Yully’s Microcosm
Sharing little delights of Beauty • Lifestyle • Food
17/02/2026
ဒီနေ့အတွက်လွယ်ကူမြန်ဆန်အရသာရှိသောနေ့လည်စာ
ပုဇွန်အချိုကြော်တာလေးရယ် ထမင်းတစ်အိုးလုံးပြောင်စေမဲ့မရမ်းသီးငရုတ်သီးထောင်းရယ်
ကိုယ်တိုင်ကလည်းအချက်အပြုတ်ဝါသနာပါတဲ့သူမို့ အိမ်မှာအမြဲချက်ဖြစ်စားဖြစ်တဲ့အစားအသောက်လေးတွေကိုစိတ်ကူးရရင်ရသလို့တင်ပါမယ်နော် 🥰
မရမ်းသီးစိမ်းငရုတ်သီးထောင်းနည်းလေးလည်းတင်ပေးပါမယ်ရှင် မျှင်ငါးပိနံ့မွှေးမွှေးသင်းသင်း ရဲကျွန်းကြက်သွန်နိုင်နိုင်ထည့်ထားတဲ့ချဉ်ချဉ်စပ်စပ်ငရုတ်သီးထောင်းတစ်ခွက်သာရှိရင်အခြားဟင်းထွေထွေထူးထူးမလိုဘူးထမင်းအင်မတန်မြိန်သော
မာန်အောင်အိမ်အလွမ်းပြေလေး ❤️
14/01/2026
မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့တဲ့ Dermafactory ရဲ့ JoJoBa 5% cleansing balm !!
ကျွန်မဒါကိုဝယ်တုန်းကတော့ ကောင်းမှာပဲ၊အဆင်ပြေမှာပဲဆိုပြီးမျှော်လင့်ချက်ကြီးစွာနှင့်ဝယ်ခဲ့တာပါ တကယ်တမ်းသုံးကြည့်လိုက်တဲ့အခါမှာတော့
Cleansing Balmတစ်ခုအနေနှင့်ဆို Dermafactory failed တယ်လို့ပြောရမလိုလိုပါပဲ
Cleansing balm ကိုကျွန်မတံဆိပ်နှစ်မျိုးသုံးဖူးပါတယ်
Clinique၊Clean it Zero နှစ်မျိုးလုံးကျွန်မအတော်လေးသဘောကျပါတယ် ဘာမှအထွေအထူးအပြစ်ပြောစရာမရှိဘူး Clinique ကတော့ကေသီမို့ပြောစရာမလိုပေမဲ့
Clean it zeroကလည်းလျော့မနေတဲ့ကေသီပါပဲ တော်တော်ကောင်းတယ် သုံးရတာစိတ်တိုင်းကျတယ် အဲ့ဒါဆိုဒီနေ့ရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ Dermafactoryကိုပြန်ဆက်ရမယ်ဆို
ဟာကွက်များတဲ့product တစ်ခုလို့ပဲပြောပါမယ်
ကျွန်မအတွက်တော့ 5 out of 10 ပါ တစ်ခါသုံးFacial towelလေးနှင့်ဆိုရင်တော့ 6.5 out of 10 ပေးပါမယ်
7ထိဘာလို့မပေးတာလဲဆိုရင် 7ဆိုကောင်းတယ် qualityရှိတယ်လိုလက်ခံပေးလို့ရတဲ့အနေအထားလို့ကျွန်မအနေနှင့်သတ်မှတ်လို့ပါ
ဒီproduct ရဲ့ ဟာကွက်တွေကိုပြောရမယ်ဆို too oilyပါ
Jojoba 5% ပါတဲ့အတွက်ဆီများသလိုခံစားရတာလည်းဖြစ်နိုင်ပါတယ် ပြီးရင်အနံ့ပါ အနံ့ကJojobaပါတဲ့အတွက် ဆီနံ့လိုမျိုးဖြစ်နေပါတယ် သိပ်တော့မဆိုးပါဘူး လက်ခံလို့ရပါတယ် အဓိကအချက်ကတော့ cleansing balm တွေသည်အခဲ(solid type)ပါ spatula(or)လက်နှင့်ယူပြီး
body temperature နှင့်ထိမှသာအရည်ပျော်ပြီးသုံးရတာဖြစ်တယ် Dermafactoryရဲ့ cleansing balmကအဲ့လိုယူပြီးမျက်နှာမှာပွတ်ဆွဲအသုံးပြုပြီးမိတ်ကပ်ဖျက်တဲ့အခါ
oilyအရမ်းဖြစ်ပြီးcontrol လုံးဝမရပါဘူး နားသယ်ဆံစပ် ဆံပင်တွေထိပါပြန့်ကုန်တာပါ အဲ့တော့ကျွန်မမှာကြိုးစားပြီး facial foam နှင့်မျက်နှာပြန်သစ်သော်ငြားလည်း facial towel မသုံးလိုက်မိတဲ့ အကြိမ်အရေအတွက်နည်းနည်းများသွားတော့ cleansing balm ကိုမျက်နှာပေါ်တင်ပြီးပွတ်လိမ်းပြီးသုံးလိုက်တဲ့အခါcontrol လုပ်မရဆံပင်တွေထဲကိုပါပြန့်ကုန်တော့ ဆံစပ်တွေမှာပါဝက်ခြံတွေထွက်လာပါတယ် cleansing balm တစ်ခါသုံးခေါင်းပါတစ်ခါတည်းလျှော်ရမဲ့အဖြစ်ပါ
နင်ဘယ်လိုသုံးလဲမှမသိတာလို့မေးရင်ပုံမှန်အတိုင်းအသုံးပြုတာပါ အရင်သုံးခဲ့တဲ့
Cleansing balm တွေတုန်းကအခုလိုလုံးဝမဖြစ်ပါဘူး
အဲ့တော့ဘာဖြစ်လဲဆိုရင် တစ်ခါသုံး facial towel လေးနှင့်အသာအယာဖိပြီးအဆီစုပ်စက္ကူသုံးသလို
သုံးရပါတယ် အကြမ်းပတမ်းပွတ်ဆွဲရင်အသားအရည်ကိုထိခိုက်တတ်ပါတယ် Facial towel လေးနှင့်တွဲသုံးလိုက်ရင်တော့မဆိုးပါဘူးအဆင်ပြေပါတယ် ခြုံပြောရရင်
