Freya Skin Clinic

Freya Skin Clinic

Share

"Enhance your beauty." "Healthy skin is a reflection of overall wellness."

24/07/2026

ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဂရုစိုက်ဖို့ အချိန်ပေးလိုက်ပါ။ ✨ Happy International Self-Care Day!

ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ International Self-Care Day ကို ကြိုဆိုတဲ့အနေနဲ့ Freya Skin Clinic ကနေ 10% Discount Promotion လေး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 💖

Self-care ဆိုတာ ကိုယ့်ရဲ့ အသားအရေလေးကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးတာလည်း အပါအဝင်ပဲမို့ ဒီတစ်ပတ်မှာ အသားအရေအတွက် အချိန်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

🗓 Promotion Period: July 24 မှ July 31 အထိ
🎁 Special Offer: All Treatments 10% OFF

Freya အနေနဲ့ လာရောက်သူတိုင်းကို အကောင်းဆုံးနဲ့ အသေချာဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် တစ်နေ့ကို လူဦးရေ အနည်းငယ်သာ ကန့်သတ်ပြီး လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်အားတဲ့ရက်လေးမှာ စိတ်ကြိုက် Treatment ရရှိဖို့အတွက် အခုပဲ လက်မနှေးဘဲ Booking ကြိုတင်ရယူထားဖို့ အကြံပြုပါရစေရှင်။ ✨

နုပျိုကြည်လင်တဲ့ အသားအရေပိုင်ရှင်လေး ဖြစ်လာဖို့ Freya မှာ ဆုံကြစို့နော်။ 🥰
📍 Address: No.108/3A, Kyun Taw Road, Sanchaung.
📞 Call Us: 09 564 1654
📩 ဒါမှမဟုတ် Messenger ကနေလည်း Appointment ရယူနိုင်ပါတယ်။

06/07/2026

ဝက်ခြံဖုတွေနဲ့ အမာရွတ်တွေကို နှုတ်ဆက်ဖို့ Acne Mesotherapy ရှိတယ်နော်! ✨

ဝက်ခြံတွေ ခဏခဏပြန်ထွက်လို့ စိတ်ညစ်နေရပြီလား? ဝက်ခြံပျောက်သွားပြန်တော့လည်း အနီစက်နဲ့ အမာရွတ်တွေ ကျန်ခဲ့လို့ အသားအရေက မကြည်လင်နိုင်ဖြစ်နေပါသလား?
ဒါဆိုရင်တော့ Freya Skin Clinic ရဲ့ Acne Mesotherapy ကုထုံးလေးက သင့်အတွက်ပါ။

Acne Mesotherapy ဆိုတာ ဝက်ခြံကို ထိရောက်စွာ ကုသပေးနိုင်တဲ့ ဗီတာမင်တွေ၊ အင်ဇိုင်းတွေနဲ့ အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အရေပြားထဲ တိုက်ရိုက်ထိုးသွင်းပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ သမားရိုးကျ လိမ်းဆေးတွေထက် အရေပြားရဲ့ နက်ရှိုင်းတဲ့ အလွှာတွေထဲအထိ ရောက်ရှိသွားတာကြောင့် ရလဒ်က ပိုမြန်ပြီး ပိုထိရောက်ပါတယ်။

ဘာကြောင့် Acne Mesotherapy ကို ရွေးချယ်သင့်တာလဲ?
• ဝက်ခြံကို အမြစ်ပြတ်စေခြင်း: အရေပြားထဲက အဆီထုတ်လုပ်မှုကို ထိန်းညှိပေးပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။
• အမာရွတ်နဲ့ အမည်းစက်များ သက်သာခြင်း: ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးတာကြောင့် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမည်းစက်တွေနဲ့ ချိုင့်ခွက်လေးတွေကို ပြန်လည်ပြည့်တင်းလာစေပါတယ်။
• အသားအရေ ကြည်လင်လာခြင်း: အရေပြားကို အတွင်းပိုင်းကနေ အားဖြည့်ပေးလို့ အသားအရေက ပိုမိုစိုပြေပြီး Glow လာစေပါတယ်။
• ဘေးထွက်ဆိုးကျိုး နည်းပါးခြင်း: သဘာဝအတိုင်း ထုတ်ယူထားတဲ့ အာဟာရဓာတ်တွေကို အသုံးပြုတာကြောင့် စိတ်ချရပြီး Recovery Time လည်း မကြာပါဘူး။

