Dr.Pan
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Pan, Beauty, cosmetic & personal care, No 11, Corner of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Tsp, Yangon.
Dr. Pan | Aesthetics & Skin Health
•Sharing aesthetic wisdom
•Detecting skin concerns early
•Personalized cosmetic guidance for YOUR skin
•Empowering women to embrace their radiance
•Beauty rooted in science, tailored to you
19/05/2026
𝐌𝐒𝐀𝐀𝐇 𝐂𝐨𝐧𝐠𝐫𝐞𝐬𝐬 𝟐𝟎𝟐𝟔
𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐆𝐥𝐨𝐛𝐚𝐥 𝐓𝐫𝐞𝐧𝐝 𝐢𝐧 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 , 𝐀𝐧𝐭𝐢-𝐚𝐠𝐢𝐧𝐠 & 𝐇𝐚𝐢𝐫 𝐑𝐞𝐬𝐭𝐨𝐫𝐚𝐭𝐢𝐨𝐧
International Speakers တွေရဲ့ Updated ဖြစ်တဲ့ Trend တွေကို အမြဲလိုက်မှီအောင် ကြိုးစားရင်း…….
Aesthetic ညီအကို မောင်နှမတွေနဲ့လည်း ဆုံရင်း……..
#𝐃𝐫𝐏𝐚𝐧
#𝐋𝐚𝐑𝐨𝐬𝐞𝐌𝐞𝐝𝐢𝐜𝐚𝐥𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜
05/05/2026
ချွေးထွက်လွန်းလို့ အဝတ်အစားတွေမှာ ချွေးကွက်ထင်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရသူတွေ
𝐃𝐞𝐨𝐝𝐨𝐫𝐚𝐧𝐭 (ချိုင်းလိမ်းဆေး) တွေ သုံးသော်လည်း မထိရောက်သူတွေ
ချွေးနံ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေသူတွေ ရှိကြလား ရှင် ?
ချိုင်းမှာ ထိုးတဲ့ 𝐁𝐨𝐭𝐨𝐱 (𝐔𝐧𝐝𝐞𝐫𝐚𝐫𝐦 𝐁𝐨𝐭𝐨𝐱) က ချွေးထွက်များသူတွေကြားမှာ တော်တော်လေး ခေတ်စားလာတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။
𝐁𝐨𝐭𝐨𝐱 (𝐁𝐨𝐭𝐮𝐥𝐢𝐧𝐮𝐦 𝐭𝐨𝐱𝐢𝐧) ကို အရေပြားအောက်ထဲ ထိုးသွင်းလိုက်တဲ့အခါ ချွေးဂလင်းတွေကို လှုံ့ဆော်ပေးတဲ့ အာရုံကြောအချက်ပြမှုတွေကို ခေတ္တခဏ ပိတ်ဆို့လိုက်ပါတယ်။ ဒါကြောင့် ချွေးဂလင်းတွေက ချွေး ထုတ်မပေးတော့ဘဲ ချိုင်းနေရာမှာ ခြောက်သွေ့နေစေတာပါ။
၁။ အကျိုးကျေးဇူးများ
• ထိုးပြီး (၂) ရက်ကနေ (၇) ရက်အတွင်းမှာတင် ချွေးထွက် သိသိသာသာ လျော့နည်းသွားတာကို ခံစားရမှာပါ။
• တစ်ခါထိုးထားရင် ပုံမှန်အားဖြင့် ၄ လကနေ ၇ လ အထိ ခံလေ့ရှိပါတယ်။
၂။ ဘေးထွက်ဆိုးကျိုး
• ထိုးတဲ့အချိန်မှာ အပ်ချက်ကြောင့် အနည်းငယ် နာကျင်တာမျိုး ရှိနိုင်ပေမယ့် (𝐍𝐮𝐦𝐛𝐢𝐧𝐠 𝐜𝐫𝐞𝐚𝐦) လိမ်းပြီးမှ ထိုးတာမို့ ခံနိုင်ရည်ရှိတဲ့ အနာမျိုးဖြစ်ပါတယ်။