cleansing balm ဖြစ်တဲ့အတွက် double cleansing ကောင်းပါတယ် သူ့ဟာလေးနှင့်သူ makeup/dirt တွေကိုကောင်းကောင်း removeလုပ်ပေးပါတယ် မဆိုးပါဘူး
ကျွန်မအနေနှင့်ကတော့ ဝယ်ပါသုံးပါအရမ်းကောင်းပါတယ်ဆိုပြီးရွှန်းရွှန်းဝေအောင်မညွှန်းပါဘူး ဒါအရိုးသားဆုံးပြောပြတာပါ မဖြစ်မနေဝယ်ဖို့လိုအပ်လားမေးရင် ကိုယ့် daily life မှာမိတ်ကပ်အမြဲလိမ်းဖြစ်နေလားပြန်သုံးသပ်ပါ full makeup အမြဲလိမ်းဖြစ်တယ်ဆိုရင်တော့ cleansing balm/oil ဝယ်ဖို့လိုအပ်ပါတယ်
ပွင့်ပွင့်လင်းလင်းပြောရရင်စျေးကွက်ထဲမှာ သူ့ထက်ကောင်းတဲ့ပစ္စည်းတွေအများကြီးရှိပါတယ်
တစ်ခုပါပဲစျေးကတော့သူ့ထက်ပိုများပါမယ်
Cleansing balmလည်းသုံးကြည့်ချင်တယ်စျေးလည်းများလွန်းတာမဝယ်ချင်ဘူးဆိုသူ့ကိုစမ်းကြည့်ပါ တစ်ခါတည်း facial towel ပါဝယ်ရပါမယ်
မဝယ်လို့မရဘူး လိုကိုလိုအပ်ပါတယ်
အဓိကအချက်ကတော့ full makeup လိမ်းတဲ့အချိန်မှသာသုံးရပါမယ်နော် Daily skincare လေးလိမ်းပေါင်ဒါလေးအုပ်ရုံလောက်က cleansing water နှင့်ဖျက်ပါအဆင်ပြေပါတယ် cleansing balm/oilမလိုအပ်ပါဘူး မိတ်ကပ်ထူထူလိမ်းတဲ့ရက်တွေ eye makeup လိမ်းတဲ့ရက်တွေဆို cleansing balm/oilသုံးပေးတာက cleansing water သုံးတာထက်ပိုထိရောက်ပါတယ် skin barrier ထိခိုက်မှု့လည်းနည်းစေတယ်
Eye makeup အတွက်သီးသန့် remover တွေလည်းရှိပါတယ် ကိုယ်ကြိုက်တာကိုယ်သုံးပါ အဓိကကတော့ full makeup အပြည့်အွန်ထားပြီး cleansing water ကိုcotton padထဲထည့် တစ်ခါလည်းမပြီးနှစ်ခါလည်းမပြီး cotton padဆယ်ခုလောက်အကုန်ခံပြီးမျက်နှာကြီးတစ်ခုလုံး ရဲပဒေါင်းခတ်နေအောင်တဗြီးဗြီးပွတ်မဆွဲရင်ရပါပြီ
မလိုအပ်ပဲ cotton padတွေအများကြီးသုံးပြီး
မိမိရဲ့အရေပြားကိုထိခိုက်အောင်မလုပ်ပါနဲ့
ကျွန်မpageမှာကလေ တောက်လျှောက်ရီဗျူးအကောင်းတွေချည်းရေးလာခဲ့တော့ ဒါရေးတင်ဖို့ကိုစဉ်းစားနေတာတစ်ပတ်လောက်ကြာပါတယ်
ဒါပေမဲ့နောက်ဆုံးမှာတော့ရေးတင်လိုက်ပါတယ် မကောင်းတာကိုအတင်းဇွတ်ကောင်းသလိုရီဗျူးမပေးချင်သလို ကိုယ့်စာကိုဖတ်တဲ့သူတွေကိုလည်းအရိုးသားဆုံးပဲမြင်စေချင်လို့ပါ ကိုယ့်ကြောင့်ပိုက်ဆံကုန်ရကျိုးမနပ်တာမျိုးမဖြစ်စေချင်တာအမှန်ပါ ဒီနေ့တော့ဒီလောက်ပါပဲရှင်
နောက်ရက်တွေမှာပြန်တွေ့ကြပါမယ်နော် ❤️✨
03/12/2025
Good Virtues Co myanmar ကထုတ်တဲ့ roll on လေးတွေကတော်တော်ကောင်းသောနော် ကျွန်မဒါကိုဝယ်လိုက်တာက budget အရရောအချိန်မရတာရောကြောင့်ဝယ်ဖြစ်သွားတာ ခါတိုင်းသုံးနေကြက Dove deodorant stick တွေပေါ့နော် October တုန်းကစာမေးပွဲကလည်းရှိ
သုံးနေကြ deodorant ရောင်းတဲ့ဆိုင်ထိလည်းသွားမဝယ်နိုင်တော့အိမ်နှင့်တစ်တိုက်ကျော်မှာရှိတဲ့ ရွှေအိုးကနေဒါလေးတွေ့တော့ဝယ်ချလိုက်တာ ကိုယ်ဝယ်တုန်းက discount လည်းရှိနေတော့ 12000လောက်နှင့်ရလာတယ် ပုံမှန်စျေးက14500လားပဲ အိုင်မမှတ်မိ 😅
အနံ့က၄မျိုးလာပါတယ် အနံ့တစ်မျိုးကိုအာနိသင်ကတစ်မျိုးစီပါပါတယ် အနံ့၄မျိုးထဲမှာမှ သဘောအကျဆုံး
ကျွန်မအကြိုက်ဆုံးက ဒီဟာလေးပါ Aloe Vera 🌱 For skin repair အနံ့အရမ်းကောင်းပါတယ် ကျွန်မအတွက်ဆိုဒီအနံ့လေးကတော်တော်အဆင်ပြေတယ် သင်းသင်းလေးနှင့် so freshပါ ချွေးနံ့ဂျိုင်းနံ့တစ်နေကုန်ထိန်းပါတယ် ထင်တောင်မထင်ထားဘူး ဒီလောက်ကောင်းလိမ့်မယ်လို့ ပေးရတဲ့စျေးနှင့်ပြန်ရတဲ့qualityတန်ပါတယ်ရှင်
Oct/Nov နှစ်လနီးပါးသုံးကြည့်ပြီးမှပေးတဲ့ရီဗျူးလေးပါ
စစချင်းတုန်းကသုံးသာသုံးရတာဘယ်တော့ဂျိုင်းကြီးကမည်းလာမလဲစိုးရိမ်နေတာ မမည်းပါဘူးနော် အဲ့တစ်ချက်နှင့်တင်ဝယ်ဖို့သင့်တော်သော အနံ့ကလည်းတစ်နေကုန်ထိန်းပါတယ် နေပူကျဲတဲထဲမှာချွေးတဒီးဒီးကျပြီးအပြင်ထွက်တဲ့နေ့မျိုးဆိုလည်းအေးဆေး
ကျွန်မကိုယ်တိုင်စမ်းသပ်ပြီးပါပြီ deodorant stickတွေဝယ်သုံးဖို့budgetချိန်နေရတယ် qualityကောင်းတာလေးလည်းသုံးချင်တယ်ဆိုမျက်စိမှိတ်ပြီးသာဝယ်ချလိုက်ပါလို့တိုက်တွန်းပါရစေရှင် ကျွန်မကတော့ကုန်သွားရင်ထပ်ဝယ်မဲ့စာရင်းထဲဒီ roll onလေးကိုထည့်လိုက်ပါပြီ
အဆုံးထိဖတ်ပေးလို့ကျေးဇူးပါရှင့် ကျန်းမာရေးဂရုစိုက်ကြပါနော် အားလုံးပဲတာ့တာ 🫶🏼☘️
16/08/2024
GOODAL heartleaf Calming Moisture Sun cream
ဒါလေးကလေ Global မှာပေါက်သလောက် မြန်မာမှာတော့အလစ်တဲလေးများ underrated ဖြစ်သလားလို့လေ
အကုန်လုံးက Round Labတို့BOJတို့Skin1004တို့ဘာညာနှင့်အရမ်းပေါက်နေကြတဲ့အချိန်မှာဒီsunscreen လေးကသိပ်လူပြောမများသလိုခံစားရလို့ hidden gemလေးပါနော်သူက သုံးကြည့်လိုက်တော့မှ Wowဆိုတဲ့ခံစားချက်မျိုးရတာရယ် အပိုမပြောဘူးတကယ်
Yully ဒီsunscreen ကိုဝယ်လိုက်တာက အသစ်ပြောင်းသုံးချင်တာရယ် Goodalဖြစ်နေတာရယ် saleချတဲ့အချိန်နှင့်ကြုံသွားတာရယ်ကြောင့်ဝယ်ဖြစ်သွားတာ
သိတဲ့အတိုင်းပြီးခဲ့တဲ့လတွေတုန်းကGoodalရဲ့ Vit C serumကအရမ်းဟော့ဖြစ်နေခဲ့တာဆိုတော့ Goodalရဲ့ sunscreen ကိုလည်းစိတ်ချလက်ချဝယ်လိုက်တာ ခုနောက်ပိုင်းHeartleaf(Houttuynia Cortada)နှင့်လုပ်တဲ့ skincare တွေK beauty industry မှာတအားများလာတာတွေ့ရတယ် သူကကွမ်းရွက်လိုပေါ့လေ Southeast Asia မှာတွေ့ရတယ် ဒါပေမဲ့စားတဲ့ကွမ်းရွက်စစ်စစ်ကြီးရယ်လို့တော့မထင်ဘူး မျိုးနွယ်တူကောင်းတူလိမ့်မယ် သူကအဓိက calming အတော်ဖြစ်စေတဲ့ Herbတစ်မျိုးပေါ့လေ အခြားသောbenefits တွေလည်းအများကြီးရှိတယ်
ဒါကြောင့်လည်း skincare products တွေမှာ main ingredient အနေနှင့်အသုံးများလာကြတာ ဒါကတော့သူ့မှာပါတဲ့ main ingredientအကြောင်းလိုတိုရှင်းလေးပေါ့
Sunscreen အကြောင်းဆက်ပြောရရင်
သူကလေ calming moisture Sun cream ဆိုတဲ့အတိုင်းပဲအသားအရေကိုတော်တော် calmဖြစ်စေတဲ့အပြင် အစိုဓာတ်ကိုပါလုံလောက်အောင်ပေးတယ် အထူးသဖြင့်အရေပြားကနီရဲပြီးပူနေတဲ့အချိန်မျိုး breakouts တွေဖြစ်ပြီးအရေပြားကအထိမခံနိုင်တဲ့အခါမျိုးတွေမှာတောင်သူ့ကိုသုံးလို့ရတယ် ကိုယ်တိုင်လည်းသုံးခဲ့တာမို့လို့
Oily/Super oily/ Combination skin တွေသူ့ကိုသုံးကြည့်ဖို့ recommend လုပ်ပါတယ် လုံးဝသဘောကျသွားစေရမယ်လို့အပြည့်အဝအာမခံတယ် All skin types သုံးလို့ရတယ် သို့သော်အပေါ်ကmentioned ထားတဲ့အသားအရည်ပိုင်ရှင်တွေနှင့်ဆိုပိုသင့်တော်မယ် ကိုယ်တိုင်လည်း oily skin မို့လို့ ပြောရမယ်ဆို She’s the whole package ပါ
Lightweight ဖြစ်တယ် No white cast/Vegan/Non sticky/Soothes sensitive skin သူ့တစ်ခုတည်းနှင့်အကုန်ပြည့်စုံပြီးသား လိမ်းရတာလည်းအေးအေးလေး
လိမ်းပြီးသွားရင်လည်းမခြောက်သွားဘူး စိုစိုအိအိလေး
ရေဓာတ်ပြည့်ဝနေသလိုကျန်ခဲ့တယ် Dewy finish ပေါ့
အခုလိုအစစအရာအကုန်စျေးတက်နေတဲ့အချိန်မှာ
ဘယ်ဟာဝယ်ရမှန်းမသိစမ်းတဝါးဝါးဖြစ်နေရင်ဒါလေးကိုဝယ်ဖို့အကြံပေးချင်ပါတယ်နော် ကိုယ်ဝယ်တုန်းကတော့saleနှင့်မို့သုံးသောင်းဝန်းကျင်လောက်ပဲပေးရတယ် saleမရှိပဲဆိုလေးသောင်းပတ်ချာလည်လောက်ဖြစ်မယ်ထင်တယ် ဘာလိမ်းလိမ်းမတည့်တဲ့မစန်းတင့်တို့အတွက်လည်းသူကအဆင်ပြေတယ်နော်
အနံလည်းမပါဘူး လိမ်းရဖြန့်ရလည်းလွယ်မှလွယ် creamသာပြောတာခပ်ကျဲကျဲရယ် သူ့textureက serumလေးလိုပဲ Yullyဝယ်တာက Myat's Korean Cosmeticsကပါ အခြားစိတ်ချရတဲ့ Korean skincare ရောင်းတဲ့ဘယ်os ကမဆိုဝယ်ယူနိုင်ပါတယ် အားလုံးပဲအဆင်ပြေကြပါစေနော် ❤️
#
15/05/2024
Local brandထဲကသုံးဖူးသမျှထဲမှာ Yullyအကြိုက်ဆုံး
အဆင်ပြေဆုံးအကောင်းဆုံး perfume ကိုညွှန်းရမယ်ဆိုရင် MEMORI ကရေမွှေးလေးတွေကိုပဲညွှန်းချင်တယ်
Local brandတွေထဲကရေမွှေးတော်တော်များများသုံးဖူးတယ် စိတ်တိုင်းမကျဘူး အဆင်ပြေတာလည်းရှိသလိုအဆင်မပြေတာလည်းကြုံရတယ် အဲ့တာကြောင့်သိပ်စိတ်တိုင်းမကျလို့ရီဗျူးမပေးဖြစ်တာ ဒါလေးကတော့စစဆွတ်လိုက်တဲ့အချိန်မှာကို အရင်သုံးဖူးခဲ့တဲ့ local brand
တွေလို alcoholအနံ့စူးစူးကြီးကိုအရင်မရပဲ နာမည်ကြီးရေမွှေးတစ်ခုကိုဆွတ်လိုက်ရသလိုခံစားချက်မျိုးရစေတယ် အပိုမပြောဘူးတကယ် ဘာလို့လဲဆိုဒါကစပွန်ဆာပို့စ်လည်းမဟုတ်သလို ကိုယ်တိုင်ဝယ်ပြီးကြိုက်လွန်းလို့ သေချာအချိန်ပေးပြီးတော့ကိုရီဗျုူးရေးပေးဖြစ်တာပါ
Yullyကတော်ရုံကိုယ်ကအဆင်မပြေဘူးလို့ခံစားရရင်ပို့စ်
တင်ပေးလေ့မရှိပါဘူး အဲ့ဒါကြောင့်လည်းpageမှာ ပို့စ်တွေကတစ်ခုနှင့်တစ်ခုတင်တာအချိန်တအားကွာဟနေတာပေါ့နော် သုံးလို့ကြိုက်တယ်သဘောကျတယ်ဆိုလည်းအနည်းဆုံး၂/၃ပတ်လောက်စွဲမသုံးပဲလည်းရီဗျူးမပေးပါဘူး ဒါကဒီတိုင်းကြုံလို့ပြောပြတာပါ ❤️
ရေမွှေးအကြောင်းပြန်ဆက်ရရင်တော့ Yully ကကောင်တာမှာအနံ့အစုံစမ်းခဲ့ပါတယ် အဲ့ထဲကမှ
white bouquetဆိုတဲ့အနံ့လေးရယ် သူတို့ဆီမှာ best sellerထဲကတစ်ခုဖြစ်တဲ့ eternalဆိုတဲ့အနံ့လေးရယ်ကို full sized 30ml ဝယ်ခဲ့ပါတယ် seaside harmony ဆိုတဲ့ unisex အနံ့လေးကိုက 10mlဝယ်ခဲ့ပါတယ်
ဝယ်လာခဲ့သမျှရေမွှေးတွေရဲ့ top/middle/end notes တွေကိုကသိပ်မမှတ်မိတော့လို့အသေးစိတ်တော့မရှင်းပြတော့ဘူးနော် 😅
White Bouquetလေးက အနံ့ကသင်းသင်းလေးပါ တည်ငြိမ်တဲ့အမျိုးသမီးတွေလုပ်ငန်းခွင်ထဲမှာအလုပ်လုပ်နေတဲ့အမျိုးသမီးလေးတွေနှင့်လိုက်ဖက်တဲ့အနံ့လေးပါ White Bouquetဆိုတဲ့အတိုင်းပဲကိုယ့်ရင်ခွင်ထဲမှာပန်းစည်းလေးထွေးပွေ့ထားရသလိုနွေးထွေးကြည်နူးစေမဲ့အနံ့မျိုးပါ Summerနှင့်လည်းလိုက်ပါတယ်
Best seller ဖြစ်တဲ့ Eternalကတော့Yullyမှတ်မိသလောက်သူ့ရဲ့ top notes ထဲမှာ strawberry/raspberry
ပါတဲ့အတွက် သူ့အနံ့ပိုပြီးလူငယ်ဆန်ပါတယ် sexyလည်းဖြစ်တဲ့အတွက်ညဖက်ပွဲတွေနှင့်ပိုလိုက်သလိုခံစားရတယ်
အနံ့လည်းပိုစူးတဲ့အတွက် ညဖက်club/barတွေသွားတဲ့အခါဆွတ်ဖို့ပိုသင့်တော်တယ် မနက်ဖက်ဆွတ်မယ်ဆို တစ်ချက်နှစ်ချက်လောက်ဖြန်းရုံနှင့်လုံလောက်ပါတယ်
Seaside Harmony လေးကတော့ unisex လို့ပြောပေမဲ့
ပိုပြီးmanly ဖြစ်ပါတယ် Seaside Harmony ဆိုတဲ့နာမည်အတိုင်းပဲသူ့အနံ့ကocean အနံ့မျိုးပါ strongဖြစ်တယ် pure and cleanဖြစ်တယ် manly ဖြစ်တဲ့ဖက်ကိုပိုသွားတယ် စစဆွတ်တုန်းကအဲ့လောက်မဟုတ်ပေမဲ့အချိန်ကြာလာလေယောင်္ကျားပိုဆန်လာလေပါသူ့အနံ့က နောက်တစ်ခုက Yullyကြိုက်ပေမဲ့အနံ့နည်းနည်းပျော့လို့မယူဖြစ်ခဲ့တဲ့ဟာလေးတစ်ခုရှိပါတယ်
Berry Blissဆိုတဲ့အနံ့လေးပါ သူကtop notes မှာ passion fruit ပါတဲ့အတွက်အနံ့လေးကတော်တော် freshဖြစ်ပြီမွှေးပါတယ် freshဖြစ်တယ်ဆိုပေမဲ့သူက lemonတို့orange တို့လိုမဟုတ်ပဲချိုမွှေးတဲ့ဖက်ကိုသွားပါတယ် အနီးစပ်ဆုံးပြောရရင် ရေချိုးခေါင်းလျှော်ပြီးလို့ကျန်ခဲ့တဲ့လန်းဆန်းမှု့နှင့်မွှေးရနံ့မျိုးပါ သူကinstockတစ်ဗူးပဲကျန်တော့တယ်ပြောတယ် အနံ့ပျော့ပေမဲ့စိတ်ကြည်စေတဲ့အနံ့ချိုချိုလေးမို့လူကြိုက်များပုံရတယ် သူ့ဆီကရေမွှေးလေးတွေအကုန်လုံးနီးပါးတော်တော်အနံ့စွဲတယ် တစ်ချက်နှစ်ချက်ဖြန်းရုံနှင့်လုံလောက်တယ် ရေမွှေးဆွတ်ထားတဲ့အင်္ကျီလေးများအခန်းထဲဂျိတ်လေးနှင့်ချိတ်ထားလိုက်ရင်တစ်ခန်းလုံးမွှေးနေတာ long lasting ကတော့၈နာရီလောက်ထိခံတယ်ပြောပါတယ် တကယ်လည်းအဲ့လောက်နီးပါးကိုအနံ့က
တော်တော်လေးစွဲပါတယ်
မနက်ကနေဆွတ်ထားရင်ညနေထိအနံ့လေးကကျန်တုန်း
Packaging လေးကလည်းတကယ် luxury ဆန်တယ်
သူ့ဆီမှာ Luxuri ဆိုတဲ့pageလေးလည်းတစ်ခုရှိပါသေးတယ် Yullyထင်တာတော့အဲ့pageလေးကအရင်စတာနှင့်တူတယ်ထင်တာပြောတာပါနော် မှားသွားရင်လည်းsorryပါရှင့် အဲ့pageမှာက essential oils လေးတွေရပါတယ် Aromatherapy နှင့်ပတ်သက်တာလေးတွေစုံနေအောင်ဝယ်လို့ရပါတယ် Yullyကတော့သူ့ကိုအရင်ဆုံးစသိတာ essential oils လေးတွေ rollerball perfume တွေနှင့်စသိတာပါ သူ့ဆီက rollerball perfume လေးတွေလည်းကောင်းတယ် ဒီperfume တွေလောက်အနံ့တွေသိပ်မစွဲသလိုခံစားရတယ် ဒါပေမဲ့ခြုံပြောရရင် ပေးရတဲ့စျေးနှင့်ဆို rollerballလေးတွေကလည်းသုံးပျော်တဲ့အထဲပါတယ် Yullyအခုဝယ်ခဲ့တာက အသစ်ဖွင့်ထားတဲ့ M towerကပါ ground floorကနေတက်သွားရင် 1st floor စက်လှေကားဘေးမှာရှိပါတယ် Mother's Day promotionရှိလို့ ပုံမှန် 35500ကို25500နှင့်ရခဲ့ပါတယ်
Promotionကနောက်တစ်ရက်နှစ်ရက်လောက်ပဲရှိတော့မယ်ပြောလို့မြန်မြန်လေးသွားဝယ်ထားနော်
ရေမွှေးလေးတွေကလေ testလုပ်တဲ့paperပေါ်ဖြန်းပြီးအနံ့စမ်းတာထက် ကိုယ့်အသားပေါ်အဝတ်အစားပေါ်ဖြန်းပြီးစမ်းတာပိုအဆင်ပြေပါတယ် ဘာလို့လဲဆိုကိုယ့်အသားပေါ်ဆွတ်လိုက်တော့မှကိုယ့်ခန္ဓာကိုယ်ပေါ်မူတည်ပြီးအနံ့ကအပြောင်းအလဲဖြစ်ပြီးကိုယ်နှင့်လိုက်မလိုက်သေချာသိရမှာမို့ပါ ပြီးရင် top notesပြီးသွားတဲ့အခါနောက်ကလိုက်လာမဲ့ middle/end notesလေးတွေကိုလည်းသေချာစမ်းကြည့်ပြီးမှဝယ်တာပိုကောင်းပါတယ် စျေးသက်သက်သာသာနှင့်တကယ်qualityပြည့်ဝတဲ့ local brandထဲကရေမွှေးတွေကိုစမ်းသုံးကြည့်ချင်တယ်ဆိုမျက်စိမှိတ်သာဝယ်ချလိုက် မမှားစေရဘူးစိတ်ချဒါပေမဲ့ မှာကတော့ဝယ်ပြီးအနံ့မကြိုက်တာတို့အဆင်မပြေတာတို့ဆိုသူတို့သတ်မှတ်ထားတဲ့ရက်အတွင်း bottle chargesထပ်ပေါင်းပေးပြီးပြန်လဲလို့ရတယ်လို့သိရပါတယ် သေချာအောင်တော့မမေးခဲ့ရဘူး
သူတို့pageမှာတင်ထားတာလေးတွေ့မိလို့
ဒါဆိုဒီနေ့တော့ဒီလောက်ပါပဲနော် စာလေးလည်းရှည်သွားပြီဆိုတော့ အားလုံးတာ့တာပါ ❤️
03/05/2024
ဒီနွေပူပူမှာ အဆင်အပြေဆုံးအရွေးသင့်ဆုံးserumတစ်ခုကိုညွှန်းပေးပါဆိုရင်Yullyကတော့ Derma Factory ကနေထုတ်ထားတဲ့ EDLP Houttuynia cordata 89% serum
ကိုပဲညွှန်းပေးချင်တယ် သူ့ကိုမဝယ်ခင်တုန်းကဆိုတကယ်ဒီလောက်ထိကောင်းလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူး ပေးရတဲ့စျေးနှင့်ပြန်ရတဲ့qualityကတကယ်
လုံးဝ surprise ပါပဲ Yullyသူ့ကိုဝယ်လိုက်တာက Summer အတွက်အေးအေးလေးနှင့်ရေဓာတ်ဖြည့်ပေးနိုင်မဲ့ serum တစ်ခုအနေနှင့်ရည်ရွယ်ပြီးဝယ်လိုက်တာ
လက်ထဲမရောက်သေးခင်ကတော့ တစ်သောင်းခွဲစွန်းစွန်းဆိုတဲ့သူ့စျေးအနေအထားကိုကြည့်ပြီး ကောင်းမှကောင်းပါ့မလားဆိုတဲ့စိုးရိမ်စိတ်ဖြစ်ခဲ့တာပေါ့နော် ကိုယ်ကပုံမှန်ဆိုဝယ်လိုက်သမျှserumတော်တော်များများက အသားထဲစိမ့်မဝင်တာမျိုး ယားတာပူတာစသဖြင့်ပေါ့နော် အဲ့လိုမျိုးအရင်ကဖြစ်ဖူးတော့သူ့ကိုလည်းအဆင်မှပြေပါ့မလားလို့တွေးနေတာ တကယ်လည်းလိမ်းလိုက်ရောအဆင်ပြေလိုက်တာမှလေ မျက်နှာပေါ်တင်လိုက်တာနှင့်ချက်ချင်းအေးပြီးစိမ့်ဝင်တာလည်းမြန်တယ်