Freya မှာဆိုရင် လူနာတစ်ဦးချင်းစီရဲ့ အသားအရေ အခြေအနေအလိုက် အကောင်းဆုံးသော Medical-grade ဆေးဝါးများကိုသာ အသုံးပြုပေးပြီး ကျွမ်းကျင်သူ အရေပြားအထူးကုဆရာဝန် dermatologist ကိုယ်တိုင် စနစ်တကျ ကုသပေးတာကြောင့် စိတ်ချလက်ချ ယုံကြည်အားကိုးနိုင်ပါတယ်။

ဆေးခန်းလာမည်ဆိုပါက messenger ကဖြစ်စေ phone ခေါ်၍ဖြစ်စေ ကြိုတင် booking လေး လုပ်ပေးပါရန် မေတ္တာရပ်ခံပါရစေ 🥰



🌟 Freya Skin Clinic 🌿

Discover Radiance at Every Touch!

📍 Address: No.108/3A, Kyun Taw Road, Sanchaung
Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

28/06/2026

အသားအရေကို အတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်တောက်ပစေမယ့် Aqua Booster ✨

နွေရာသီရဲ့ အပူဒဏ်အောက်မှာ သင့်အသားအရေ ရေဓာတ်ခန်းခြောက်ပြီး ပင်ပန်းနွမ်းနယ်နေပြီလား? 🥀

Freya Skin Clinic ရဲ့ Aqua Booster က သင့်အသားအရေကို ဖန်သားပြင်လို ကြည်လင်ဝင်းပလာစေဖို့ ကူညီပေးမှာပါ။

Aqua Booster ရဲ့ ကောင်းကျိုးများ:
• 💧 Deep Hydration: အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပါတယ်။
• ✨ Glass Skin Glow: ပင်ကိုယ်အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပစေပါတယ်။
• 🧼 Smooth Texture: အသားအရေကို နုပျိုချောမွေ့စေပြီး အရေးအကြောင်းတွေကို သက်သာစေပါတယ်။
• 🛡️ Skin Barrier: အသားအရေရဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး ကျန်းမာစေပါတယ်။
နေလောင်ဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ အသားအရေ ဂရုစိုက်ဖို့ အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် ချက်ချင်းဆိုသလို သိသာတဲ့ Glow ကို ရချင်တယ်ဆိုရင်တော့ Aqua Booster က အသင့်တော်ဆုံးပါပဲ။ 💖

📩ဆေးခန်းလာမည်ဆိုပါက messenger မှာ ကြိုတင် booking လေး လုပ်ပေးပါရန် မေတ္တာရပ်ခံပါရစေ 🥰


#အရေပြားအထူးကုဆရာဝန်

23/06/2026

🤍 ဇွန်လ ၂၅ ရက် – ကမ္ဘာ့ခရုသင်း (သမင်ဖြူ) အသိပညာပေးနေ့ 🤍
🌍 World Vitiligo Day

အရေပြားအရောင်က သင့်ရဲ့ တန်ဖိုးနဲ့ အလှတရားကို သတ်မှတ်ပေးနိုင်တဲ့ အရာမဟုတ်ပါဘူး။

ခရုသင်း (Vitiligo) သည် အရေပြားအရောင်ထုတ်ပေးသော Melanocyte ဆဲလ်များကို ကိုယ်ခံအားစနစ်မှ တိုက်ခိုက်ဖျက်ဆီးခြင်းကြောင့် အရေပြားပေါ်တွင် အဖြူရောင်အကွက်များ ပေါ်လာသော Autoimmune အရေပြားရောဂါတစ်မျိုး ဖြစ်ပါသည်။

📌 ခရုသင်းသည် ကူးစက်ရောဂါ မဟုတ်ပါ။
📌 ထိတွေ့ခြင်း၊ အတူစားသောက်ခြင်း၊ အတူနေထိုင်ခြင်းတို့ဖြင့် မကူးစက်နိုင်ပါ။
📌 အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါသည်။

🤍 ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများ

▫️ မျိုးရိုးဗီဇဆိုင်ရာ အလားအလာ
▫️ ကိုယ်ခံအားစနစ် မမှန်ကန်မှု
▫️ စိတ်ဖိစီးမှု
▫️ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ

🤍 လက္ခဏာများ

▫️ အရေပြားပေါ်တွင် အဖြူရောင်အကွက်များ ပေါ်လာခြင်း
▫️ အကွက်များ တဖြည်းဖြည်း ကျယ်လာခြင်း
▫️ ဆံပင်၊ မျက်ခုံးမွေး၊ မျက်တောင်မွေးများ ဖြူလာခြင်း

🤎 ခရုသင်းကို ကုသနိုင်ပါသလား?