• အချို့သူတွေမှာ ထိုးပြီးစ ရက်ပိုင်းအတွင်း အနည်းငယ် ရောင်ရမ်းတာ မျိုးဖြစ်တတ်ပါတယ်။
• ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကတော့ ရှောင်ကြဉ်သင့်ပါတယ်။
၃။ ထိုးပြီးနောက်ပိုင်း ဂရုစိုက်ရန်
• ထိုးပြီး ၂၄ နာရီအတွင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာမျိုး ရှောင်ရပါမယ်။
• ထိုးထားတဲ့နေရာကို ပြင်းပြင်းထန်ထန် ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး။
• ရေပူနဲ့ ရေချိုးခြင်း၊ 𝐒𝐚𝐮𝐧𝐚 ဝင်ခြင်းတို့ကို ၂ ရက်ခန့် ရှောင်ပေးရပါမယ်။
#𝐮𝐧𝐝𝐞𝐫𝐚𝐫𝐦𝐛𝐨𝐭𝐨𝐱
#𝐡𝐲𝐩𝐞𝐫𝐡𝐲𝐝𝐫𝐨𝐬𝐢𝐬
#𝐃𝐫𝐏𝐚𝐧
#𝐋𝐚𝐑𝐨𝐬𝐞𝐌𝐞𝐝𝐢𝐜𝐚𝐥𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜
04/05/2026
N𝐞𝐜𝐤 𝐚𝐠𝐢𝐧𝐠 က အလှအပရေးရာမှာရော၊ ကျန်းမာရေးရှုထောင့်မှာပါ အရေးပါတာကို အချက် ၃ ချက်နဲ့ ပြောပြပေးမယ်နော်
၁။ "𝐓𝐡𝐞 𝐀𝐠𝐞 𝐓𝐞𝐥𝐥𝐞𝐫" (အသက်အရွယ်ကို ဖော်ပြနေခြင်း)
မျက်နှာကို ဘယ်လောက်ပဲ ထိန်းသိမ်းထားပါစေ၊ လည်ပင်းအရေးအကြောင်းတွေက လူတစ်ယောက်ရဲ့ အစစ်အမှန် အသက်အရွယ်ကို အသိသာဆုံး ဖော်ပြနေတတ်ပါတယ်။ လည်ပင်းအရေပြားဟာ မျက်နှာထက် ပိုပါးလွှာပြီး 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 နဲ့ 𝐄𝐥𝐚𝐬𝐭𝐢𝐧 လျော့နည်းတာ ပိုမြန်တဲ့အတွက် အိုမင်းရင့်ရော်မှု လက္ခဏာတွေက လည်ပင်းမှာ အရင်ဆုံး စပြလေ့ရှိပါတယ်။
၂။ 𝐀𝐧𝐚𝐭𝐨𝐦𝐲 နှင့် အရေပြားဖွဲ့စည်းပုံ
လည်ပင်းမှာရှိတဲ့ အရေပြားဟာ မျက်နှာအရေပြားနဲ့ မတူတဲ့ အချက်တွေရှိပါတယ်
• လည်ပင်းမှာ အဆီဂလင်း (𝐒𝐞𝐛𝐚𝐜𝐞𝐨𝐮𝐬 𝐠𝐥𝐚𝐧𝐝𝐬) နည်းတာကြောင့် အသားအရေ ခြောက်သွေ့လွယ်ပြီး အရေးအကြောင်း ဖြစ်လွယ်ပါတယ်။
• လည်ပင်းက ကြွက်သား (𝐏𝐥𝐚𝐭𝐲𝐬𝐦𝐚) တွေဟာ အချိန်ကြာလာတာနဲ့အမျှ လျော့တွဲလာပြီး "𝐓𝐮𝐫𝐤𝐞𝐲 𝐍𝐞𝐜𝐤" လို့ခေါ်တဲ့ အရေပြားတွဲကျမှုတွေကို ဖြစ်စေပါတယ်။
၃။ ခေတ်သစ်နေထိုင်မှုပုံစံ (𝐓𝐞𝐜𝐡 𝐍𝐞𝐜𝐤)
အခုခေတ်မှာ 𝐓𝐞𝐜𝐡 𝐍𝐞𝐜𝐤 လို့ခေါ်တဲ့ ဖုန်းကြည့်ရင်း ခေါင်းငုံ့တာကြောင့် ဖြစ်လာတဲ့ လည်ပင်းအရေးအကြောင်းတွေက လူငယ်တွေမှာတောင် အဖြစ်များလာပါတယ်။ ဒါဟာ အရေပြားကိုတင်မကဘဲ လည်ပင်းရိုးနဲ့ ကြွက်သားတွေကိုပါ ထိခိုက်စေတဲ့အတွက် စောစီးစွာ ဂရုစိုက်ဖို့ လိုအပ်လာတာပါ။
𝐍𝐞𝐜𝐤 𝐀𝐠𝐢𝐧𝐠 ကို ဘယ်လို ထိန်းသိမ်းနိုင်မလဲ?
