီး Amber ယဉ်ယဉ်လေးနဲ့သိမ်းတယ်။ အလယ်မှာတော့ tea ကောင်းကောင်းပေါ့။

ကဗျာဆန်တဲ့ ရနံ့တွေကြိုက်ရင်တော့ စမ်းကြည့်သင့် 🤍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon