Chal Chal
Nothing Special
28/05/2026
အဖြေမှန်လေး ရွေးကြည့်ကြပါဦးနော်🥰🥰🥰
27/05/2026
သိထားသင့်တဲ English အတိုကောက်မျာ..
Tense အသုံးပြုပုံ
(ပစ္စုပ္ပန်ကာလ) မှာ သုံးတဲ့ Verb to be တွေကတော့ am, is, are တို့ ဖြစ်ပါတယ်။ ၎င်းတို့ကို မြန်မာလို "ဖြစ်သည်၊ ရှိသည်၊ နေသည်" ဟု အဓိပ္ပာယ်ပြန်နိုင်ပါတယ်။
️Subject အလိုက် တွဲဖက်သုံးစွဲပုံ
• I ➡️ am
• He / She / It / တစ်ယောက်တည်း/တစ်ခုတည်း (Singular) ➡️ is
• We / You / They / အများကိန်း (Plural) ➡️ are
️အသုံးအနှုန်းနှင့် ဥပမာများ
1. အလုပ်အကိုင်၊ နာမည်နှင့် လူပုဂ္ဂိုလ်ကို ဖော်ပြခြင်း (ဖြစ်သည်)
• I am a student. (ကျွန်တော် ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။)
• He is Dr. Hla Tun. (သူက ဒေါက်တာလှထွန်း ဖြစ်ပါတယ်။)
• They are engineers. (သူတို့က အင်ဂျင်နီယာတွေ ဖြစ်ကြပါတယ်။)
2. စိတ်ခံစားချက်နှင့် အခြေအနေကို ဖော်ပြခြင်း (ဖြစ်သည်/နေသည်)
• I am tired today. (ကျွန်တော် ဒီနေ့ မောနေတယ်။)
• She is happy. (သူမ ပျော်နေပါတယ်။)
• The coffee is hot. (ကော်ဖီက ပူနေတယ်။)
3. တည်နေရာကို ဖော်ပြခြင်း (ရှိသည်)
• I am at home. (ကျွန်တော် အိမ်မှာ ရှိပါတယ်။)
• The book is on the table. (စာအုပ်က စာပွဲပေါ်မှာ ရှိတယ်။)
• We are in Yangon. (ကျွန်တော်တို့ ရန်ကုန်မှာ ရှိနေကြပါတယ်။)
4. အသက်၊ အရွယ်အစားနှင့် အရောင်ကို ဖော်ပြခြင်း
• She is 20 years old. (သူမအသက်က ၂၀ ရှိပါပြီ။)
• My bag is blue. (ကျွန်တော့်အိတ်က အပြာရောင် ဖြစ်ပါတယ်။)
️ဝါကျပုံစံ အမျိုးမျိုးပြောင်းလဲပုံ
ဝါကျအမျိုးအစား - အပြုသဘော (Affirmative)
ပုံသေနည်း - Subject + am/is/are + ...
ဥပမာ - He is a teacher. (သူက ဆရာတစ်ယောက်ပါ။)
အငြင်းဝါကျ (Negative)
ပုံသေနည်း - Subject + am/is/are + not + ...
ဥပမာ - He is not a teacher. (သူက ဆရာမဟုတ်ပါ။)
မေးခွန်းဝါကျ (Question)
ပုံသေနည်း - Am/Is/Are + Subject + ... ?
ဥပမာ - Is he a teacher? (သူက ဆရာတစ်ယောက်လား။)
မေးခွန်းတို (Quiz) လေးတွေ ဖြေဆိုပြီး မိမိအရည်အချင်းကို စမ်းသပ်ကြည့်ရအောင်။အောက်ပါကွက်လပ်တွေမှာ am, is, are ထဲက မှန်ကန်တဲ့ စကားလုံးကို ဖြည့်စွက်ပြီး ဖြေကြည့်ကြမယ်နော်....
A) I ______ a doctor.
B) They ______ my friends.
C) The cat ______ under the chair.
D) She ______ not angry.
E) ______ you ready?
F) It ______ a beautiful day.
G) My brother ______ 15 years old.
H) We ______ very hungry.