• မျက်နှာကို 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 လိမ်းသလိုမျိုးပဲ လည်ပင်းကိုပါ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 နဲ့ 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 မပျက်မကွက် လိမ်းပေးသင့်ပါတယ်။
• လည်ပင်းအရေးအကြောင်းတွေအတွက် (𝐒𝐤𝐢𝐧 𝐁𝐨𝐨𝐬𝐭𝐞𝐫) နဲ့ (𝐋𝐢𝐪𝐮𝐢𝐝 𝐓𝐡𝐫𝐞𝐚𝐝) နဲ့ (𝐁𝐢𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫) တွေဟာ အရေပြားကို တင်းရင်းစေပြီး အစင်းကြောင်းတွေကို သက်သာစေဖို့ အရမ်းထိရောက်ပါတယ်။
• လည်ပင်းအရေပြား သိသိသာသာ လျော့တွဲလာရင်တော့ 𝐓𝐡𝐫𝐞𝐚𝐝 အသုံးပြုပြီး ပြန်လည် ဆွဲတင်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။
လည်ပင်းဟာ မျက်နှာရဲ့ အလှအပကို ပြီးပြည့်စုံစေတဲ့ 𝐅𝐫𝐚𝐦𝐞 တစ်ခုဖြစ်လို့ မျက်နှာနဲ့အပြိုင် တစ်ပါတည်း ဂရုစိုက်ပေးဖို့ တကယ်လိုအပ်ပါတယ်။
#𝐧𝐞𝐜𝐤𝐚𝐠𝐢𝐧𝐠
#𝐬𝐤𝐢𝐧𝐛𝐨𝐨𝐬𝐭𝐞𝐫
#𝐥𝐢𝐪𝐮𝐢𝐝𝐭𝐡𝐫𝐞𝐚𝐝
#𝐛𝐢𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐨𝐫
#𝐃𝐫𝐏𝐚𝐧
01/05/2026
အသားအရေထိန်းသိမ်းမှုနဲ့ 𝗔𝗻𝘁𝗶-𝗮𝗴𝗶𝗻𝗴 လောကမှာ လူကြိုက်အများဆုံးဖြစ်တဲ့ 𝗦𝗰𝘂𝗹𝗽𝘁𝗿𝗮၊ 𝗣𝗿𝗼𝗳𝗵𝗶𝗹𝗼 နဲ့ 𝗥𝗲𝗷𝘂𝗿𝗮𝗻 တို့ဟာ တစ်ခုနဲ့တစ်ခု အာနိသင်မတူညီကြပါဘူး။ မိမိရဲ့ 𝗦𝗸𝗶𝗻 𝗴𝗼𝗮𝗹 ပေါ်မူတည်ပြီး ရွေးချယ် အသုံးပြုပေးပါတယ်။
၁။ 𝗦𝗰𝘂𝗹𝗽𝘁𝗿𝗮 (𝗧𝗵𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗦𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿)
𝗦𝗰𝘂𝗹𝗽𝘁𝗿𝗮 ဟာ ရိုးရိုး 𝗙𝗶𝗹𝗹𝗲𝗿 မျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 တွေကို သဘာဝအတိုင်း ပြန်လည်ထွက်ရှိလာအောင် လှုံ့ဆော်ပေးတဲ့ 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 တစ်မျိုးဖြစ်ပါတယ်။
