Too's Daily Life

Too's Daily Life

Share

Love Is In The Hair.....

Photos from Too's Daily Life's post 15/06/2026

Day-9 Switzerland 🇨🇭| Grindelwald & Jungfraujoch

🏛️ Switzerland မှာ ၄ ရက်မြောက်နေ့ Europe ရဲ့ ၉ ရက်မြောက်နေ့မှာတော့ Europe ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Jungfraujoch (Top of Europe) ကိုသွားခဲ့တယ်။ အရမ်းအရမ်းကိုမှလှတယ် ရောက်ခဲ့ရင်မသွားမဖြစ်သွားဖို့တိုက်တွန်းချင်တယ်။

🏛️ Switzerland ဟာသိပ်လှတယ်၊ သိပ်အေးချမ်းတယ်၊ နေလို့သိပ်ကောင်းတယ်....ကိုယ်တော့သိပ်ပျော်တယ်။



ောက်နေ့စွဲများ

Photos from Too's Daily Life's post 14/06/2026

🇨🇭Switzerland မှာလည်ရတာ အရမ်းလှအရမ်းစိတ်ချမ်းသာရတယ် တစ်ခုပဲ

ဘာစားစား ဘာဝယ်ဝယ်သေအောင်ဈေးကြီးတယ် 🫩

ခုလည်းနေ့လည်စာကို Thai ဆိုင်မှာစားတာ ထမင်းကြော် ၁ပွဲ၊ Green Curry တစ်ပွဲ နဲ့ ပန်းသီးဖျော်ရည်တစ်လုံးကို
မြန်မာငွေ ၃သိန်း ၈သောင်း ကျော်ကျတယ်ကွယ်။

အဲ့လောက်ကြီးကျမပျော်တော့ဘူး.....😁😜
(တော်သေးတယ် မနက်ဖြန်ဆို Germany ကိုကူးပြီမို့လို့ မဟုတ်ရင် ဒီမှာကြက်လုပ်ရတော့မယ်)



ောက်နေ့စွဲများ

Photos from Too's Daily Life's post 13/06/2026

Day-8 Switzerland 🇨🇭| Iseltwald & Luterbrunnen

🏛️ ဒီနေ့ကတော့ Europe ခရီးစဉ်ရဲ့ 8ရက်မြောက်၊ Switzerland ကိုရောက်တာ ၃ရက်မြောက်နေ့မှာတော့ အာရှသားတွေကြား Crash Landing on You နဲ့နာမည်ကြီးသွားတဲ့ Iseltwald နဲ့ Luterbrunnen တို့ကိုသွားလည်ခဲ့တဲ့ပုံလေးတွေကို အပိုင်း (၂) အနေနဲ့တင်လိုက်ပြီနော်။

🇨🇭 Switzerland မှာအစစအရာရာ အရမ်း(အရမ်း)ကိုမှဈေးကြီးပါတယ်။ Cash အလုံအလောက်ဆောင်လာပါ။ ကိုယ်တွေစီက Card တွေသုံးလို့မရပါဘူး။ Train Station နဲ့နီးတဲ့ဟိုတယ်တွေမှတည်းပါ (ကားငှားစရာမလိုအောင်)။
Uber နဲ့ငှားလို့ရပေမဲ့ Local Base ကားတစ်စီးစီးကိုလက်တားငှားပြီး သူ့စီက Whatsapp နံပါတ်တောင်းထားပါ။ တစ်နေရာရာသွားချင်ရင် ၁၀မိနစ်လောက်ကြိုပြီးလှမ်းပြောရင်သူလာကြိုပေးပါတယ်။ အဲ့လိုချိတ်ထားမယ်ဆိုရင် Uber ထက်ဈေးသက်သာပါတယ်။

🏛️ ကိုယ်သွားခဲ့တဲ့ ခရီးစဉ် Details ကိုတော့ ပြန်ရောက်တော့မှပဲ အေးအေးဆေးဆေးနဲ့သေသေချာချာလေးတင်ပေးပါ့မယ်နော်။
(အဲ့တော့မှပဲ တည်းခဲ့တဲ့ဟိုတယ်တွေ ရထားစီးတာတွေ လုပ်ခဲ့တဲ့ Activity တွေ၊ စားလို့ကောင်းတဲ့စားသောက်ဆိုင်လေယတွေကိုတင်ပေးမယ်နော်)

ဟုတ်ကဲ့....ကိုတူးပါ ✌️✌️



ောက်နေ့စွဲများ

Photos from Too's Daily Life's post 11/06/2026

Day - 6 - 7 in Switzerland 🇨🇭| Lucerne & Interlaken

🏛️ ကိုယ့်ရဲ့Europe ခရီးစဉ်လေးက ဒီနေ့ဆိုရင် ၇ရက်မြောက်နေ့ကိုရောက်လာပါပြီ။ အရမ်းကိုမှအေးချမ်းလှပတဲ့နေရာလေးတွေ ပုံလေးတွေကို ကိုယ်ချစ်ရတဲ့သူတွေလည်းကြည့်ရအောင် အပိုင်း (၁) အနေနဲ့တင်ပေးလိုက်တယ်နော်...😜