ခရုသင်းသည် စောစီးစွာ ရောဂါရှာဖွေကုသမှုခံယူပါက ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပြီး အချို့လူနာများတွင် အရေပြားအရောင် ပြန်လည်ထွက်ပေါ်လာနိုင်ပါသည်။

✅ Topical Medications
✅ Oral Medications
✅ Phototherapy
✅ Excimer Laser
✅ Surgical Treatments

🤍 ခရုသင်းသည် အသက်အန္တရာယ်မဖြစ်စေသော်လည်း လူနာ၏ ယုံကြည်မှုနှင့် စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ထို့ကြောင့် အဖြူရောင်အကွက်များ စတင်တွေ့ရှိပါက အရေပြားအထူးကုဆရာဝန်နှင့် စောစီးစွာ တိုင်ပင်ကုသမှုခံယူရန် အကြံပြုအပ်ပါသည်။

Freya Skin Clinic အနေနဲ့ ခရုသင်း (Vitiligo) နှင့် ရှင်သန်နေထိုင်ကြသူများအား အမြဲတမ်း အားပေးထောက်ခံလျက်ရှိပြီး အရေပြားအရောင်တိုင်းရဲ့ ထူးခြားသော အလှတရားကို လေးစားတန်ဖိုးထားပါသည်။

ဒီ World Vitiligo Day မှာ အရေပြားအရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ ခွဲခြားဆက်ဆံမှုများ ပပျောက်စေဖို့၊ နားလည်မှုနှင့် လက်ခံမှုများ ပိုမိုတိုးပွားလာစေဖို့ ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်းပါဝင်ကြပါစို့။

✨ Every Skin is Beautiful. Every Person Matters.
✨ Understand Vitiligo. Support People. Embrace Diversity.

📞 Appointment & Consultation Booking Available

🌟 Freya Skin Clinic 🌿
Discover Radiance at Every Touch!

📍 No.108, Kyun Taw Road, Sanchaung, Yangon
☎️ 09 564 1654





#ခရုသင်း
#သမင်ဖြူ

22/06/2026

အမေတိုင်းရဲ့ ဂုဏ်ယူစရာ အမှတ်အသားလေးတွေ ဖြစ်ပေမယ့်... အရင်လို ချောမွေ့တဲ့ အသားအရေကိုတော့ ပြန်လိုချင်တာ အပြစ်မဟုတ်ပါဘူး

ကလေးမွေးပြီးစ မေမေတို့ပဲဖြစ်ဖြစ်၊ ကိုယ်အလေးချိန် အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ဗိုက်အကြောပြတ်ရာတွေကြောင့်ပဲ ဖြစ်ဖြစ် စိတ်ညစ်နေရပြီလား?

Stretch Marks ဆိုတာ ဖြစ်ပြီးရင် ပျောက်ကင်းဖို့ ခက်ခဲတယ်လို့ ထင်ရပေမယ့် Freya Skin Clinic မှာတော့ ခေတ်မီနည်းပညာတွေနဲ့ အမာရွတ်တွေကို သိသိသာသာ မှေးမှိန်သွားအောင် ကုသပေးနေပါပြီ။

• Medical-grade treatment ဖြစ်လို့ စိတ်ချရခြင်း။
• အသားအရေ တင်းရင်းမှုကို ပြန်လည်ရရှိစေခြင်း။
• ကျွမ်းကျင်တဲ့အရေပြားအထူးကုဆရာဝန်ကိုယ်တိုင် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးခြင်း။

ကိုယ့်ရဲ့ အလှတရားတွေကို ဖုံးကွယ်မထားဘဲ ယုံကြည်မှုအပြည့်နဲ့ ပြန်လည် လှပလိုက်ပါ။



🌟 Freya Skin Clinic 🌿

Discover Radiance at Every Touch!

📍 Address: No.108/3A, Kyun Taw Road, Sanchaung
Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

19/06/2026

Busy but Glowing! ရုံးသမားတွေအတွက် Special Night Hours 💼✨

"အလုပ်ကလည်းများ၊ ဆေးခန်းသွားဖို့ကလည်း အချိန်မရှိ" ဖြစ်နေတဲ့ ချစ်ရတဲ့ ကာကာတို့ရေ...