သူ့အနေအထားလေးနှင့်သူအသားအရေကိုလည်းရေဓာတ်ပြန်ဖြည့်ပေးနိုင်တယ် အသားအရေနီရဲယောင်ယမ်းနေတာတွေကိုsoothing လုပ်ပေးနိုင်တယ် calmဖြစ်စေတယ် အရောင်မပါအနံ့မပါတဲ့အတွက်sensitive သမားတွေအတွက်တအားအဆင်ပြေတယ် All skin types သုံးလို့ရတယ် sensitive skinသမားတွေအတွက်အဓိကပေါ့ အဓိကကြိုက်တာ textureပါမပျစ်မကျဲtextureလေးကလေ အေးအေးလေးနှင့်လိမ်းလိုက်တာနှင့်ချက်ချင်းအသားထဲစိမ့်ဝင်သွားတာ အပိုမပြောဘူးတကယ် ဒီနွေနှင့်ဒီရာသီဥတုနှင့်ကတော့ ဒီserumလေးကအဝယ်သင့်ဆုံးပါပဲ စျေးကလည်း
၂သောင်းတောင်မပြည့်တဲ့အနေအထားမှာ ဒီလိုqualityပြည့်ဝတဲ့productမျိုးရတယ်ဆိုတာတကယ်amazingပါပဲ
Derma Factoryရဲ့သူ့ကိုထုတ်တဲ့ရည်ရွယ်ချက်က EDLP(Everyday Low Price)လေနော် packagingကလည်းရိုးရှင်းတယ် စက္ကူဘူးဘာညာမပါတဲ့အတွက် အဲ့အတွက်ပေးစရာမလိုဘူးပစ္စည်းရဲ့qualityအဓိကပေါ့နော်
မလိုအပ်တာတွေအတွက်မကုန်အောင်လုပ်ပေးတဲ့သဘောပေါ့ အဖုံးလေးကလည်းရိုးရှင်းတယ် ဆွဲဖွင့်စရာမလိုဘူး အသာလေးစွပ်လို့ရဖြုတ်လို့ရတဲ့အဖုံးပိစိလေး pumpနှင့်ကွက်တိလုပ်ထားပေးတယ်
Yullyကတော့ Derma Factoryရဲ့ Niacinamide 11%ပါတဲ့
Water essenceရယ်ဒီserumလေးရယ်တွဲလိမ်းပါတယ်
Derma Factory ရဲ့productလေးတွေကစျေးသက်သာတယ် ပစ္စည်းqualityကိုအပြည့်အဝရအောင်ထုတ်ပေးထားတာဖြစ်တဲ့အတွက် skincareကိုbudget ချိန်ပြီးဝယ်ချင်တဲ့သူလေးတွေအတွက်အရမ်းအဆင်ပြေပါတယ် အမှန်တော့လေခုလတ်တလောမှာသုံးဖြစ်နေတဲ့ productတွေကအများကြီးပဲ ရီဗျူးပေးစရာတွေလည်းအများကြီးပဲ အပျင်းကြီးပြီးဘာမှမတင်ဖြစ်တာ heee
ဖြည်းဖြည်းချင်းတင်ပေးပါမယ်နော် ဒီနေ့ကတော့ဒီလောက်ပါပဲရှင် Yullyရီဗျူးတင်ပေးတဲ့ပစ္စည်းလေးတွေအကုန်လုံးကလေအနည်းဆုံး၂ပတ်ကျော်လောက်သုံးကြည့်ပြီးမှတကယ်သဘောကျတဲ့ပစ္စည်းလေးတွေပဲရွေးတင်တာပါ မကြိုက်တဲ့အဆင်မပြေတဲ့ဟာတွေဆိုလုံးဝ recommendမပေးဘူး ခုလက်ရှိသုံးနေတာserumက ၂မျိုးရှိတယ် Celimaxကserumလေးရယ်ဒီဟာလေးရယ်
ဒါလေးကိုရီဗျူးအရမ်းပေးချင်လာလို့လိုတိုရှင်းရီဗျူးလေးအရင်တင်လိုက်တာ နောက်ရက်မှ Celimaxရဲ့ serumလေးအကြောင်းတင်ပေးမယ်နော် ❤️
ဒီserumလေးကို Derma Factory Myanmar
pageကနေလည်းဝယ်လို့ရသလို အခြားစိတ်ချရတဲ့OSတွေကနေလည်းဝယ်လို့ရပါတယ်နော် Yullyဝယ်တာကတော့ Girl Generation korea comestic online store ကပါ
03/05/2024
အခုလိုရာသီဥတုမှာလိုအပ်နေတာ ဒါမျိိုး 🥲👍🏼
Pic_crd
30/03/2024
ဒီနေ့တော့စိတ်ကူးပေါက်တာနဲ့ခါတိုင်းလိုအလှအပအကြောင်းတွေမဟုတ်ပဲ အစားအသောက်အကြောင်းလေးတင်ချင်လာလို့ ၅မိနစ်အမြန်၁၀မိနစ်
အမြန်ဟင်းဘာညာလို့တော့ခေါင်းစဉ်မတပ်တော့ဘူးနော် ဘာလို့လဲဆိုကိုယ်ကလက်ကြာတတ်တဲ့သူမို့ပုဇွန်ကိုင်တာတင်၁၀မိနစ်လောက်ဖြစ်နေလို့ 🥲
Weightချနေတဲ့သူတွေ healthy mealsတွေစားဖြစ်အောင်ကြိုးစားနေတဲ့သူတွေအကုန်လုံးအလွယ်တကူအရသာရှိရှိလုပ်စားကြည့်လို့ရတယ် Thai styleပေါ့ ပင်စိမ်းလေးနှင့် ဝက်/ကြက်ပင်စိမ်းတွေပဲစားရတာရိုးလာရင်အသားကြီးငါးကြီးမစားချင်ရင်ခုလိုပုဇွန်ခပ်လတ်လတ်ကလေးတွေနှင့်ချက်စားတအားကောင်းတာ
Yullyကတော့ထပ်ကွန့်ပြီးအာလူးနှင့်ဥနီပါထပ်ထည့်ထားတယ် Vegetablesတွေပါပါတော့ဟင်းတစ်ခွက်တည်းနှင့်ပြီးတာပေါ့ အချိန်ကုန်သက်သာတယ် ပိုစားလို့လည်းကောင်းတယ် ကြက်သွန်ဖြူ/နီဆီသတ်အာလူးပစ်ထည့်ပြီးကြော်ထားလိုက်နူးရင်ဥနီထည့်တစ်မိနစ်လောက်ကြော်ပြီးရင်ပုဇွန်ထည့်ငရုတ်သီးစိမ်းညှပ်