😊😊😊
01/05/2026
ရွှေ(၇) ကျပ် နဲ့ အတူ တစ်အိမ်လုံးရဲ့ မှတ်ပုံတင်တွေပါယူပြီး ပျောက်ဆုံးနေသူ
မြောက်ဦးမြို့နယ် မောင်ရွှီကန်ကျေးရွာ ၊ အဖဦးမောင်မောင်သိန်း၏ သမီး မကြည်လဲ့လဲ့ဝင်း ဟာ မိသားစုပိုင် ၊ အတွင်း ပစ္စည်းများ နဲ့ အတူ ပျောက်ဆုံးနေတာ တစ်ပတ်ကျော်ကြာမြင့် ဖြစ်တဲ့ အတွက် မိဘတွေက စိတ်ပူပင်နေကြပါတယ်။
မကြည်လဲ့လဲ့ဝင်းဟာ အုတ်ဖိုကန်ကျေးရွာက အဖဦးမောင်တင်ဝင်း၏ သားဖြစ်သူ ၊ မောင်ကျော်ဝင်းသန်း နဲ့ အတူ ဧပြီလ ၂၃ ရက်နေ့ က ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
"ပြီးခဲ့တဲ့လ က သမီးကို ခိုးပြေးခံရဖူးပါတယ်။ သမီးက အသက် ၁၅ နှစ်ပဲရှိသေးတယ်၊ ရှစ်တန်းစာမေးပွဲဖြေဖို့ လိုသေးလို့ စာမေးပွဲဖြေဖို့ ပြန်ခေါ်ထားတာဖြစ်ပါတယ်၊ အခုတစ်ကြိမ်ထပ်ပြီး ဖြစ်တာပါ။ ဒါပေမယ့် တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်အသွယ်ပြန်မလုပ် ၊ လိုက်ရှာလို့လည်းမရ ၊ ယောက်ျားလေးဘက်က မိဘတွေ ကလည်း မသိဘူးပဲ ၊ ပြောနေတဲ့ အတွက် စိတ်ပူလာတာဖြစ်ပါတယ် " လို့ ဖခင်ဖြစ်သူ က လေးဝတီFM ကို ပြောပါတယ်။
မကြည်လဲ့လဲ့ဝင်း နဲ့ အတူ မိသားစုပိုင်း ရွှေထည်တွေဖြစ်တဲ့ ရွှေဆွဲကြိုး (၃) ပင်၊ လက်ကောက်တစ်ကွင်း ၊ ရွှေခွက်တစ်ခု ၊ မိခင်၏ မှတ်ပုံတင် ၊ ဖခင်၏မှတ်ပုံတင် ၊ အစ်မ ၏ မှတ်ပုံတင်များ ကို အထုတ်လိုက်ယူဆောင်သွားခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။
"အိမ်မှာရှိတဲ့ ရွှေတွေနဲ့ မှတ်ပုံတင်တွေကို ထည့်ထားတဲ့ အထုပ်လိုက်ယူသွားတာဖြစ်ပါတယ်၊ ဘယ်လို အကြံအစည်နဲ့ အခုလိုယူသွားတာလဲ ၊ ပစ္စည်းတွေ ကို ယူပြီး သတ်ခဲ့သလား ၊ မကောင်းတာ တစ်ခုခု လုပ်ခဲ့သလား မသိလို့ စိတ်ပူပါတယ်၊ ဘယ်သူတွေ့တွေ့ ကျွန်တော်တို့ ကို အကြောင်းကြားပေးစေချင်ပါတယ်" လို့ ဖခင်ဖြစ်သူ က ထပ်လောင်းပြောကြားပါတယ်။
မလဲ့လဲ့ဝင်းပျောက်ဆုံးမှုကို ဒေသတွင်းမှာ ရှိတဲ့ ဒီလပ်တပ်ဖွဲ့ကို တိုင်ကြားထားပြီး ၊ ပူးပေါင်းရှာဖွေနေတယ်လို့ ဆိုပါတယ်။
မှတ်ချက် - ဓာတ်ပုံများကို မိသားစုဝင်များ သဘောဆန္ဒအရ တင်ပေးရခြင်းဖြစ်ပါတယ်။
လေးဝတီFM
20/01/2026
လက်နက်ကိုင်လုယက်မှုအတွင်း ကင်မရာရှေ့၌ အဝတ်အစားချွတ်ခိုင်းခဲ့သူကို လက်စားချေသတ်ဖြတ်မှုဖြင့် အမွှာညီအစ်ကိုနှစ်ဦးအား စွဲချက်တင်
တက္ကဆက်ပြည်နယ်မှ အသက် ၂၀ အရွယ် အမွှာညီအစ်ကိုနှစ်ဦးဖြစ်သူ Samuel Gbadebo နှင့် Solomon Gbadebo တို့ကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော လူသတ်မှုနှစ်ခုနှင့် ဆက်နွှယ်၍ ပြီးခဲ့သည့်အပတ်က ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုသတ်ဖြတ်မှုများအနက် တစ်ခုမှာ ၂၀၂၁ ခုနှစ်က ၎င်းတို့နှစ်ဦး လုယက်ခံရစဉ် သေနတ်ဖြင့် ခြိမ်းခြောက်ကာ အဝတ်အစားများ အတင်းအကျပ် ချွတ်ခိုင်းခဲ့သူကို လက်စားချေခြင်းဖြစ်သည်ဟု ဆိုသည်။
ပထမလူသတ်မှု (နိုဝင်ဘာ ၁၅၊ ၂၀၂၅)