🏛️ ဘာလို့အပိုင်း(၁) လဲဆိုတော့ 🇨🇭 Swiss မှာ ၅ညအိပ်နေပြီး လည်မှာမို့ နေရာတိုင်းလည်းအရမ်းလှတော့ပုံတွေရိုက်မှာဆိုတော့ အပိုင်း (၂) တွေ အပိုင်း (၃) တွေထပ်လာနိုင်သေးတာမို့ စကားပလ္လင်ခံထားတာပါနော်....ဟိ ဟိ




ောက်နေ့စွဲများ

10/06/2026

ပန်းချီကားတစ်ချပ်လိုလှတဲ့ Switzerland ရဲ့ Lucerne မြို့လေး

10/06/2026

🇮🇹 Venice မှာ Gondola စီးခဲ့တဲ့အတွေ့အကြုံနဲ့မြင်ကွင်းလေးတွေကို အားလုံးအတူတူလိုက်ကြည့်ရအောင်တင်ပေးလိုက်ပါတယ်နော်....

🇮🇹 ဒီနေ့ကတော့ Milan မှာ တစ်ညအိပ်ပြီး Switzerland နိုင်ငံ Lucerne မြို့ကိုခရီးဆက်ပါမယ်။


#အီတလီရောက်နေ့စွဲများ

Photos from Too's Daily Life's post 09/06/2026

✨ ကိုယ့်ကိုယ်ကိုချစ်ပါ။

✨ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားလေးစားပါ။

✨တစ်ပါးသူရဲ့အထင်နဲ့အမြင်တွေကို လျစ်လျူရှုနိုင်ပါစေ

ဒါမှသာဦးဦးတူးလို ရုပ်ကြည်ကြည်ချောချောလေးဖြစ်မှာ..🤭🤭


#အီတလီရောက်နေ့စွဲများ

Photos from Too's Daily Life's post 08/06/2026

Day 4 in Italy @ Venice

✨ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေပြီလို့ထင်တဲ့အခါ ခရီးထွက်ပါ။

#အီတလီရောက်နေ့စွဲများ

08/06/2026

Rome to Venice ကိုသွားတဲ့ Vlog အမြည်းလေးပါ။ 🥰


#အီတလီရောက်နေ့စွဲများ

Photos from Too's Daily Life's post 07/06/2026

Day 2 In Italy @ Rome

ဒီနေ့ကတော့ ရောမမြို့ကြီးရဲ့ဒုတိယနေ့လေးမှာ Colosseum, ဗာတီကန်စီးတီးနဲ့ ရောမမြို့ထဲဟိုဟိုဒီဒီလျှောက်သွားကြမှာပါ။

မနက်ဖြန် Day 3 မှာတော့ Rome to Venice သွားမှာပါ။
အဲ့မှာ....ရထားစီးရတဲ့အတွေ.အကြုံနဲ့သတိထားရမှာလေးတွေလည်းတင်ပေးပါ့မယ်။

ကိုယ်ကဥရောပကိုခရီးသွားတဲ့အခါ Tour Bus ကြီးစီး ဟိုတယ်ရှေ့ရောက်၊ ဟိုတယ်ကနေ သွားချင်တဲ့နေရာလိုက်ပို့ ဘယ်နှမိနစ်နေရင် ပြန်ဆုံမယ်အရောက်ပြန်လာ အဲ့လိုမကြိုက်တဲ့သူ။ ကိုယ်သွားချင်တဲ့ပုံက သူတို့ Local တွေလို အထုတ်တွေဆွဲ ရထားဘူတာကိုသွား လက်မှတ်တွေဖြတ်ရထားလာတာကိုစောင့် ကိုယ်သွားချင်တဲ့နေရာတွေ၊ ကိုယ်သဘောကျတဲ့နေရာတွေမှာ ကြိုက်သလောက်အချိန်ကြာကြာနေ ဟိုဟိုဒီဒီတွေလိုက်လျှောက်သွားနဲ့ ဥရောပကိုအဲ့လိုပတ်ချင်တာမို့ ကိုယ်တင်ပေးတာလေးတွေကနေ ယူတို့အတွက် ဗဟုသုတလေးတစ်ခုလောက်ပဲရတယ်ဆိုရင်ကို
ဦးဦးတူးကကျေနပ်ပါတယ်လေ။

#အီတလီရောက်နေ့စွဲများ

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


No10A, Mar Lar Myaing St, Bauk Htaw, Pyi Thar Yar, Yankin, Myanmar.
Yangon
951