𝗣𝗼𝗹𝘆-𝗟-𝗟𝗮𝗰𝘁𝗶𝗰 𝗔𝗰𝗶𝗱 (𝗣𝗟𝗟𝗔) ပါဝင်ပြီး မျက်နှာအသားအရေ လျော့တွဲတာကို တင်းရင်းစေခြင်း၊ ပါးချိုင့်ဝင်တာနဲ့ အတွန့်အခေါက်တွေကို ဖြည့်ပေးခြင်း (𝗩𝗼𝗹𝘂𝗺𝗲 𝗥𝗲𝘀𝘁𝗼𝗿𝗮𝘁𝗶𝗼𝗻)ကို ပိုဖြစ်စေပါတယ်။ ထိုးပြီးချင်း ချက်ချင်းမသိသာဘဲ ၂ လမှ ၃ လအတွင်း 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 အသစ်များ ထွက်လာမှ တဖြည်းဖြည်း သဘာဝအတိုင်း လှပလာပါမယ်။
• ကြာရှည်ခံမှု: ၂ နှစ်ခန့်အထိ ကြာရှည်ခံတတ်ပါတယ်။
၂။ 𝗣𝗿𝗼𝗳𝗵𝗶𝗹𝗼 (𝗧𝗵𝗲 𝗜𝗻𝗷𝗲𝗰𝘁𝗮𝗯𝗹𝗲 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗲𝗿)
𝗣𝗿𝗼𝗳𝗵𝗶𝗹𝗼 ကို "𝗦𝗸𝗶𝗻 𝗕𝗼𝗼𝘀𝘁𝗲𝗿" လို့ လူသိများပြီး အသားအရေကို အတွင်းပိုင်းအထိ ရေဓာတ်ဖြည့်တင်းပေးကာ တောက်ပစေပါတယ်။ 𝗣𝘂𝗿𝗲 𝗛𝘆𝗮𝗹𝘂𝗿𝗼𝗻𝗶𝗰 𝗔𝗰𝗶𝗱 (𝗛𝗔) ပါဝင်ပြီးအသားအရေကို 𝗚𝗹𝗼𝘄 စေခြင်း၊ ရေဓာတ်အပြည့်အဝရရှိစေခြင်း (𝗛𝘆𝗱𝗿𝗮𝘁𝗶𝗼𝗻) နဲ့ အသားအရေ ကျစ်လျစ်စေခြင်း (𝗙𝗶𝗿𝗺𝗻𝗲𝘀𝘀)ကို ဖြစ်စေပါတယ်။ထိုးပြီး ၁ ပတ်မှ ၂ ပတ်အတွင်း သိသာပါတယ်။
• ကြာရှည်ခံမှု: ၆ လမှ ၉ လခန့် ကြာရှည်ခံပါတယ်။
၃။ 𝗥𝗲𝗷𝘂𝗿𝗮𝗻 (𝗧𝗵𝗲 𝗦𝗸𝗶𝗻 𝗛𝗲𝗮𝗹𝗲𝗿)
𝗥𝗲𝗷𝘂𝗿𝗮𝗻 (သို့မဟုတ်) 𝗦𝗮𝗹𝗺𝗼𝗻 𝗗𝗡𝗔 𝗶𝗻𝗷𝗲𝗰𝘁𝗶𝗼𝗻 ဟာ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ "𝗛𝗲𝗮𝗹𝗲𝗿" ဖြစ်ပါတယ်။ 𝗣𝗼𝗹𝘆𝗻𝘂𝗰𝗹𝗲𝗼𝘁𝗶𝗱𝗲 (𝗣𝗡) - ဆယ်လ်မွန်ငါး 𝗗𝗡𝗔 မှ ထုတ်ယူထားပြီး အသားအရေ အမာရွတ်များ၊ ချွေးပေါက်ကျယ်ခြင်း၊ အမည်းစက်များနှင့် အရေးအကြောင်းများကို ကုသပေးပါတယ် ။𝗦𝗸𝗶𝗻 𝗕𝗮𝗿𝗿𝗶𝗲𝗿 ကိုလည်းသန်မာစေပါတယ်။
• ကြာရှည်ခံမှု: ၆ လခန့် ကြာရှည်ခံအောင် ၃ ကြိမ်လောက်ထိုးသင့်ပါတယ်။
30/04/2026