Freya Skin Clinic ရဲ့ After-Office Hours (6 PM - 8 PM) လေး ရှိနေပြီနော်။ ရုံးဆင်းတာနဲ့ အပြေးလေးလာခဲ့ရုံပဲ။

🌟 Service Time: 6:00 PM - 8:00 PM
🌟 Booking: ၂ ရက် ကြိုတင် Appointment ယူပေးပါရှင့်။ (after office hours အတွက် တစ်ရက်လျှင် (၁) ဦးတည်းကိုသာ သေချာဂရုစိုက်ပြီး treatment ပေးမှာဖြစ်လို့ Booking လေးတော့ ကြိုတင်ရယူထားမှ စိတ်ချရပါမယ်ရှင့်။)

ကိုယ့်ရဲ့ အသားအရေလေးကို အလုပ်တွေကြားထဲ ပစ်မထားလိုက်ပါနဲ့။ အခုပဲ Booking ရယူလိုက်ပါ! 📩

17/06/2026

အသားအရေကို ဆဲလ်အဆင့်ထိ ပြုပြင်ပေးမယ့် Rejuran Healer (Baby Skin Injection)✨

အသားအရေ ခြောက်သွေ့တာ၊ အရေးအကြောင်းတွေနဲ့ ချွေးပေါက်ကျယ်တာတွေကြောင့် စိတ်ညစ်နေရပြီလား?

Salmon DNA ကနေ ထုတ်ယူထားတဲ့ Polynucleotide (PN) ပါဝင်တဲ့ Rejuran Healer ဟာ Freya Skin Clinic မှာ အသင့်ရှိနေပါပြီ။

Rejuran ရဲ့ အကျိုးကျေးဇူးများ:
• Skin Repair: ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို အတွင်းပိုင်းကနေ ပြန်လည်ပြုပြင်ပေးခြင်း။
• Elasticity: Collagen ပြန်လည်ထုတ်လုပ်ပေးလို့ အသားအရေကို တင်းရင်းစေခြင်း။
• Hydration: ရေဓာတ်ဖြည့်တင်းပေးပြီး Glass Skin လို ကြည်လင်ဝင်းပစေခြင်း။
• Pore Control: ချွေးပေါက်ကျယ်တာနဲ့ အမာရွက်တွေကို သိသိသာသာ သက်သာစေခြင်း။

အသားအရေကို နုပျိုကြည်လင်စေဖို့အတွက် Freya ရဲ့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန် ကိုယ်တိုင် တိုင်ပင်ဆွေးနွေး ကုသပေးနေပါပြီ။

🌟 Freya Skin Clinic 🌿
Discover Radiance at Every Touch!
📍 Address: No.108/3A, Kyun Taw Road, Sanchaung
📍 Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

15/06/2026

ဒူးမဲ၊ တံတောင်ဆစ်မဲတာကို အိမ်မှာတင် Scrub တိုက်နေပေမယ့် မထူးခြားလို့ စိတ်ညစ်နေပြီလား? 🙄

အသားအရေ ညိုမဲတာက ဆဲလ်သေတွေ ထူထပ်နေတာကြောင့် ဖြစ်လို့ သာမန်ထက် ပိုထိရောက်တဲ့ Medical Treatment လိုအပ်ပါတယ်။ Freya Skin Clinic မှာ ပျိုမေတို့ရဲ့ စိုးရိမ်မှုကို အမြန်ဆုံး ဖြေရှင်းပေးဖို့ အဆင်သင့်ရှိနေပါတယ်နော်။ ✨

💡 Freya ရဲ့ Treatment က ဘာတွေ ထူးခြားလဲ?
ဒူးနဲ့ တံတောင်ဆစ်ဆိုတာ ပွတ်တိုက်မှု အများဆုံးနေရာတွေဖြစ်လို့ အသားမာတက်ပြီး မဲလွယ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က "Double Action" နဲ့ ကုသပေးမှာပါ -
• Step 1: အရေပြားကို မထိခိုက်စေဘဲ အသားမာနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ Medical Peel လုပ်မယ်။
• Step 2: အသားဖြူစေတဲ့ အာနိသင်ကို အလွှာအနက်ပိုင်းထိ ရောက်အောင် Professional serums တွေနဲ့ ပေါင်းစပ်ပေးမယ်။

🙌 ဒီ Treatment လုပ်ပြီးရင်...
• ဒူးနဲ့ တံတောင်ဆစ်တွေ သိသိသာသာ ဖြူဝင်း လာမယ်။
• အသားမာတွေ ပျောက်ပြီး နူးညံ့ ချောမွေ့သွားမယ်။
• ဘောင်းဘီတို၊ အင်္ကျီလက်ပြတ်တွေကို စိတ်ကြိုက် Confidence အပြည့်နဲ့ ဝတ်လို့ရပြီ။