ပထမသတ်ဖြတ်မှုမှာ Fort Worth မြောက်ပိုင်းရှိ တိုက်ခန်းဝင်းတစ်ခုတွင် နံနက် ၁ နာရီခွဲခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဖြူရောင် Nissan Altima ကားတစ်စီး ထိုနေရာသို့ မောင်းနှင်လာသည်ကို လုံခြုံရေးကင်မရာတွင် တွေ့ရှိခဲ့ရသည်။ ထိုအချိန်တွင် အသက် ၁၉ နှစ်အရွယ် Devan Randles နှင့် အခြားအမျိုးသားသုံးဦးတို့မှာ ကားများကို လိုက်လံဖောက်ထွင်းနေသည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ ထို့နောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး Randles မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ အဆိုပါ Nissan ကားမှာ အခင်းဖြစ်ပွားပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့သော်လည်း ထိုစဉ်က သံသယရှိသူကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။
ဒုတိယလူသတ်မှု (နိုဝင်ဘာ ၃၀၊ ၂၀၂၅)
ဒုတိယသတ်ဖြတ်မှုမှာ Flips Patio Grill စားသောက်ဆိုင်၏ ကားပါကင်တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၂၀ အရွယ် Isaiah Gonzales သည် ၎င်း၏ရည်းစားနှင့်အတူ ဆိုင်မှထွက်လာစဉ် ကားပါကင်တွင် စောင့်ဆိုင်းနေသော အမျိုးသားနှစ်ဦးက ၎င်း၏ကားရှေ့မှန်ကို သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်။ Gonzales မှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် Nike Air Force 1 ဖိနပ်ခြေရာများကို တွေ့ရှိခဲ့ရသည်။
စုံစမ်းစစ်ဆေးမှုနှင့် ဖမ်းဆီးမှု
ရဲတပ်ဖွဲ့သည် နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာမှ အမွှာညီအစ်ကိုနှစ်ဦးကို သံသယရှိသူများအဖြစ် ဖော်ထုတ်နိုင်ခဲ့သည်။
ပထမလူသတ်မှုတွင် တွေ့ရှိရသော Nissan ကားမှာ ၎င်းတို့၏ မိခင်ဖြစ်သူ ပိုင်ဆိုင်ကြောင်း သိရှိခဲ့ရသည်။
ညီအစ်ကိုနှစ်ဦးသည် အခင်းဖြစ်ပွားရာနေရာရှိ သက်သေအထောက်အထားများနှင့် တူညီသော အဝတ်အစားနှင့် ဖိနပ်များကို ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
လက်စားချေရသည့် အကြောင်းရင်း
သတင်းပေးတစ်ဦး၏ ပြောကြားချက်အရ သေဆုံးသူ Gonzales သည် လွန်ခဲ့သော နှစ်အနည်းငယ်က အမွှာညီအစ်ကိုနှစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက်လုယက်ခဲ့ဖူးကြောင်း သိရသည်။ ထိုစဉ်က Gonzales သည် ညီအစ်ကိုနှစ်ဦးကို ကင်မရာရှေ့တွင် အဝတ်အစားများ အကုန်ချွတ်ခိုင်းခဲ့သည်။
ရဲတပ်ဖွဲ့သည် Gonzales ၏ ပစ္စည်းများကို ရှာဖွေရာတွင် လူငယ်နှစ်ဦးကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ အဝတ်ဗလာဖြင့် ထားရှိသည့် ဗီဒီယိုမှတ်တမ်းကို တွေ့ရှိခဲ့သည်။ မျက်နှာမှတ်မိစနစ် (Facial Recognition) နည်းပညာကို အသုံးပြု၍ စစ်ဆေးရာတွင် အဆိုပါဗီဒီယိုထဲမှ လူငယ်နှစ်ဦးမှာ Gbadebo အမွှာညီအစ်ကိုများ ဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။