ထည့် ပုဇွန်က3/4minsပဲ Cပုစံကွေးသွားရင်ကျက်ပြီ overcooked ဖြစ်ရင်စားမကောင်းဘူး ပြီးတာနဲ့ပင်စိမ်းအုပ်အိုးချစားရုံပဲ အရသာကကြာညို့ခရုဆီပုဇွန်ထမ်းငံပြာရည်ကိုယ်စားချင်သလိုစပ်ပြီးထည့်လိုက်တာ MSGစားတတ်ရင်နည်းနည်းထည့်ပေါ့ မပါရင်ပိုကောင်း
ထမင်းကတော့လေ Rice berryလို့ခေါ်တဲ့ထိုင်းကလာတဲ့ဆန်ကိုစားကြည့်နေတယ်ခု အဓိကကတော့ Yullyက
ဝိတ်ကျချင်တာထက်ကိုယ့်ကျန်းမာရေးအတွက်ပေါ့
သူကဆန်အဖြူထက်ပိုကောင်းတယ် ဝိတ်မတက်ဘူး
ဝိတ်ထိန်းတယ်ပေါ့ အကောင်းဆုံးအချက်ကတော့ဝမ်းမှန်တာ Yullyကဝမ်းချုပ်တတ်လို့သူ့ကိုစားတာ
ဝမ်းတအားမှန်တာနော် သင့်တင့်ရုံစားတာနဲ့ဗိုက်ပြည့်တယ် ဆန်အဖြူလောက်စားလို့ထမင်းမဝင်ဘူး ဆန်အဖြူကတော့ဟင်းကောင်းရင်တစ်အိုးချက်အကုန်ပြောင်အောင်စားဝင်တာပဲ သူကကောက်ညှင်းငချိတ်နှင့်ဆင်တယ် ဒါမဲ့ကောက်ညှင်းမဟုတ်ဘူးဆန်အမည်းပေါ့
Rice berryလို့ခေါ်တာ သူ့ရဲ့ကောင်းကျိုးတွေကအများကြီးပဲနောက်မှတစ်ရက်သပ်သပ် rice berryအကြောင်းလေ့လာထားသလောက်တင်ပေးမယ်နော် ဒီနေ့တော့ဒီလောက်ပါပဲ စားလိုက်ပါဦးမယ် ထမင်းလည်းမဖြတ်နိုင်ဘူး ဝိတ်လည်းချချင်တယ်ဆို ဆန်လုံးညို/ဆန်မည်းပြောင်းစားကြည့် ဟင်းကတော့အတတ်နိုင်ဆုံးအရသာရှိတဲ့ပေါ့ပါးမြန်ဆန်တာတွေပဲချက်စား ဆီပြန်ဟင်းရှောင်
တစ်ချိန်လုံးရေလုံပြုတ်လည်းဘယ်သူမှစားမနေနိုင်ဘူးလေနော် အဓိကကရေရှည်စားနိုင်မဲ့ meals တွေဖြစ်ဖို့လိုတယ်မဟုတ်ရင်ဝိတ်ချတာကိုစိတ်ကုန်သွားလိမ့်မယ်
ကဲ…စာလည်းရှည်သွားပြီဆိုတော့ဒီမှာပဲရပ်လိုက်ပါမယ်ရှင် နောက်ကိုလည်းYullyစားဖြစ်တဲ့အရသာရှိတဲ့
healthy meals လေးတွေကိုတင်ပေးမယ်နော်
အာလုံးပဲတာတာ့နော် Mwah 😚
20/02/2024
Best moisturizer for Dry/Dehydrated skin 💧
ဆောင်းတွင်းတစ်တွင်းလုံးခြောက်ချင်သလိုခြောက် ခြောက်ချင်သလောက်ခြောက် သူသာရှိရင်ဘာမှပူစရာမလိုဘူး လိုတိုရှင်းရီဗျူးလေးပေးချင်လို့အပြေးလေးလာတင်တာ Yullyကပုံမှန် oily skinပေါ့နော် ဆောင်းတွင်းဖက်နယ်ပြန်တော့အဲ့မှာတအားအေးတာနဲ့အသားကလုံးဝအစိုဓာတ်မကျန်တော့ပဲခြောက်ကုန်တာ ဘယ်ဟာသုံးသုံးအဆင်မပြေဘူး ခြောက်မြဲခြောက်ဆဲခြောက်လတ္တံပဲ
Moisturizerလိမ်းလိုက်ရင်စပ်ပါစပ်တာ နောက်ဆုံးငါနှင့်ဆိုမကိုက်လောက်ဖူးဆိုပြီးရောင်းမလို့လုပ်နေတဲ့ Cerave ကိုထုတ်သုံးလိုက်တော့မှချက်ချင်းသက်သာသွားတာ တစ်ပတ်ပဲ တကယ်တစ်ပတ်ပဲလိမ်းလိုက်ရတယ် ချက်ချင်းသက်သာပြီးအသားအရည်ကနုဖက်အုအက်သွားတာ skin barrierကအားပြန်ပြည့်သွားသလိုပဲ
Ceraveကနဂိုကတည်းကနာမည်ကြီးပြီးသား ဆရာဝန်တွေကအစညွှန်းတဲ့brandမို့အထွေအထူးတော့မပြောတော့ပါဘူး အေးတဲ့ဒေသမှာနေတဲ့သူတွေအတွက်တော်တော်အဆင်ပြေအသုံးတည့်မဲ့productလေးပါ အနံ့လည်းမပါဘူး ဆေးနံ့လိုလိုခပ်ပျော့ပျော့အနံ့လေးနည်းနည်းရတယ် ဒါကတော့ fragrance free productတိုင်းရဲ့ထုံးစံပါပဲ တစ်ခါတည်းအများကြီးလိမ်းတာထက်နည်းနည်းစီယူပြီး 1-2-3 layersလောက်ကိုယ့်အသားအရည်လိုအပ်ချက်ပေါ်မူတည်ပြီးလိမ်းတာကပိုကောင်းတယ် မဟုတ်ရင်သူကစိမ်ဝင်ဖို့ခက်သွားရော Face and Body သုံးလို့ရတာမို့ yullyကတော့ lotionထဲနည်းနည်းစီထည့်လိမ်းပါတယ်
နိုင်ငံခြား(ထိုင်းကbloggerထင်တယ်မမှတ်မိလို့)ရီဗျူးတစ်ခုမှာလည်းဖော်ကင်ကိုလိမ်းကြည့်တာ
တအားglowသွားတယ်လို့ဖတ်ရတယ် ခုလိမ်းကြည့်နေပြီ ယူတို့လည်းစမ်းလိမ်းကြည့်ကြနော်🤭😆 လူကြီးရောကလေးပါသုံးလို့ရတဲ့အတွက်အိုခေစိုပြေပဲ ဒါပေမဲ့ကလေးအရမ်းငယ်သေးရင်မလိမ်းပါနဲ့နော် ၄/၅နှစ်အရွယ်တွေမှပဲလိမ်းပေးစေချင်တယ် သူကsuitable for adults and childrenလို့ပြောထားတာမို့ပါ