"အသားအရေ ပြဿနာတိုင်းအတွက် Freya က အဖြေရှိတယ်"

အသားအရေကို နုပျိုကြည်လင်စေဖို့အတွက် Freya ရဲ့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန် ကိုယ်တိုင် တိုင်ပင်ဆွေးနွေး ကုသပေးနေပါပြီ။

🌟 Freya Skin Clinic 🌿
Discover Radiance at Every Touch!
📍 Address: No.108/3A, Kyun Taw Road, Sanchaung
📍 Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

13/06/2026

Concealer တွေနဲ့ ဖုံးရတာ ပင်ပန်းနေပြီလား? မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုတာတွေအတွက် Freya ရဲ့ အထိရောက်ဆုံးအဖြေ ✨

ဘယ်လောက်ပဲ အိပ်ရေးဝဝ မျက်တွင်းချိုင့်နေလို့ အမြဲပင်ပန်းသလို ဖြစ်နေတာ၊ မျက်ကွင်းညိုလို့ မျက်မှန်အမြဲတပ်နေရတာတွေကို အမြစ်ပြတ်ချင်တယ်ဆိုရင်တော့ Under Eye Skin Booster က အသင့်တော်ဆုံးပါပဲ။

Freya ရဲ့ Skin Booster က ဘာတွေကူညီပေးမလဲ?
• Fill the Hollows: ချိုင့်ဝင်နေတဲ့ မျက်တွင်းတွေကို သဘာဝအတိုင်း ပြည့်တင်းလာစေတယ်။
• Brighten Dark Circles: ညိုမှောင်နေတဲ့ မျက်ကွင်းတွေကို ကြည်လင်တောက်ပလာစေတယ်။
• Firm & Lift: လျော့တွဲနေတဲ့ မျက်အောက်အသားအရေကို ပြန်လည်တင်းရင်းလာစေပြီး ပိုမိုနုပျိုတဲ့ Look ကို ပေးစွမ်းမှာပါ။

ဘာကြောင့် Freya မှာ လုပ်သင့်တာလဲ?
✅ တိကျတဲ့ ဆေးပမာဏနဲ့ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် စနစ်တကျ ပြုလုပ်ပေးခြင်း
✅ မနာကျင်ဘဲ Downtime အနည်းဆုံးနဲ့ သိသာတဲ့ရလဒ်ကို ရရှိစေခြင်း
✅ တစ်ဦးချင်းစီရဲ့ မျက်ဝန်းပုံစံပေါ်မူတည်ပြီး အသေးစိတ် Consultation လုပ်ပေးခြင်း

Messenger မှာ အခုပဲ Booking ရယူလိုက်ပါ! 📩

11/06/2026

အသက်အရွယ်ကြောင့်ဖြစ်တဲ့ နဖူးတွန့်ခြင်းတွေကို နှုတ်ဆက်လိုက်ပါ ✨

နဖူးပေါ်က အရေးအကြောင်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရပြီလား? စကားပြောတဲ့အခါ ဒါမှမဟုတ် မျက်မှောင်ကြုတ်လိုက်တဲ့အခါ ထင်ရှားနေတဲ့ နဖူးက အရေးအကြောင်းတွေကို Botox နဲ့ အချိန်တိုအတွင်း ပြန်လည် ချောမွေ့အောင် ပြုပြင်နိုင်ပါတယ်။

✅ Freya Skin Clinic မှာဆိုရင်...
• သဘာဝအတိုင်း မျက်နှာအမူအရာ မပျက်စေဘဲ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။
• ကျွမ်းကျင်တဲ့ ဆရာဝန်ကိုယ်တိုင် စစ်မှန်ပြီး အရည်အသွေးကောင်းတဲ့ ဆေးကို အသုံးပြုပြီး စနစ်တကျ ကုသပေးတာကြောင့် ဘေးထွက်ဆိုးကျိုးအတွက် စိတ်ပူစရာမလိုပါဘူး။

ပိုမိုနုပျိုပြီး ကြည်လင်တဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ဖို့ Freya Skin Clinic ကို အခုပဲ Messenger ကနေတစ်ဆင့် Booking တင်လိုက်ပါ။

📍 Address: No.108/3A, Kyun Taw Road, Sanchaung
☎️ Call Us: 09 564 1654

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 108/3A, Kyun Taw Street, Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 13:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 13:00
Saturday 09:00 - 18:00
Sunday 13:00 - 18:00