အမွှာညီအစ်ကိုများသည် ၂၀၂၁ ခုနှစ်က ၎င်းတို့ လုယက်ခံရကြောင်း တိုင်ကြားခဲ့ဖူးသော်လည်း Gonzales အနေဖြင့် ထိုစဉ်က ဖမ်းဆီးခံခဲ့ရသည့် မှတ်တမ်းကိုမူ မတွေ့ရှိရပေ။ လက်ရှိတွင် အမွှာညီအစ်ကိုနှစ်ဦးစလုံးကို လူသတ်မှုဖြင့် စွဲချက်တင်ထားသည်။
ထိုင်းနိင်ငံ ဘန်ကောက်မြို့ Vajira ဆေးရုံရှေ့ မြေပြိုမှုဖြစ်ပွား
စက်တင်ဘာလ ၂၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Vajira ဆေးရုံရှေ့တွင် စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုအကြီးစား ဖြစ်ပွားခဲ့ပြီး အနက် မီတာ ၅၀ (ပေ ၁၆၀ ခန့်) ကျော်ရှိတဲ့ မြေကျင်းကြီး ပေါ်ပေါက်လာတယ်လို့ ထိုင်းသတင်းမှာထုတ်ပြန်ထားပါတယ်။
မြေပြိုမှုဖြစ်ပွားသည့်နေရာဟာ ဆေးရုံရှေ့မှတစ်ဆင့် Samsen ရဲစခန်းရှေ့ထိ ဆက်လက်ပြန့်နှံ့နေခြင်းကြောင့် ဒေသခံများအတွက် အန္တရာယ်ကြုံတွေ့နိုင်သည့်အခြေအနေရှိနေပြီး အခြေအနေဆိုးရွားတဲ့အတွက် ဒုစတိတ်ခရိုင်ရုံးမှ Vajira Hospital – Sang Hi လမ်းဆုံနှင့် ပတ်ဝန်းကျင်လမ်းများကို ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပြီး ပြည်သူများအနေဖြင့် လမ်းကြောင်းပြောင်းသွားရန် လိုအပ်ကြောင်း သတိပေးထားတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်တွင် နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်သဖြင့် သွားလာသူများ သတိထားကြဖို့လိုအပ်ကြောင်း အာဏာပိုင်များက ထပ်မံ အသိပေးထားပါတယ်။
07/09/2025
တရုတ်နိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူမရဲ့ blind date မှာ ချိန်းဆိုထားတဲ့အမျိုးသားကို စမ်းသပ်ချင်တာကြောင့် ညစာစားပွဲကို သူမရဲ့ ဆွေမျိုး ၂၃ ယောက်ကို ခေါ်လာခဲ့ပါတယ် ညစာစားပွဲအပြီးမှာတော့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ယွမ်ငွေ ၁၉,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၁၀၀ ခန့်) ရှိခဲ့ပါတယ်
အဲဒီငွေကို အမျိုးသားဘက်က ပေးမယ်လို့ သူမက မျှော်လင့်ခဲ့ပေမဲ့ အမျိုးသားကတော့ ငွေပေးချေဖို့ ငြင်းဆိုခဲ့ပြီး ချက်ချင်း ထပြန်သွားခဲ့ပါတယ် ဒါကြောင့် အမျိုးသမီးဟာ ကုန်ကျစရိတ်အားလုံးကို သူမတစ်ယောက်တည်း ပေးချေခဲ့ရပါတယ်
ဒီအဖြစ်အပျက်ဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် လူတွေက အမျိုးသမီးရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြသလို အမျိုးသားရဲ့ တုံ့ပြန်ပုံကိုလည်း ထောက်ခံခဲ့ကြပါတယ် အချို့ကတော့ အမျိုးသားကို အရှက်ရစေဖို့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ခဲ့တာလို့ ပြောဆိုခဲ့ကြပါတယ်
ဒီဇာတ်လမ်းဟာ တရုတ်လူမှုကွန်ရက်တွေမှာ အငြင်းပွားစရာ ဖြစ်ခဲ့ပြီး dating လုပ်တဲ့အခါ ဘယ်သူက ငွေပေးသင့်သလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်
#ဗဟုသုတ
07/09/2025
ဗိုက်ကားကြီးပဲဖြစ်ဖြစ်
ရွှေဆိုင်အများကြီး ရှိတော့
ဒိတ်ဒိတ်ကျဲ ဖိုက်စတား တွေ ကို
ပုဆိုးလိုလဲလိုနေလို့ရတယ်