baby lotionအဆင်သင့်မရှိရင်လိမ်းပေးလို့ရတာပေါ့နော်
ဒီနေ့ကတော့ဒီလောက်ပါပဲ လိုတိုရှင်းကအနည်းငယ်ရှည်သွားပြီမို့လို့ဒီမှာပဲရပ်လိုက်တော့မယ်နော် အားလုံးအတွက်အဆင်ပြေအသုံးတည့်ပါစေရှင် ❤️
10/12/2023
အဆီပြန်တာကိုထိန်းပေးတဲ့အပြင်မိတ်ကပ်ထူထူပဲလိမ်းလိမ်းပါးပါးပဲလိမ်းလိမ်းတစ်နေကုန်သိပ်သိပ်ကလေးနှင့်လှနေစေမဲ့ powder pact လေး ❤️
About_Tone air fit powder pact လေးကYully
အတွက်တော့မရှိမဖြစ်အမြဲသုံးဖြစ်တဲ့powder pactလေးပါ Air fitဆိုတဲ့အတိုင်းပဲလိမ်းရတာပေါ့ပေါ့ပါးပါးရှိတဲ့ translucent and invisible powderဖြစ်ပါတယ် ဘယ်လောက်ကောင်းလဲဆိုတာအထွေအထူးပြောပြစရာတောင်မလိုလောက်အောင်ပါပဲ Yullyသုံးဖူးသမျှ translucent powderထဲမှာဆိုစျေးသင့်ပြီးသုံးရအဆင်ပြေဆုံးကတော့သူပါပဲ About_Toneကတော့အရင်versionအဟောင်းဖြစ်တဲ့ Eglipsကိုupdate လုပ်ပြီး
new versionအနေနှင့်ထပ်ထုတ်ထားတာပါ Yullyကတော့သူ့ကိုဗားရှင်းမမြှင့်ခင်ကတည်းကသုံးတာပေါ့နော်
Translucent/invisible ဆိုတဲ့အတိုင်းပဲလိမ်းလိုက်တာနှင့်
အောက်ကလိမ်းထားတဲ့ makeupနှင့်တစ်သားတည်းဖြစ်သွားပါတယ် ဖြူခြင်းပြာခြင်းကွက်ခြင်းလုံးဝမရှိပဲလိမ်းရတာတော်တော်ကိုအဆင်ပြေပါတယ် အဓိကကတော့သူက Blurred finishဖြစ်တဲ့အတွက်မျက်နှာပေါ်မှာအဆီပြန်သလိုပြောင်ပြောင်ကြီးဖြစ်နေတာမျိုးတွေ fine lines တွေကိုဖုံးပေးပါတယ် sebum cut powder pactလောက်တော့ဖုံဖုံကြီးဖြစ်မသွားဘူး mask proofလည်းဖြစ်တယ်လို့ပြောထားပါတယ် Yullyကတော့တစ်ခါမှမစမ်းကြည့်ဖူးသေးပါဘူး သူ့ရဲ့နောက်အားသာချက်တစ်ခုကလေဘယ်အချိန်ပဲဖြစ်ဖြစ်လိမ်းလို့ရတယ် ဥပမာမိတ်ကပ်မလိမ်းဖြစ်ဖူး Sunscreenလောက်ပဲလိမ်းမယ်မျက်နှာပြောင်ကြီးလည်းမဖြစ်စေချင်ဘူးဆိုရင်မိတ်ကပ်မလိမ်းဖြစ်လည်းအပေါ်ကနေသူ့ကိုပါးပါးလေးအုပ်လိုက်ရင်သိပ်သိပ်ကလေးနှင့်တော်တော်အဆင်ပြေတယ် နေ့လည်ဘက်မျက်နှာတအားအဆီပြန်လာတဲ့အချိန်တွေဆိုလည်းသူ့ကိုပါးပါးလေးပုတ်ပေးလိုက်တာနဲ့အဆီပြန်တာချက်ချင်းသက်သာသွားတယ် အရောင်မပါတဲ့အတွက်ပိုအဆင်ပြေတယ် မိတ်ကပ်ကိုလည်း primerမပါပဲတောင်အချိန်အတော်အသင့်ကြာတဲ့အထိကြာရှည်ခံစေပါတယ် About_Tone powder pactလေးတွေကလေစျေးနှုန်းအရလည်းအဆင်ပြေသလိုပြန်ရတဲ့qualityကလည်းလျော့တွက်လို့လုံးဝမရဘူး တစ်သောင်းကျော်လောက်နှင့် powder pactကောင်းကောင်းသုံးချင်တယ်ဆို About_Toneကို recommendလုပ်ပါတယ်
Yullyကတော့ သူ့ကို10 out of 10ပေးပါတယ်
About____Tone. Myanmar pageအပြင်အခြားစိတ်ချရတဲ့ Korea cosmeticရောင်းတဲ့ဘယ်မှာမဆိုဝယ်ယူလို့ရပါတယ် Yullyဝယ်တဲ့pageလေးကပြန်ရှာလို့မရတော့လို့
အဲ့တုန်းကပိုင်ရှင်အမကသူ့မွေးနေ့မို့လို့ Deli freeပို့ပေးတာ ဝယ်လို့အရမ်းအဆင်ပြေတဲ့pageလေးမို့ mentioned ပေးချင်ပေမဲ့ရှာမတွေ့တော့လို့ပါ 🥺❤️
07/12/2023
Yullyကဒီနေ့တော့တော်တော်များများconfusedဖြစ်တတ်ကြတဲ့ Cleansing water/micellar waterနှင့် Cleansing oil/balmတွေအကြောင်းကိုYullyလေ့လာထား
သိထားသလောက်sharing လုပ်ပေးချင်ပါတယ် စျေးကွက်ထဲမှာ makeup remover အမျိုးအစားအမျိုးမျိုး brandအမျိုးမျိုးရှိတဲ့အတွက် ပစ္စည်းquality စိတ်ချရတဲ့ဘယ်ကမဆိုဝယ်ယူနိုင်ပါတယ်ရှင် 🥰
အောက်မှာတစ်ခုချင်းစီရှင်းပြပေးထားလို့ဆက်ကြည့်ပေးကြပါဦးနော် ❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