၂၀၂၆ ရဲ့ နောက်ဆုံးပေါ် 𝐓𝐫𝐞𝐧𝐝 ဖြစ်တဲ့ 𝐃𝐮𝐚𝐥 𝐇𝐀 (𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐀𝐜𝐢𝐝) နဲ့ 𝐄𝐂𝐌 (𝐄𝐱𝐭𝐫𝐚𝐜𝐞𝐥𝐥𝐮𝐥𝐚𝐫 𝐌𝐚𝐭𝐫𝐢𝐱) ပေါင်းစပ်မှုကို 𝐏𝐃𝐈𝐓 (𝐏𝐨𝐢𝐧𝐭 𝐃𝐞𝐫𝐦𝐢𝐬 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐓𝐞𝐜𝐡𝐧𝐢𝐪𝐮𝐞) နဲ့ 𝐂𝐚𝐧𝐧𝐮𝐥𝐚 အသုံးပြုပြီး ကုသတဲ့ နည်းလမ်းကို 𝐆𝐥𝐨𝐛𝐚𝐥 𝐓𝐫𝐚𝐢𝐧𝐞𝐫 ဖြစ်တဲ့ 𝐃𝐫.𝐇𝐨 𝐒𝐮𝐧𝐠 𝐂𝐡𝐨𝐢 ဆီကနေ သင်ယူလေ့လာခဲ့ ပါတယ်။
𝐃𝐮𝐚𝐥 𝐇𝐀: အသားအရေကို ချက်ချင်း ရေဓာတ်ပြည့်ဝ (𝐇𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧) စေပြီး 𝐕𝐨𝐥𝐮𝐦𝐞 အနည်းငယ် တက်လာစေပါတယ်။
𝐄𝐂𝐌 (𝐄𝐱𝐭𝐫𝐚𝐜𝐞𝐥𝐥𝐮𝐥𝐚𝐫 𝐌𝐚𝐭𝐫𝐢𝐱): အရေပြားဆဲလ်တွေရဲ့ ပတ်ဝန်းကျင်ကို ပြန်လည် ပြုပြင်ပေးပြီး 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 နဲ့ 𝐄𝐥𝐚𝐬𝐭𝐢𝐧 ထွက်ရှိမှုကို အားပေးတဲ့အတွက် ရေရှည်မှာ အသားအရေကို နုပျို (𝐑𝐞𝐣𝐮𝐯𝐞𝐧𝐚𝐭𝐢𝐨𝐧) စေပါတယ်။
29/04/2026
𝗖𝗲𝗹𝗹𝗥𝗘𝗗𝗠™ × 𝗛𝗜𝗟𝗢 𝗪𝗔𝗩𝗘
𝗧𝗛𝗘 “𝗡𝗘𝗪 𝗘𝗥𝗔” 𝗢𝗙 𝗥𝗘𝗚𝗘𝗡𝗘𝗥𝗔𝗧𝗜𝗩𝗘 𝗔𝗘𝗦𝗧𝗛𝗘𝗧𝗜𝗖𝗦
𝗯𝘆 𝗔𝗖𝗗𝗠 𝘅 𝗠𝗗𝗔𝗦
27/04/2026
ℕ𝕖𝕨 𝔼𝕣𝕒 𝕆𝕗 ℝ𝕖𝕘𝕖𝕟𝕖𝕣𝕒𝕥𝕚𝕧𝕖 𝔸𝕖𝕤𝕥𝕙𝕖𝕥𝕚𝕔
2026 မှာ Trend ဖြစ်လာမယ့်
𝙃𝙞𝙡𝙤𝙬𝙖𝙫𝙚 : High molecular weight & Low molecular weight HA injection
𝘾𝙚𝙡𝙡𝙍𝙀𝘿𝙈 : hADM to restore & support dermal matrix
အကြောင်းလေး ကို သွားရောက်လေ့လာခဲ့ပါတယ် 💜
နောက်ပိုင်း aesthetic medicine မှာ direct correction approach ထက် regeneration era ဘက်ကို ပိုသွားလာတယ်…💜
22/09/2025
💚𝒜𝓉𝓉𝑒𝓃𝒹𝒾𝓃𝑔 𝐸𝓍𝑜𝒩𝒶𝓉𝓊𝓇𝑒 𝐿𝒶𝓊𝓃𝒸𝒽𝒾𝓃𝑔 𝐸𝓋𝑒𝓃𝓉💚
𝒜𝓃𝒸𝒾𝑒𝓃𝓉 𝒦𝑜𝓇𝑒𝒶𝓃 𝒢𝒾𝓃𝓈𝑒𝓃𝑔 𝓅𝓁𝒶𝓃𝓉 𝑒𝓍𝑜𝓈𝑜𝓂𝑒 𝓉𝓇𝑒𝒶𝓉𝓂𝑒𝓃𝓉 𝓉𝑜 𝓇𝑒𝓋𝑒𝓇𝓈𝑒 𝓎𝑜𝓊𝓇 𝒶𝑔𝒾𝓃𝑔 …..
Click here to claim your Sponsored Listing.
Category
Website
Address
No 11, Corner Of Kan Yeik Thar Road & U Aung Myat Road, Mingalar Taung Nyunt Tsp
Yangon
11221