👌ပိုက်ဆံပေါပေါများများ ရှိရင်
စမူစာ 🤏 ရှယ်ကြီးတွေ ပေါမှပေါ
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင်
နှိပ်စက်ကြလိမ့်မယ်
ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက
ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့
ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊
တစ်ပွဲကို အကြော်စုံ၊ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥနဲ့ဆို ၁၂၀၀၀ လောက်ရှိမယ်၊
ရောင်းလာတာ နှစ် ၂၀ လောက်ရှိပြီ၊
လာစားတဲ့ လူတန်းစားကလည်း စားနိုင်တယ်
ဘာပြသနာမှ မရှိခဲ့ဘူး။
ဟိုတစ်လောက
ချဲပေါက်လို့ ကားအော်ဒါငှားပြီး
အမျိုးတွေကို ရန်ကုန်ဘုရားဖူးလိုက်ပို့တဲ့
ထန်းသီးအုပ်စု ဒေါ်နှင်းဆီဆိုင်နားမှာ
ကားဘီးပေါက်လို့ မုန့်ဟင်းခါး လာစားတဲ့ လူတစ်ယောက်က တစ်ပွဲတစ်သောင်းခွဲတန်ဆိုပြီး
ဖေ့ဘုတ်မှာ တင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။
ဆဲတဲ့အထဲမှာ ၁၅၀၀၀ ဆိုရင် တစ်မိသားစုလုံး
နှစ်ရက်လောက် ထမင်းစားလို့ရတယ်လို့ ပြောတဲ့လူလဲ
ရှိတယ်။
(တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့
နှစ်ရက်လောက် ထမင်းစားနေရတာလည်း ဖြစ်ချင်ဖြစ်
မယ်)
Brave Bar မှာ ဘလက်တစ်လုံး ကို
၂သိန်း ရှီရှားတစ်အိုး တစ်သိန်း
code တဗူး ၅၀၀၀ပေးသောက်တဲ့ အဖွဲ့တွေလည်း ပါတယ်။
ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက
ဆဲချင်လို့ကို ဝင်ဆဲတာ။
အဆိုတော် နေဝင်းက .. အိမ့်ချစ်ချောကို ကြည့်တဲ့
အကြည့်က
အင်မတန် နှစ်လိုဖွယ်ကောင်းပြီး မိန်းခလေးတိုင်း
အားကျ ရတယ်။
ဗိုလ်တစ်ထောင် ညစျေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း
ဒီ အကြည့်ပဲ။
ဒါပေမယ့် .. နှစ်လိုဖွယ် မကောင်းဘူး၊
မိန်းခလေးတွေ ရာနှုံးပြည့် အားမကျဘူး။
အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့
တောင်ပြောတဲ့လူ ရှိသေးတယ်။
မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။
ချမ်းသာအောင်ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်တဲ့...
အဲတော့ ကိုယ့်ကိုယ့် ကိုယ် ခမ်းနားအောင်သာ
တည်ဆောက်ပါ၊
လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။
ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး
ညာတွေ မဖန်ဆင်းနိုင်ဘူးဆိုတဲ့ ဗော်ရှီဘစ်
ဂျင်းတွေကို သွားမယုံနဲ့...
ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ်
သိန်းစိုး ပြောသလိုပဲ...
ခင်ဗျား ဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ
စောက်ဖက် မလုပ်ဘူးတဲ့...
Credit: သူများဟာ
📲 "PDF လို့ပြောပြီး ဖမ်းခိုင်းမယ်" ဆိုပြီး စစ်တပ် တပ်ကြပ်ကြီးစိုးဝင်းဆိုသူက ပြင်ဦးလွင်ရှိ ဖုန်းဆိုင်တခုထဲ ဝင်ရောက်ခြိမ်းခြောက်ကြိမ်းမောင်းနေတဲ့ ရုပ်သံဖိုင်..
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
